iMyanmarHouse.com - Best Property Website for Myanmar
×

ေဆးလိပ္ျဖတ္ဖုိ ့ဆုိတာ ေဆးလိပ္သမားေတြအတြက္ အခက္ခဲဆုံးအရာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တုိ ့ေတာ္ေတာ္မ်ားမ်ားကေတာ့ ျဖတ္ခ်င္က်ပါတယ္။ ေဆးလိပ္ျဖတ္ဖို ့အတြက္ ေငြကုန္ေၾကးက်
မ်ားတဲ့ နည္းေတြေတာ့ ရွိပါတယ္။ နီကိုတင္းဓာတ္ပါတဲ့ပီေက၊ အီလက္ထေရာနစ္စီးကရက္ တုိ ့ေဆးလိပ္တု တုိ ့နဲ ့တျဖည္းျဖည္းခ်င္း  ခႏၶာကုိယ္ကေန နီကိုတင္းဓာတ္လုိအပ္မွဳကို ျဖတ္သြားလုိ ့လည္းရပါတယ္။ ဒါေပမယ့္ ဒါေတြက ေစ်းႏွဳန္းျမင့္မားတဲ့ အရာေတြပါ။

ကံေကာင္းေထာက္မစြာပဲ ဆရာ၀န္ေတြနဲ ့ေဆးလိပ္ေသာက္သုံးမွဳဆန္ ့က်င္ေရးအဖြဲ ့အစည္းေတြက အခုလုိ လြယ္ကူသက္သာတဲ့ နည္းလမ္း ခုနစ္သြယ္ကို ေဆးလိပ္ျဖတ္ခ်င္သူ၊ ေဆးလိပ္ေသာက္သုံးမွဳေလ်ာ့ခ်ခ်င္သူ ေတြအတြက္ အၾကံျပဳေပးခဲ့ပါတယ္။

၁။ ေခ်ာကလက္အနက္ ကို စားၾကည့္ပါ
ေခ်ာကလက္အနက္ ရဲ့ အရသာက ေဆးလိပ္ေသာက္တဲ့အခါရတဲ့ ခံစားမွဳအရသာနဲ ့တူပါတယ္။ ေဆးလိပ္ ေသာက္သူေတြဟာ စိတ္ဖိစီးမွဳေၾကာင့္ ေဆးလိပ္ေသာက္ရတာလုိ ့အေၾကာင္းျပခ်က္ေပးေလ့ရွိပါတယ္။ ေခ်ာကလက္ အနက္ဟာ ဦးေႏွာက္တြင္း ဆီရိုတုိနင္ (Serotonin) ပမာဏကို သဘာ၀နည္းက်က် ျမွင့္တင္ေပးျပီး စိတ္ကို လန္းဆန္းေစကာ ၊ စိတ္ဖိစီးမွဳကို ေလ်ာ့ခ်ေပးပါတယ္။

၂။ အေပ့ါစားေလ့က်င့္ခန္းေတြ လုပ္ပါ။
တကယ္လုိ ့ေဆးလိပ္ျဖတ္ထားတဲ့အခ်ိန္မွာ ေသာက္ခ်င္လာျပီဆုိပါစုိ ့။ ဆယ္မိနစ္ေလာက္ လမ္းေလွ်ာက္ၾကည့္လုိက္ပါ။ တကယ္လုိ ့အခ်ိန္မရွိဘူးဆုိရင္ Jumping Jacks ( မတ္တပ္ရပ္အေနအထားမွ လက္ႏွစ္ဖက္နဲ ့ေျခေထာက္ကိုကားကာ ခုန္နည္း၊ လက္ႏွစ္ဖက္ကို ေခါင္းေပၚမွာ လက္ခုပ္သံျမည္ေအာင္ ရိုက္ျပီး ျပန္အက်မွာ မူလမတ္တပ္ရပ္အေနအထားတုိင္း ရွိပါ။) ဒါမွမဟုတ္ ႏွလုံးခုန္ႏွုန္း ျမွင့္တင္ေပးတဲ့ တျခားအေပါ့စားေလ့က်င့္ခန္း လုပ္ေပးပါ။

