iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ျပဳေတာ့မယ့္သူေတြအတြက္ ဒါမွမဟုတ္ အိမ္ေထာင္တစ္ခုထူေထာင္ၿပီးတဲ့သူေတြ အကုန္လံုးအတြက္ အိမ္မႈကိစၥေတြကို အမ်ိဳးသားေရာ၊ အမ်ိဳးသမီးပါ ေ၀မွ်တာ၀န္ခြဲယူရမယ့္ကိစၥဟာ အဲ့ဒီေလာက္ အေရးႀကီးသလားလို႔ ေမးစရာရွိပါတယ္။ အိမ္မႈကိစၥေတြကို အမ်ိဳးသားေရာ၊ အမ်ိဳးသမီးပါ ေ၀မွ်လုပ္ေဆာင္ျခင္းဟာ အိမ္ေထာင္တစ္ခုမွာ သင္ထင္တာထက္ကို ပိုအေရးပါသလို အိမ္ေထာင္ေရးသာယာမႈ ရွိမရွိအပိုင္းေတြနဲ႔ပါ ဆက္ႏြယ္မႈေတြ ရွိေနပါတယ္။ ေလ့လာေတြ႕ရွိခ်က္ေတြအရ အမ်ိဳးသမီးေတြဟာ သူတုိ႔ရဲ႕ခင္ပြန္းသည္ေယာက်ၤားေတြ သူတုိ႔နဲ႔အတူ အိမ္မႈကိစၥေတြ ေ၀မွ်လုပ္ေဆာင္ေပးတဲ့အခါ ေပ်ာ္ရႊင္မႈကို ပိုမုိခံစားရလာတတ္ပါတယ္တဲ့။

Illinois တကၠသိုလ္ရဲ႕ စစ္တမ္းေကာက္ထားတဲ့ အတြဲေပါင္း ၂၂၀မွာ အမ်ိဳးသမီးေတြဟာ သူတုိ႕ရဲ႕အိမ္မႈကိစၥအားလံုးဟာ အမ်ိဳးသမီးေတြခ်ည္း လုပ္ေဆာင္စရာမလိုအပ္ပဲ ေယာက်ၤားေရာ၊ မိန္းမမွာပါ တာ၀န္ရွိတယ္ဆိုတာထက္ အတူတူသာ အိမ္မႈကိစၥေတြကို ခြဲေ၀လုပ္မယ္ဆုိရင္ သူတုိ႔ေပ်ာ္ရႊင္ရတဲ့အေၾကာင္း ဖြင့္ဟသြားပါတယ္။ ဒါဟာ ကိုယ့္ဇနီးသည္ကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာလည္း တစ္ဖက္က ျပသရာေရာက္တယ္ မဟုတ္လား။ ေယာက်ၤားေတြကေတာ့ အိမ္သန္႔ရွင္းေရလုပ္တာ၊ ေၾကာင္စာေကၽြးတာ၊ ခ်က္ျပဳတ္တာမ်ိဳးေတြ လုပ္ေဆာင္ရျခင္းအေပၚ ေပ်ာ္ရႊင္မႈ သိပ္မခံစားၾကရပါဘူး။

