iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသားအားလုံး (ေယာက်ၤားစိတ္အျပည့္ရိွတဲ့သူမ်ားသာ) က အျခားဘယ္သူမွ မသိေစခ်င္တဲ့ သူတို႔အေၾကာင္းေတြရိွပါတယ္။ မသင့္ေတာ္တဲ့အျပဳအမူေတြမဟုတ္ပဲ ဝန္ခံရမွာရွက္ၾကတဲ့ ေသးမႊားတဲ့ျဖစ္ရပ္ေလးေတြပါ။

၁။ ပုံမွန္ မ်က္ႏွာဂ်ီးခြ်တ္တတ္ၾကတယ္။

ဒါေယာက်ၤားအမ်ားစုလုပ္တဲ့အရာေပါ့ ဒါေပမယ့္ ဝန္မခံတတ္ၾကပါဘူး။ သူတို႔ ပါးသိုင္းေမႊးရိုတ္ၾကတယ္ ဒီေလာက္ထိပဲ ေျပာရင္ေျပာၾကလိမ့္မယ္။ သူတို႔ေတြကလည္း အလွကုန္ပစၥည္းေတြနဲ႔ ႏႈတ္ခမ္းအဆီေတြ ေဆာင္ထားတတ္ၾကပါတယ္။ ျပီးေတာ့ ပုံမွန္ အလွျပင္ဆိုင္မသြားရင္ေတာင္မွ အိမ္မွာ ကိုယ့္မ်က္ႏွာေလးကို ဂရုတစိုက္နဲ႔ မ်က္ႏွာႏူးညံ႔ေစတဲ့အလွကုန္ေတြ အသုံးျပဳၾကပါတယ္။ သူတို႔လည္း အသားအေရကို ဂရုစိုက္ၾကပါတယ္... ဒါသူတို႔ အမွန္တကယ္လုပ္ၾကပါတယ္။

၂။ မိန္းကေလးေတြေသာက္တတ္တဲ့အေအးေတြကို မွာေသာက္တတ္ၾကတယ္။

ေယာက်ၤားေလးေတြကလည္း တခ်ိန္လုံး ဘီယာခပ္ေအးေအးကိုပဲ ေသာက္ေနၾကတာမဟုတ္ဘူး… တခါတေလ ေပါ့ပါးျပီး ျပင္ျပင္ဆင္ဆင္ရိွတဲ့ ခြက္ကေလးနဲ႔ ေသာက္ရတဲ့အခ်ဳိရည္၊ ဝိုင္ေတြကိုလည္း မွာေသာက္တတ္ၾကပါတယ္။

၃။ အမ်ဳိးသမီးေတြနဲ႔ပတ္သတ္တဲ့ ဇာတ္လမ္းနဲ႔ ဟာသအခ်စ္ဇာတ္လမ္းေတြကိုလည္း ၾကည့္ၾကတယ္။

အမ်ဳိးသမီးေတြပဲ အဓိကမဟုတ္ပါဘူး။ အမ်ဳိးသားေတြကလည္း ေခါင္းအုံးဖက္ျပီး ေပါက္ေပါက္ဗူးနဲ႔ ဒီလုိဇာတ္လမ္းေတြကိုလည္း ၾကည့္တတ္ၾကပါတယ္။ “The Notebook” လို ဝမ္းနည္းေၾကကြဲဖို႔ေကာင္းတဲ့ အခ်စ္ဇာတ္လမ္းေတြကိုလည္း သူတို႔ ညနက္ထိထိုင္ၾကည့္တတ္ၾကတာ ဘယ္တုန္းက ဝန္ခံဖူးလို႔လဲ။

၄။ ငိုၾကတယ္။

အမ်ဳိးသားေတြက ေဘးနားမွာ လူေတြမ်ားေနရင္ သူတို႔ရဲ႕ တန္ဖိုးရိွတဲ့ မ်က္ရည္ကို ဘယ္ေတာ့မွ က်ခြင့္ေပးၾကမွာ မဟုတ္ပါဘူး။ သင္ လက္ခံခ်င္မွ လက္ခံေပါ့။ သူတို႔ အလြန္ဆုံးမွ ရိႈက္ရုံေလာက္ပဲရိွမွာပါ။ ႏွလုံးသားတစ္ခုလုံးခါဝါခ်ျပီး ငိုပစ္လိုက္တာမ်ဳိးက ခပ္ရွားရွားပါ။ ဒါေပမယ့္ သူတို႔လည္း ငိုၾကတယ္ဆိုတာကို သင္သိထားသင့္ပါတယ္။

