iMyanmarHouse.com - Best Property Website for Myanmar
×

ပ႒ာန္း မွန္မွန္ ၊ ႏွစ္ရွည္ ရြတ္ျခင္း၏ အက်ဳိးမ်ားကို ယုတၱိ သေဘာျဖင္႕ ဆင္ျခင္ၾကည္႕ျခင္း …
ပ႒ာန္းရြတ္တယ္ ဆိုတာ ပ႒ာန္း ပစၥယ ဥေဒသ နဲ႔ ပစၥယ နိေဒသ တို႕ ကို ရြတ္ ဆိုတာ ကိုဆိုလိုပါတယ္။
ျမတ္စြာဘုရား ေဟာၾကားခဲ႕တဲ႕ ပ႒ာန္းေဒသနာကို အရွင္သာရိပုတၱရာ က မက်ဥ္းမက်ယ္ ျပန္ ေဟာထားတဲ႔ ပ႒ာန္း ၅ က်မ္းကိုေတာ႕ ျမည္သံမစဲ ပ႒ာန္းပြဲ ဆိုျပီး ရြတ္ ဆိုၾကတာလည္းရွိပါတယ္။ ကိုယ္႕ တစ္နိုင္တစ္ပိုင္ကေတာ႕ ပ႒ာန္း ပစၥယ ဥေဒသ နဲ႔ ပစၥယ နိေဒသ ကို ပဲ ရြတ္ၾကပါတယ္။ အသံမွန္ နဲ႔ ရြတ္ရင္ နာရီ ဝက္ေလာက္ အလုပ္လုပ္ရပါတယ္။ အသံထြက္ျပီး ရြတ္ရပါတယ္။
အဓိပၸါယ္ နားမလည္ခင္ပ႒ာန္းရြတ္ တဲ႕အခါ …. စိတ္ထဲ မွာ ရွိေနသင္႕တာက … ေအာ္ …….. ျမတ္စြာဘုရား ေဟာခဲ႔ တဲ႔ တရားကို ငါလိုက္ဆိုေနတာပါလား။ တရားဓမၼကို ရြတ္ဖတ္ျခင္း ျဖင္႕ ဘုရား ကို ဓမၼျဖင္႕ ငါ ပူေဇာ္ ေနတာပါလား ဆိုတဲ႔ အသိ တရား (သတိတရား) နဲ႔ ရြတ္ၾကပါတယ္။ ရြတ္ဆိုေနရာမွာ လည္း အသံထြက္ မမွားရေအာင္ ၊ တရားအစီအစဥ္ မလြဲရေအာင္ ၊ တေလးတစား နဲ႕ ရြတ္ရပါတယ္။
ေန႕စဥ္မွန္မွန္ရြတ္ေတာ႕ ဘာအက်ဳိးရွိသလဲ ဆိုတာ ယုတၱိ သေဘာနဲ႔ ဆင္ျခင္ ၾကည္႕ေတာ႕ …

(၁) ေန႕စဥ္ ေကာင္းမွဳ ကုသိုလ္ တစ္ခု ကို အာစိႏၷကံ အားထုတ္ ရာေရာက္ပါတယ္။ ေန႕စဥ္ တစ္လ ႏွစ္လ ေလာက္ရြတ္ ယံုနဲ႕ မထူးျခားေပမယ္႕.. ေန႕စဥ္ မွန္မွန္ ၁၀ ႏွစ္ အႏွစ္ ၂၀ ရြတ္ လာတဲ႔ လူအတြက္ က်ေတာ႕ …. ကုသိုလ္ေတြစုမိသလို ျဖစ္လာပါတယ္။

