iMyanmarHouse.com - Best Property Website for Myanmar
×






Credit:Thithtoolwin



#Unicode Version

အလွန်ပူတဲ့ ကော်ဖီ၊ လက်ဖက်ရည်တို့လို သောက်သုံးစရာတွေကို သောက်သုံးတာဟာ ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။ အပူချိန် ၆၅ဒီဂရီစင်တီဂရိတ်နဲ့ အထက်ရှိတဲ့ သောက်စရာတွေဟာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တယ်လို့ ယုံကြည်ရတာဖြစ်ပါတယ်။

ဒီကော်ဖီနဲ့ ကင်ဆာဆိုတဲ့ ခေါင်းစဉ်ကို သိပ္ပံပညာရှင်တစ်ထောင်လောက် လေ့လာခဲ့ပြီး အခုလိုမျိုးထုတ်ပြန်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ (IARC) က နေပြီးတော့ အခုလိုလေ့လာသုတေသနပြုချက်ကို ထုတ်လုပ်ပေးခဲ့တာပါ။

အေဂျင်စီရဲ့ ဒါရိုက်တာဖြစ်သူ Christopher Wild က “ကျွန်တော်တို့အနေနဲ့ သုတေသနပြုလုပ်ရမှာ ရလဒ်တွေက အလွန်ပူတဲ့ သောက်စရာတွေကို သောက်တာဟာ လည်ချောင်းကင်ဆာဖြစ်နိုင်ခြေ ရှိတယ်လို့ တွေ့ရပါတယ်” လို့ဆိုခဲ့တာပါ။

သူတို့အနေနဲ့ ဒီသုတေသနကို လက်ဘက်ရည်နဲ့ ရိုးရာသောက်သုံးစရာတွေကို အလွန်ပူတဲ့အခြေအနေ (၇၀ C) မှာ သောက်သုံးလေ့ရှိတဲ့ တရုတ်၊ အီရန်၊ တူရကီနဲ့ တောင်အမေရိက နိုင်ငံတွေမှာ လေ့လာခဲ့ရာမှာ အခုလိုမျိုးတွေ့ရှိခဲ့ရတာပါ။

ဒါကြောင့် ကော်ဖီအပါအဝင် သောက်စရာတွေကို အလွန်ပူပြင်းတဲ့ အခြေအနေမှာ မသောက်သုံးသင့်ပဲ အနည်းငယ် အအေးခံပြီးမှ သောက်သုံးသင့်ကြောင်း အကြံပေး တိုက်တွန်းခဲ့ပါတယ်။

Credit:Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...









 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top