iMyanmarHouse.com - Best Property Website for Myanmar
×






Neurology,Neurosurgey and  Psychiatry ဂျာနယ်မှာ ရေးသားနေတဲ့ စာရေးသူတွေကတော့“ဒါက စစ်တမ်းကောက်ယူတစ်ခုပါ ကော်ဖီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ကောက်ချက်ချနိုင်ဖို့ တိကျတဲ့သက်သေ မရှိဘူး”လို့ ဆိုပါတယ်။


Credit:Thithtoolwin



Unicode Version

သုတေသနတစ်ခုအရ ကော်ဖီနေ့တိုင်းသောက်ဖြင်းက Multiple Selerosis ( ခက်ထန်တဲ့ရောဂါ လက္ခဏာ အဆင့်ဆင့်တိုးပွားခြင်း)ကို သက်သာလျော့ကျစေတယ်လို့ သိရပါတယ်။

၉၀၀mlထက်ပိုပြီးသောက်သုံးတာက ဦးနှောက်နဲ့အာရုံကြော ရောဂါတွေ ခံစားရတာနေ ၃၀%သက်သာစေတယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။၉၀၀mlက ကော်ဖီခွက်သေး ၆ခွက် ဒါမှမဟုတ် Starbucks Grandeကော်ဖီ ၂ခွက်စာ နဲ့ညီမျှပါတယ်။

စတော့ဟုမ်းက Karolinska Institute၊ မာရီလန်းက Johs Hopkins University နဲ့ဘာကလေက University of Californiaက ပညာရှင်တွေဟာ သုတေသနနှစ်ခုပြုလုပ်ခဲ့ပါတယ်။တစ်ခုကတော့ ဆွီဒင်မှာဖြစ်ပြီး MSရောဂါဖြစ်နေတဲ့ အရွယ်ရောက်ပြီးသား လူ ၁၆၂၀နဲ့ ရောဂါမရှိတဲ့လူ ၂၇၈၈ယောက်ကို စမ်းသပ်ခဲ့တာပါ။

ဒုတိယကတော့ USမှာ ဖြစ်ပြီး MSရှိတဲ့သူ ၁၁၃၉ယောက်နဲ့ ကျန်းမာတဲ့သူ ၁၁၇၂ယောက်ကို နှိုင်းယှဉ်ခဲ့ပါတယ်။ သုတေသီတွေက စမ်းသပ်မှုနှစ်ခုစလုံးမှာ လူတွေကို ကော်ဖီတစ်နေ့သောက်သုံးနှုန်းနဲ့ ဘယ်အချိန်က စပြီးသောက်သုံးခဲ့လဲဆိုတာတွေကို မေးမြန်းခဲ့ပါတယ်။

အဲဒီရလဒ်တွေကနေ ကော်ဖီနေ့တိုင်းနည်းနည်းပဲသောက်တဲ့လူတွေဟာ MSရောဂါ ဖြစ်နိုင်ချေမြင့်မားတယ်လို့တွေ့ရှိခဲ့ပါတယ်။လုံးဝကော်ဖီမသောက်သူတွေထက်စာရင် ၉၀၀ml ဒါမှမဟုတ် ခွက်သေးခြောက်ခွက်သောက်တဲ့သူတွေက ၂၈ကနေ ၃၀ရာနှုန်းဖြစ်နိုင်ချေ နည်းတယ်လို့ ဆိုပါတယ်။

Neurology,Neurosurgey and  Psychiatry ဂျာနယ်မှာ ရေးသားနေတဲ့ စာရေးသူတွေကတော့“ဒါက စစ်တမ်းကောက်ယူတစ်ခုပါ ကော်ဖီရဲ့ ကောင်းကျိုး ဆိုးကျိူးတွေကို ကောက်ချက်ချနိုင်ဖို့ တိကျတဲ့သက်သေ မရှိဘူး”လို့ ဆိုပါတယ်။

ကျွမ်းကျင်သူတွေကတော့ ကဖိန်းဓာတ်မှာ အာရုံကြောကို ကာကွယ်နိုင်တဲ့ စွမ်းရည်တွေအပြင် ခန္ဓာကိုယ်ကို တက်ကြွစေတဲ့တုံ့ပြန်မှုတွေဖြစ်ပေါ်စေတယ် ဆိုတာ ကျွန်တော်တို့သိပြီးဖြစ်တယ်လို့ဆိုပါတယ်။


Credit:Thithtoolwin



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top