iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြအေနနဲ႔ အသက္ (၃၀)နား ကပ္လာၿပီ၊ ဒါမွမဟုတ္ အသက္ ၃၀ ျပည့္ေနၿပီဆုိရင္ ကိုယ့္ဘာသာကိုယ္ ဆင္ျခင္ေနထုိင္ရမယ့္ အရာေလးေတြ ရွိလာပါၿပီ။ ဆယ္ေက်ာ္သက္ဘ၀တုန္းကလို ေနခ်င္သလိုေနတာေတြ၊ ကိုယ့္အသားအေရအတြက္ ကိုယ္ ဂရုမစိုက္တာေတြ ၊ ကိုယ့္ေန႕စဥ္ဘ၀အတြက္ လိုအပ္ခ်က္ေတြကို လ်စ္လ်ဴရႈေနတတ္တာမ်ိဳးေတြ စတဲ့ အက်င့္စရုိက္၊ အျပဳအမူအေနအထုိင္ေတြကို ေျပာင္းလဲပစ္ရပါေတာ့မယ္။ ကိုယ့္ရဲ႕ ေန႔စဥ္ဘ၀ေတြကို က်န္းမာေပ်ာ္ရႊင္စြာ ျဖတ္သန္းႏိုင္ဖုိ႔ အာက္မွာေဖာ္ျပေပးထား တဲ့ နည္းလမ္းေလးေတြကို မျဖစ္မေန လုိက္နာဖုိ႔ တိုက္တြန္းလိုက္ပါရေစ။

၁။မျဖစ္မေန ေလ့က်င့္ခန္းလုပ္ပါ။

ကိုယ္လက္ေလ့က်င့္ခန္းလုပ္ဖုိ႔ ေတြေ၀မေနပါနဲ႔။ တစ္ေန႔တာ အခ်ိန္ေတြထဲက အဆင္ေျပမယ္ အခ်ိန္ေရြးၿပီး ေလ့က်င့္ခန္း လုပ္ျဖစ္ေအာင္လုပ္ပါ။ ေျပးတဲ့ေလ့က်င့္ခန္း၊ ေယာဂစသျဖင့္ ကိုယ္နဲ႔အဆင္ေျပမယ့္ ကိုယ္လက္ေလ့က်င့္ခန္းတစ္ခု ခုကို မျဖစ္မေနလုပ္ပါ။

၂။ေရမ်ားမ်ားေသာက္ပါ။

ေရေသာက္ျခင္းဟာ ကိုယ့္ကို ၀ိတ္က်ေစတဲ့အျပင္ စိတ္ဓာတ္က်တာေတြ၊ စိတ္ရႈပ္တာေတြကိုလည္း သက္သာေစပါတယ္။

၃။ေဆးလိပ္ျဖတ္ပါ။

ကိုယ္က ေဆးလိပ္ေသာက္တတ္သူဆုိရင္ ျဖတ္ႏိုင္ေအာင္ ႀကိဳးစားပါ။ မေသာက္တတ္တဲ့သူဆုိရင္လည္း ေသာက္ဖို႔ မႀကိဳးစားပါနဲ႔။ ဒီအက်င့္ကို အစမပ်ိဳးလိုက္ပါနဲ႔။ ဒါဟာ ကင္ဆာေရာဂါကို ျဖစ္ေစႏိုင္တဲ့အျပင္ ၾကာ၇င္ ဦးေႏွာက္ကိုပါ ထိႏိုင္တာေၾကာင့္ပါ။

