iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရး တစ္ခုမွာ ျငင္းခံု ရန္ျဖစ္ၾကတယ္ဆိုတာ မေကာင္းတဲ့ လကၡဏာပါ ။ ဒါေပမယ့္ က်န္းမားေရးနဲ႔ ညီညြတ္ၿပီး အဓိပၸါယ္ရွိတဲ့ ျငင္းခံု ရန္ျဖစ္မႈေတြကိုေတာ့ ျပဳလုပ္သင့္ပါတယ္။ အဲဒါမွလည္း ခ်စ္သူႏွစ္ဦးရဲ႕ ဆက္ဆံေရးက သာယာဖို႔ေကာင္းမွာပါ။ အဲဒီလို ရန္ျဖစ္ျခင္းအားျဖင့္ေကာင္းတဲ့ အခ်က္ေတြကိုလည္း ရရွိႏိုင္ပါတယ္။

အဆိုးျမင္ခံစားခ်က္ေတြ ကင္းေစပါတယ္

ဥပမာအားျဖင့္ ခ်စ္သူႏွစ္ဦးရဲ႕ ႏွစ္ပတ္လည္ေန႔တစ္ေန႔မွာ ေကာင္ေလးဘက္က ေနာက္က်ၿပီးမွ ညစာစားပြဲကိုေရာက္လာတဲ့အခါမ်ိဳးမွာ ခ်စ္သူခ်င္း ရန္ျဖစ္ၾကပါၿပီ။ အဲဒီလို ျငင္းခံုရန္ျဖစ္ၾကတဲ့အခါ ပ်က္စီးျခင္း စကားေတြ ၊ ေဒါသေတြဟာ သေဘာထား မတိုက္ဆုိင္မႈေတြအထိ ဦးတည္သြားႏိုင္တဲ့အတြက္ သင္ဟာ အျငင္းအခံုေတြနဲ႔ ရန္ျဖစ္မွာကို မေၾကာက္ပါနဲ႔။ အဓိက အေၾကာင္းရင္းကို ေျပာဖို႔လည္း မရွက္ပါနဲ႔။ ၿပီးရင္ေတာ့ ခံစားခ်က္ေတြ အားလံုးကို ေဖ်ာက္ဖ်က္လိုက္ ႏိုင္ပါေစ။

သင့္ရဲ႕စိတ္ကို သင့္ခ်စ္သူကျမင္ေစႏိုင္ပါတယ္

သင့္ရဲ႕ သေဘာထားမတိုက္ဆိုင္မႈအေပၚမွာ သင့္ရဲ႕ ခံစားခ်က္ေတြနဲ႔ ထင္ျမင္ခ်က္ေတြကို ခ်စ္သူသိေအာင္ ပြင့္ပြင့္လင္းလင္း ေျပာျပၿပီး တစ္ဖက္က ျပန္ေျပာ သမွ်ကို လည္းအာရံုစိုက္ နားေထာင္ေနဖို႔လိုပါတယ္။ မိမိနဲ႔မတူညီတဲ့ အေနအထားတစ္ခု အတြက္ မတိုက္ခိုက္ပါနဲ႔။ ရလဒ္ကေတာ့ သင္နဲ႔သင့္ရဲ႕ လက္တြဲေဖာ္ ဟာ အေၾကာင္းကိစၥ တစ္ခုကို ဘယ္လိုခ်ဥ္းကပ္ရမယ္ဆိုတာ သင္ယူႏိုင္မွာျဖစ္သလို အနာဂတ္ အတြက္ လည္း သင့္ေတာ္တဲ့ ေျပာဆို ဆက္ဆံေရးတစ္ခုကို ရလာမွာပါ။

အေပးအယူ လုပ္တတ္ေအာင္ေလ့က်င္ေပးပါတယ္

အဓိပၸြာယ္ရွိတဲ့ ခ်စ္သူျခင္း ရန္ျဖစ္မႈ ဆိုတာဟာ ဘယ္သူႏိုင္တယ္၊ ဘယ္သူရံႈးတယ္ ဆိုတာမရွိပါဘူး။ ေနာက္ဆံုးအေျဖကေတာ့ သေဘာမတူတာေတြကို သေဘာတူႏိုင္ၾကဖို႔ပါ။ ပထမဆံုးအႀကိမ္ ညႈိႏိုင္းၾကတဲ့အခါမွာ လက္မခံႏိုင္တဲ့ အခ်က္ေတြရွိေနရင္ အဲဒါေတြကို စြန္႔လႊတ္ၿပီး အစကျပန္ စဥ္းစားၾကည့္ပါ။ မွ်မွ်တတ ရန္ျဖစ္ၾကဖို႔ဟာ အေရးပါတဲ့ သင္ၾကားစရာ အရာတစ္ခုပါ။ သင့္ဘ၀ တစ္ေလွ်ာက္လံုးအတြက္ ကိစၥရပ္ေလးေတြတိုင္းကို သင္ဟာ သေဘာမတူႏိုင္ေလာက္ပါဘူး။ ဒါေပမယ့္ လက္ခံလိုက္ပါ။ အဲဒါမွ သင့္ရဲ႔ အခ်စ္ေရးဟာ ပိုမိုေကာင္းမြန္လာႏိုင္မွာပါ။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အချစ်ရေး တစ်ခုမှာ ငြင်းခုံ ရန်ဖြစ်ကြတယ်ဆိုတာ မကောင်းတဲ့ လက္ခဏာပါ ။ ဒါပေမယ့် ကျန်းမားရေးနဲ့ ညီညွတ်ပြီး အဓိပ္ပါယ်ရှိတဲ့ ငြင်းခုံ ရန်ဖြစ်မှုတွေကိုတော့ ပြုလုပ်သင့်ပါတယ်။ အဲဒါမှလည်း ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးက သာယာဖို့ကောင်းမှာပါ။ အဲဒီလို ရန်ဖြစ်ခြင်းအားဖြင့်ကောင်းတဲ့ အချက်တွေကိုလည်း ရရှိနိုင်ပါတယ်။

