iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလး အမ်ားစု ဟာ ထိုင္ခုံေပၚမွာ ထိုင္တဲ့အခါ သူမတို႔ရဲ ႔ ေျခေထာက္ ႏွစ္ေခ်ာင္းကို ၾကက္ေျခခတ္ ပံုစံ ခ်ိတ္ၿပီး ထိုင္ေလ့ရွိၾကပါတယ္။ အဲဒီလို ထိုင္တာကမွ စတိုင္လ္က်တယ္ ဆိုတဲ့ ေခတ္ေဟာင္း အေတြးအေခၚကို ေျပာင္းလဲဖို႔ အခ်ိန္တန္ေနပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ ေျခေထာက္ ႏွစ္ေခ်ာင္းကို ၾကက္ေျခခတ္ပံုစံ ခ်ိတ္ၿပီး ထိုင္တာဟာ သင္ထင္ထားတာထက္ ပိုၿပီး သင့္ က်န္းမာေရးကို ထိခိုက္မႈေတြ ရွိလာေစႏိုင္ပါတယ္။

ေျခေထာက္ႏွစ္ေခ်ာင္းကို ခ်ိတ္ၿပီး ထိုင္လိုက္တဲ့အခါမွာ သင့္ရဲ ႔ ေသြးလည္ပတ္မႈကို ေႏွာင့္ေႏွးသြားေစႏိုင္တဲ့အတြက္ ေျခေထာက္မွာ ေသြး ခဲ ျခင္း ကိုပါ ျဖစ္ေပၚလာေစႏိုင္တယ္လို႔ The Vein Treatment Center ကိုတည္ေထာင္ထားတဲ့ ေဒါက္တာ Luis Navarro က ဆိုပါတယ္။ ေသြးလည္ပတ္မႈ အားနည္းတဲ့ ျပႆနာ ရွိထားၿပီးသူေတြအေနနဲ႔ကေတာ့ ေျခေထာက္ ႏွစ္ေခ်ာင္းကို ခ်ိတ္ၿပီး ထိုင္တဲ့ ပံုစံကို လံုး၀ေရွာင္ၾကဥ္သင့္တယ္လို႔လည္း ေဒါက္တာ Luis Navarro က သတိေပးလိုက္ပါေသးတယ္။

"တစ္ကယ္လို႔ သင္ဟာ ေသြးလည္ပတ္မႈ အားနည္းတဲ့ ေရာဂါ အခံရွိၿပီး အလြယ္တကူ ေသြးခဲျခင္းေတြျဖစ္တတ္တယ္ဆိုရင္ေတာ့ ေျခေထာက္ႏွစ္ေခ်ာက္းကို ၾကက္ေျခခတ္ ခ်ိတ္ထိုင္ျခင္းဟာ သင့္ေရာဂါ ကို အဆိုးဆံုးျဖစ္သြားေစမွာပါ။ လူတိုင္းဟာ ေသြးလည္ပတ္မႈ အားေကာင္းေစဖို႔အတြက္ လႈပ္ရွားဖို႔ ၊ လမ္းေလွ်ာက္ဖို႔ အရမ္းကို အေရးႀကီးပါတယ္။ အခ်ိန္အၾကာႀကီးထိုင္ေနရတဲ့အခါမ်ိဳးမွာ မတ္တပ္ ထ ရပ္လိုက္ျခင္းအားျဖင့္ သင့္ရဲ ႔ ေသြးလည္ပတ္မႈ အားေကာင္းလာေစသလို ဒုတိယ ႏွလံုးကိုလည္း သန္မာလာေစပါတယ္။ ဒုတိယ ႏွလံုးဆိုတာကေတာ့ ေျခေထာက္ ၊ ေျခဖ၀ါးေတြမွာရွိတဲ့ ၾကြက္သားေတြ ၊ ေသြးျပန္ေၾကာေတြနဲ႔ အဆို႔ရွင္ ေတြကို စုေပါင္းထားတာကို ဆိုလိုပါတယ္။ ကၽြႏ္ုပ္တို႔ေတြ လမ္းေလွ်ာက္တဲ့အခါ လွမ္းလိုက္တဲ့ ေျခလိုက္တစ္လွမ္းခ်င္းစီ အတြက္ ကၽြႏ္ုပ္တို႔ရဲ ႔ ႏွလံုးကို ေသြး ေတြ ျပန္လည္ပို႔လႊတ္ေစပါတယ္။ ဒါေၾကာင့္ လႈပ္ရွားမႈ ျပဳေပးျခင္းဟာ ေသြးလည္ပတ္မႈ ပိုမို ေခ်ာေမြ႕ ေစၿပီး ေသြးအားလည္း ေကာင္းလာေစပါတယ္" လို႔ ေဒါက္တာ Luis Navarro က ဆိုပါတယ္။

ေျခေထာက္ ႏွစ္ေခ်ာင္းကို ခ်ိတ္ၿပီး ထိုင္တာကေတာ့ သင့္ ခႏၶာကိုယ္အတြက္ ဘာေကာင္းက်ိဳးမွ မေပးႏိုင္ဘူးလို႔လည္း ေဒါက္တာ Luis Navarro က ထည့္သြင္းရွင္းျပခဲ့ျပန္ပါတယ္။