(၂) ေန႕စဥ္ မွန္မွန္ ႏွစ္ခ်ီ ရြတ္လာေတာ႕ အေလ႕အက်င္႕ ျဖစ္လာပါတယ္။ က်င္႕သားရေနေတာ႕ အေရးအေၾကာင္းဆို ပါးစပ္က ပ႒ာန္းေဒသနာ ကို အလိုလို ရြတ္ မိလွ်က္သား ျဖစ္ေနတတ္ပါတယ္။ ေလာကဒဏ္ နဲ႔ မေမွ်ာ္လင္႕ပဲရင္ဆိုင္ရတဲ႕ အခါမွာ … ေၾကာက္ရြံ႕ျခင္း၊ ေဒါသ ျဖစ္ျခင္း စတာေတြ ထက္ …. ပ႒ာန္းတရား ေပၚ အာရံုေရာက္သြားျပီး၊ အကုသိုလ္ ျဖစ္ရမယ္႕ေနရာမွာေတာင္ ကုသိုလ္ ျဖစ္ျဖစ္ ေနတတ္ပါတယ္။

(၃) တစ္ေန႕ တစ္ခါ ရြတ္ ဆိုေနက်ကို … တစ္ေန႕ရြတ္ဆိုျပီးသြားတိုင္း ….. ေအာ္… ဒီေန႕ေတာ႕ ငါ ျပဳေနက် ကုသိုလ္ ေကာင္းမွဳ တစ္ခု … တစ္ေန႕စာ ေအာင္ျမင္ ျပီးေျမာက္ခဲ႕ျပန္ျပီ ဆိုတဲ႔ … ေက်နပ္တဲ႔စိတ္ ၊ ဝမ္းေျမာက္ တဲ႔ စိတ္ဟာလည္း … က်န္တစ္ေန႕တာ လံုးကို စိတ္ထဲ လမ္းဆမ္းေစဖို႕ အေထာက္အကူ ျပဳနိုင္ပါတယ္။

(၄) တစ္ေန႕ နာရီဝက္ေလာက္ မပ်က္တမ္း ႏွစ္ရွည္ ရြတ္လာ တာ…. ၾကာေတာ႕လည္း ….. ေရစက္ကေလးေတြ စုလာေတာ႕ .. ေရအိုးျပည္႕သလိုပါပဲ ။ ကိုယ္႕ သ႑န္မွာ ဓမၼနဲ႕ ပူေဇာ္ ရတဲ႕
ကုသိုလ္ေတြ ျပည္႕ေနေတာ႕ …. ဘဝ အဆက္ဆကိက ျပဳခဲ႔တဲ႔ အကုသိုလ္ေတြ၊ ယခုအခါ အမွတ္တမဲ႕ ျပဳလိုက္မိတဲ႔ အကုသိုလ္ေတြ ဟာ အက်ဳိးေပးခြင္႕အလားအလာ နည္းပါးလာျပီး။ ဘဝ အဆက္ဆက္က ျပဳခဲ႕တဲ႕ ကုသိုလ္ေတြ။ ယခု ျပဳလိုက္တဲ႔ တျခားကုသိုလ္ေတြ ဟာ ေတာ႕ အက်ဳိးေပးဖို႕ အခြင္႕သာ လာပါလိမ္႕မယ္။

(၅) ေသခါ နီးျပီဆိုပါစို႕ ၊ မိသားစု ထဲက တစ္ေယာက္ေယာက္ေလာက္က ပ႒ာန္း ရြတ္သံကေလး ေပးလိုက္တယ္ ဆိုပါစို႕ ။ ကိုယ္ကႏွစ္ရွည္ အေလ႕အက်င္႕ေကာင္းေကာင္း ရွိထားတယ္ ဆိုရင္ စုတိစိတ္ျဖစ္ခါနီး ကေလး မွာ ၊စိတ္က ပ႒ာန္းေဒသနာကို စြဲ ျပီး ေသရေတာ႕ … အပါယ္ က်ဖို႕ မျဖစ္နိုင္။ သုဂတိ ဘဝ ကိုရဖို႕ က ေသျခာသြားျပန္ေရာ။

(၆) ဒီဘဝ ပ႒ာန္း ႏွစ္ရွည္ မွန္မွန္ ရြတ္ ထားတဲ႕ ပါရမီ ေကာင္း က ရွိေနေတာ႕ ၊ေနာက္ဘဝ က်ျပန္ေတာ႕ ဥာဏ္ေကာင္းတဲ႔ သူ ျဖစ္ပါတယ္။ ဆက္ျပီး ရြတ္ရင္း ဆင္ျခင္ သံုးသတ္ျပီး အကၽြတ္တရားေတာင္ရနိုင္ပါတယ္။
……………………………………
ယခုတင္ျပျပီးသမွ် ျဖစ္နိုင္တဲ႕ အက်ဳိးေက်းဇူးေတြ ကိုၾကည္႕ရင္ …
ပ႒ာန္း ေဒသနာ ရဲ႕ အဓိပၸါယ္ နားလည္ စြာ နဲ႕ ရြတ္တာ ေတာင္ မဟုတ္ေသးပါ။
-


