iMyanmarHouse.com - Best Property Website for Myanmar
×

အသားအရည္စိုေျပျခင္းဆိုတာက အမ်ိဳးသား၊ အမ်ိဳးသမီးတိုင္း လိုခ်င္ၾကတဲ႔ အလွအပေရးရာ ပန္းတိုင္ေတြထဲက တစ္ခုပါ။ အေရျပားဟာ ကိုယ္ခႏၶာတစ္ခုလံုးကို ဖံုလႊမ္းထားတဲ႔ အႀကီးမားဆံုး အစိတ္အပိုငး္ျဖစ္တာမို႔ အသားအရည္စိုျပည္ျခင္းဆိုတာဟာလည္း မ်ားစြာအေရးပါလွပါတယ္။ ေအာက္ေဖာ္ျပပါ အသီးေဖ်ာ္ရည္ေလးေတြကေတာ႔ လြယ္လြယ္ကူကူနဲ႔ အသားအရည္စိုေျပေအာင္ သင္႔ကိုကူညီေပးမယ္႔ အိမ္တြင္းသူရဲေကာင္းေလးေတြပါ။

၁ - ပန္းသီးေဖ်ာ္ရည္

Antioxidants နဲ႔ သတၳဳဓါတ္ေတြပါ၀င္ၿပီး အသက္အရြယ္ အိုးမင္းရင္႔ေရာ္ျခင္း၊ မ်က္ကြင္းညိဳျခင္း၊ အေရးအေၾကာင္းမ်ား ျဖစ္ေပၚျခင္းေတြကို တားဆီးကာကြယ္ေပးၿပီး အသားအရည္ကို ႏူးညံ႔စိုေျပေစပါတယ္။

၂ - မုန္လာဥနီေဖ်ာ္ရည္

သံဓါတ္၊ ေၾကးနီဓါတ္၊ ကယ္လ္စီယမ္၊ မဂၢနီစီယမ္၊ ပိုတက္စီယမ္နဲ႔ ေဖာလစ္အက္ဆစ္တို႔ ၾကြယ္၀စြာပါ၀င္တဲ႔ မုန္လာဥနီဟာ အသည္းက်န္းမာေရးအတြက္ အေထာက္အကူျပဳၿပီး ကိုယ္ခႏၶာထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

၃ - ဂ်င္းေဖ်ာ္ရည္

ေရာဂါေၾကာင္႔ ခံစားရတဲ႔ နာက်င္မႈေတြကို သက္သာေစၿပီး မဂၢနီဆီယမ္၊ ဗီတာမင္ B6၊ ပိုတက္စီယမ္ နဲ႔ မဂၢနီစ္႔ဓါတ္တို႔ ပါ၀င္ၿပီး အသားအရည္ကို ေတာက္ပစိုျပည္ေစကာ ကိုယ္ခံအားကိုလည္း ေကာင္းမြန္ေစပါတယ္။

၄ - စပ်စ္သီးေဖ်ာ္ရည္

Antioxidants ၾကြယ္၀စြာပါ၀င္ၿပီး ၀င္းပေသာ အသားအရည္ပိုင္ဆိုင္ဖို႔အတြက္ အကူအညီေပးႏိုင္သလို ပံုမွန္ေသာက္သံုးပါက ငယ္ရြယ္ႏုပ်ိဳမႈကို ေပးစြမ္းႏိုင္မွာပါ။

Credit:Momolay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အသားအရည်စိုပြေခြင်းဆိုတာက အမျိုးသား၊ အမျိုးသမီးတိုင်း လိုချင်ကြတဲ့ အလှအပရေးရာ ပန်းတိုင်တွေထဲက တစ်ခုပါ။ အရေပြားဟာ ကိုယ်ခန္ဓာတစ်ခုလုံးကို ဖုံလွှမ်းထားတဲ့ အကြီးမားဆုံး အစိတ်အပိုင်းဖြစ်တာမို့ အသားအရည်စိုပြည်ခြင်းဆိုတာဟာလည်း များစွာအရေးပါလှပါတယ်။ အောက်ဖော်ပြပါ အသီးဖျော်ရည်လေးတွေကတော့ လွယ်လွယ်ကူကူနဲ့ အသားအရည်စိုပြေအောင် သင့်ကိုကူညီပေးမယ့် အိမ်တွင်းသူရဲကောင်းလေးတွေပါ။

၁ - ပန်းသီးဖျော်ရည်

Antioxidants နဲ့ သတ္ထုဓါတ်တွေပါဝင်ပြီး အသက်အရွယ် အိုးမင်းရင့်ရော်ခြင်း၊ မျက်ကွင်းညိုခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းတွေကို တားဆီးကာကွယ်ပေးပြီး အသားအရည်ကို နူးညံ့စိုပြေစေပါတယ်။

၂ - မုန်လာဥနီဖျော်ရည်

သံဓါတ်၊ ကြေးနီဓါတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နဲ့ ဖောလစ်အက်ဆစ်တို့ ကြွယ်ဝစွာပါဝင်တဲ့ မုန်လာဥနီဟာ အသည်းကျန်းမာရေးအတွက် အထောက်အကူပြုပြီး ကိုယ်ခန္ဓာထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၃ - ဂျင်းဖျော်ရည်

ရောဂါကြောင့် ခံစားရတဲ့ နာကျင်မှုတွေကို သက်သာစေပြီး မဂ္ဂနီဆီယမ်၊ ဗီတာမင် B6၊ ပိုတက်စီယမ် နဲ့ မဂ္ဂနီစ့်ဓါတ်တို့ ပါဝင်ပြီး အသားအရည်ကို တောက်ပစိုပြည်စေကာ ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။

၄ - စပျစ်သီးဖျော်ရည်

Antioxidants ကြွယ်ဝစွာပါဝင်ပြီး ဝင်းပသော အသားအရည်ပိုင်ဆိုင်ဖို့အတွက် အကူအညီပေးနိုင်သလို ပုံမှန်သောက်သုံးပါက ငယ်ရွယ်နုပျိုမှုကို ပေးစွမ်းနိုင်မှာပါ။

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top