"ပင့္ကူ ေသြးျပန္ေၾကာေတြ နဲ႔ ဗယ္ရီကို႔စ္ ေသြးျပန္ေၾကာေတြဟာ အမ်ိဳးသမီးေတြမွာ ရွိတာမ်ားပါတယ္။ အဲဒီလို ေသြးျပန္ေၾကာေတြဟာ မ်ိဳးရိုးဗီဇ နဲ႔ ဆိုင္တဲ့ ပင္ကိုသေဘာတရားေတြပါ။ တစ္ခ်ိဳ႕ေသာ ေနထိုင္မႈပံုစံေတြဟာ ပင့္ကူ/ဗယ္ရီကို႔စ္ ေသြးျပန္ေၾကာေတြကို တိုက္ခိုက္သလို ျဖစ္ေစပါတယ္။ ေဆးလိပ္ေသာက္ျခင္း ၊ ေဟာ္မုန္းဆိုင္ရာေမြးဖြားမႈ ထိန္းခ်ဳပ္ျခင္း ၊ အခ်ိန္ၾကာရွည္စြာ မတ္တပ္ရပ္ျခင္း(သို႔) ထိုင္ျခင္း ၊ ကိုယ္၀န္ေဆာင္ျခင္း ၊ အ၀လြန္ျခင္း အစရွိတဲ့ ေနထိုင္မႈပံုစံေတြကို ဆိုလိုတာပါ။ ေျခေထာက္ႏွစ္ေခ်ာင္းကို ခ်ိတ္ထိုင္ တာကလည္း သင့္ရဲ ႔ ေသြးျပန္ေၾကာေတြကို ဖိအားေပးလိုက္သလို ျဖစ္ေစၿပီး ႏွလံုးကို ေသြးေတြ ျပန္ပို႔ေဆာင္ေပးတဲ့အခါမွာ အခက္အခဲေတြ ျဖစ္သြားေစပါတယ္" လို႔ ေဒါက္တာ Luis Navarro က ေျပာျပပါတယ္။

ဒါ့အျပင္ Luis Navarro က ပင့္ကူ ေသြးျပန္ေၾကာ နဲ႔ ဗယ္ရီကို႔စ္ ေသြးျပန္ေၾကာ ေတြကို နာက်င္မႈမရွိပဲ ကုသဖို႔အတြက္ အေကာင္းဆံုး နည္းလမ္းေတြကေတာ့ ေျခေထာက္ေတြကို ဆန္႔တန္းၿပီး ထိုင္ျခင္း ၊ ဖေနာင့္ေတြကို ၾကက္ေျခခတ္အေနအထားရွိေစျခင္း နဲ႔ ညင္သာစြာ ေျခလွမ္းမ်ားကို ေလွ်ာက္လွမ္းေစျခင္းတို႔ပဲ ျဖစ္တယ္လို႔လည္း ထည့္သြင္း ေျပာျပခဲ့ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မိန်းကလေး အများစု ဟာ ထိုင်ခုံပေါ်မှာ ထိုင်တဲ့အခါ သူမတို့ရဲ့ ခြေထောက် နှစ်ချောင်းကို ကြက်ခြေခတ် ပုံစံ ချိတ်ပြီး ထိုင်လေ့ရှိကြပါတယ်။ အဲဒီလို ထိုင်တာကမှ စတိုင်လ်ကျတယ် ဆိုတဲ့ ခေတ်ဟောင်း အတွေးအခေါ်ကို ပြောင်းလဲဖို့ အချိန်တန်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ခြေထောက် နှစ်ချောင်းကို ကြက်ခြေခတ်ပုံစံ ချိတ်ပြီး ထိုင်တာဟာ သင်ထင်ထားတာထက် ပိုပြီး သင့် ကျန်းမာရေးကို ထိခိုက်မှုတွေ ရှိလာစေနိုင်ပါတယ်။

ခြေထောက်နှစ်ချောင်းကို ချိတ်ပြီး ထိုင်လိုက်တဲ့အခါမှာ သင့်ရဲ့ သွေးလည်ပတ်မှုကို နှောင့်နှေးသွားစေနိုင်တဲ့အတွက် ခြေထောက်မှာ သွေး ခဲ ခြင်း ကိုပါ ဖြစ်ပေါ်လာစေနိုင်တယ်လို့ The Vein Treatment Center ကိုတည်ထောင်ထားတဲ့ ဒေါက်တာ Luis Navarro က ဆိုပါတယ်။ သွေးလည်ပတ်မှု အားနည်းတဲ့ ပြဿနာ ရှိထားပြီးသူတွေအနေနဲ့ကတော့ ခြေထောက် နှစ်ချောင်းကို ချိတ်ပြီး ထိုင်တဲ့ ပုံစံကို လုံးဝရှောင်ကြဉ်သင့်တယ်လို့လည်း ဒေါက်တာ Luis Navarro က သတိပေးလိုက်ပါသေးတယ်။

