iMyanmarHouse.com - Best Property Website for Myanmar
×

၁။ တစ္ေယာက္ရဲ႕ အားနည္းခ်က္ကို တစ္ေယာက္က မျပင္ေပးနိုင္ဘူး

လူတိုင္းမွာ အားနည္းခ်က္ ကိုယ္စီ ရိွၾကတယ္။ လင္ေယာက်ၤားလည္း သူ႔အားနည္းခ်က္ ရိွမယ္ ဇနီးသည္လည္း ဇနီးသည္ အားနည္းခ်က္ ရိွလိမ့္မယ္။ ဒီလိုအားနည္းခ်က္ ရိွတာကို တစ္ေယာက္ကို တစ္ေယာက္ မျပဳျပင္ေပးဘဲ တစ္ေယာက္ရဲ႕ အားနည္းခ်က္ကို ဖိႏိွပ္ျပီး အနိုင္ယူမယ္ အနိုင္က်င့္ၾကမယ္။ ကိုယ္ယူထားတဲ့ အိမ္ေထာင္ဖက္ အခ်င္းခ်င္းေတာင္မွ အားနည္းခ်က္ကို မျပင္ေပးဘဲ ဖိနွိပ္ေနမွေတာ့ ေဘးလူဆို ပိုလို႔ေတာင္ ဆိုးမွာေပါ့။ ဒီလိုဆိုရင္လည္း အိမ္ေထာင္ေရး ဘယ္သာယာပ မလဲေလ။

၂။ တန္ဖိုးမထားတတ္တာ

မိမိအိမ္ေထာင္ဘက္ကို မိမိကေတာင္ တန္ဖိုးမထားရင္ အျခားသူကလည္း ဘယ္တန္ဖိုး ထားမလဲေလ။ ဒါေၾကာင့္ မိမိသည္ လက္ထပ္ထိန္းျမွားျပီး သည္မွစကာ မိမိအိမ္ေထာင္ဘက္ကို ေလးစား တန္ဖိုးထားျခင္းဟာလည္း အိမ္ေထာင္ေရး အတြက္ အေထာက္အကူ ျပဳပါလိမ့္မယ္။ တန္ဖိုး မထားတတ္သေရြ႕ ဘယ္ေလာက္ တန္ဖိုး ရိွတာ ရထားထား အလကားပါ။

၃။ အျမဲ နွိမ့္ခ် ဆက္ဆံတယ္

ကိုယ့္အိမ္ေထာင္ဘက္ကို ဆူတယ္ ေအာ္တယ္ နွိမ့္ခ်ျပီး လူသူေရွ႔မွာေတာင္ ဆက္ဆံတယ္ အနိုင္က်င့္တယ္ ဒါမ်ိဳး လုပ္လို႔ ကိုယ္က အဆင့္အတန္းျမင့္ကာ ဂုဏ္ရိွသြားမယ္ မထင္ပါနဲ႔။ မိမိအိမ္ေထာင္ဘက္ကို နွိမ့္ခ်ရင္ မိမိလည္း နိမ့္က်တယ္ဆိုတာမျမဲမွတ္ထားေပးပါ။

၄။ ကိုယ္လုပ္ခ်င္တာ လုပ္တယ္

ကိုယ့္အိမ္ေထာင္ဘက္က တစ္ခုခုနဲ႔ ပတ္သက္ျပီး အၾကံဥာဏ္ေပးတယ္ သူေပးတဲ့ အဥာဏ္ကို အျမဲပစ္ပယ္ျပီး ကိုယ္လုပ္ခ်င္ရာကို လုပ္တယ္။ ကိုယ္လုပ္ခ်င္ရာ လုပ္လို႔ မွန္ေကာင္းလည္း မွန္လိမ့္မယ္ အျမဲမွန္ဖို႔ ဆိုတာ မလြယ္ကူလွဘူး။ ဒါေၾကာင့္ အိမ္ေထာင္ဘက္ျဖစ္သူရဲ႕ အၾကံေပးမႈေတြ အၾကံဥာဏ္ေတြကို နားမေထာင္ ကိုယ္လုပ္ခ်င္ရာ လုပ္မွေတာ့ ဘယ္သို႔ ဘယ္နည္းမွ အိမ္ေထာင္ေရး အဆင္ေျပပါ့မလည္းေလ။