၄။မတ္တပ္မ်ားမ်ားရပ္ပါ။

ကိုယ္က ရံုးအလုပ္ေတြေၾကာင့္ ရံုးမွာ တစ္ေန႔ကုန္ ထုိင္ေနရတဲ့သူဆုိရင္လည္း ေန႔လည္ေန႔ခင္း လမ္းေလွ်ာက္ေပးတာတုိ႔၊ အေညာင္းဆန္႔ေပးတာတုိ႔ လုပ္သင့္ပါတယ္။ ျဖစ္ႏိုင္ရင္ေတာ့ မတ္တပ္မ်ားမ်ားရပ္ေပးပါ။ ဒါဟာ အထုိင္မ်ားတဲ့ သူေတြ ျဖစ္တတ္တဲ့ အ၀လြန္ေရာဂါနဲ႔ ႏွလံုးေရာဂါေတြကိုပါ ကာကြယ္ၿပီးသား ျဖစ္တာေၾကာင့္ပါ။

၅။တားေဆးကို ဆရာ၀န္နဲ႔တုိင္ပင္ၿပီး ေသာက္ပါ။

ကိုယ့္အတြက္ သားေဆးေသာက္ဖုိ႔ လုိအပ္ေနၿပီလို႔ ယူဆတယ္ဆုိရင္ ဆရာ၀န္နဲ႔မျဖစ္မေနတိုင္ပင္ဖုိ႔ လိုပါတယ္။ ဒါမွလည္း က်န္းမာေရးအတြက္ စိတ္ခ်ရမွာပါ။

၆။ကိုယ့္ရဲ႕ခႏၶာကိုယ္ကို တန္ဖိုးထားပါ။

အသက္ႀကီးလာၿပီပဲဆိုၿပီး ေနခ်င္သလို မေနလိုက္ပါနဲ႔။ အသက္ရလာေလေလ ကိုယ့္ရဲ႕ေဘာ္ဒီကို ကိုယ္တန္ဖိုးထားရေလေလပါပဲ။ အသက္၃၀ေက်ာ္ေပမယ့္ ကိုယ့္ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားဟာ ဆယ္ေက်ာ္သက္ေတြထက္ေတာင္ ပိုၾကည့္ေကာင္းေနမယ္ဆုိရင္ ကိုယ့္ဘာသာကိုယ္လည္း ပီတိျဖစ္ရသလို အားလံုးရဲ႕အားက်တဲ့အၾကည့္ေတြကိုလည္း သင္ပိုင္ဆုိင္ရမွာပဲေလ။

၇။သူငယ္ခ်င္းေတြနဲ႔ ပံုမွန္ေလး ဆံုေပးပါ။

ဘယ္ေလာက္အလုပ္ေတြ ရႈပ္ေနပါေစ။ တစ္လမွာ တစ္ခါ၊ ဒါမွမဟုတ္ ႏွစ္ပတ္ တစ္ခါ စသျဖင့္ သူငယ္ခ်င္းေတြနဲ႔ ပံုမွန္ေတြ႕ျဖစ္ေအာင္ေတြ႕ပါ။ ဒါဟာ သင့္ရဲ႕က်န္းမာေရးအတြက္လည္း အေထာက္အကူျပဳသလို သင့္ခႏၵာကိုယ္ရဲ႕ ကယ္လိုရီေတြ ေလာင္ကၽြမ္းေစဖုိ႔အတြက္လည္း အေထာက္အကူျပဳတယ္လို႔ က်န္းမာေရး သုေတသီေတြက ဆိုပါတယ္။

၈။ဟင္းခ်က္နည္းေတြကို ေလ့လာၿပီး ခ်က္ျပဳတ္ၾကည့္ပါ။

ခ်က္ရ ျပဳတ္ရတာ ၀ါသနာမပါရင္ေတာင္ ကိုယ္ႀကိဳက္တဲ့ဟင္းမ်ိဳး၊ ဒါမွမဟုတ္ နာမည္ႀကီး ဟင္းလ်ာမ်ိဳးေတြကို ခ်က္တတ္ေအာင္ ေလ့လာထားပါ။