Credit:Myo Nyunt > ပ႒ာန္းတရားကို ေလ့လာသင္ယူျခင္း

 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပဋ္ဌာန်း မှန်မှန် ၊ နှစ်ရှည် ရွတ်ခြင်း၏ အကျိုးများကို ယုတ္တိ သဘောဖြင့် ဆင်ခြင်ကြည့်ခြင်း …
ပဋ္ဌာန်းရွတ်တယ် ဆိုတာ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ တို့ ကို ရွတ် ဆိုတာ ကိုဆိုလိုပါတယ်။
မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပဋ္ဌာန်းဒေသနာကို အရှင်သာရိပုတ္တရာ က မကျဉ်းမကျယ် ပြန် ဟောထားတဲ့ ပဋ္ဌာန်း ၅ ကျမ်းကိုတော့ မြည်သံမစဲ ပဋ္ဌာန်းပွဲ ဆိုပြီး ရွတ် ဆိုကြတာလည်းရှိပါတယ်။ ကိုယ့် တစ်နိုင်တစ်ပိုင်ကတော့ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ ကို ပဲ ရွတ်ကြပါတယ်။ အသံမှန် နဲ့ ရွတ်ရင် နာရီ ဝက်လောက် အလုပ်လုပ်ရပါတယ်။ အသံထွက်ပြီး ရွတ်ရပါတယ်။
အဓိပ္ပါယ် နားမလည်ခင်ပဋ္ဌာန်းရွတ် တဲ့အခါ …. စိတ်ထဲ မှာ ရှိနေသင့်တာက … အော် …….. မြတ်စွာဘုရား ဟောခဲ့ တဲ့ တရားကို ငါလိုက်ဆိုနေတာပါလား။ တရားဓမ္မကို ရွတ်ဖတ်ခြင်း ဖြင့် ဘုရား ကို ဓမ္မဖြင့် ငါ ပူဇော် နေတာပါလား ဆိုတဲ့ အသိ တရား (သတိတရား) နဲ့ ရွတ်ကြပါတယ်။ ရွတ်ဆိုနေရာမှာ လည်း အသံထွက် မမှားရအောင် ၊ တရားအစီအစဉ် မလွဲရအောင် ၊ တလေးတစား နဲ့ ရွတ်ရပါတယ်။
နေ့စဉ်မှန်မှန်ရွတ်တော့ ဘာအကျိုးရှိသလဲ ဆိုတာ ယုတ္တိ သဘောနဲ့ ဆင်ခြင် ကြည့်တော့ …

(၁) နေ့စဉ် ကောင်းမှု ကုသိုလ် တစ်ခု ကို အာစိန္နကံ အားထုတ် ရာရောက်ပါတယ်။ နေ့စဉ် တစ်လ နှစ်လ လောက်ရွတ် ယုံနဲ့ မထူးခြားပေမယ့်.. နေ့စဉ် မှန်မှန် ၁၀ နှစ် အနှစ် ၂၀ ရွတ် လာတဲ့ လူအတွက် ကျတော့ …. ကုသိုလ်တွေစုမိသလို ဖြစ်လာပါတယ်။

(၂) နေ့စဉ် မှန်မှန် နှစ်ချီ ရွတ်လာတော့ အလေ့အကျင့် ဖြစ်လာပါတယ်။ ကျင့်သားရနေတော့ အရေးအကြောင်းဆို ပါးစပ်က ပဋ္ဌာန်းဒေသနာ ကို အလိုလို ရွတ် မိလျှက်သား ဖြစ်နေတတ်ပါတယ်။ လောကဒဏ် နဲ့ မမျှော်လင့်ပဲရင်ဆိုင်ရတဲ့ အခါမှာ … ကြောက်ရွံ့ခြင်း၊ ဒေါသ ဖြစ်ခြင်း စတာတွေ ထက် …. ပဋ္ဌာန်းတရား ပေါ် အာရုံရောက်သွားပြီး၊ အကုသိုလ် ဖြစ်ရမယ့်နေရာမှာတောင် ကုသိုလ် ဖြစ်ဖြစ် နေတတ်ပါတယ်။