၃။ ေဆးလိပ္ေသာက္မယ့္အစား က်န္းမာေရးအက်ိဳးရွိမယ့္အရာတစ္ခု လုပ္ပါ။
ခႏၶာကိုယ္ကေန လုိအပ္ေနတဲ့ဓာတ္တစ္ခု၊ ဒါမွမဟုတ္ အေလ့အက်င့္တစ္ခုကို ျဖတ္ပစ္မယ္ဆုိရင္ စိတ္ဖိစီးမွဳ၊ စိတ္အလုိမက်ျဖစ္မွဳေတြ ခံစားတတ္ပါတယ္။ ဒါေၾကာင့္ ဒီလုိအခ်ိန္မွာ တျခားအစားထုိးႏိုင္မယ့္ နည္းလမ္းတစ္ခုကို စဥ္းစားထားပါ။ ေယာဂေလ့က်င့္ခန္း၊ ကာရာေတး၊ ဒါမွမဟုတ္ တရားထုိင္တာ ဒါမွမဟုတ္ တျခား ကိုယ္လက္လွဳပ္ရွားမွဳျပဳလုပ္ျခင္းက အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။

၄။ အသက္ျပင္းျပင္းရွဴပါ။
ဒါက နည္းနည္းေတာ့ ယုတၱိမတန္ဘူးထင္ပါလိမ့္မယ္။ ဒါေပမယ့္ အသက္ရွဴသြင္း မွဳကို ျပင္းျပင္း သုံးၾကိမ္ေလာက္ပဲ လုပ္ျခင္းက ေဆးလိပ္ေသာက္ခ်င္စိတ္ကို ခုခံႏိုင္ပါလိမ့္မယ္။

၅။ လက္နဲ ့ပါးစပ္တုိ ့ေနရာမွာ အစားထုိးပစၥည္းတစ္ခုအသုံးခ်ပါ။
ပုံမွန္ေဆးလိပ္ေသာက္ေနက်လူတစ္ေယာက္အဖုိ ့ေဆးလိပ္ေသာက္ခ်ိန္ေတြမွာ လက္မွာ တစ္ခုခု လုိေနတာမ်ိဳး၊ ပါးစပ္ထဲမွာ တစ္ခုခုလုိေနတာမ်ိဳး ခံစားရတတ္ပါတယ္။ ဒါေၾကာင့္ စီးကရက္ေနရာမွာ ပီေက၀ါးတာျဖစ္ျဖစ္၊ သၾကားလုံးစားတာျဖစ္ျဖစ္ နဲ ့အစားထုိးေပးပါ။

၆။ အရက္ကို ေရွာင္ပါ။
အယ္လ္ကိုေဟာ ပါ၀င္တဲ့ ေဖ်ာ္ရည္ယမကာေတြကေတာ့ ေဆးလိပ္ေသာက္ခ်င္စိတ္ကို ပုိမုိျဖစ္ေပၚေစပါတယ္။ ေဆးလိပ္ျဖတ္တုန္းမွာ တတ္ႏိုင္သမွ် ေရွာင္ပါ။

၇။ ေဆးလိပ္မေသာက္တဲ့လူေတြနဲ ့ပဲ ေပါင္းပါ။
ေဆးလိပ္ေသာက္တဲ့မိတ္ေဆြေတြနဲ ့ေနရင္ ေဆးလိပ္ျဖတ္ဖုိ ့ခဲယဥ္းပါတယ္။ ဒါေၾကာင့္ ေဆးလိပ္ေသာက္တဲ့ မိတ္ေဆြေတြနဲ ့ခဏေလာက္ ေရွာင္ေနပါ။ ပါတီလုိေနရာမ်ိဳးေတြကိုလည္း ေရွာင္သင့္ပါတယ္။