၉။ကိုယ္နဲ႔ ရင္းႏွီးၿပီး ခင္မင္ရတဲ့ ဆရာ၀န္ဆီက အႀကံဥာဏ္ယူပါ။

ျဖစ္ႏိုင္ရင္ ကုိယ့္မွာ မိသားစုဆရာ၀န္မဟုတ္ေတာင္ ကိုယ့္က်န္းမာေရးအတြက္ ဖြင့္ဟတိုင္ပင္လို႔ရမယ့္ ကိုယ့္ကိုက်န္းမာေရးအသိေတြ ေျပာျပေပးမယ့္ ဆရာ၀န္တစ္ေယာက္ေတာ့ ရွိထားရင္ေကာင္းပါတယ္။

၁၀။ကိုယ့္မိသားစု၀င္ေတြရဲ႕က်န္းမာေရးနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို သိထားပါ။

ကိုယ့္အဘိုးက ဘာေရာဂါရွိတယ္။ အဘြားကေတာ့ ဘယ္လိုေရာဂါ ျဖစ္ဖူးတယ္ စသျဖင့္ မိသားစုက်န္းမာေရးနဲ႔ ပတ္သက္တဲ့ ရာဇ၀င္ေတြကို သိထားရင္ ကိုယ္ေရွာင္သင့္တာကို ႀကိဳသိထားတာမုိ႔ ေရွာင္ႏိုင္ပါလိမ့္မယ္။

၁။ စိတ္ကိုတည္ၿငိမ္ေအာင္ ေလ့က်င့္ပါ။

တရားထုိင္တဲ့အခါ စိက္ဟာအရင္ထက္ ပိုၿငိမ္းခ်မ္းလာပါလိမ့္မယ္။ ဒီလို စိတ္တည္ၿငိမ္လာတဲ့အခါ ဦးေႏွာက္စြမ္းအားေတြ ပိုတိုးပြားလာသလို စိတ္ဖိစီးမႈေတြလည္း ပိုနည္းသြားတာသိသိသာသာကို ခံစားရမွာပါ။

၁၂။က်န္းမာေရးစစ္ေဆးမႈ ပံုမွန္ခံယူပါ။

တစ္လကိုတစ္ခါ၊ ဒါမွမဟုတ္ ႏွစ္လကိုတစ္ခါ ကိုယ့္က်န္းမာေရးအတြက္ ဘာေတြအားနည္းေနလဲ၊ ေနလို႔မေကာင္းဘူးလဲဆိုတာမ်ိဳး သိေအာင္ ဆရာ၀န္နဲ႔ က်န္းမာေရးစစ္ေဆးမႈ ခံယူပါ။

၁၃။လိင္ဆက္ဆံတဲ့အခါ ကူးစက္ေရာဂါမခံရေအာင္ ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ပါ။

ကိုယ့္ေယာက်ၤား၊ ကိုယ့္ခ်စ္သူနဲ႔ အတူေနတဲ့အခါ သူတုိ႔ကို ကြန္ဒံုးသံုးခိုင္းပါ။ ဒါဟာ ကိုယ့္က်န္းမာေရးအတြက္ အေရးႀကီးပါတယ္။

၁၄။ကိုယ့္စားတဲ့ အစားအေသာက္ေတြဟာ ဗိုက္တာမင္ျပည့္၀ေနပါေစ။

ဘယ္လိုအစားအစာမ်ိဳးက ဗိုက္တာမင္ၾကြယ္၀သလဲဆိုတာ အေျခခံသိထားရမွာပါ။ ဒါဆို ကိုယ္စားတဲ့ အစားအေသာက္ေတြမွာ ဘယ္ဟာက ဗိုက္တာမင္ပါတယ္၊ ဘယ္ဟာက ဗိုက္တာမင္ခ်ိဳ႕တဲ့တယ္ဆိုတာ သိႏိုင္ၿပီေလ။

၁၅။စိတ္က်န္းမာေရးကို ဂရုစိုက္ပါ။

တစ္ေန႔တာ လုပ္ငန္းေဆာင္တာေတြကို အဆင္ေျပေျပေခ်ာေခ်ာေမြ႕ေမြ႕ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိုင္ဖုိ႔ စိတ္က်န္းမာေရးက အေရးႀကီးပါတယ္။ ဒါကို ဘယ္ေတာ့မွ မေမ့ပါနဲ႔။

