iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳေမေတြအတြက္ အျပင္တစ္ခါထြက္ေတာ့မယ္ဆုိ ဖက္ရွင္က်ဖုိ႕အတြက္ေရာ၊ က်န္းမာေရးအတြက္ မျဖစ္မေန ယူေဆာင္ရတဲ့အရာေတြထဲမွာ ေနကာမ်က္မွန္လည္း ပါပါတယ္။ သူက ကိုယ္၀တ္ဆင္ထားတဲ့ အ၀တ္အစားကိုလည္း တစ္နည္းအားျဖင့္ ေထာက္ပံ့ေပးေနေသးတာမုိ႕ ဘယ္လိုမ်က္မွန္ေလးေတြ ေခတ္စားေနတယ္ဆိုတာ ပ်ိဳေမေတြအေနနဲ႕ အျမဲမ်က္ေျခမျပတ္ ၾကည့္ေနၾကရတာပါ။ ေနကာမ်က္မွန္ဟာ ျမိဳ႕တြင္းသြားလာတဲ့အခ်ိန္ မတပ္ျဖစ္ရင္ေတာင္ ခရီးသြားတဲ့အခါ မရွိမျဖစ္ဖုိ႕ ၀ယ္ထားသင့္တဲ့ အသံုးအေဆာင္တစ္ခုေပါ့။ ဟုတ္ပါျပီ။ မ်က္မွန္၀ယ္တဲ့အခါမွာ ပ်ိဳေမေတြအေနနဲ႕ မ်က္မွန္ကို ေကာက္တပ္ၾကည့္ျပီး ၾကိဳက္ရင္ ၀ယ္သြားတတ္ၾကပါတယ္။ တစ္ခါတစ္ေလ ကိုယ့္မ်က္ႏွာနဲ႕ လိုက္ရဲ႕လားေတာင္ မစဥ္းစားတတ္ၾကပါဘူး။ တကယ္ေတာ့ မ်က္ႏွာပံုသ႑ာန္နဲ႕တြဲျပီး ဘယ္လိုမ်က္မွန္မ်ိဳးနဲ႕လိုက္တယ္ ၊ မလိုက္ဘူးဆုိတာ ရွိေနျပီးသားပါ။ သင့္မ်က္ႏွာအမ်ိဳးအစား ပံုသ႑ာန္ကိုေတာ့ သိထားဖုိ႕ လိုအပ္တာေပါ့။

ဘဲဥပံုမ်က္ႏွာက်



သင့္မ်က္ႏွာက ဘဲဥပံုမ်က္ႏွာ အေနအထားမ်ိဳးဆုိရင္ သင္ဟာ ဘယ္လိုမ်က္မွန္ဒီဇိုင္းနဲ႕မဆို လိုက္ဖက္ပါတယ္တဲ့။ classic ပံုစံ ေလးေထာင့္ဆန္ဆန္ မ်က္မွန္ေလးပဲ တပ္မလား၊ oversize ခပ္ၾကီးၾကီး မ်က္မွန္မ်ိဳးပဲ တပ္မလား၊ ေတာ္ေတာ္မ်ားမ်ားနဲ႕ကို လိုက္ဖက္တာတေတာ့ ဘဲဥပံုမ်က္ႏွာအေနအထားပိုင္ရွင္ေတြ အားသာခ်က္ေပါ့ေနာ္။
ႏိုင္ငံတကာက ဘဲဥပံုသ႑ာန္မ်က္ႏွာပိုင္ရွင္ေတြကေတာ့ Jessica Alba၊ Katy Perry၊ Olivia၊ Palermo နဲ႕ Beyonce တုိ႕ပါပဲ။

ေလးေထာင့္မ်က္ႏွာက်


ေလးေထာင့္မ်က္ႏွာပိုင္ရွင္ေတြကေတာ့ သိသာပါတယ္။ သူတုိ႕မွာ သိသာထင္ရွားလွတဲ့ ေမးရိုးေတြ ပိုင္ဆုိင္ထားတာေၾကာင့္ ျဖစ္ႏိုင္ရင္ အ၀ိုင္းသ႑ာန္၊ ဒါမွမဟုတ္ ဘဲဥပံုသ႑ာန္ရွိတဲ့ မ်က္မွန္ကိုင္းေတြကို ေရြးခ်ယ္သင့္ပါတယ္။ ဒါဆုိ သင့္ေမးရိုးေတြကို ပိုၾကည့္ေကာင္းေစႏိုင္မွာျဖစ္သလို မ်က္ႏွာကို ပိုရွည္သလို ျဖစ္သြားေစပါတယ္။

