iMyanmarHouse.com - Best Property Website for Myanmar
×

အသားက ပရိုတင္းဓာတ္ရဲဲ႕ မူလအရင္း အျမစ္တစ္ခုျဖစ္ပါတယ္။ ကြ်ႏု္ပ္တုိ႔ ခႏၶာကိုယ္ၾကြက္သားမ်ား ေလ့က်င့္ျပဳျပင္ေပးရာမွာ မရိွမျဖစ္ အေရးၾကီးပါတယ္။ သုိ႔ေပမယ့္ အသားဆုိတုိင္း ခႏၶာကိုယ္အတြက္ မေကာင္းတာ မဟုတ္ပါ။ မိမိက်န္းမာေရးကို ထိခုိက္အႏၱရာယ္ျဖစ္ေစႏုိင္လို႔ ေရွာင္ၾကဥ္သင့္တဲ့ အသားတခ်ဳိ႕ရိွပါတယ္။ ဘယ္လုိအသားမ်ဳိး သင့္ကို အႏၱရာယ္ျဖစ္ေစလဲဆုိတာ ေလ့လာၾကည့္ပါ။

သုိးကေလးသား
သုိးကေလးသားက အထူးသျဖင့္ ေသခ်ာစြာျပင္ဆင္ခ်က္ျပဳတ္တဲ့အခါ အင္မတန္ စားျမိန္ပါတယ္။ ဒါေပမယ့္  မမုိက္မဲၾကပါနဲ႔။ ဒီလုိနီရဲတဲ့ အသားမ်ဳိးမွာ အဆီေပါၾကြယ္ဝျပီး အူမၾကီး ကင္ဆာျဖစ္ေစႏုိင္ပါတယ္။ European Prospective Investigation in Cancer and Nutrition မွ မၾကာေသးမီျပဳလုပ္တဲ့ေလ့လာမႈ တစ္ခုမွာ သုိးသား ေန႔စဥ္ စားသုံးသူေတြ အူမၾကီးနဲ႔ ဆက္စပ္တဲ့ ေရာဂါမ်ားျဖစ္ဖုိ႔ အလားအလာပုိမ်ားေၾကာင္း ရွာေဖြေတြ႔ရိွခဲ့တယ္။

အမဲသား
သြားေရယိုစရာ အမဲသားကင္ကို ဘယ္သူေအာင့္ခံႏုိင္မလဲဗ်ာ။ သိုးသားနည္းတူ အမဲသားလည္း စားသုံးသူ အမ်ားစု အၾကဳိက္ေတြ႔တဲ့ အစားအစာတစ္ခုျဖစ္ေပမယ့္ ေလ့လာမႈမ်ားမွာ ကင္ဆာေရာဂါနဲ႔ ပတ္သက္ဆက္ႏြယ္ေနပါတယ္။ အမဲသားကို ကင္လုိက္တဲ့အခါ အမ်ဳိးသားမ်ားရဲ႕ ကပၸါယ္အိတ္ကင္ဆာေရာဂါ ျဖစ္ႏုိင္ေျခ တုိးလာႏုိင္တယ္။

ဝက္အူေခ်ာင္း
ဒါလည္း မစားသင့္တဲ့ လူၾကဳိက္မ်ား အစားအစာတစ္ခုျဖစ္ပါတယ္။ ဝက္သားကုိယ္၌က အဆီနဲ႔ ဖြဲ႔စည္းထားတယ္။ ဝက္အူေခ်ာင္းအျဖစ္ ေျပာင္းလဲထုတ္လုပ္လုိက္တဲ့အခါ ဆုိးေဆးေတြ၊ အနံ႔ေမႊးေစမယ့္ပစၥည္းေတြ ေပါင္းထည့္ရျပီး အသက္အႏၱရာယ္ ပိုလုိ႔ေတာင္ျဖစ္ေစတယ္။ ဝက္အူေခ်ာင္းဆုိတာ ခႏၶာကုိယ္ကို အႏၱရာယ္ျဖစ္ေစတဲ့ အဆီနဲ႔ ဓာတုပစၥည္းေတြေပါင္းစပ္ထားတဲ့ အရာျဖစ္ပါတယ္။

ဝက္ဆားနယ္ေျခာက္
ဝက္ဆားနယ္ေျခာက္က အဆီအမ်ားဆုံး အသားထဲ ပါဝင္တယ္။ စားသုံးသူမ်ား ကင္ဆာေရာဂါအႏၱရာယ္ျဖစ္ေစတဲ့ ဓာတုပစၥည္းေတြ အသုံးျပဳထားပါတယ္။ ယင္းဓာတုပစၥည္းမ်ားထဲမွ တစ္ခုက လူ႔အသက္ေသေစႏုိင္တဲ့ တာရွည္ခံေဆးေတြ ျဖစ္ပါတယ္။
ခု အသက္အႏၱရာယ္ျဖစ္ေစႏုိင္ အသားေတြ သိျပီဆုိေတာ့ ဒီအရာေတြေရွာင္ရွားႏုိင္ျပီး မိမိေန႔စဥ္အစားအစာကို အေကာင္းဆုံး စီမံစားသုံးပါ။ အားလုံးနီးပါးမွာ အရသာနဲ႔ ျပည့္စုံျပီး မက္ေမာစရာျဖစ္ေပမယ့္ မိမိ က်န္းမာေရးကို သတိျပဳရပါမယ္။ မိမိခႏၶာကိုယ္ကို ခ်စ္ရင္ ဒီအသက္အႏၱရာယ္ျဖစ္ေစမယ့္ အသားမ်ား ေက်ာခုိင္းလုိက္ပါ။