၅။ မခ်စ္ဘဲ လက္ထပ္လိုက္တာ

အိမ္ေထာင္ေရးဆိုတာ အခ်စ္ဆိုတဲ့ အရာေပၚမွာ မႈတည္ေနေလရဲ႕။ အခ်စ္ဆိုတာ အိမ္ေထာင္တစ္ခုမွာ ဘယ္ေလာက္အေရးပါလဲ ဆိုတာကိုေတာ့ မေျပာလိုပါ။ ဒါေပမယ့္ မခ်စ္မနွစ္သက္တဲ့ အိမ္ေထာင္ေရး တစ္ခု အခ်ိန္ၾကာၾကာ ျပည့္ျပည့္ဝဝ ေပ်ာ္ရႊင္စရာ ေကာင္းမယ္လို႔ေတာ့ မထင္ပါဘူး။

၆။ စီးပြားေရး အခက္အခဲ

အိမ္ေထာင္တစ္ခု ျဖစ္တည္သြားျပီ ဆိုရင္ေတာ့ စီးပြားေရး ဘယ္ေလာက္ အေရးပါသလဲ ဆိုတာကို အိမ္ေထာင္ရွင္တိုင္း သိၾကပါလိမ့္မယ္။ စီးပြားေရးေတြ အရမ္းခက္ခဲလာရင္ အိမ္ေထာင္ေရးကိုပါ ထိခိုင္တတ္တာေလးေတြေတာ့ ရိွပါတယ္။ ဒါေပမယ့္ နွစ္ဦးနွစ္ဘက္ လက္အတူတြဲ ၾကိဳးစား ရုန္းကန္းနိုင္ပါေစ။ ဒီလို မဟုတ္လို႔ တစ္ေယာက္ကို တစ္ေယာက္ ပံုခ်ေနရင္ေတာ့ အဆင္မေျပနိုင္ပါ။

Credit: (ပစ္တိုင္းေထာင္)


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


၁။ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က မပြင်ပေးနိုင်ဘူး

လူတိုင်းမှာ အားနည်းချက် ကိုယ်စီ ရှိကြတယ်။ လင်ယောကျၤားလည်း သူ့အားနည်းချက် ရှိမယ် ဇနီးသည်လည်း ဇနီးသည် အားနည်းချက် ရှိလိမ့်မယ်။ ဒီလိုအားနည်းချက် ရှိတာကို တစ်ယောက်ကို တစ်ယောက် မပြုပြင်ပေးဘဲ တစ်ယောက်ရဲ့ အားနည်းချက်ကို ဖိနှိပ်ပြီး အနိုင်ယူမယ် အနိုင်ကျင့်ကြမယ်။ ကိုယ်ယူထားတဲ့ အိမ်ထောင်ဖက် အချင်းချင်းတောင်မှ အားနည်းချက်ကို မပြင်ပေးဘဲ ဖိနှိပ်နေမှတော့ ဘေးလူဆို ပိုလို့တောင် ဆိုးမှာပေါ့။ ဒီလိုဆိုရင်လည်း အိမ်ထောင်ရေး ဘယ်သာယာပ မလဲလေ။