၁၆။တီဗီၾကည့္တဲ့အခ်ိန္ကို ကန္႔သတ္ထားပါ။

တီဗီေရွ႔မွာ ဇာတ္လမ္းတြဲေတြကို အေတာမသတ္ၾကည့္ၿပီး အခ်ိန္ျဖဳန္းေနမယ္ဆုိရင္ သင့္ရဲ႕ခႏၶာကိုယ္ကလည္း အဆီတက္တာေတြ ျဖစ္လာေတာ့မွာပါ။

၁၇။ကိုယ့္ရဲ႕ႏွလံုးကို ဂရုစိုက္ပါ။

အမ်ိဳးသမီးအမ်ားစု ခံစားရေလ့ရွိတ့ဲ ေ၀ဒနာကေတာ့ ႏွလံုးေရာဂါပါပဲ။ အသက္၃၀ ၀န္းက်င္မွာ ျဖစ္ေလ့ရွိၾကတဲ့ ႏွလံုးအားနည္းတာမ်ိဳး မျဖစ္ေအာင္ ဂရုစိုက္ပါ။

၁၈။မၾကာခဏ အျပင္ကို အလည္အပတ္သြားပါ။

အိမ္နဲ႔ရံုးခ်ည္း တစ္ေန႔တစ္ေန႔ သြားလိုက္ျပန္လိုက္နဲ႔ အခ်ိန္မကုန္လိုက္ပါနဲ႔။ ပန္းၿခံသြားတာမ်ိဳး၊ ေရွာ့ပင္ထြက္တာမ်ိဳး စတဲ့ အျပင္ေလာကနဲ႔ အဆက္အသြယ္လုပ္ပါ။

၁၉။ကိုယ့္ခ်စ္သူနဲ႔ ရန္ျဖစ္တာေတြ ေလ်ာ့ပါ။

ကိုယ့္ခ်စ္သူကို နားလည္ေအာင္ႀကိဳးစားပါ။ သူ႕ကို စိတ္တိုတာေတြ၊ စိတ္ေကာက္တာေတြ မျဖစ္ေအာင္ တတ္ႏိုင္သေလာက္ထိန္းပါ။ ဒါ က်န္းမာေရးကိုပါ ထိခိုက္ေစႏို္င္တာေၾကာင့္ပါ။

၂၀။ဒစ္ဂ်စ္တယ္ပစၥည္းေတြ၊ အထူးသျဖင့္ ဖုန္းကို မၾကာခဏ ထိေတြ႕ေနတာမ်ိဳးေတြ ေလ်ာ့ပါ။

ဒစ္ဂ်စ္တယ္ ပစၥည္းေတြနဲ႔ အခ်ိန္ရွိသမွ် ထိေတြ႕ မေနပါနဲ႔။ အခ်ိန္မျဖဳန္းပါနဲ႔။ တတ္ႏိုင္သမွ် အဲ့ဒါေတြနဲ႔ ေ၀းကြာေအာင္ ေနပါ။ ဒါေတြဟာ အနည္းဆံုးေတာ့ သင့္ကို အိပ္ေရးပ်က္ေစႏိုင္တာေၾကာင့္ပါ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အမျိုးသမီးတွေအနေနဲ့ အသက် (၃၀)နား ကပ်လာပြီ၊ ဒါမှမဟုတ် အသက် ၃၀ ပြည့်နေပြီဆိုရင် ကိုယ့်ဘာသာကိုယ် ဆင်ခြင်နေထိုင်ရမယ့် အရာလေးတွေ ရှိလာပါပြီ။ ဆယ်ကျော်သက်ဘဝတုန်းကလို နေချင်သလိုနေတာတွေ၊ ကိုယ့်အသားအရေအတွက် ကိုယ် ဂရုမစိုက်တာတွေ ၊ ကိုယ့်နေ့စဉ်ဘဝအတွက် လိုအပ်ချက်တွေကို လျစ်လျူရှုနေတတ်တာမျိုးတွေ စတဲ့ အကျင့်စရိုက်၊ အပြုအမူအနေအထိုင်တွေကို ပြောင်းလဲပစ်ရပါတော့မယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝတွေကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ အာက်မှာဖော်ပြပေးထား တဲ့ နည်းလမ်းလေးတွေကို မဖြစ်မနေ လိုက်နာဖို့ တိုက်တွန်းလိုက်ပါရစေ။

