iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ကယ္လို႔ သင္ဟာ အခ်စ္ေရးတစ္ခုကို အဆံုးသတ္လိုက္ရလို႔ အသဲကြဲေနသူ တစ္ေယာက္ ဆိုရင္ေတာ့ အားလံုး၀ိုင္းၿပီး သင့္ကို တိုက္တြန္းၾကမွာက ျဖစ္ပ်က္ခဲ့တာေတြကို ေမ့ပစ္လိုက္ၿပီး
 ေရွ႕ဆက္ဖို႔ ပါ။ ဒါေပမယ့္လည္း သိပၸံပညာ က တိုက္တြန္းလာတာက အသဲကြဲ ေနသူတစ္ေယာက္ကို ဆံုးရႈံးမႈေတြ အတြက္ အျမန္ဆံုး ေမ့ေဖ်ာက္ ပစ္လိုက္ပါ လို႔ အႀကံေပးတိုက္တြန္းျခင္းဟာ အဆိုးရြားဆံုး အေတြးအေခၚပဲ ျဖစ္တယ္ ဆိုတာပါပဲ။

ေလ့လာမႈ အသစ္တစ္ခုက ရွာေဖြေတြ႔ရွိခဲ့တာကေတာ့ ဆံုးရႈံးမႈတစ္ခုခု ႀကံဳေတြ႔တဲ့အခါ  စိတ္သက္သာရာ ရေစဖို႔အတြက္ အဲဒီ ဆံုးရံႈးမႈေတြကို အျမန္ဆံုး ေမ့ေဖ်ာက္ေနျခင္းထက္ အဲဒီဆံုးရံႈးမႈေတြကို တန္ျပန္ ထင္ဟပ္ေစျခင္းမွာ အခ်ိန္ေပးလိုက္တာက ပိုၿပီး ထိေရာက္မႈ ရွိလာႏိုင္တယ္ဆိုတဲ့ သေဘာတရားတစ္ခုပဲ ျဖစ္ပါတယ္။ ဒီ သေဘာတရားကို ရရွိလာဖို႔အတြက္ သုေတသီေတြ အသံုးခ်ခဲ့တဲ့ ေလ့လာနည္းကေတာ့ ေလာင္းကစား ပါ။

ေလာင္းကစား ျပဳလုပ္သူေတြဟာ သူတို႔ အႏိုင္ရရွိလာတဲ့အခ်ိန္တိုင္းမွာ အံ့အားသင့္မႈ နဲ႔ ေအာင္ျမင္မႈ ရဲ ႔ စိတ္ခံစားခ်က္ေတြကို ရရွိမွန္းသိေနတဲ့အတြက္ သူတို႔ ေလာင္းကစားလုပ္ရင္း ရံႈးတဲ့အခါေတြမွာ ေမွ်ာ္လင့္ခ်က္ေတြထားၿပီး ဆက္လက္ကစားေလ့ရွိၾကပါတယ္။ ေငြေမ်ာရင္ ေငြနဲ႔ ျပန္လိုက္ဆိုတဲ့ ေလာင္းကစား ဒႆန လိုပဲ။ အဲဒီ ေမွ်ာ္လင့္ခ်က္ေၾကာင့္ သူတို႔ ျပန္လည္ အႏိုင္ရရွိသြားၾကပါတယ္။ တစ္နည္းအားျဖင့္ သူတို႔ဟာ ဆံုးရံႈးသြားမႈကို လ်င္ျမန္စြာ ဖယ္ရွားလိုက္တာပါပဲ။

ေလ့လာမႈရဲ ႔ ရလဒ္ကေတာ့ သင့္အေနနဲ႔ ဆံုးရံႈးမႈ တစ္ခုခု ႀကံဳေတြ႔ၿပီးတဲ့အခါမွာ အဲဒီ ဆံုးရံႈးမႈကို ေမ့ေဖ်ာက္ဖို႔ အတင္း ႀကိဳးစားမေနပဲ အဲဒီဆံုးရံႈးမႈအေၾကာင္းကို ေတြးၿပီး ျဖည္းျဖည္းခ်င္း ေမ့ပစ္လိုက္တာက ပိုမို ေကာင္းမြန္တဲ့ သက္ေရာက္မႈေတြ ရွိလာေစတယ္ဆိုတာပါ။ အဲဒီလို လုပ္ေဆာင္ျခင္းအားျဖင့္ သင့္အေနနဲ႔ ေရွ႕ဆက္ၿပီး ဘာကို လုပ္သင့္တယ္ဆိုတာ ပိုမို စဥ္းစားျဖစ္လာသလို အနာဂါတ္မွာလည္း အလားတူ အမွားမ်ိဳးေတြ ထပ္မျဖစ္လာဖို႔ အေထာက္အကူ ျဖစ္ေစႏိုင္တယ္လို႔လည္း သုေတသီေတြက ဆိုပါတယ္။

