iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာခင္က အြန္လုိင္းေရွာ့ပင္းဝက္ဘ္ဆုိက္တစ္ခုမွာ ရည္းစားေခါင္းအုံး အမ်ဳိးမ်ိဳးေရာင္းခ်ေနတာကို ေတြ႔ရွိခဲ့ပါတယ္။ အရင္က ေၾကာင္ပုံေလးေတြ၊ ဝက္ဝံပုံစံေလးေတြ၊ ကင္းေျခမ်ားပုံစံေလးေတြစတဲ့ တိရစာၦန္ပုံစံေခါင္းအုံးေလးေတြေခတ္စားခဲ့ေပမယ့္ အခုေတာ့ ရည္းစားေခါင္းအုံးလို႔ နာမည္ေပးထားတဲ့ ေခါင္းအုံးေလးေတြရွိသလုိ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ေရြးစရာေတြလည္း ရွိလာပါတယ္။

ရည္းစားေခါင္းအုံးက ေယာက္်ားေလးတစ္ေယာက္ရဲ႕ လက္ေမာင္းပုံစံျဖစ္ေခါင္းအုံးျဖစ္ျပီး ကိုယ္အိပ္ေနတဲ့အခ်ိန္မွာ ကိုယ့္လည္ပင္းနားကေန ကုိယ့္ခ်စ္သူက ေပြ႔ဖက္ထားတဲ့ခံစားခ်က္မ်ဳိး ရေစႏုိင္လို႔ ခ်စ္သူမရွိေသးတဲ့သူေတြေရာ၊ ခ်စ္သူအေဝးေရာက္ေနတဲ့သူေတြအတြက္ပါ အသုံးဝင္မွာပါ။ ပိုျပီးေတာ့ အသက္ဝင္ျပီး ကဗ်ာဆန္တဲ့ ခံစားရခ်င္တယ္ဆုိရင္ေတာ့ ေခါင္းအုံးမွာ ေယာက္်ားေလးသုံး ေရေမႊးေလးကို ဆြတ္ထားေပးလုိက္ပါ။ ကိုယ္က ထြားထားၾကိဳင္းၾကိဳင္းခ်စ္သူမ်ဳိးမွ သေဘာက်တဲ့ မိန္းကေလးေတြအတြက္ ၾကြက္သားနဲ႔တူတဲ့ အဖုအထစ္ေလးေတြပါတဲ့ ေခါင္းအုံးေတြကိုလည္း ရႏုိင္ပါတယ္။

တစ္ရႈးေခါင္းအုံးေလးကလည္း အသည္းကြဲလို႔ ေခါင္းအုံးဖက္ျပီး ငိုမယ္ဆုိရင္ အဆင္သင့္ျဖစ္ေအာင္ တစ္ရႈးနဲ႔ လုပ္ထားတဲ့ေခါင္းအုံးျဖစ္ပါတယ္။ အေအးမိလို႔ ႏွာေစးရင္ျဖစ္ျဖစ္၊ ဝမ္းနည္းစရာေတြၾကဳံရရင္ျဖစ္ျဖစ္ ဒီလိုေခါင္းအုံးမ်ဳးိကို ေရြးထားရင္ အမွန္ဆုံးျဖစ္မွာပါ။

ေနာက္ေခါင္းအုံးတစ္မ်ဳိးကေတာ့ ႏႈတ္ခမ္းပုံစံပါတဲ့ ေခါင္းအုံးျဖစ္ျပီး ခ်စ္သူရဲ႕အနမ္းေလးနဲ႔ အိပ္စက္ဖုိ႔ စိတ္ကူးယဥ္တတ္သူေတြအတြက္ အကိုက္ညီဆုံးေခါင္းအုံးေလးေတြျဖစ္ပါတယ္။ လက္ေခါင္းအုံးကေတာ့ ကေလးေတြကို မိဘေတြသိပ္တဲ့အခါ ခ်ီထားတဲ့ပုံစံျဖစ္ပါတယ္။ ကေလးေတြႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေစဖို႔အတြက္ ကေလးကို ဖက္ထားျပီး လုံျခဳံတယ္လုိ႔ခံစားရေအာင္ လုပ္ေပးသလုိပဲ လက္ႏွစ္ဖက္ပုံစံလုပ္ထားတဲ့ ေခါင္းအုံးေလးပဲ ျဖစ္ပါတယ္။