ႏိုင္ငံတကာက ေလးေထာင့္မ်က္ႏွာပံုသ႑ာန္ရွိသူေတြကေတာ့  Olivia Wild၊ Angelina Jolie၊ Natalie Portman နဲ႕ Keira Knightleyတို႕ပဲျဖစ္ပါတယ္။

ႏွလံုးသားပံုသ႑ာန္မ်က္ႏွာက်













Heart Face ပံုသ႑ာန္ကေတာ့ နဖူးက်ယ္ျပီးေမးရိုးက ေအာက္ပိုင္းေရာက္လာေလ က်ဥ္းသြားေလ ျဖစ္တဲ့ မ်က္ႏွာပံုသ႑ာန္မ်ိဳးေပါ့။ ဒီလိုမ်က္ႏွာမ်ိဳး ပိုင္ဆုိင္ထားတဲ့သူေတြဟာ ကာလာေတာက္ေတာက္ မ်က္မွန္ကိုင္းေတြ ဆင္ျမန္းသင့္ပါတယ္ေနာ္။

ႏိုင္ငံတကာက Heart face ပံုရွင္ေတြကေတာ့   Kendall Jenner၊ Reese Witherspoo၊ Eva Longoria နဲ႕ Halle Berryတို႕ပါပဲ။

မ်က္ႏွာ၀ိုင္းသူ


မ်က္ႏွာ၀ိုင္း၀ိုင္းေလး ပိုင္ဆုိင္ထားသူေတြကေတာ့ မ်က္မွန္ေရြးခ်ယ္ေတာ့မယ္ဆုိရင္ အရမ္းလည္း မ၀ိုင္း ေလးေထာင့္လည္း မက်လြန္းတဲ့ မ်က္မွန္မ်ိ်ဳဳးေတြေရြးရမွာပါ။ wayfarer လို႕ မ်က္မွန္မ်ိဳး geometric ဆန္ဆန္ မ်က္မွန္ကိုင္းမ်ိဳးေတြကိုလည္း ေရြးခ်ယ္ႏိုင္ပါတယ္ရွင္။

ႏိုင္ငံတာက မ်က္ႏွာ၀ိုင္း၀ိုင္းရွိတဲ့ အႏုပညာရွင္ေတြကေတာ့  Olivia Munn၊ Selena Gomez၊ Mila Kunis နဲ႕  Sarah Hyland တုိ႕ပဲ ျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ပျိုမေတွေအတွက် အပြင်တစ်ခါထွက်တော့မယ်ဆို ဖက်ရှင်ကျဖို့အတွက်ရော၊ ကျန်းမာရေးအတွက် မဖြစ်မနေ ယူဆောင်ရတဲ့အရာတွေထဲမှာ နေကာမျက်မှန်လည်း ပါပါတယ်။ သူက ကိုယ်ဝတ်ဆင်ထားတဲ့ အဝတ်အစားကိုလည်း တစ်နည်းအားဖြင့် ထောက်ပံ့ပေးနေသေးတာမို့ ဘယ်လိုမျက်မှန်လေးတွေ ခေတ်စားနေတယ်ဆိုတာ ပျိုမေတွေအနေနဲ့ အမြဲမျက်ခြေမပြတ် ကြည့်နေကြရတာပါ။ နေကာမျက်မှန်ဟာ မြို့တွင်းသွားလာတဲ့အချိန် မတပ်ဖြစ်ရင်တောင် ခရီးသွားတဲ့အခါ မရှိမဖြစ်ဖို့ ဝယ်ထားသင့်တဲ့ အသုံးအဆောင်တစ်ခုပေါ့။ ဟုတ်ပါပြီ။ မျက်မှန်ဝယ်တဲ့အခါမှာ ပျိုမေတွေအနေနဲ့ မျက်မှန်ကို ကောက်တပ်ကြည့်ပြီး ကြိုက်ရင် ဝယ်သွားတတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်မျက်နှာနဲ့ လိုက်ရဲ့လားတောင် မစဉ်းစားတတ်ကြပါဘူး။ တကယ်တော့ မျက်နှာပုံသဏ္ဍာန်နဲ့တွဲပြီး ဘယ်လိုမျက်မှန်မျိုးနဲ့လိုက်တယ် ၊ မလိုက်ဘူးဆိုတာ ရှိနေပြီးသားပါ။ သင့်မျက်နှာအမျိုးအစား ပုံသဏ္ဍာန်ကိုတော့ သိထားဖို့ လိုအပ်တာပေါ့။

