iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Kyaw Lin Naing
#Unicode Version
ခက်ခဲတဲ့ အလုပ်တွေကို လုပ်တဲ့ အခါမှာ စိတ်ရှုပ်ရတယ် ပင်ပန်းရတယ် ကြိုးစားရတယ် နောက်ဆုံးတော့ စိတ်ရော ကိုယ်ပါ မောပန်း ရတယ်။ အဲလို ကြိုးစားတာ တောင်မှ တစ်ခါ တစ်လေမှာ မအောင်မြင်ဘူး။ တစ်ခါတစ်လေ ကြပြန်တော့လည်း အောင်မြင်ဖို့ လမ်းစလောက်ပဲ တွေ့ခဲ့ ရတယ်။
အဲလိုတွေကြောင့် လူတော်တော် များများဟာ ခက်တဲ့ အလုပ်တွေကို ရှောင်ရှားကြတယ်။ လွယ်ကူပြီး စဉ်းစားဉာဏ် နည်းပါးတဲ့ အလုပ်တွေ ကိုသာ ရွေးချယ်၍ လုပ်တတ် ကြတယ်။ အဲဒီမှာ စပြီး အောင်မြင်သူနဲ့ မအောင်မြင်သူ ကွဲပြားသွားတော့ တာပါပဲ။ လွယ်ကူတဲ့ လမ်းနောက်ကို လိုက်ကြသူ တိုင်းဟာ အောင်မြင်ဖို့ အတွက် လမ်းစပျောက် နေကြတယ်။
တကယ်တော့ အလွယ်လမ်းဆိုတာ ခေတ္တခဏတာ အတွက်သာ ကောင်းမွန်ပြီး တစ်ဘဝစာ အတွက် ဆိုရင်တော့ မကောင်းပါဘူး။ ခက်ခဲတဲ့ အလုပ်တွေဟာ အစပိုင်းမှာသာ စိတ်ရော ကိုယ်ပါ မောပန်းနေရပေမယ့် နောက်ဆုံးမှာတော့ အကြီးမားဆုံး အောင်မြင်မူကို ရရှိမှာပါ။
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Kyaw Lin Naing
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top