၂။ တန်ဖိုးမထားတတ်တာ

မိမိအိမ်ထောင်ဘက်ကို မိမိကတောင် တန်ဖိုးမထားရင် အခြားသူကလည်း ဘယ်တန်ဖိုး ထားမလဲလေ။ ဒါကြောင့် မိမိသည် လက်ထပ်ထိန်းမြှားပြီး သည်မှစကာ မိမိအိမ်ထောင်ဘက်ကို လေးစား တန်ဖိုးထားခြင်းဟာလည်း အိမ်ထောင်ရေး အတွက် အထောက်အကူ ပြုပါလိမ့်မယ်။ တန်ဖိုး မထားတတ်သရွေ့ ဘယ်လောက် တန်ဖိုး ရှိတာ ရထားထား အလကားပါ။

၃။ အမြဲ နှိမ့်ချ ဆက်ဆံတယ်

ကိုယ့်အိမ်ထောင်ဘက်ကို ဆူတယ် အော်တယ် နှိမ့်ချပြီး လူသူရှေ့မှာတောင် ဆက်ဆံတယ် အနိုင်ကျင့်တယ် ဒါမျိုး လုပ်လို့ ကိုယ်က အဆင့်အတန်းမြင့်ကာ ဂုဏ်ရှိသွားမယ် မထင်ပါနဲ့။ မိမိအိမ်ထောင်ဘက်ကို နှိမ့်ချရင် မိမိလည်း နိမ့်ကျတယ်ဆိုတာမမြဲမှတ်ထားပေးပါ။

၄။ ကိုယ်လုပ်ချင်တာ လုပ်တယ်

ကိုယ့်အိမ်ထောင်ဘက်က တစ်ခုခုနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးတယ် သူပေးတဲ့ အဉာဏ်ကို အမြဲပစ်ပယ်ပြီး ကိုယ်လုပ်ချင်ရာကို လုပ်တယ်။ ကိုယ်လုပ်ချင်ရာ လုပ်လို့ မှန်ကောင်းလည်း မှန်လိမ့်မယ် အမြဲမှန်ဖို့ ဆိုတာ မလွယ်ကူလှဘူး။ ဒါကြောင့် အိမ်ထောင်ဘက်ဖြစ်သူရဲ့ အကြံပေးမှုတွေ အကြံဉာဏ်တွေကို နားမထောင် ကိုယ်လုပ်ချင်ရာ လုပ်မှတော့ ဘယ်သို့ ဘယ်နည်းမှ အိမ်ထောင်ရေး အဆင်ပြေပါ့မလည်းလေ။

၅။ မချစ်ဘဲ လက်ထပ်လိုက်တာ

အိမ်ထောင်ရေးဆိုတာ အချစ်ဆိုတဲ့ အရာပေါ်မှာ မှုတည်နေလေရဲ့။ အချစ်ဆိုတာ အိမ်ထောင်တစ်ခုမှာ ဘယ်လောက်အရေးပါလဲ ဆိုတာကိုတော့ မပြောလိုပါ။ ဒါပေမယ့် မချစ်မနှစ်သက်တဲ့ အိမ်ထောင်ရေး တစ်ခု အချိန်ကြာကြာ ပြည့်ပြည့်ဝဝ ပျော်ရွှင်စရာ ကောင်းမယ်လို့တော့ မထင်ပါဘူး။

၆။ စီးပွားရေး အခက်အခဲ

အိမ်ထောင်တစ်ခု ဖြစ်တည်သွားပြီ ဆိုရင်တော့ စီးပွားရေး ဘယ်လောက် အရေးပါသလဲ ဆိုတာကို အိမ်ထောင်ရှင်တိုင်း သိကြပါလိမ့်မယ်။ စီးပွားရေးတွေ အရမ်းခက်ခဲလာရင် အိမ်ထောင်ရေးကိုပါ ထိခိုင်တတ်တာလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် နှစ်ဦးနှစ်ဘက် လက်အတူတွဲ ကြိုးစား ရုန်းကန်းနိုင်ပါစေ။ ဒီလို မဟုတ်လို့ တစ်ယောက်ကို တစ်ယောက် ပုံချနေရင်တော့ အဆင်မပြေနိုင်ပါ။

Credit: (ပစ်တိုင်းထောင်)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top