iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Thit Htoo Lwin
#Unicode Version
‘ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်’ ဆိုတာပဲလူပြောများကြတာပါ။ အခုတော့ ဆေးလိပ်သောက်လို့ရလာတဲ့ နီကိုတင်းရဲ့ကောင်းကျိုုးတွေပါတဲ့။
၁။ အစာစားချင်စိတ်ကို ချုပ်ထိန်းပေးတဲ့အတွက် ကိုယ်အလေးချိန်လျော့ကျလာပါလိမ့်မယ်။
၂။ စိတ်ဖိစီးမှုတွေ များနေတဲ့အခါမှာ အာရုံကြောတွေကို ပြေလျော့စေပြီး အာရုံစိုက်မှုအားကောင်းလာ စေပါတယ်။ စိတ်ဝေဒနာခံစားရမှုနဲ့ပတ်သက်ပြီး နီကိုတင်းရဲ့ ကောင်းကျိုး ပေးမှုတွေအပေါ် စိတ်ပညာရှင်တွေက လေ့လာမှုတွေပြုလုပ်ပြီးဖြစ်ပါတယ်။ စိတ်ဝေဒနာခံစားရသူတွေဟာ သာမန်လူတွေထက် ဆေးလိပ်သောက်နှုန်းမြင့် ပါတယ်။ စိတ်ကစဥ့်ကလျားရောဂါ ဝေဒနာရှင် ၉၀ရာခိုင်နှုန်း၊ နှစ်ဖက်မြင်စိတ်ရောဂါ (အငိုအရယ်) ဝေဒနာရှင် ၇၀ရာခိုင်နှုန်းနဲ့စိတ်ကျသူ၅၀ရာခိုင်နှုန်းအထက်လူတော်တော်များများဟာ ဆေးလိပ်သောက်ကြပါတယ်။
 ဒေါက်တာ ဒီ.စီ.ဂျားဗစ်စ် ရေးသားခဲ့တဲ့ ဆောင်းပါးမှာတော့ အခုလိုရှင်းပြခဲ့ပါတယ်။ အဲ့ဒီလိုဆေးလိပ်သောက်ကြခြင်းဟာနီကိုတင်းကစိတ်ရောဂါကြောင့်အတွင်းစိတ်ကပြောတာတွေကို
 လျော့ကျသက်သာစေလို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။ အတွင်းစိတ်မှာထင်ယောင်ထင်မှား ဖြစ်နေရမယ့်အစား အပြင်လောက ကို အာရုံရစေဖို့ နီကိုတင်းကကူညီပေးပါတယ်။  နီကိုတင်းဟာ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေအပေါ် အကျိုးရှိစေပုံ တွေကို ညွှန်းဆိုတဲ့ အခြားအချက်အလက်တွေလည်းရှိပါသေးတယ်။ သို့သော်ငြားလည်း သက်သေပြမှုတွေမရှိသေးတဲ့အတွက် ထည့်စဉ်းစားဖို့တော့မသင့်တော်ပါဘူး။
၃။ ဆေးလိပ်ဟာ အတွေးအမြင်တွေကို ရှင်းရှင်းလင်းလင်းဖြစ်စေပါတယ်။
၄။ ပါးစပ်ထဲကို တစ်ခုမဟုတ်တစ်ခု ကောက်ကောက်ထည့်နေတတ်တဲ့ အကျင့်ရှိရင်လည်း ပျောက်ကင်းစေပါတယ်။
၅။ ဆေးလိပ်သောက်ခြင်းဟာ လူမှုဆက်ဆံရေး ကိစ္စတစ်ခုလည်းဖြစ်နိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတဲ့ နည်းလမ်းတစ်ခုပါပဲ။
၆။ ဆေးလိပ်သောက်တဲ့သူတွေဟာ သာမန်အလုပ်သမားတွေထက် အညောင်းဆန့်ချိန်ပိုယူတတ်ပါတယ်။
၇။ နီကိုတင်းဟာ လှုံ့ဆော်မှုအားကောင်းတဲ့ စက်ယန္တာရားတစ်ခုပါပဲ။ အလုပ်တာဝန်တွေအပေါ်မှာ စဉ်ဆက်မပြတ် အာရုံစိုက်မှုကိုဖြစ် ပေါ်စေပါတယ်။
၈။ ရော့ခ်အဆိုတော်တစ်ယောက်ဖြစ်လို့ ဂျိုအန်ဂျက်လို အသံအက်အက်ရချင်လို့ ကြိုးစားနေတယ်ဆိုရင်တောင် ဆေးလိပ်သောက်ခြင်းက ကောင်းကောင်းကြီးကူညီပါလိမ့်မယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Thit Htoo Lwin
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top