ဘဲဥပုံမျက်နှာကျ

သင့်မျက်နှာက ဘဲဥပုံမျက်နှာ အနေအထားမျိုးဆိုရင် သင်ဟာ ဘယ်လိုမျက်မှန်ဒီဇိုင်းနဲ့မဆို လိုက်ဖက်ပါတယ်တဲ့။ classic ပုံစံ လေးထောင့်ဆန်ဆန် မျက်မှန်လေးပဲ တပ်မလား၊ oversize ခပ်ကြီးကြီး မျက်မှန်မျိုးပဲ တပ်မလား၊ တော်တော်များများနဲ့ကို လိုက်ဖက်တာတတော့ ဘဲဥပုံမျက်နှာအနေအထားပိုင်ရှင်တွေ အားသာချက်ပေါ့နော်။
နိုင်ငံတကာက ဘဲဥပုံသဏ္ဍာန်မျက်နှာပိုင်ရှင်တွေကတော့ Jessica Alba၊ Katy Perry၊ Olivia၊ Palermo နဲ့ Beyonce တို့ပါပဲ။

လေးထောင့်မျက်နှာကျ

လေးထောင့်မျက်နှာပိုင်ရှင်တွေကတော့ သိသာပါတယ်။ သူတို့မှာ သိသာထင်ရှားလှတဲ့ မေးရိုးတွေ ပိုင်ဆိုင်ထားတာကြောင့် ဖြစ်နိုင်ရင် အဝိုင်းသဏ္ဍာန်၊ ဒါမှမဟုတ် ဘဲဥပုံသဏ္ဍာန်ရှိတဲ့ မျက်မှန်ကိုင်းတွေကို ရွေးချယ်သင့်ပါတယ်။ ဒါဆို သင့်မေးရိုးတွေကို ပိုကြည့်ကောင်းစေနိုင်မှာဖြစ်သလို မျက်နှာကို ပိုရှည်သလို ဖြစ်သွားစေပါတယ်။

နိုင်ငံတကာက လေးထောင့်မျက်နှာပုံသဏ္ဍာန်ရှိသူတွေကတော့  Olivia Wild၊ Angelina Jolie၊ Natalie Portman နဲ့ Keira Knightleyတို့ပဲဖြစ်ပါတယ်။

နှလုံးသားပုံသဏ္ဍာန်မျက်နှာကျ

ံHeart Face ပုံသဏ္ဍာန်ကတော့ နဖူးကျယ်ပြီးမေးရိုးက အောက်ပိုင်းရောက်လာလေ ကျဉ်းသွားလေ ဖြစ်တဲ့ မျက်နှာပုံသဏ္ဍာန်မျိုးပေါ့။ ဒီလိုမျက်နှာမျိုး ပိုင်ဆိုင်ထားတဲ့သူတွေဟာ ကာလာတောက်တောက် မျက်မှန်ကိုင်းတွေ ဆင်မြန်းသင့်ပါတယ်နော်။

နိုင်ငံတကာက Heart face ပုံရှင်တွေကတော့    Kendall Jenner၊ Reese Witherspoo၊ Eva Longoria နဲ့ Halle Berryတို့ပါပဲ။

မျက်နှာဝိုင်းသူ

မျက်နှာဝိုင်းဝိုင်းလေး ပိုင်ဆိုင်ထားသူတွေကတော့ မျက်မှန်ရွေးချယ်တော့မယ်ဆိုရင် အရမ်းလည်း မဝိုင်း လေးထောင့်လည်း မကျလွန်းတဲ့ မျက်မှန်မျျိုုးတွေရွေးရမှာပါ။ wayfarer လို့ မျက်မှန်မျိုး geometric ဆန်ဆန် မျက်မှန်ကိုင်းမျိုးတွေကိုလည်း ရွေးချယ်နိုင်ပါတယ်ရှင်။

နိုင်ငံတာက မျက်နှာဝိုင်းဝိုင်းရှိတဲ့ အနုပညာရှင်တွေကတော့  Olivia Munn၊ Selena Gomez၊ Mila Kunis နဲ့  Sarah Hyland တို့ပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top