အေရးၾကီးဆုံးအခ်က္ကေတာ့ သင္ကိုယ္တုိင္ပဲျဖစ္ပါတယ္။ ေဆးလိပ္ေသာက္ျခင္းဟာ ကင္ဆာ၊ ႏွလုံးေရာဂါ၊ ေသြးတုိး၊ အဆုတ္ေရာဂါ၊ ဆီးခ်ိဳေရာဂါတုိ ့ကို ျဖစ္ေစႏိုင္ပါတယ္။ ကမၻာတစ္၀ွမ္းလုံးမွာ ေဆးလိပ္ေသာက္သုံးမွဳ ေၾကာင့္ ဆက္စပ္ေရာဂါေတြနဲ ့ေသဆုံးမွဳဟာ တစ္ႏွစ္ကို လူဦးေရ ငါးသန္းရွိပါတယ္။ ၂၀၃၀ ခုႏွစ္ေရာက္ရင္ ေဆးလိပ္ေသာက္သုံးမွဳေၾကာင့္ တစ္ႏွစ္ကို လူဦးေရ ရွစ္သန္းေလာက္ ေသဆုံးလိမ့္မယ္လုိ ့ခန္ ့ မွန္းထားပါတယ္။ မိတ္ေဆြလည္း ေဆးလိပ္ျဖတ္ဖုိ ့ၾကိဳးစားေနသူတစ္ေယာက္ဆုိရင္ ဒီအခ်က္ေတြကို လိုက္နာၾကည့္ပါ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Trend Myanmar



#Unicode Version
ဆေးလိပ်ဖြတ်ဖို့ဆိုတာ ဆေးလိပ်သမားတွေအတွက် အခက်ခဲဆုံးအရာပါ။ ဒါပေမယ့် ကျွန်တော်တို့တော်တော် များများကတော့ ဖြတ်ချင်ကျပါတယ်။ ဆေးလိပ်ဖြတ်ဖို့အတွက် ငွေကုန်ကြေးကျများတဲ့ နည်းတွေတော့ ရှိပါတယ်။ နီကိုတင်းဓာတ်ပါတဲ့ပီကေ၊ အီလက်ထရောနစ်စီးကရက် တို့ဆေးလိပ်တု တို့နဲ့တဖြည်းဖြည်းချင်း  ခန္ဓာကိုယ်ကနေ နီကိုတင်းဓာတ်လိုအပ်မှုကို ဖြတ်သွားလို့လည်းရပါတယ်။ ဒါပေမယ့် ဒါတွေက ဈေးနှုန်းမြင့်မားတဲ့ အရာတွေပါ။

ကံကောင်းထောက်မစွာပဲ ဆရာဝန်တွေနဲ့ဆေးလိပ်သောက်သုံးမှုဆန့်ကျင်ရေးအဖွဲ့အစည်းတွေက အခုလို လွယ်ကူသက်သာတဲ့ နည်းလမ်း ခုနစ်သွယ်ကို ဆေးလိပ်ဖြတ်ချင်သူ၊ ဆေးလိပ်သောက်သုံးမှုလျော့ချချင်သူ တွေအတွက် အကြံပြုပေးခဲ့ပါတယ်။

၁။ ချောကလက်အနက် ကို စားကြည့်ပါ
ချောကလက်အနက် ရဲ့ အရသာက ဆေးလိပ်သောက်တဲ့အခါရတဲ့ ခံစားမှုအရသာနဲ့တူပါတယ်။ ဆေးလိပ် သောက်သူတွေဟာ စိတ်ဖိစီးမှုကြောင့် ဆေးလိပ်သောက်ရတာလို့အကြောင်းပြချက်ပေးလေ့ရှိပါတယ်။ ချောကလက် အနက်ဟာ ဦးနှောက်တွင်း ဆီရိုတိုနင် (Serotonin) ပမာဏကို သဘာဝနည်းကျကျ မြှင့်တင်ပေးပြီး စိတ်ကို လန်းဆန်းစေကာ ၊ စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။

၂။ အပေ့ါစားလေ့ကျင့်ခန်းတွေ လုပ်ပါ။
တကယ်လို့ဆေးလိပ်ဖြတ်ထားတဲ့အချိန်မှာ သောက်ချင်လာပြီဆိုပါစို့။ ဆယ်မိနစ်လောက် လမ်းလျှောက်ကြည့်လိုက်ပါ။ တကယ်လို့အချိန်မရှိဘူးဆိုရင် Jumping Jacks ( မတ်တပ်ရပ်အနေအထားမှ လက်နှစ်ဖက်နဲ့ခြေထောက်ကိုကားကာ ခုန်နည်း၊ လက်နှစ်ဖက်ကို ခေါင်းပေါ်မှာ လက်ခုပ်သံမြည်အောင် ရိုက်ပြီး ပြန်အကျမှာ မူလမတ်တပ်ရပ်အနေအထားတိုင်း ရှိပါ။) ဒါမှမဟုတ် နှလုံးခုန်နှုန်း မြှင့်တင်ပေးတဲ့ တခြားအပေါ့စားလေ့ကျင့်ခန်း လုပ်ပေးပါ။

