iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ေရးအဆင္ေျပဖုိ႔အတြက္ လုိက္နာရမယ့္စည္းမ်ဥ္းေတြနဲ႔ ေရွာင္ၾကဥ္ရမယ့္ စည္းကမ္းေတြ အမ်ားၾကီးရွိတတ္ပါတယ္။ ႏွစ္ဦးႏွစ္ဖက္ အေပးအယူမွ်ရင္ေတာင္ အသိုင္းအဝုိင္းရဲ႕ လႊမ္းမိုးမႈက အရမ္းအေရးၾကီးပါတယ္။ အဲ့ဒီထဲမွာ ကို္ယ့္ ေယာက္်ားရဲ႕ အေမနဲ႔ အဆင္ေျပဖုိ႔ အတတ္ႏုိင္ဆုံး ၾကိဳးစားဖုိ႔ လုိပါတယ္။ ေယာကၡမနဲ႔ အဆင္ေျပခ်င္တဲ့ ေခၽြးမမ်ားအေနနဲ႔ ေရွာင္ၾကဥ္ရမယ့္ စကားေတြရွိပါတယ္။ ဒီစကားေလးေတြကေတာ့-

-ကၽြန္မေယာက္်ားအေၾကာင္း ကၽြန္မပိုသိပါတယ္ဆုိတဲ့ စကားမ်ဳိး ေယာကၡမေရွ႕မွာ သြားေျပာလုိက္မိရင္ေတာ့ သူနဲ႔ကိုယ့္ၾကားမွာ အၾကီးဆုံး ရန္ပြဲကို အစပ်ဳိးလုိက္သလို ျဖစ္မွာပါ။ ဒါက သူ႔အေမေနရာကုိ ကုိယ္က အစားထုိးယူလုိ္က္ျပီး အေမက သားျဖစ္သူအတြက္ အေရးမပါေတာ့ေအာင္ ကုိယ္ကဖန္တီးေနသလုိ အထင္ေရာက္သြားမွာ ျဖစ္ပါတယ္။

-ကၽြန္မတုိ႔ အိမ္ ေထာင္ေရးမွာ ဝင္မေျပာပါနဲ႔ ဆုိတဲ့ စကားမ်ဳိးကလည္း လုံးဝမေျပာသင့္တဲ့ စကားျဖစ္ပါတယ္။ ေယာကၡမျဖစ္သူက ေျပာတဲ့အေၾကာင္းအရာကို ကိုယ္က လိုက္မလုပ္ႏုိင္ေပမဲ့ သူကလည္း မိဘတစ္ဦးျဖစ္တဲ့အတြက္ ေလးစားမႈရွိရပါမယ္။ သူ႔အယူအဆကုိလက္မခံေၾကာင္း ပါးစပ္က ထုတ္ေျပာလုိက္တာက လူၾကီးတစ္ဦးရဲ႔ စိတ္ခံစားခ်က္ကုိ ထိခုိက္ေစႏိုင္တယ္ဆိုတာကုိ ထည့္စဥ္းစားသင့္ပါတယ္။

-ကၽြန္မအေမခ်က္တဲ့ လက္ရာက ပိုေကာင္းတယ္ ဆုိျပီး ေယာကၡမျဖစ္သူ ေရွ႔မွာ ေျပာလိုက္တာက သူ႔ေစတနာကို အသိအမွတ္မျပဳဘူးဆုိတဲ့ သေဘာပဲျဖစ္ပါတယ္။ေလာကမွာ ကိုယ့္အေမခ်က္တဲ့ အစားအေသာက္ကသာ ကိုယ့္အတြက္ အေကာင္းဆုံးျဖစ္တယ္ဆုိတာ အမွန္ပဲ ျဖစ္သလုိ သူ႔သားျဖစ္သူအတြက္လည္း သူ႔အေမရဲ႕ လက္ရာက အေကာင္းဆုံး ျဖစ္တဲ့အတြက္ သားျဖစ္သူကို သူ႔စိတ္ၾကိဳက္ ခ်က္ေကၽြးခြင့္ ျပဳထားလို္က္ပါ။ဘယ္ေတာ့မွ ကိုယ့္အေမျဖစ္သူနဲ႔ ႏႈိင္းယွဥ္ျပီး မေျပာမိပါေစနဲ႔။

-ေယာကၡမ ျဖစ္သူဝယ္လာတဲ့ လက္ေဆာင္ကို မၾကိဳက္ဘူးလို႔ မေျပာမိပါေစနဲ႔ ။ဝယ္လာတဲ့ ပစၥည္းက ကိုယ့္အၾကိဳက္ မဟုတ္တဲ့ ပစၥည္းတစ္ခု ဆုိရင္ေတာင္ လိုလုိလားလား လက္ခံေပးလုိက္ပါ။ေနာက္မွ ကုိယ္မသုံးခ်င္လည္း ထားလုိက္လို႔ရပါတယ္။ လက္ေဆာင္ကို ဝမ္းပန္းတသာ လက္ခံေပးလိုက္ျခင္း
အားျဖင့္ ေယာကၡမျဖစ္သူကို ေပ်ာ္ရႊင္ေစရုံမကအေကာင္းဆုံး ေခၽြးမတစ္ေယာက္လည္း
 ျဖစ္ေစမွာ ျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Lwin Pyin