၅။ ျမတ္ျမတ္ႏိုးႏိုးဖက္ထားတာ ခံခ်င္ၾကတယ္။


ဒီလိုေျပာရင္ မထူးဆန္းပါဘူးဆိုျပီး သင္ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ သူတို႔ ခ်စ္တဲ့ေကာင္မေလးရဲ႕ ျမတ္ျမတ္ႏိုးႏိုးဖက္ထားတာမ်ဳိးကိုလည္း သူတို႔ႏွစ္သက္ၾကတယ္… ဆိုလိုခ်င္တာကေတာ့ ဖက္တဲ့သူပဲ တခ်ိန္လုံးျဖစ္မေနခ်င္ဘူး ခံရတဲ့သူလည္း ျဖစ္ခ်င္တာေပါ့။ အခ်စ္ေတြနဲ႔ ခဏခဏေပြ႕ဖက္တတ္ၾကတဲ့စုံတြဲဟာ ပိုျပီးနီးစပ္ၾကျပီး စိတ္ဖိစီးမႈလည္း ေလ်ာ့နည္းေစတယ္။

၆။ ေစ်းဝယ္ထြက္ၾကတယ္။


အဝတ္အစားဝယ္တာကေတာ့ မထူးဆန္းပါဘူး။ ေယာက်ၤားေလးေတြကလည္း အိမ္သာသုံးပစၥည္းေတြ၊ မီးဖိုေခ်ာင္သုံးေတြ ဝယ္တဲ့အက်င့္ရိွၾကတယ္။ ဒီလိုပစၥည္းေတြဝယ္ေတာ့မယ္ဆိုရင္ေတာ့ သူတို႔မိဘ၊ ခ်စ္သူေကာင္မေလး ေတြကို လိုက္ခဲ့ဖို႔ မဖိတ္ေခၚဖူးၾကပါဘူး။ ဒီကိစၥဟာလည္း သူတို႔ဘဝရဲ႕ တစိတ္တပိုင္းမွာ ေနရာယူထားတဲ့ အခ်က္တစ္ခုပဲ ျဖစ္ပါတယ္။

၇။ အျခားေယာက်ၤားေလးေတြရဲ႕ ပုံစံေတြကို အကဲခတ္ၾကတယ္။


ေမးရင္ေတာ့ သူတို႔ဝန္ခံမွာ မဟုတ္တာေသခ်ာတယ္။ ဂရုမစိုက္သလိုေအးစက္စက္ေနေပမယ့္ ကြယ္ရာကေန သေဘာက်တဲ့စတိုင္ကို အကဲခတ္ျပီး မသိမသာအတုခိုးတတ္ၾကတယ္။

၈။ ပိုျပီးခန္႔ညားသြားေအာင္ ဗိုက္သားကို က်ဳံ႕ထားတတ္ၾကတယ္။

ဒါကေတာ့ ရယ္စရာေကာင္းေပမယ့္ တကယ္မွန္ပါတယ္။ ေယာက်ၤားေလးေတြ ဓါတ္ပုံရိုက္ေတာ့မယ္ဆိုရင္ မျမင္ႏိုင္တဲ့အကၤ်ီေအာက္ကေန ဗိုက္သားကို က်ဳံ႕ထားျပီး အသက္ရွဴေအာင့္ထားၾကပါတယ္။ အေဖ၊ အဖိုးအရြယ္ထိ ျဖစ္ခဲ့တဲ့ ေရွးရိုးစဥ္ဆက္ ခုခ်ိန္ထိ ေယာက်ၤားတိုင္းလိုလို လုပ္လ်က္ရိွၾကတဲ့ ရယ္စရာအက်င့္ေလးတစ္ခုပါပဲ။