၃။ ဆေးလိပ်သောက်မယ့်အစား ကျန်းမာရေးအကျိုးရှိမယ့်အရာတစ်ခု လုပ်ပါ။
ခန္ဓာကိုယ်ကနေ လိုအပ်နေတဲ့ဓာတ်တစ်ခု၊ ဒါမှမဟုတ် အလေ့အကျင့်တစ်ခုကို ဖြတ်ပစ်မယ်ဆိုရင် စိတ်ဖိစီးမှု၊ စိတ်အလိုမကျဖြစ်မှုတွေ ခံစားတတ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ တခြားအစားထိုးနိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားထားပါ။ ယောဂလေ့ကျင့်ခန်း၊ ကာရာတေး၊ ဒါမှမဟုတ် တရားထိုင်တာ ဒါမှမဟုတ် တခြား ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

၄။ အသက်ပြင်းပြင်းရှူပါ။
ဒါက နည်းနည်းတော့ ယုတ္တိမတန်ဘူးထင်ပါလိမ့်မယ်။ ဒါပေမယ့် အသက်ရှူသွင်း မှုကို ပြင်းပြင်း သုံးကြိမ်လောက်ပဲ လုပ်ခြင်းက ဆေးလိပ်သောက်ချင်စိတ်ကို ခုခံနိုင်ပါလိမ့်မယ်။

၅။ လက်နဲ့ပါးစပ်တို့နေရာမှာ အစားထိုးပစ္စည်းတစ်ခုအသုံးချပါ။
ပုံမှန်ဆေးလိပ်သောက်နေကျလူတစ်ယောက်အဖို့ဆေးလိပ်သောက်ချိန်တွေမှာ လက်မှာ တစ်ခုခု လိုနေတာမျိုး၊ ပါးစပ်ထဲမှာ တစ်ခုခုလိုနေတာမျိုး ခံစားရတတ်ပါတယ်။ ဒါကြောင့် စီးကရက်နေရာမှာ ပီကေဝါးတာဖြစ်ဖြစ်၊ သကြားလုံးစားတာဖြစ်ဖြစ် နဲ့အစားထိုးပေးပါ။

၆။ အရက်ကို ရှောင်ပါ။
အယ်လ်ကိုဟော ပါဝင်တဲ့ ဖျော်ရည်ယမကာတွေကတော့ ဆေးလိပ်သောက်ချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဆေးလိပ်ဖြတ်တုန်းမှာ တတ်နိုင်သမျှ ရှောင်ပါ။

၇။ ဆေးလိပ်မသောက်တဲ့လူတွေနဲ့ပဲ ပေါင်းပါ။
ဆေးလိပ်သောက်တဲ့မိတ်ဆွေတွေနဲ့နေရင် ဆေးလိပ်ဖြတ်ဖို့ခဲယဉ်းပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့ မိတ်ဆွေတွေနဲ့ခဏလောက် ရှောင်နေပါ။ ပါတီလိုနေရာမျိုးတွေကိုလည်း ရှောင်သင့်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာ၊ နှလုံးရောဂါ၊ သွေးတိုး၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဆေးလိပ်သောက်သုံးမှု ကြောင့် ဆက်စပ်ရောဂါတွေနဲ့သေဆုံးမှုဟာ တစ်နှစ်ကို လူဦးရေ ငါးသန်းရှိပါတယ်။ ၂၀၃၀ ခုနှစ်ရောက်ရင် ဆေးလိပ်သောက်သုံးမှုကြောင့် တစ်နှစ်ကို လူဦးရေ ရှစ်သန်းလောက် သေဆုံးလိမ့်မယ်လို့ခန့် မှန်းထားပါတယ်။ မိတ်ဆွေလည်း ဆေးလိပ်ဖြတ်ဖို့ကြိုးစားနေသူတစ်ယောက်ဆိုရင် ဒီအချက်တွေကို လိုက်နာကြည့်ပါ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Trend Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top