၁။မဖြစ်မနေ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ တွေဝေမနေပါနဲ့။ တစ်နေ့တာ အချိန်တွေထဲက အဆင်ပြေမယ် အချိန်ရွေးပြီး လေ့ကျင့်ခန်း လုပ်ဖြစ်အောင်လုပ်ပါ။ ပြေးတဲ့လေ့ကျင့်ခန်း၊ ယောဂစသဖြင့် ကိုယ်နဲ့အဆင်ပြေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတစ်ခု ခုကို မဖြစ်မနေလုပ်ပါ။

၂။ရေများများသောက်ပါ။

ရေသောက်ခြင်းဟာ ကိုယ့်ကို ဝိတ်ကျစေတဲ့အပြင် စိတ်ဓာတ်ကျတာတွေ၊ စိတ်ရှုပ်တာတွေကိုလည်း သက်သာစေပါတယ်။

၃။ဆေးလိပ်ဖြတ်ပါ။

ကိုယ်က ဆေးလိပ်သောက်တတ်သူဆိုရင် ဖြတ်နိုင်အောင် ကြိုးစားပါ။ မသောက်တတ်တဲ့သူဆိုရင်လည်း သောက်ဖို့ မကြိုးစားပါနဲ့။ ဒီအကျင့်ကို အစမပျိုးလိုက်ပါနဲ့။ ဒါဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့အပြင် ကြာ၇င် ဦးနှောက်ကိုပါ ထိနိုင်တာကြောင့်ပါ။

၄။မတ်တပ်များများရပ်ပါ။

ကိုယ်က ရုံးအလုပ်တွေကြောင့် ရုံးမှာ တစ်နေ့ကုန် ထိုင်နေရတဲ့သူဆိုရင်လည်း နေ့လည်နေ့ခင်း လမ်းလျှောက်ပေးတာတို့၊ အညောင်းဆန့်ပေးတာတို့ လုပ်သင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ မတ်တပ်များများရပ်ပေးပါ။ ဒါဟာ အထိုင်များတဲ့ သူတွေ ဖြစ်တတ်တဲ့ အဝလွန်ရောဂါနဲ့ နှလုံးရောဂါတွေကိုပါ ကာကွယ်ပြီးသား ဖြစ်တာကြောင့်ပါ။

၅။တားဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်ပါ။

ကိုယ့်အတွက် သားဆေးသောက်ဖို့ လိုအပ်နေပြီလို့ ယူဆတယ်ဆိုရင် ဆရာဝန်နဲ့မဖြစ်မနေတိုင်ပင်ဖို့ လိုပါတယ်။ ဒါမှလည်း ကျန်းမာရေးအတွက် စိတ်ချရမှာပါ။

၆။ကိုယ့်ရဲ့ခန္ဓာကိုယ်ကို တန်ဖိုးထားပါ။

အသက်ကြီးလာပြီပဲဆိုပြီး နေချင်သလို မနေလိုက်ပါနဲ့။ အသက်ရလာလေလေ ကိုယ့်ရဲ့ဘော်ဒီကို ကိုယ်တန်ဖိုးထားရလေလေပါပဲ။ အသက်၃၀ကျော်ပေမယ့် ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ ဆယ်ကျော်သက်တွေထက်တောင် ပိုကြည့်ကောင်းနေမယ်ဆိုရင် ကိုယ့်ဘာသာကိုယ်လည်း ပီတိဖြစ်ရသလို အားလုံးရဲ့အားကျတဲ့အကြည့်တွေကိုလည်း သင်ပိုင်ဆိုင်ရမှာပဲလေ။