ေနာက္ထပ္ေလ့လာေတြ႕ရွိခ်က္ေတြအရ ကုိယ့္အမ်ိဳးသမီးနဲ႔အတူ ဟင္း၀င္ခ်က္ေပး၊ အိမ္သန္႔ရွင္းေရးကူညီေပးတတ္သူေတြ၊ အထူးသျဖင့္ အိမ္မႈကိစၥေတြကို ခြဲေ၀တာ၀န္ယူတတ္သူေတြရဲ႕ အိမ္ေထာင္ေရးဟာ သာယာၾကၿပီး ဒါဟာ ႏွစ္ဦးသားရဲ႕ သံေယာဇဥ္ႀကိဳးကိုလည္း ပိုမိုခိုင္မာေစတယ္လို႔ ဆိုထားပါတယ္။ ဒီအခ်က္အလက္ဟာ လက္ခံႏိုင္ဖို႔ ခဲယဥ္းလြန္းေပမယ့္ အိမ္ေထာင္သည္ေတြအတြက္ ေရရွည္မွာ ပိုမိုခိုင္ၿမဲတဲ့ အိမ္ေထာင္ေရး ရရွိေစမယ္ဆိုတာကိုေတာ့ အာမခံႏိုင္ပါတယ္တဲ့။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အိမ်ထောင်ပြုတော့မယ့်သူတွေအတွက် ဒါမှမဟုတ် အိမ်ထောင်တစ်ခုထူထောင်ပြီးတဲ့သူတွေ အကုန်လုံးအတွက် အိမ်မှုကိစ္စတွေကို အမျိုးသားရော၊ အမျိုးသမီးပါ ဝေမျှတာဝန်ခွဲယူရမယ့်ကိစ္စဟာ အဲ့ဒီလောက် အရေးကြီးသလားလို့ မေးစရာရှိပါတယ်။ အိမ်မှုကိစ္စတွေကို အမျိုးသားရော၊ အမျိုးသမီးပါ ဝေမျှလုပ်ဆောင်ခြင်းဟာ အိမ်ထောင်တစ်ခုမှာ သင်ထင်တာထက်ကို ပိုအရေးပါသလို အိမ်ထောင်ရေးသာယာမှု ရှိမရှိအပိုင်းတွေနဲ့ပါ ဆက်နွယ်မှုတွေ ရှိနေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးတွေဟာ သူတို့ရဲ့ခင်ပွန်းသည်ယောကျၤားတွေ သူတို့နဲ့အတူ အိမ်မှုကိစ္စတွေ ဝေမျှလုပ်ဆောင်ပေးတဲ့အခါ ပျော်ရွှင်မှုကို ပိုမိုခံစားရလာတတ်ပါတယ်တဲ့။

Illinois တက္ကသိုလ်ရဲ့ စစ်တမ်းကောက်ထားတဲ့ အတွဲပေါင်း ၂၂၀မှာ အမျိုးသမီးတွေဟာ သူတို့ရဲ့အိမ်မှုကိစ္စအားလုံးဟာ အမျိုးသမီးတွေချည်း လုပ်ဆောင်စရာမလိုအပ်ပဲ ယောကျၤားရော၊ မိန်းမမှာပါ တာဝန်ရှိတယ်ဆိုတာထက် အတူတူသာ အိမ်မှုကိစ္စတွေကို ခွဲဝေလုပ်မယ်ဆိုရင် သူတို့ပျော်ရွှင်ရတဲ့အကြောင်း ဖွင့်ဟသွားပါတယ်။ ဒါဟာ ကိုယ့်ဇနီးသည်ကို ဘယ်လောက်ချစ်တယ်ဆိုတာလည်း တစ်ဖက်က ပြသရာရောက်တယ် မဟုတ်လား။ ယောကျၤားတွေကတော့ အိမ်သန့်ရှင်းရေလုပ်တာ၊ ကြောင်စာကျွေးတာ၊ ချက်ပြုတ်တာမျိုးတွေ လုပ်ဆောင်ရခြင်းအပေါ် ပျော်ရွှင်မှု သိပ်မခံစားကြရပါဘူး။

နောက်ထပ်လေ့လာတွေ့ရှိချက်တွေအရ ကိုယ့်အမျိုးသမီးနဲ့အတူ ဟင်းဝင်ချက်ပေး၊ အိမ်သန့်ရှင်းရေးကူညီပေးတတ်သူတွေ၊ အထူးသဖြင့် အိမ်မှုကိစ္စတွေကို ခွဲဝေတာဝန်ယူတတ်သူတွေရဲ့ အိမ်ထောင်ရေးဟာ သာယာကြပြီး ဒါဟာ နှစ်ဦးသားရဲ့ သံယောဇဉ်ကြိုးကိုလည်း ပိုမိုခိုင်မာစေတယ်လို့ ဆိုထားပါတယ်။ ဒီအချက်အလက်ဟာ လက်ခံနိုင်ဖို့ ခဲယဉ်းလွန်းပေမယ့် အိမ်ထောင်သည်တွေအတွက် ရေရှည်မှာ ပိုမိုခိုင်မြဲတဲ့ အိမ်ထောင်ရေး ရရှိစေမယ်ဆိုတာကိုတော့ အာမခံနိုင်ပါတယ်တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top