(၃) တစ်နေ့ တစ်ခါ ရွတ် ဆိုနေကျကို … တစ်နေ့ရွတ်ဆိုပြီးသွားတိုင်း ….. အော်… ဒီနေ့တော့ ငါ ပြုနေကျ ကုသိုလ် ကောင်းမှု တစ်ခု … တစ်နေ့စာ အောင်မြင် ပြီးမြောက်ခဲ့ပြန်ပြီ ဆိုတဲ့ … ကျေနပ်တဲ့စိတ် ၊ ဝမ်းမြောက် တဲ့ စိတ်ဟာလည်း … ကျန်တစ်နေ့တာ လုံးကို စိတ်ထဲ လမ်းဆမ်းစေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။

(၄) တစ်နေ့ နာရီဝက်လောက် မပျက်တမ်း နှစ်ရှည် ရွတ်လာ တာ…. ကြာတော့လည်း ….. ရေစက်ကလေးတွေ စုလာတော့ .. ရေအိုးပြည့်သလိုပါပဲ ။ ကိုယ့် သဏ္ဍန်မှာ ဓမ္မနဲ့ ပူဇော် ရတဲ့
ကုသိုလ်တွေ ပြည့်နေတော့ …. ဘဝ အဆက်ဆကိက ပြုခဲ့တဲ့ အကုသိုလ်တွေ၊ ယခုအခါ အမှတ်တမဲ့ ပြုလိုက်မိတဲ့ အကုသိုလ်တွေ ဟာ အကျိုးပေးခွင့်အလားအလာ နည်းပါးလာပြီး။ ဘဝ အဆက်ဆက်က ပြုခဲ့တဲ့ ကုသိုလ်တွေ။ ယခု ပြုလိုက်တဲ့ တခြားကုသိုလ်တွေ ဟာ တော့ အကျိုးပေးဖို့ အခွင့်သာ လာပါလိမ့်မယ်။

(၅) သေခါ နီးပြီဆိုပါစို့ ၊ မိသားစု ထဲက တစ်ယောက်ယောက်လောက်က ပဋ္ဌာန်း ရွတ်သံကလေး ပေးလိုက်တယ် ဆိုပါစို့ ။ ကိုယ်ကနှစ်ရှည် အလေ့အကျင့်ကောင်းကောင်း ရှိထားတယ် ဆိုရင် စုတိစိတ်ဖြစ်ခါနီး ကလေး မှာ ၊စိတ်က ပဋ္ဌာန်းဒေသနာကို စွဲ ပြီး သေရတော့ … အပါယ် ကျဖို့ မဖြစ်နိုင်။ သုဂတိ ဘဝ ကိုရဖို့ က သေခြာသွားပြန်ရော။

(၆) ဒီဘဝ ပဋ္ဌာန်း နှစ်ရှည် မှန်မှန် ရွတ် ထားတဲ့ ပါရမီ ကောင်း က ရှိနေတော့ ၊နောက်ဘဝ ကျပြန်တော့ ဉာဏ်ကောင်းတဲ့ သူ ဖြစ်ပါတယ်။ ဆက်ပြီး ရွတ်ရင်း ဆင်ခြင် သုံးသတ်ပြီး အကျွတ်တရားတောင်ရနိုင်ပါတယ်။
……………………………………
ယခုတင်ပြပြီးသမျှ ဖြစ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ကိုကြည့်ရင် …
ပဋ္ဌာန်း ဒေသနာ ရဲ့ အဓိပ္ပါယ် နားလည် စွာ နဲ့ ရွတ်တာ တောင် မဟုတ်သေးပါ။
-


Credit:Myo Nyunt > ပဋ္ဌာန်းတရားကို လေ့လာသင်ယူခြင်း



 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top