၇။သူငယ်ချင်းတွေနဲ့ ပုံမှန်လေး ဆုံပေးပါ။

ဘယ်လောက်အလုပ်တွေ ရှုပ်နေပါစေ။ တစ်လမှာ တစ်ခါ၊ ဒါမှမဟုတ် နှစ်ပတ် တစ်ခါ စသဖြင့် သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့ဖြစ်အောင်တွေ့ပါ။ ဒါဟာ သင့်ရဲ့ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသလို သင့်ခန္ဒာကိုယ်ရဲ့ ကယ်လိုရီတွေ လောင်ကျွမ်းစေဖို့အတွက်လည်း အထောက်အကူပြုတယ်လို့ ကျန်းမာရေး သုတေသီတွေက ဆိုပါတယ်။

၈။ဟင်းချက်နည်းတွေကို လေ့လာပြီး ချက်ပြုတ်ကြည့်ပါ။

ချက်ရ ပြုတ်ရတာ ဝါသနာမပါရင်တောင် ကိုယ်ကြိုက်တဲ့ဟင်းမျိုး၊ ဒါမှမဟုတ် နာမည်ကြီး ဟင်းလျာမျိုးတွေကို ချက်တတ်အောင် လေ့လာထားပါ။

၉။ကိုယ်နဲ့ ရင်းနှီးပြီး ခင်မင်ရတဲ့ ဆရာဝန်ဆီက အကြံဉာဏ်ယူပါ။

ဖြစ်နိုင်ရင် ကိုယ့်မှာ မိသားစုဆရာဝန်မဟုတ်တောင် ကိုယ့်ကျန်းမာရေးအတွက် ဖွင့်ဟတိုင်ပင်လို့ရမယ့် ကိုယ့်ကိုကျန်းမာရေးအသိတွေ ပြောပြပေးမယ့် ဆရာဝန်တစ်ယောက်တော့ ရှိထားရင်ကောင်းပါတယ်။

၁၀။ကိုယ့်မိသားစုဝင်တွေရဲ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိထားပါ။

ကိုယ့်အဘိုးက ဘာရောဂါရှိတယ်။ အဘွားကတော့ ဘယ်လိုရောဂါ ဖြစ်ဖူးတယ် စသဖြင့် မိသားစုကျန်းမာရေးနဲ့ ပတ်သက်တဲ့ ရာဇဝင်တွေကို သိထားရင် ကိုယ်ရှောင်သင့်တာကို ကြိုသိထားတာမို့ ရှောင်နိုင်ပါလိမ့်မယ်။

၁။ စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ပါ။

တရားထိုင်တဲ့အခါ စိက်ဟာအရင်ထက် ပိုငြိမ်းချမ်းလာပါလိမ့်မယ်။ ဒီလို စိတ်တည်ငြိမ်လာတဲ့အခါ ဦးနှောက်စွမ်းအားတွေ ပိုတိုးပွားလာသလို စိတ်ဖိစီးမှုတွေလည်း ပိုနည်းသွားတာသိသိသာသာကို ခံစားရမှာပါ။

၁၂။ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူပါ။

တစ်လကိုတစ်ခါ၊ ဒါမှမဟုတ် နှစ်လကိုတစ်ခါ ကိုယ့်ကျန်းမာရေးအတွက် ဘာတွေအားနည်းနေလဲ၊ နေလို့မကောင်းဘူးလဲဆိုတာမျိုး သိအောင် ဆရာဝန်နဲ့ ကျန်းမာရေးစစ်ဆေးမှု ခံယူပါ။

