iMyanmarHouse.com - Best Property Website for Myanmar
×

ဆဲလ္ေသေတြ ခြာခ်ခ်င္တာလား၊ ေျခမ်က္စိေတြ ဂြ်တ္တက္ေနတာလား၊ အသားအရည္ ေျခာက္ေသြ႕ေနတာလား၊ ေျခေထာက္ေတြ နာက်င္ေယာင္းယံေနတာလား ခႏၶာကိုယ္ကို အေပ်ာ့စား ဘရပ္ရွ္နဲ႔ ပြတ္တိုက္သန္႔စင္ရံုနဲ႔ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ၿပီး ေ၀ဒနာေတြလည္း သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။ ခႏၶာကိုယ္ကို ပြတ္တိုက္သန္္႔စင္တာဟာ

•    ဆဲလ္ေသေတြကို ဖယ္ရွားႏိုုင္ျခင္း
•    အသားအရည္ ေျခာက္ခမ္းမႈမ်ားကို သက္သာေစႏိုင္ျခင္း
•    ေပါင္နဲ႔ တင္ပါးတစ္၀ိုက္ အဆီပိုေတြကိုု ေလ်ာ့ခ်ေပးႏိုင္ျခင္း
•    ေသြးလည္ပတ္မႈကို ပိုမိုေကာင္းေစျခင္း
•    အဆိပ္အေတာက္ေတြကို ဖယ္ရွာရာတြင္ အကူအညီေပးျခင္း

တို႔ကို ျပဳလုပ္ေပးႏိုင္ၿပီး အခ်ိန္ကုန္လည္း သက္သာေစပါတယ္။

ခႏၶာကိုယ္ဖြဲ႕စည္းမႈမွာ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတဲ့ စနစ္ဟာ ေပါင္နဲ႔တင္ပါးတစ္၀ိုက္အဆီပိုေတြကို ေလွ်ာ့ခ်ေပးျခင္း၊ ေရဓါတ္္ေျခာက္ခန္းမႈေတြကို သက္သာေစျခင္း ျဖစ္ေစတဲ့အတြက္ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစပါတယ္။ ဒီလို အဆိပ္အေတာက္ ဖယ္ရွားေပးတဲ့စနစ္အတြက္ လြယ္ကူသက္သာတဲ့ ကုထံုးကေတာ့ အိမ္မွာေနရင္း ၀က္မွင္ဘရွပ္နဲ႔ ခႏၶာကိုယ္အႏွံ႕ ပြတ္တိုက္သန္႔ရွင္းဖို႔ပဲ ျဖစ္ပါတယ္။

ဒီလို ေန႔စဥ္ပံုမွန္ ပြတ္တိုက္ေပးမယ္ဆိုရင္ လေတြၾကာလာတဲ့အခါ ထူးျခားတဲ့ အက်ိဳးသက္ေရာက္မႈကို ခံစားရမွာျဖစ္ပါတယ္။ မနက္ပိုင္းေတြမွာ ပြတ္တိုက္ေပးတာ အေကာင္းဆံုးျဖစ္ေပမယ့္ မနက္ပိုင္းမွာ အခ်ိန္မရဘူးဆိုရင္ေတာ့ အခ်ိန္အားရင္အားသလို (သိုု႔) ေရမခ်ိဳးခင္မွာ ျပဳလုပ္ေပးႏိုင္ပါတယ္။ ေန႔စဥ္မွန္မွန္ ျပဳလုပ္ေပးရင္ေတာ့ လွပသန္႔ရွင္း စိုျပည္ေတာက္ေျပာင္တဲ့ အသားအရည္ကို အံၾသဖြယ္ ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

Credit:Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဆဲလ်သေတွေ ခွာချချင်တာလား၊ ခြေမျက်စိတွေ ဂျွတ်တက်နေတာလား၊ အသားအရည် ခြောက်သွေ့နေတာလား၊ ခြေထောက်တွေ နာကျင်ယောင်းယံနေတာလား ခန္ဓာကိုယ်ကို အပျော့စား ဘရပ်ရှ်နဲ့ ပွတ်တိုက်သန့်စင်ရုံနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး ဝေဒနာတွေလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ပွတ်တိုက်သန့််စင်တာဟာ

•    ဆဲလ်သေတွေကို ဖယ်ရှားနိုုင်ခြင်း
•    အသားအရည် ခြောက်ခမ်းမှုများကို သက်သာစေနိုင်ခြင်း
•    ပေါင်နဲ့ တင်ပါးတစ်ဝိုက် အဆီပိုတွေကိုု လျော့ချပေးနိုင်ခြင်း
•    သွေးလည်ပတ်မှုကို ပိုမိုကောင်းစေခြင်း
•    အဆိပ်အတောက်တွေကို ဖယ်ရှာရာတွင် အကူအညီပေးခြင်း

တို့ကို ပြုလုပ်ပေးနိုင်ပြီး အချိန်ကုန်လည်း သက်သာစေပါတယ်။

ခန္ဓာကိုယ်ဖွဲ့စည်းမှုမှာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ စနစ်ဟာ ပေါင်နဲ့တင်ပါးတစ်ဝိုက်အဆီပိုတွေကို လျှော့ချပေးခြင်း၊ ရေဓါတ်ခြောက်ခန်းမှုတွေကို သက်သာစေခြင်း ဖြစ်စေတဲ့အတွက် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒီလို အဆိပ်အတောက် ဖယ်ရှားပေးတဲ့စနစ်အတွက် လွယ်ကူသက်သာတဲ့ ကုထုံးကတော့ အိမ်မှာနေရင်း ဝက်မှင်ဘရှပ်နဲ့ ခန္ဓာကိုယ်အနှံ့ ပွတ်တိုက်သန့်ရှင်းဖို့ပဲ ဖြစ်ပါတယ်။

ဒီလို နေ့စဉ်ပုံမှန် ပွတ်တိုက်ပေးမယ်ဆိုရင် လတွေကြာလာတဲ့အခါ ထူးခြားတဲ့ အကျိုးသက်ရောက်မှုကို ခံစားရမှာဖြစ်ပါတယ်။ မနက်ပိုင်းတွေမှာ ပွတ်တိုက်ပေးတာ အကောင်းဆုံးဖြစ်ပေမယ့် မနက်ပိုင်းမှာ အချိန်မရဘူးဆိုရင်တော့ အချိန်အားရင်အားသလို (သိုု့) ရေမချိုးခင်မှာ ပြုလုပ်ပေးနိုင်ပါတယ်။ နေ့စဉ်မှန်မှန် ပြုလုပ်ပေးရင်တော့ လှပသန့်ရှင်း စိုပြည်တောက်ပြောင်တဲ့ အသားအရည်ကို အံသြဖွယ် ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Credit:Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top