iMyanmarHouse.com - Best Property Website for Myanmar
×

ေမြးေန႔ပြဲ၊ ပါတီပြဲေတြမွာ အမ်ိဳးသမီးေတြ တစ္ခြက္ႏွစ္ခြက္ေလာက္ ေသာက္ၿပီး မူးသြားတဲ့အခါ သူတုိ႔အခ်င္း ေျပာေလ့ရွိတဲ့ စကားေတြရွိပါတယ္။ ဒီလိုစကားေတြဟာ မူးတဲ့အခ်ိန္မွသာ ထြက္လာတတ္ၾကတာျဖစ္ၿပီး အမ်ိဳးသမီးအမ်ားစု မူးေလ့ရွိခ်ိန္တုိင္း ပ်မ္းမွ်အားျဖင့္ ၁၀ေယာက္မွာ ၇ေေယာက္ေလာက္က အၿမဲေျပာေလ့ရွိတယ္လို႔ စစ္တမ္းေကာက္ခ်က္အရသိရပါတယ္။

၁။ငါနင့္ကို ဘယ္တုန္းကမွ မမုန္းခဲ့ဘူး။ တကယ္ေျပာတာ။ နင္ကဘာလုိ႔အဲ့ဒီလို ထင္ေနရတာလဲ။
 မိန္းကေလးအခ်င္းခ်င္း တစ္ခါတစ္ေလ ကေတာက္ကဆျဖစ္ဖူးတာေတြကို ဒီအခ်ိန္မွာ ျပန္လည္ေဖာ္ထုတ္ေလ့ရွိၿပီး ခုတစ္ဦးနဲ႔တစ္ဦး ဘယ္ေလာက္ခ်စ္ေၾကာင္း ေျပာေလ့ရွိပါတယ္။

၂။တုိ႔ေနာက္ရက္ေတြ ထပ္ေတြ႕ၾကမယ္ေလ။ အရင္တစ္ခါကေျပာၿပီး ဘာလုိ႔အဲ့ဒီအစီအစဥ္ မျဖစ္သြားရတာတုန္း။
 မေသာက္ထားတဲ့အခ်ိန္မွာ ခပ္တန္းတန္းေနတဲ့သူေတြကိုလည္း ခုလို ရင္းရင္းႏွီးႏွီးဆက္ဆံတတ္ၾကပါေသးတယ္။ ေနာက္တစ္ေန႔မနက္က်ရင္ေတာ့ သင့္ဖုန္းထဲမွာ မေန႔က အတူတူ ေသာက္ခဲ့တဲ့သူငယ္ခ်င္းေကာင္မေလးရဲ႕ ဖုန္းနံပါတ္ကို သင္ကိုယ္တုိင္မွတ္ထားတာ ေတြ႕ရမွာပါ။

၃။ေယာက်ၤားေတြက ေသာက္သံုးကို မက်ဘူး။
 မိန္းကေလးအခ်င္းခ်င္းမုိ႔ ေယာက်ၤားေလးေတြကို အျပစ္ေျပာတာ မူးေနခ်ိန္တုိင္း သူတုိ႔လုပ္တတ္တဲ့အက်င့္ပါပဲတဲ့။

၄။ငိုခ်လိုက္ေတာ့မယ္။ မရေတာ့ဘူး။
 ျပန္စဥ္းစားၾကည့္ပါ။ ညကဘာ့ေၾကာင့္ငိုတယ္ဆိုတာ။ ဘာအေၾကာင္းအရာေၾကာင့္ ငိုမွန္းသိခ်င္မွ သိပါေတာ့မယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္တုန္းကေတာ့ ငိုခ်ပစ္လိုက္တာပါပဲ။

၅။လြဲေနတဲ့လူေတြနဲ႔ မေနခ်င္ေတာ့ဘူး။ အမိုက္စားေနရာတစ္ခုခု သြားခ်င္တယ္။
 တစ္ေနရာမွာ ေသာက္ေနတုန္း ေနာက္တစ္ေနရာကို ႀကိဳစဥ္းစားတတ္ၾကပါတယ္။ ဒီ့ထက္မုိက္တဲ့ေနရာဆိုတာကိုလည္း ပါးစပ္ဖ်ားက မခ်တတ္ၾကပါဘူး။

၆။ဓာတ္ပံုရိုက္ၾကမယ္ေဟး။
 ေပ်ာ္ေပ်ာ္ပါးပါးေပါ့။ မူးေနတဲ့ပံုဆုိလည္း အမွတ္တရျဖစ္တာပဲဆုိၿပီး selfie ေတြ မနားတမ္း ရိုက္ေတာ့တာပါပဲ။

၇။နင့္ခ်စ္ခ်စ္နဲ႔ ဘာေတြျဖစ္ၾကတာလဲ။
 နင္နဲ႔ဟိုတစ္ေယာက္ဘယ္တုန္းက ျပတ္သြားတာတုန္း။

တစ္ေယာက္နဲ႔တစ္ေယာက္ သူ႕ဘဲ၊ ကုိယ့္ဘဲအေၾကာင္း ေျပာၾကဆုိၾက ေ၀ဖန္ၾကရတာလည္း အေမာေပါ့။

၈။ငါနင့္ကို ေတာ္ေတာ္ခ်စ္တယ္။ နင္က ငါ့ရဲ႕အေကာင္းဆံုး သူငယ္ခ်င္းပါပဲ။
 အခါေပါင္းမ်ားစြာ ပါးစပ္ဖ်ားက မခ်တမ္း ဒါကဲဆက္တုိက္ေျပာေနပါလိမ့္မယ္။


Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မွေးနေ့ပွဲ၊ ပါတီပွဲတွေမှာ အမျိုးသမီးတွေ တစ်ခွက်နှစ်ခွက်လောက် သောက်ပြီး မူးသွားတဲ့အခါ သူတို့အချင်း ပြောလေ့ရှိတဲ့ စကားတွေရှိပါတယ်။ ဒီလိုစကားတွေဟာ မူးတဲ့အချိန်မှသာ ထွက်လာတတ်ကြတာဖြစ်ပြီး အမျိုးသမီးအများစု မူးလေ့ရှိချိန်တိုင်း ပျမ်းမျှအားဖြင့် ၁၀ယောက်မှာ ၇ေယောက်လောက်က အမြဲပြောလေ့ရှိတယ်လို့ စစ်တမ်းကောက်ချက်အရသိရပါတယ်။

၁။ငါနင့်ကို ဘယ်တုန်းကမှ မမုန်းခဲ့ဘူး။ တကယ်ပြောတာ။ နင်ကဘာလို့အဲ့ဒီလို ထင်နေရတာလဲ။
 မိန်းကလေးအချင်းချင်း တစ်ခါတစ်လေ ကတောက်ကဆဖြစ်ဖူးတာတွေကို ဒီအချိန်မှာ ပြန်လည်ဖော်ထုတ်လေ့ရှိပြီး ခုတစ်ဦးနဲ့တစ်ဦး ဘယ်လောက်ချစ်ကြောင်း ပြောလေ့ရှိပါတယ်။

၂။တို့နောက်ရက်တွေ ထပ်တွေ့ကြမယ်လေ။ အရင်တစ်ခါကပြောပြီး ဘာလို့အဲ့ဒီအစီအစဉ် မဖြစ်သွားရတာတုန်း။
 မသောက်ထားတဲ့အချိန်မှာ ခပ်တန်းတန်းနေတဲ့သူတွေကိုလည်း ခုလို ရင်းရင်းနှီးနှီးဆက်ဆံတတ်ကြပါသေးတယ်။ နောက်တစ်နေ့မနက်ကျရင်တော့ သင့်ဖုန်းထဲမှာ မနေ့က အတူတူ သောက်ခဲ့တဲ့သူငယ်ချင်းကောင်မလေးရဲ့ ဖုန်းနံပါတ်ကို သင်ကိုယ်တိုင်မှတ်ထားတာ တွေ့ရမှာပါ။

၃။ယောကျၤားတွေက သောက်သုံးကို မကျဘူး။
 မိန်းကလေးအချင်းချင်းမို့ ယောကျၤားလေးတွေကို အပြစ်ပြောတာ မူးနေချိန်တိုင်း သူတို့လုပ်တတ်တဲ့အကျင့်ပါပဲတဲ့။

၄။ငိုချလိုက်တော့မယ်။ မရတော့ဘူး။
 ပြန်စဉ်းစားကြည့်ပါ။ ညကဘာ့ကြောင့်ငိုတယ်ဆိုတာ။ ဘာအကြောင်းအရာကြောင့် ငိုမှန်းသိချင်မှ သိပါတော့မယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ငိုချပစ်လိုက်တာပါပဲ။

၅။လွဲနေတဲ့လူတွေနဲ့ မနေချင်တော့ဘူး။ အမိုက်စားနေရာတစ်ခုခု သွားချင်တယ်။
 တစ်နေရာမှာ သောက်နေတုန်း နောက်တစ်နေရာကို ကြိုစဉ်းစားတတ်ကြပါတယ်။ ဒီ့ထက်မိုက်တဲ့နေရာဆိုတာကိုလည်း ပါးစပ်ဖျားက မချတတ်ကြပါဘူး။

၆။ဓာတ်ပုံရိုက်ကြမယ်ဟေး။
 ပျော်ပျော်ပါးပါးပေါ့။ မူးနေတဲ့ပုံဆိုလည်း အမှတ်တရဖြစ်တာပဲဆိုပြီး selfie တွေ မနားတမ်း ရိုက်တော့တာပါပဲ။

၇။နင့်ချစ်ချစ်နဲ့ ဘာတွေဖြစ်ကြတာလဲ။
 နင်နဲ့ဟိုတစ်ယောက်ဘယ်တုန်းက ပြတ်သွားတာတုန်း။

တစ်ယောက်နဲ့တစ်ယောက် သူ့ဘဲ၊ ကိုယ့်ဘဲအကြောင်း ပြောကြဆိုကြ ဝေဖန်ကြရတာလည်း အမောပေါ့။

၈။ငါနင့်ကို တော်တော်ချစ်တယ်။ နင်က ငါ့ရဲ့အကောင်းဆုံး သူငယ်ချင်းပါပဲ။
 အခါပေါင်းများစွာ ပါးစပ်ဖျားက မချတမ်း ဒါကဲဆက်တိုက်ပြောနေပါလိမ့်မယ်။


Credit:Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top