၁၃။လိင်ဆက်ဆံတဲ့အခါ ကူးစက်ရောဂါမခံရအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။

ကိုယ့်ယောကျၤား၊ ကိုယ့်ချစ်သူနဲ့ အတူနေတဲ့အခါ သူတို့ကို ကွန်ဒုံးသုံးခိုင်းပါ။ ဒါဟာ ကိုယ့်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။

၁၄။ကိုယ့်စားတဲ့ အစားအသောက်တွေဟာ ဗိုက်တာမင်ပြည့်ဝနေပါစေ။

ဘယ်လိုအစားအစာမျိုးက ဗိုက်တာမင်ကြွယ်ဝသလဲဆိုတာ အခြေခံသိထားရမှာပါ။ ဒါဆို ကိုယ်စားတဲ့ အစားအသောက်တွေမှာ ဘယ်ဟာက ဗိုက်တာမင်ပါတယ်၊ ဘယ်ဟာက ဗိုက်တာမင်ချို့တဲ့တယ်ဆိုတာ သိနိုင်ပြီလေ။

၁၅။စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။

တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အဆင်ပြေပြေချောချောမွေ့မွေ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ စိတ်ကျန်းမာရေးက အရေးကြီးပါတယ်။ ဒါကို ဘယ်တော့မှ မမေ့ပါနဲ့။

၁၆။တီဗီကြည့်တဲ့အချိန်ကို ကန့်သတ်ထားပါ။

တီဗီရှေ့မှာ ဇာတ်လမ်းတွဲတွေကို အတောမသတ်ကြည့်ပြီး အချိန်ဖြုန်းနေမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ကလည်း အဆီတက်တာတွေ ဖြစ်လာတော့မှာပါ။

၁၇။ကိုယ့်ရဲ့နှလုံးကို ဂရုစိုက်ပါ။

အမျိုးသမီးအများစု ခံစားရလေ့ရှိတဲ့ ဝေဒနာကတော့ နှလုံးရောဂါပါပဲ။ အသက်၃၀ ဝန်းကျင်မှာ ဖြစ်လေ့ရှိကြတဲ့ နှလုံးအားနည်းတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။

၁၈။မကြာခဏ အပြင်ကို အလည်အပတ်သွားပါ။

အိမ်နဲ့ရုံးချည်း တစ်နေ့တစ်နေ့ သွားလိုက်ပြန်လိုက်နဲ့ အချိန်မကုန်လိုက်ပါနဲ့။ ပန်းခြံသွားတာမျိုး၊ ရှော့ပင်ထွက်တာမျိုး စတဲ့ အပြင်လောကနဲ့ အဆက်အသွယ်လုပ်ပါ။

၁၉။ကိုယ့်ချစ်သူနဲ့ ရန်ဖြစ်တာတွေ လျော့ပါ။

ကိုယ့်ချစ်သူကို နားလည်အောင်ကြိုးစားပါ။ သူ့ကို စိတ်တိုတာတွေ၊ စိတ်ကောက်တာတွေ မဖြစ်အောင် တတ်နိုင်သလောက်ထိန်းပါ။ ဒါ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာကြောင့်ပါ။

၂၀။ဒစ်ဂျစ်တယ်ပစ္စည်းတွေ၊ အထူးသဖြင့် ဖုန်းကို မကြာခဏ ထိတွေ့နေတာမျိုးတွေ လျော့ပါ။

ဒစ်ဂျစ်တယ် ပစ္စည်းတွေနဲ့ အချိန်ရှိသမျှ ထိတွေ့ မနေပါနဲ့။ အချိန်မဖြုန်းပါနဲ့။ တတ်နိုင်သမျှ အဲ့ဒါတွေနဲ့ ဝေးကွာအောင် နေပါ။ ဒါတွေဟာ အနည်းဆုံးတော့ သင့်ကို အိပ်ရေးပျက်စေနိုင်တာကြောင့်ပါ။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top