၉။ ကြယ္ရာမွာ အတင္းတုပ္ၾကတယ္။

ဘယ္သူက အမ်ဳိးသမီးေတြပဲ အတင္းေျပာတယ္ဆိုျပီး ေျပာႏိုင္လဲ။ သူငယ္ခ်င္းအုပ္စု အတူထိုင္ၾကျပီဆိုရင္ ေယာက်ၤားေတြလည္း သူတို႔အနီးအနားမွာ ျဖစ္ေနတဲ့ အတင္းေတြ ေျပာတတ္တယ္ဆိုတာ ယုံလိုက္ပါ။ ဒီအမွန္တရားကို ဘယ္လိုေယာက်ၤားေတြကမွ ဝန္ခံခ်င္ၾကမယ္လို႔ မထင္ပါဘူး။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အမျိုးသားအားလုံး (ယောကျၤားစိတ်အပြည့်ရှိတဲ့သူများသာ) က အခြားဘယ်သူမှ မသိစေချင်တဲ့ သူတို့အကြောင်းတွေရှိပါတယ်။ မသင့်တော်တဲ့အပြုအမူတွေမဟုတ်ပဲ ဝန်ခံရမှာရှက်ကြတဲ့ သေးမွှားတဲ့ဖြစ်ရပ်လေးတွေပါ။

၁။ ပုံမှန် မျက်နှာဂျီးချွတ်တတ်ကြတယ်။

ဒါယောကျၤားအများစုလုပ်တဲ့အရာပေါ့ ဒါပေမယ့် ဝန်မခံတတ်ကြပါဘူး။ သူတို့ ပါးသိုင်းမွှေးရိုတ်ကြတယ် ဒီလောက်ထိပဲ ပြောရင်ပြောကြလိမ့်မယ်။ သူတို့တွေကလည်း အလှကုန်ပစ္စည်းတွေနဲ့ နှုတ်ခမ်းအဆီတွေ ဆောင်ထားတတ်ကြပါတယ်။ ပြီးတော့ ပုံမှန် အလှပြင်ဆိုင်မသွားရင်တောင်မှ အိမ်မှာ ကိုယ့်မျက်နှာလေးကို ဂရုတစိုက်နဲ့ မျက်နှာနူးညံ့စေတဲ့အလှကုန်တွေ အသုံးပြုကြပါတယ်။ သူတို့လည်း အသားအရေကို ဂရုစိုက်ကြပါတယ်... ဒါသူတို့ အမှန်တကယ်လုပ်ကြပါတယ်။

၂။ မိန်းကလေးတွေသောက်တတ်တဲ့အအေးတွေကို မှာသောက်တတ်ကြတယ်။

ယောကျၤားလေးတွေကလည်း တချိန်လုံး ဘီယာခပ်အေးအေးကိုပဲ သောက်နေကြတာမဟုတ်ဘူး… တခါတလေ ပေါ့ပါးပြီး ပြင်ပြင်ဆင်ဆင်ရှိတဲ့ ခွက်ကလေးနဲ့ သောက်ရတဲ့အချိုရည်၊ ဝိုင်တွေကိုလည်း မှာသောက်တတ်ကြပါတယ်။

၃။ အမျိုးသမီးတွေနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းနဲ့ ဟာသအချစ်ဇာတ်လမ်းတွေကိုလည်း ကြည့်ကြတယ်။

အမျိုးသမီးတွေပဲ အဓိကမဟုတ်ပါဘူး။ အမျိုးသားတွေကလည်း ခေါင်းအုံးဖက်ပြီး ပေါက်ပေါက်ဗူးနဲ့ ဒီလိုဇာတ်လမ်းတွေကိုလည်း ကြည့်တတ်ကြပါတယ်။ “The Notebook” လို ဝမ်းနည်းကြေကွဲဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းတွေကိုလည်း သူတို့ ညနက်ထိထိုင်ကြည့်တတ်ကြတာ ဘယ်တုန်းက ဝန်ခံဖူးလို့လဲ။

၄။ ငိုကြတယ်။

အမျိုးသားတွေက ဘေးနားမှာ လူတွေများနေရင် သူတို့ရဲ့ တန်ဖိုးရှိတဲ့ မျက်ရည်ကို ဘယ်တော့မှ ကျခွင့်ပေးကြမှာ မဟုတ်ပါဘူး။ သင် လက်ခံချင်မှ လက်ခံပေါ့။ သူတို့ အလွန်ဆုံးမှ ရှိုက်ရုံလောက်ပဲရှိမှာပါ။ နှလုံးသားတစ်ခုလုံးခါဝါချပြီး ငိုပစ်လိုက်တာမျိုးက ခပ်ရှားရှားပါ။ ဒါပေမယ့် သူတို့လည်း ငိုကြတယ်ဆိုတာကို သင်သိထားသင့်ပါတယ်။

