iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Trend Myanmar



#Unicode Version

အမျိုးသားတွေဟာ အတူတူနေပြီးတဲ့ အခါတိုင်း ချက်ချင်း ဘာကြောင့် အိပ်ပျော်သွားတတ်တာလဲ ဆိုတာကို အဖြေရှာကြည့်ခဲ့ကြပါတယ်။ ရေပြင်ညီအနေအထားနဲ့ ဆက်ဆံတဲ့ ပုံစံကြောင့် ခုလိုဖြစ်တယ်လို့ ပြောနိုင်သလားဆိုတာ ပညာရှင်တွေကို မေးမြန်းကြည့်တဲ့အခါမှာ-

အမျိုးသားတွေမှာ ကိုယ်လက်နှီးနှောပြီးနောက် ပရိုလက်တင် ဆိုတဲ့ဟော်မုန်းတစ်မျိုး ထွက်ပါတယ်။ အဲဒီ့ ပရိုလက်တင် ဟော်မုန်းက အာရုံကြော နိုးကြားတက်ကြွမှုဖြစ်စေတဲ့ ဒိုပါမင်းဟော်မုန်း ထွက်ရှိမှုကို တားဆီးနိုင်ပါတယ်။ အိပ်စက်ခြင်း ဆိုင်ရာ အကြံပေးသူ W.Christopher Winter က အိပ်ချင်စိတ်ဖြစ်ရခြင်းက ပရိုလက်တင် ဟော်မုန်း အစွမ်းကြောင့် ဟုထောက်ပြပါတယ်။

ဒါ့အပြင် ကိုယ်လက် နှီးနှောနေစဉ်အတွင်း ခံစားမှုကောင်းတွေ ဖြစ်ပေါ်စေတဲ့ အောက်ဆီတိုနင် ဟော်မုန်း ထွက်ရှိမှုကြောင့် စိတ်ဖိစီးမှု အတွေးများမှ ကင်းဝေးနေလို့  အလွယ်တကူ အိပ်ပျော်စေပါတယ်တဲ့။နောက်ရယ်စရာ အချက် တစ်ခုက မီးပိတ်ပြီး အတူနေတဲ့အတွက် ကိုယ်တွင်းနာရီက အိပ်ချိန်ရောက်ပြီလို့ သတ်မှတ်လိုက်တာဖြစ်ပြီး အဲဒီ့အတွက် မယ်လတိုနင်ဟော်မုန်းက သူရဲ့ အိပ်စက်ခြင်း စက်ဝန်းကို စတင်စေပါတယ်။

ပရိုလက်တင် ၊အောက်ဆီတိုနင် နဲ့ မယ်လတိုနင် စတဲ့ ဟော်မုန်းအားလုံး တပြိုင်တည်း ထွက်ရှိလာတဲ့အခါ အလွန်ပြင်းထန်တဲ့ သဘာဝ အိပ်ဆေးတစ်မျိုးကဲ့သို့  ဖြစ်သွားတဲ့အတွက် အမျိုးသားတွေ အိပ်ပျော်သွားရခြင်းဖြစ်ပါတယ်။ဒီလိုအိပ်မပျော်သွားစေချင်ရင် လုပ်ရမှာတွေကတော့ ရေပြင်ညီ အနေအထားနဲ့ မနေဖို့ ၊ မီးပိတ်မထားဖို့ နဲ့ အတူနေပြီးနောက် အိပ်ယာထဲမှာ ကြာကြာမနေဘဲ ချက်ချင်းထခြင်းတို့ပြုလုပ်နိုင်ကြောင်း  Winter က အကြံပြုထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top