iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႕ေခတ္ အင္တာနက္သံုးစြဲသူေတြရဲ႕ ၄၂ရာခုိင္ႏႈန္းဟာ သူတုိ႕အီးေမးလ္ေတြစစ္ဖုိ႕နဲ႕ လူမႈကြန္ယက္မွာ ပို႕စ္ေတြတင္ဖုိ႕ အိမ္သာထဲမွာ ဖုန္းသံုးၾကတယ္လုိ႕ Adobe ရဲ႕ေလ့လာမႈအသစ္တစ္ရပ္ကေန ေဖာ္ျပလိုက္ပါတယ္။ ဒါ့အျပင္ ခုလို အိမ္သာ၊ေရခ်ိဳးခန္းထဲမွာ အင္တာနက္သံုးတဲ့ အေရအတြက္ဟာ ပိုမ်ားလာဖုိ႕သာ ရွိျပီး နည္းသြားဖုိ႕မရွိေၾကာင္းလည္း ဆုိထားပါတယ္။ ဘာလို႕လဲဆုိေတာ့ ခုသံုးစြဲသူပမာဏဟာလည္း အရင္ထက္ ပိုမ်ားလာတာေၾကာင့္ပါ။

ဒါ့အျပင္ ဒီေလ့လာမႈမွာ ေနာက္ထပ္ေတြ႔ရွိရတဲ့ အခ်က္အလက္ေတြကေတာ့ အင္တာနက္သံုးစြဲသူေတြထဲက ၃၄ရာခုိင္ႏႈန္းက အီးေမးလ္လိပ္စာအသစ္ေတြ လုပ္ေနၾကျပီး ခုလုိ လုပ္ၾကရျခင္းဟာ သူတုိ႕ရဲ႕ inbox ေတြ spam ေတြမ်ားလြန္းတာမုိ႕ ဒါကို မထိန္းခ်ဳပ္ႏိုင္ေတာ့တာေၾကာင့္ ျဖစ္ပါတယ္တဲ့။ ဒါ့အျပင္ အင္တာနက္သံုးစြဲသူ ၄၀ရာခုိင္ႏႈန္းကေတာ့ လူမႈကြန္ယက္ေတြကို ေန႕တိုင္းသံုးေနေပမယ့္ သူတုိ႕အီးေမးလ္ေတြကိုေတာ့ ငါးရက္တစ္ၾကိမ္ေတာင္ ၀င္မစစ္ၾကပါဘူးတဲ့။

ကဲ သတိေပးခ်င္တာကေတာ့ အိမ္သာထဲကို ဖုန္းယူသြားတတ္တဲ့ ကိုကိုမမေတြ အင္တာနက္သံုးရင္ အိမ္သာေၾကြခြက္ထဲ ဖုန္းျပဳတ္မက်သြားေအာင္ေတာ့ ဂရုစိုက္ၾကပါလုိ႕။ ဒါ့အျပင္ သင့္ဖုန္းမွာ ဘက္တီရီးယားေပါင္းမ်ားစြာကပ္ေနျပီဆုိတာလည္း တစ္ခ်က္သတိျပဳလိုက္ပါဦး။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Trend Myanmar


#Unicode Version
ယနေ့ခေတ် အင်တာနက်သုံးစွဲသူတွေရဲ့ ၄၂ရာခိုင်နှုန်းဟာ သူတို့အီးမေးလ်တွေစစ်ဖို့နဲ့ လူမှုကွန်ယက်မှာ ပို့စ်တွေတင်ဖို့ အိမ်သာထဲမှာ ဖုန်းသုံးကြတယ်လို့ Adobe ရဲ့လေ့လာမှုအသစ်တစ်ရပ်ကနေ ဖော်ပြလိုက်ပါတယ်။ ဒါ့အပြင် ခုလို အိမ်သာ၊ရေချိုးခန်းထဲမှာ အင်တာနက်သုံးတဲ့ အရေအတွက်ဟာ ပိုများလာဖို့သာ ရှိပြီး နည်းသွားဖို့မရှိကြောင်းလည်း ဆိုထားပါတယ်။ ဘာလို့လဲဆိုတော့ ခုသုံးစွဲသူပမာဏဟာလည်း အရင်ထက် ပိုများလာတာကြောင့်ပါ။

ဒါ့အပြင် ဒီလေ့လာမှုမှာ နောက်ထပ်တွေ့ရှိရတဲ့ အချက်အလက်တွေကတော့ အင်တာနက်သုံးစွဲသူတွေထဲက ၃၄ရာခိုင်နှုန်းက အီးမေးလ်လိပ်စာအသစ်တွေ လုပ်နေကြပြီး ခုလို လုပ်ကြရခြင်းဟာ သူတို့ရဲ့ inbox တွေ spam တွေများလွန်းတာမို့ ဒါကို မထိန်းချုပ်နိုင်တော့တာကြောင့် ဖြစ်ပါတယ်တဲ့။ ဒါ့အပြင် အင်တာနက်သုံးစွဲသူ ၄၀ရာခိုင်နှုန်းကတော့ လူမှုကွန်ယက်တွေကို နေ့တိုင်းသုံးနေပေမယ့် သူတို့အီးမေးလ်တွေကိုတော့ ငါးရက်တစ်ကြိမ်တောင် ဝင်မစစ်ကြပါဘူးတဲ့။

ကဲ သတိပေးချင်တာကတော့ အိမ်သာထဲကို ဖုန်းယူသွားတတ်တဲ့ ကိုကိုမမတွေ အင်တာနက်သုံးရင် အိမ်သာကြွေခွက်ထဲ ဖုန်းပြုတ်မကျသွားအောင်တော့ ဂရုစိုက်ကြပါလို့။ ဒါ့အပြင် သင့်ဖုန်းမှာ ဘက်တီရီးယားပေါင်းများစွာကပ်နေပြီဆိုတာလည်း တစ်ချက်သတိပြုလိုက်ပါဦး။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Trend Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top