#Unicode Version
အိမ်ထောင်ရေးအဆင်ပြေဖို့အတွက် လိုက်နာရမယ့်စည်းမျဉ်းတွေနဲ့ ရှောင်ကြဉ်ရမယ့် စည်းကမ်းတွေ အများကြီးရှိတတ်ပါတယ်။ နှစ်ဦးနှစ်ဖက် အပေးအယူမျှရင်တောင် အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုက အရမ်းအရေးကြီးပါတယ်။ အဲ့ဒီထဲမှာ ကိုယ့် ယောက်ျားရဲ့ အမေနဲ့ အဆင်ပြေဖို့ အတတ်နိုင်ဆုံး ကြိုးစားဖို့ လိုပါတယ်။ ယောက္ခမနဲ့ အဆင်ပြေချင်တဲ့ ချွေးမများအနေနဲ့ ရှောင်ကြဉ်ရမယ့် စကားတွေရှိပါတယ်။ ဒီစကားလေးတွေကတော့-

-ကျွန်မယောက်ျားအကြောင်း ကျွန်မပိုသိပါတယ်ဆိုတဲ့ စကားမျိုး ယောက္ခမရှေ့မှာ သွားပြောလိုက်မိရင်တော့ သူနဲ့ကိုယ့်ကြားမှာ အကြီးဆုံး ရန်ပွဲကို အစပျိုးလိုက်သလို ဖြစ်မှာပါ။ ဒါက သူ့အမေနေရာကို ကိုယ်က အစားထိုးယူလိုက်ပြီး အမေက သားဖြစ်သူအတွက် အရေးမပါတော့အောင် ကိုယ်ကဖန်တီးနေသလို အထင်ရောက်သွားမှာ ဖြစ်ပါတယ်။

-ကျွန်မတို့ အိမ် ထောင်ရေးမှာ ဝင်မပြောပါနဲ့ ဆိုတဲ့ စကားမျိုးကလည်း လုံးဝမပြောသင့်တဲ့ စကားဖြစ်ပါတယ်။ ယောက္ခမဖြစ်သူက ပြောတဲ့အကြောင်းအရာကို ကိုယ်က လိုက်မလုပ်နိုင်ပေမဲ့ သူကလည်း မိဘတစ်ဦးဖြစ်တဲ့အတွက် လေးစားမှုရှိရပါမယ်။ သူ့အယူအဆကိုလက်မခံကြောင်း ပါးစပ်က ထုတ်ပြောလိုက်တာက လူကြီးတစ်ဦးရဲ့ စိတ်ခံစားချက်ကို ထိခိုက်စေနိုင်တယ်ဆိုတာကို ထည့်စဉ်းစားသင့်ပါတယ်။

-ကျွန်မအမေချက်တဲ့ လက်ရာက ပိုကောင်းတယ် ဆိုပြီး ယောက္ခမဖြစ်သူ ရှေ့မှာ ပြောလိုက်တာက သူ့စေတနာကို အသိအမှတ်မပြုဘူးဆိုတဲ့ သဘောပဲဖြစ်ပါတယ်။လောကမှာ ကိုယ့်အမေချက်တဲ့ အစားအသောက်ကသာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာ အမှန်ပဲ ဖြစ်သလို သူ့သားဖြစ်သူအတွက်လည်း သူ့အမေရဲ့ လက်ရာက အကောင်းဆုံး ဖြစ်တဲ့အတွက် သားဖြစ်သူကို သူ့စိတ်ကြိုက် ချက်ကျွေးခွင့် ပြုထားလိုက်ပါ။ဘယ်တော့မှ ကိုယ့်အမေဖြစ်သူနဲ့ နှိုင်းယှဉ်ပြီး မပြောမိပါစေနဲ့။

-ယောက္ခမ ဖြစ်သူဝယ်လာတဲ့ လက်ဆောင်ကို မကြိုက်ဘူးလို့ မပြောမိပါစေနဲ့ ။ဝယ်လာတဲ့ ပစ္စည်းက ကိုယ့်အကြိုက် မဟုတ်တဲ့ ပစ္စည်းတစ်ခု ဆိုရင်တောင် လိုလိုလားလား လက်ခံပေးလိုက်ပါ။နောက်မှ ကိုယ်မသုံးချင်လည်း ထားလိုက်လို့ရပါတယ်။ လက်ဆောင်ကို ဝမ်းပန်းတသာ လက်ခံပေးလိုက်ခြင်း
အားဖြင့် ယောက္ခမဖြစ်သူကို ပျော်ရွှင်စေရုံမကအကောင်းဆုံး ချွေးမတစ်ယောက်လည်း
 ဖြစ်စေမှာ ဖြစ်ပါတယ်။


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Lwin Pyin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top