အဆိုးမြင်ခံစားချက်တွေ ကင်းစေပါတယ်

ဥပမာအားဖြင့် ချစ်သူနှစ်ဦးရဲ့ နှစ်ပတ်လည်နေ့တစ်နေ့မှာ ကောင်လေးဘက်က နောက်ကျပြီးမှ ညစာစားပွဲကိုရောက်လာတဲ့အခါမျိုးမှာ ချစ်သူချင်း ရန်ဖြစ်ကြပါပြီ။ အဲဒီလို ငြင်းခုံရန်ဖြစ်ကြတဲ့အခါ ပျက်စီးခြင်း စကားတွေ ၊ ဒေါသတွေဟာ သဘောထား မတိုက်ဆိုင်မှုတွေအထိ ဦးတည်သွားနိုင်တဲ့အတွက် သင်ဟာ အငြင်းအခုံတွေနဲ့ ရန်ဖြစ်မှာကို မကြောက်ပါနဲ့။ အဓိက အကြောင်းရင်းကို ပြောဖို့လည်း မရှက်ပါနဲ့။ ပြီးရင်တော့ ခံစားချက်တွေ အားလုံးကို ဖျောက်ဖျက်လိုက် နိုင်ပါစေ။

သင့်ရဲ့စိတ်ကို သင့်ချစ်သူကမြင်စေနိုင်ပါတယ်

သင့်ရဲ့ သဘောထားမတိုက်ဆိုင်မှုအပေါ်မှာ သင့်ရဲ့ ခံစားချက်တွေနဲ့ ထင်မြင်ချက်တွေကို ချစ်သူသိအောင် ပွင့်ပွင့်လင်းလင်း ပြောပြပြီး တစ်ဖက်က ပြန်ပြော သမျှကို လည်းအာရုံစိုက် နားထောင်နေဖို့လိုပါတယ်။ မိမိနဲ့မတူညီတဲ့ အနေအထားတစ်ခု အတွက် မတိုက်ခိုက်ပါနဲ့။ ရလဒ်ကတော့ သင်နဲ့သင့်ရဲ့ လက်တွဲဖော် ဟာ အကြောင်းကိစ္စ တစ်ခုကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာ သင်ယူနိုင်မှာဖြစ်သလို အနာဂတ် အတွက် လည်း သင့်တော်တဲ့ ပြောဆို ဆက်ဆံရေးတစ်ခုကို ရလာမှာပါ။

အပေးအယူ လုပ်တတ်အောင်လေ့ကျင်ပေးပါတယ်

အဓိပ္ပွာယ်ရှိတဲ့ ချစ်သူခြင်း ရန်ဖြစ်မှု ဆိုတာဟာ ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ် ဆိုတာမရှိပါဘူး။ နောက်ဆုံးအဖြေကတော့ သဘောမတူတာတွေကို သဘောတူနိုင်ကြဖို့ပါ။ ပထမဆုံးအကြိမ် ညှိုနိုင်းကြတဲ့အခါမှာ လက်မခံနိုင်တဲ့ အချက်တွေရှိနေရင် အဲဒါတွေကို စွန့်လွှတ်ပြီး အစကပြန် စဉ်းစားကြည့်ပါ။ မျှမျှတတ ရန်ဖြစ်ကြဖို့ဟာ အရေးပါတဲ့ သင်ကြားစရာ အရာတစ်ခုပါ။ သင့်ဘ၀ တစ်လျှောက်လုံးအတွက် ကိစ္စရပ်လေးတွေတိုင်းကို သင်ဟာ သဘောမတူနိုင်လောက်ပါဘူး။ ဒါပေမယ့် လက်ခံလိုက်ပါ။ အဲဒါမှ သင့်ရဲ့ အချစ်ရေးဟာ ပိုမိုကောင်းမွန်လာနိုင်မှာပါ။

Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top