၅။ မြတ်မြတ်နိုးနိုးဖက်ထားတာ ခံချင်ကြတယ်။

ဒီလိုပြောရင် မထူးဆန်းပါဘူးဆိုပြီး သင်ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့ ချစ်တဲ့ကောင်မလေးရဲ့ မြတ်မြတ်နိုးနိုးဖက်ထားတာမျိုးကိုလည်း သူတို့နှစ်သက်ကြတယ်… ဆိုလိုချင်တာကတော့ ဖက်တဲ့သူပဲ တချိန်လုံးဖြစ်မနေချင်ဘူး ခံရတဲ့သူလည်း ဖြစ်ချင်တာပေါ့။ အချစ်တွေနဲ့ ခဏခဏပွေ့ဖက်တတ်ကြတဲ့စုံတွဲဟာ ပိုပြီးနီးစပ်ကြပြီး စိတ်ဖိစီးမှုလည်း လျော့နည်းစေတယ်။

၆။ ဈေးဝယ်ထွက်ကြတယ်။

အဝတ်အစားဝယ်တာကတော့ မထူးဆန်းပါဘူး။ ယောကျၤားလေးတွေကလည်း အိမ်သာသုံးပစ္စည်းတွေ၊ မီးဖိုချောင်သုံးတွေ ဝယ်တဲ့အကျင့်ရှိကြတယ်။ ဒီလိုပစ္စည်းတွေဝယ်တော့မယ်ဆိုရင်တော့ သူတို့မိဘ၊ ချစ်သူကောင်မလေး တွေကို လိုက်ခဲ့ဖို့ မဖိတ်ခေါ်ဖူးကြပါဘူး။ ဒီကိစ္စဟာလည်း သူတို့ဘဝရဲ့ တစိတ်တပိုင်းမှာ နေရာယူထားတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

၇။ အခြားယောကျၤားလေးတွေရဲ့ ပုံစံတွေကို အကဲခတ်ကြတယ်။

မေးရင်တော့ သူတို့ဝန်ခံမှာ မဟုတ်တာသေချာတယ်။ ဂရုမစိုက်သလိုအေးစက်စက်နေပေမယ့် ကွယ်ရာကနေ သဘောကျတဲ့စတိုင်ကို အကဲခတ်ပြီး မသိမသာအတုခိုးတတ်ကြတယ်။

၈။ ပိုပြီးခန့်ညားသွားအောင် ဗိုက်သားကို ကျုံ့ထားတတ်ကြတယ်။

ဒါကတော့ ရယ်စရာကောင်းပေမယ့် တကယ်မှန်ပါတယ်။ ယောကျၤားလေးတွေ ဓါတ်ပုံရိုက်တော့မယ်ဆိုရင် မမြင်နိုင်တဲ့အင်္ကျီအောက်ကနေ ဗိုက်သားကို ကျုံ့ထားပြီး အသက်ရှူအောင့်ထားကြပါတယ်။ အဖေ၊ အဖိုးအရွယ်ထိ ဖြစ်ခဲ့တဲ့ ရှေးရိုးစဉ်ဆက် ခုချိန်ထိ ယောကျၤားတိုင်းလိုလို လုပ်လျက်ရှိကြတဲ့ ရယ်စရာအကျင့်လေးတစ်ခုပါပဲ။

၉။ ကွယ်ရာမှာ အတင်းတုပ်ကြတယ်။

ဘယ်သူက အမျိုးသမီးတွေပဲ အတင်းပြောတယ်ဆိုပြီး ပြောနိုင်လဲ။ သူငယ်ချင်းအုပ်စု အတူထိုင်ကြပြီဆိုရင် ယောကျၤားတွေလည်း သူတို့အနီးအနားမှာ ဖြစ်နေတဲ့ အတင်းတွေ ပြောတတ်တယ်ဆိုတာ ယုံလိုက်ပါ။ ဒီအမှန်တရားကို ဘယ်လိုယောကျၤားတွေကမှ ဝန်ခံချင်ကြမယ်လို့ မထင်ပါဘူး။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top