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Trend Myanmar


#Unicode Version
မကြာခင်က အွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုက်တစ်ခုမှာ ရည်းစားခေါင်းအုံး အမျိုးမျိုးရောင်းချနေတာကို တွေ့ရှိခဲ့ပါတယ်။ အရင်က ကြောင်ပုံလေးတွေ၊ ဝက်ဝံပုံစံလေးတွေ၊ ကင်းခြေများပုံစံလေးတွေစတဲ့ တိရစ္ဆာန်ပုံစံခေါင်းအုံးလေးတွေခေတ်စားခဲ့ပေမယ့် အခုတော့ ရည်းစားခေါင်းအုံးလို့ နာမည်ပေးထားတဲ့ ခေါင်းအုံးလေးတွေရှိသလို စိတ်ဝင်စားဖို့ကောင်းတဲ့ ရွေးစရာတွေလည်း ရှိလာပါတယ်။

ရည်းစားခေါင်းအုံးက ယောက်ျားလေးတစ်ယောက်ရဲ့ လက်မောင်းပုံစံဖြစ်ခေါင်းအုံးဖြစ်ပြီး ကိုယ်အိပ်နေတဲ့အချိန်မှာ ကိုယ့်လည်ပင်းနားကနေ ကိုယ့်ချစ်သူက ပွေ့ဖက်ထားတဲ့ခံစားချက်မျိုး ရစေနိုင်လို့ ချစ်သူမရှိသေးတဲ့သူတွေရော၊ ချစ်သူအဝေးရောက်နေတဲ့သူတွေအတွက်ပါ အသုံးဝင်မှာပါ။ ပိုပြီးတော့ အသက်ဝင်ပြီး ကဗျာဆန်တဲ့ ခံစားရချင်တယ်ဆိုရင်တော့ ခေါင်းအုံးမှာ ယောက်ျားလေးသုံး ရေမွှေးလေးကို ဆွတ်ထားပေးလိုက်ပါ။ ကိုယ်က ထွားထားကြိုင်းကြိုင်းချစ်သူမျိုးမှ သဘောကျတဲ့ မိန်းကလေးတွေအတွက် ကြွက်သားနဲ့တူတဲ့ အဖုအထစ်လေးတွေပါတဲ့ ခေါင်းအုံးတွေကိုလည်း ရနိုင်ပါတယ်။

တစ်ရှုးခေါင်းအုံးလေးကလည်း အသည်းကွဲလို့ ခေါင်းအုံးဖက်ပြီး ငိုမယ်ဆိုရင် အဆင်သင့်ဖြစ်အောင် တစ်ရှုးနဲ့ လုပ်ထားတဲ့ခေါင်းအုံးဖြစ်ပါတယ်။ အအေးမိလို့ နှာစေးရင်ဖြစ်ဖြစ်၊ ဝမ်းနည်းစရာတွေကြုံရရင်ဖြစ်ဖြစ် ဒီလိုခေါင်းအုံးမျုးိကို ရွေးထားရင် အမှန်ဆုံးဖြစ်မှာပါ။

နောက်ခေါင်းအုံးတစ်မျိုးကတော့ နှုတ်ခမ်းပုံစံပါတဲ့ ခေါင်းအုံးဖြစ်ပြီး ချစ်သူရဲ့အနမ်းလေးနဲ့ အိပ်စက်ဖို့ စိတ်ကူးယဉ်တတ်သူတွေအတွက် အကိုက်ညီဆုံးခေါင်းအုံးလေးတွေဖြစ်ပါတယ်။ လက်ခေါင်းအုံးကတော့ ကလေးတွေကို မိဘတွေသိပ်တဲ့အခါ ချီထားတဲ့ပုံစံဖြစ်ပါတယ်။ ကလေးတွေနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့အတွက် ကလေးကို ဖက်ထားပြီး လုံခြုံတယ်လို့ခံစားရအောင် လုပ်ပေးသလိုပဲ လက်နှစ်ဖက်ပုံစံလုပ်ထားတဲ့ ခေါင်းအုံးလေးပဲ ဖြစ်ပါတယ်။


 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit:Trend Myanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top