အဲဒီလို ဆံုးရံႈးမႈကို တန္ျပန္ ထင္ဟပ္ေအာင္ ႀကိဳးစားေနခ်ိန္မွာ သင့္ရဲ ႔ လုပ္ရပ္ေတြက ထိန္းခ်ဳပ္မႈ မရွိသလို ျဖစ္ေနတတ္တာကိုလည္း လက္ခံႏိုင္ဖို႔ လိုအပ္တယ္လို႔ ထိုေလ့လာမႈက ထပ္မံၿပီး မီးေမာင္းထိုးျပထားပါေသးတယ္။ ဒါေၾကာင့္ သင့္ မိတ္ေဆြ သူငယ္ခ်င္း တစ္ေယာက္ေယာက္ ဟာ အသဲကြဲေနတယ္ဆိုရင္ အျမန္ဆံုးေမ့ေဖ်ာက္လိုက္ဖို႔ မတိုက္တြန္းပဲ ျဖည္းျဖည္းခ်င္းသာ ေရွ႕ဆက္ဖို႔ တိုက္တြန္းတာက အေကာင္းဆံုး ကူညီမႈ ျဖစ္လာပါလိမ့္မယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တစ်ကယ်လို့ သင်ဟာ အချစ်ရေးတစ်ခုကို အဆုံးသတ်လိုက်ရလို့ အသဲကွဲနေသူ တစ်ယောက် ဆိုရင်တော့ အားလုံးဝိုင်းပြီး သင့်ကို တိုက်တွန်းကြမှာက ဖြစ်ပျက်ခဲ့တာတွေကို မေ့ပစ်လိုက်ပြီး ရှေ့ဆက်ဖို့ ပါ။ ဒါပေမယ့်လည်း သိပ္ပံပညာ က တိုက်တွန်းလာတာက အသဲကွဲ နေသူတစ်ယောက်ကို ဆုံးရှုံးမှုတွေ အတွက် အမြန်ဆုံး မေ့ဖျောက် ပစ်လိုက်ပါ လို့ အကြံပေးတိုက်တွန်းခြင်းဟာ အဆိုးရွားဆုံး အတွေးအခေါ်ပဲ ဖြစ်တယ် ဆိုတာပါပဲ။

လေ့လာမှု အသစ်တစ်ခုက ရှာဖွေတွေ့ရှိခဲ့တာကတော့ ဆုံးရှုံးမှုတစ်ခုခု ကြုံတွေ့တဲ့အခါ  စိတ်သက်သာရာ ရစေဖို့အတွက် အဲဒီ ဆုံးရှုံးမှုတွေကို အမြန်ဆုံး မေ့ဖျောက်နေခြင်းထက် အဲဒီဆုံးရှုံးမှုတွေကို တန်ပြန် ထင်ဟပ်စေခြင်းမှာ အချိန်ပေးလိုက်တာက ပိုပြီး ထိရောက်မှု ရှိလာနိုင်တယ်ဆိုတဲ့ သဘောတရားတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ သဘောတရားကို ရရှိလာဖို့အတွက် သုတေသီတွေ အသုံးချခဲ့တဲ့ လေ့လာနည်းကတော့ လောင်းကစား ပါ။

လောင်းကစား ပြုလုပ်သူတွေဟာ သူတို့ အနိုင်ရရှိလာတဲ့အချိန်တိုင်းမှာ အံ့အားသင့်မှု နဲ့ အောင်မြင်မှု ရဲ့ စိတ်ခံစားချက်တွေကို ရရှိမှန်းသိနေတဲ့အတွက် သူတို့ လောင်းကစားလုပ်ရင်း ရှုံးတဲ့အခါတွေမှာ မျှော်လင့်ချက်တွေထားပြီး ဆက်လက်ကစားလေ့ရှိကြပါတယ်။ ငွေမျောရင် ငွေနဲ့ ပြန်လိုက်ဆိုတဲ့ လောင်းကစား ဒဿန လိုပဲ။ အဲဒီ မျှော်လင့်ချက်ကြောင့် သူတို့ ပြန်လည် အနိုင်ရရှိသွားကြပါတယ်။ တစ်နည်းအားဖြင့် သူတို့ဟာ ဆုံးရှုံးသွားမှုကို လျင်မြန်စွာ ဖယ်ရှားလိုက်တာပါပဲ။

လေ့လာမှုရဲ့ ရလဒ်ကတော့ သင့်အနေနဲ့ ဆုံးရှုံးမှု တစ်ခုခု ကြုံတွေ့ပြီးတဲ့အခါမှာ အဲဒီ ဆုံးရှုံးမှုကို မေ့ဖျောက်ဖို့ အတင်း ကြိုးစားမနေပဲ အဲဒီဆုံးရှုံးမှုအကြောင်းကို တွေးပြီး ဖြည်းဖြည်းချင်း မေ့ပစ်လိုက်တာက ပိုမို ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိလာစေတယ်ဆိုတာပါ။ အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် သင့်အနေနဲ့ ရှေ့ဆက်ပြီး ဘာကို လုပ်သင့်တယ်ဆိုတာ ပိုမို စဉ်းစားဖြစ်လာသလို အနာဂါတ်မှာလည်း အလားတူ အမှားမျိုးတွေ ထပ်မဖြစ်လာဖို့ အထောက်အကူ ဖြစ်စေနိုင်တယ်လို့လည်း သုတေသီတွေက ဆိုပါတယ်။

အဲဒီလို ဆုံးရှုံးမှုကို တန်ပြန် ထင်ဟပ်အောင် ကြိုးစားနေချိန်မှာ သင့်ရဲ့ လုပ်ရပ်တွေက ထိန်းချုပ်မှု မရှိသလို ဖြစ်နေတတ်တာကိုလည်း လက်ခံနိုင်ဖို့ လိုအပ်တယ်လို့ ထိုလေ့လာမှုက ထပ်မံပြီး မီးမောင်းထိုးပြထားပါသေးတယ်။ ဒါကြောင့် သင့် မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ယောက် ဟာ အသဲကွဲနေတယ်ဆိုရင် အမြန်ဆုံးမေ့ဖျောက်လိုက်ဖို့ မတိုက်တွန်းပဲ ဖြည်းဖြည်းချင်းသာ ရှေ့ဆက်ဖို့ တိုက်တွန်းတာက အကောင်းဆုံး ကူညီမှု ဖြစ်လာပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top