iMyanmarHouse.com - Best Property Website for Myanmar
×
အနည်းဆုံး - တစ်လ ၁ ကြိမ်
Credit:Trend Myanmar
ပို့သပေးပါတယ်။
#Unicode Version
သင်ဟာ လိင်မှုကိစ္စဆောင်ရွက်တာ များလွန်းနေလား သို့မဟုတ် နည်းလွန်းနေသလားဆိုတာ ကိုယ့်ဘာသာကိုယ် တွေးကြည့်ဖူးပါသလား။ ပြသနာက ကျွနု်ပ်တို့တွေဟာ မိမိလက်တွဲဖော်နဲ့အတူ ချစ်ရည်လူးရင်း ကြည်ကြည်နူးနူးဖြတ်သန်းရတဲ့ အချိန်နည်းတတ်ကြပါတယ်။
တချို့အတွက် တစ်ပတ် ၂ ကြိမ် ချစ်တင်းနှောတာ လုံလောက်နိုင်ပေမယ့် အခြားသူတွေအတွက်တော့ အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတာတွေ ဖြစ်နိုင်ပါတယ်။ Institute Kinsey က ပြုလုပ်တဲ့ သုတေသနက လူတစ်ဦးချင်းစီဟာ ကိုယ်လက်နှီးနှောမှု ဘယ်နှစ်ကြိမ်ရှိကြသလဲဆိုတာကို ဖော်ပြခဲ့ပါတယ်။ ရလဒ်တွေကတော့…
၁၈-၂၉ နှစ်ကြား> ပျှမ်းမျှ ၁ နှစ် ၁၂၂ ကြိမ်
၃၀-၃၉ နှစ်ကြား > ပျှမ်းမျှ ၁ နှစ် ၈၆ ကြိမ်
၄၀-၄၉ နှစ်ကြား > ပျှမ်းမျှ ၁ နှစ် ၆၉ ကြိမ် တို့ဖြစ်ပါတယ်။
အိမ်ထောင်သည် ၁၃ ရာခိုင်နှုန်းဟာ တစ်နှစ်အတွင်း လိင်ကိစ္စ အကြိမ်ရေအနည်းငယ်သာ ပြုလုပ်ကြတယ်၊ ၄၅ ရာခိုင်နှုန်းက တစ်လအတွင်း အနည်းကျဉ်းသာ ပြုလုပ်ကြပါတယ်။ ၃၄ ရာခိုင်နှုန်းက တစ်ပတ် ၂၊ ၃ ကြိမ်ပဲ အတူနေကြပြီး ၇ ရာခိုင်နှုန်းသော သူတွေကသာ တစ်ပတ် ၄ ကြိမ် သို့မဟုတ် ၄ကြိမ်ထက် ပိုအတူနေကြတယ်လို့ ဆိုပါတယ်။
တစ်လအတွင်း လိင်မှုကိစ္စဆောင်ရွက်မှု အနည်းဆုံး၊ ပျှမ်းမျှနဲ့ အကောင်းဆုံးအရေအတွက်ကို လေ့လာဖော်ထုတ်ဖို့အတွက် "Your Tango" ဝက်ဘ်ဆိုဒ်က သူ့ရဲ့ အိမ်ထောင်သည် စာဖတ်သူတွေကြား စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီကနေ သိရှိခဲ့ရတာကတော့ ..
အနည်းဆုံး - တစ်လ ၁ ကြိမ်
ပျှမ်းမျှ - တစ်ပတ် ၁ ကြိမ်
အကောင်းဆုံး - တစ်ပတ် ၃ - ၅ ကြိမ် ဖြစ်တယ်ဆိုတာပါပဲ။
Credit:Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top