"တစ်ကယ်လို့ သင်ဟာ သွေးလည်ပတ်မှု အားနည်းတဲ့ ရောဂါ အခံရှိပြီး အလွယ်တကူ သွေးခဲခြင်းတွေဖြစ်တတ်တယ်ဆိုရင်တော့ ခြေထောက်နှစ်ချောက်းကို ကြက်ခြေခတ် ချိတ်ထိုင်ခြင်းဟာ သင့်ရောဂါ ကို အဆိုးဆုံးဖြစ်သွားစေမှာပါ။ လူတိုင်းဟာ သွေးလည်ပတ်မှု အားကောင်းစေဖို့အတွက် လှုပ်ရှားဖို့ ၊ လမ်းလျှောက်ဖို့ အရမ်းကို အရေးကြီးပါတယ်။ အချိန်အကြာကြီးထိုင်နေရတဲ့အခါမျိုးမှာ မတ်တပ် ထ ရပ်လိုက်ခြင်းအားဖြင့် သင့်ရဲ့ သွေးလည်ပတ်မှု အားကောင်းလာစေသလို ဒုတိယ နှလုံးကိုလည်း သန်မာလာစေပါတယ်။ ဒုတိယ နှလုံးဆိုတာကတော့ ခြေထောက် ၊ ခြေဖဝါးတွေမှာရှိတဲ့ ကြွက်သားတွေ ၊ သွေးပြန်ကြောတွေနဲ့ အဆို့ရှင် တွေကို စုပေါင်းထားတာကို ဆိုလိုပါတယ်။ ကျွန်ုပ်တို့တွေ လမ်းလျှောက်တဲ့အခါ လှမ်းလိုက်တဲ့ ခြေလိုက်တစ်လှမ်းချင်းစီ အတွက် ကျွန်ုပ်တို့ရဲ့ နှလုံးကို သွေး တွေ ပြန်လည်ပို့လွှတ်စေပါတယ်။ ဒါကြောင့် လှုပ်ရှားမှု ပြုပေးခြင်းဟာ သွေးလည်ပတ်မှု ပိုမို ချောမွေ့ စေပြီး သွေးအားလည်း ကောင်းလာစေပါတယ်" လို့ ဒေါက်တာ Luis Navarro က ဆိုပါတယ်။

ခြေထောက် နှစ်ချောင်းကို ချိတ်ပြီး ထိုင်တာကတော့ သင့် ခန္ဓာကိုယ်အတွက် ဘာကောင်းကျိုးမှ မပေးနိုင်ဘူးလို့လည်း ဒေါက်တာ Luis Navarro က ထည့်သွင်းရှင်းပြခဲ့ပြန်ပါတယ်။

"ပင့်ကူ သွေးပြန်ကြောတွေ နဲ့ ဗယ်ရီကို့စ် သွေးပြန်ကြောတွေဟာ အမျိုးသမီးတွေမှာ ရှိတာများပါတယ်။ အဲဒီလို သွေးပြန်ကြောတွေဟာ မျိုးရိုးဗီဇ နဲ့ ဆိုင်တဲ့ ပင်ကိုသဘောတရားတွေပါ။ တစ်ချို့သော နေထိုင်မှုပုံစံတွေဟာ ပင့်ကူ/ဗယ်ရီကို့စ် သွေးပြန်ကြောတွေကို တိုက်ခိုက်သလို ဖြစ်စေပါတယ်။ ဆေးလိပ်သောက်ခြင်း ၊ ဟော်မုန်းဆိုင်ရာမွေးဖွားမှု ထိန်းချုပ်ခြင်း ၊ အချိန်ကြာရှည်စွာ မတ်တပ်ရပ်ခြင်း(သို့) ထိုင်ခြင်း ၊ ကိုယ်ဝန်ဆောင်ခြင်း ၊ အဝလွန်ခြင်း အစရှိတဲ့ နေထိုင်မှုပုံစံတွေကို ဆိုလိုတာပါ။ ခြေထောက်နှစ်ချောင်းကို ချိတ်ထိုင် တာကလည်း သင့်ရဲ့ သွေးပြန်ကြောတွေကို ဖိအားပေးလိုက်သလို ဖြစ်စေပြီး နှလုံးကို သွေးတွေ ပြန်ပို့ဆောင်ပေးတဲ့အခါမှာ အခက်အခဲတွေ ဖြစ်သွားစေပါတယ်" လို့ ဒေါက်တာ Luis Navarro က ပြောပြပါတယ်။

ဒါ့အပြင် Luis Navarro က ပင့်ကူ သွေးပြန်ကြော နဲ့ ဗယ်ရီကို့စ် သွေးပြန်ကြော တွေကို နာကျင်မှုမရှိပဲ ကုသဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေကတော့ ခြေထောက်တွေကို ဆန့်တန်းပြီး ထိုင်ခြင်း ၊ ဖနောင့်တွေကို ကြက်ခြေခတ်အနေအထားရှိစေခြင်း နဲ့ ညင်သာစွာ ခြေလှမ်းများကို လျှောက်လှမ်းစေခြင်းတို့ပဲ ဖြစ်တယ်လို့လည်း ထည့်သွင်း ပြောပြခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top