Credit : HTP

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အသားက ပရိုတင်းဓာတ်ရဲ့ မူလအရင်း အမြစ်တစ်ခုဖြစ်ပါတယ်။ ကျွနု်ပ်တို့ ခန္ဓာကိုယ်ကြွက်သားများ လေ့ကျင့်ပြုပြင်ပေးရာမှာ မရှိမဖြစ် အရေးကြီးပါတယ်။ သို့ပေမယ့် အသားဆိုတိုင်း ခန္ဓာကိုယ်အတွက် မကောင်းတာ မဟုတ်ပါ။ မိမိကျန်းမာရေးကို ထိခိုက်အန္တရာယ်ဖြစ်စေနိုင်လို့ ရှောင်ကြဉ်သင့်တဲ့ အသားတချို့ရှိပါတယ်။ ဘယ်လိုအသားမျိုး သင့်ကို အန္တရာယ်ဖြစ်စေလဲဆိုတာ လေ့လာကြည့်ပါ။

သိုးကလေးသား
သိုးကလေးသားက အထူးသဖြင့် သေချာစွာပြင်ဆင်ချက်ပြုတ်တဲ့အခါ အင်မတန် စားမြိန်ပါတယ်။ ဒါပေမယ့်  မမိုက်မဲကြပါနဲ့။ ဒီလိုနီရဲတဲ့ အသားမျိုးမှာ အဆီပေါကြွယ်ဝပြီး အူမကြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။ European Prospective Investigation in Cancer and Nutrition မှ မကြာသေးမီပြုလုပ်တဲ့လေ့လာမှု တစ်ခုမှာ သိုးသား နေ့စဉ် စားသုံးသူတွေ အူမကြီးနဲ့ ဆက်စပ်တဲ့ ရောဂါများဖြစ်ဖို့ အလားအလာပိုများကြောင်း ရှာဖွေတွေ့ရှိခဲ့တယ်။

အမဲသား
သွားရေယိုစရာ အမဲသားကင်ကို ဘယ်သူအောင့်ခံနိုင်မလဲဗျာ။ သိုးသားနည်းတူ အမဲသားလည်း စားသုံးသူ အများစု အကြိုက်တွေ့တဲ့ အစားအစာတစ်ခုဖြစ်ပေမယ့် လေ့လာမှုများမှာ ကင်ဆာရောဂါနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။ အမဲသားကို ကင်လိုက်တဲ့အခါ အမျိုးသားများရဲ့ ကပ္ပါယ်အိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ တိုးလာနိုင်တယ်။

ဝက်အူချောင်း
ဒါလည်း မစားသင့်တဲ့ လူကြိုက်များ အစားအစာတစ်ခုဖြစ်ပါတယ်။ ဝက်သားကိုယ်၌က အဆီနဲ့ ဖွဲ့စည်းထားတယ်။ ဝက်အူချောင်းအဖြစ် ပြောင်းလဲထုတ်လုပ်လိုက်တဲ့အခါ ဆိုးဆေးတွေ၊ အနံ့မွှေးစေမယ့်ပစ္စည်းတွေ ပေါင်းထည့်ရပြီး အသက်အန္တရာယ် ပိုလို့တောင်ဖြစ်စေတယ်။ ဝက်အူချောင်းဆိုတာ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ အဆီနဲ့ ဓာတုပစ္စည်းတွေပေါင်းစပ်ထားတဲ့ အရာဖြစ်ပါတယ်။

ဝက်ဆားနယ်ခြောက်
ဝက်ဆားနယ်ခြောက်က အဆီအများဆုံး အသားထဲ ပါဝင်တယ်။ စားသုံးသူများ ကင်ဆာရောဂါအန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ အသုံးပြုထားပါတယ်။ ယင်းဓာတုပစ္စည်းများထဲမှ တစ်ခုက လူ့အသက်သေစေနိုင်တဲ့ တာရှည်ခံဆေးတွေ ဖြစ်ပါတယ်။
ခု အသက်အန္တရာယ်ဖြစ်စေနိုင် အသားတွေ သိပြီဆိုတော့ ဒီအရာတွေရှောင်ရှားနိုင်ပြီး မိမိနေ့စဉ်အစားအစာကို အကောင်းဆုံး စီမံစားသုံးပါ။ အားလုံးနီးပါးမှာ အရသာနဲ့ ပြည့်စုံပြီး မက်မောစရာဖြစ်ပေမယ့် မိမိ ကျန်းမာရေးကို သတိပြုရပါမယ်။ မိမိခန္ဓာကိုယ်ကို ချစ်ရင် ဒီအသက်အန္တရာယ်ဖြစ်စေမယ့် အသားများ ကျောခိုင်းလိုက်ပါ။

Credit : HTP

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top