iMyanmarHouse.com - Best Property Website for Myanmar
×

အပင္ေတြဟာ လူေတြကိုအက်ိဳးျပဳၾကတာ အားလံုးအသိပါပဲ။ ဒါေပမဲ့ အပင္တခ်ိဳ႕ဟာ အဆိပ္ေတြ ရွိေနျပီး အခ်ိန္ကာလကိုလိုက္ျပီး အႏၱရာယ္ရွိႏိုင္သလို တိုက္႐ိုက္မဟုတ္ေပမဲ့ သြယ္၀ိုက္ျပီးလည္း အႏၱရာယ္ရွိႏုိင္ပါတယ္။ အေရွ႕ေတာင္အာရွမွာေရာ ျမန္မာႏိုင္ငံမွာပါ ေပါမ်ားစြာေတြ႕ႏိုင္တဲ့ အဆိပ္ရွိအပင္ (၅) မ်ိဳးကို ဗဟုသုတအျဖစ္ ေရးသားတင္ျပ လိုက္ပါ တယ္။

ဇာမဏီပင္

ဇာမဏီပင္ဟာ ေျမာက္အေမရိကမွာ စတင္ေပါက္ေရာက္ခဲ့တဲ့ အပင္မ်ိဳးျဖစ္ျပီး အဆိပ္အရမ္းျပင္းတဲ့ အပင္တစ္မ်ိဳးျဖစ္ပါတယ္။ စားမိရင္ ေအာ့အန္ျခင္း၊ တကိုယ္လံုးတုန္ခါျခင္း၊ အစာအိမ္နဲ႕အူလမ္းေၾကာင္းျပင္းထန္စြာထိခိုက္ျခင္းတို႕ ျဖစ္ႏုိင္ပါတယ္။ အေရွ႕ေတာင္အာရွႏုိင္ငံေတြမွာလည္း ေပါက္ေရာက္ျပီး ျမန္မာႏုိင္ငံ က ေက်းလက္ေတြမွာ ပြန္းပဲ့ျပီးေသြး ထြက္ရင္ ဇာမဏီရြက္ထုျပီးအံုတတ္ၾကပါတယ္။ ေဆာင္းရာသီမွာ အပြင့္ပြင့္ေလ့ရွိျပီး အပြင့္ရာသီကုန္တ့ဲအခါ မႈန္မႊားတဲ့အေစ့ေလးေတြဟာ ေလထဲမွာ ၀ဲပ်ံသြား ၾကပါတယ္။ ကၽြဲႏြားေတြဟာ အဲဒီအပင္ကိုစားမိတဲ့အခါ အဆိပ္ေတြဟာ ႏို႕နဲ႔အသားထဲကို ေရာက္ရွိသြားတတ္ပါတယ္။ ဒါေၾကာင့္ အမဲသားနဲ႕ႏြားႏို႕ကို စားေသာက္သူေတြ ဆီ အဆိပ္ေတြ ကူးစက္သြားႏိုင္ပါတယ္။ ၁၉ ရာစုအစကာလတစ္ခုမွာ ႏို႕အဆိပ္သင့္ျခင္းေၾကာင့္ လူေတြေထာင္နဲ႕ခ်ီေသဆံုးခဲ့ၾကျပီး ေအဗရာဟင္ လင္ကြန္းရဲ႕မိခင္ နန္စီဟန္႕ခ္လည္း ပါ၀င္ခဲ့ ပါတယ္။

ေဒါနပန္းပင္

ေဒါနပန္းပင္မ်ိဳးစိတ္တစ္ခုျဖစ္တဲ့ ဒီခရမ္းေရာင္ပန္းပင္ေလးဟာ အဆိပ္အရမ္းျပင္းတဲ့အတြက္ ေရွးေခတ္က အဆိပ္လူးျမွားထိပ္မွာ သုတ္လိမ္းျပီး စစ္ပြဲေတြ အမဲလိုက္ရာေတြမွာ သံုးခဲ့ၾကပါတယ္။ ဒီအပင္ကို စားမိရင္ (သို႕) ခႏၶာကိုယ္ထဲ၀င္သြားရင္ ေျခလက္ေတြမလႈပ္ႏုိင္ေတာ့ပဲ အူလမ္းေၾကာင္းေတြပါ ထိခိုက္ေစတဲ့အျပင္ ႏွလံုးနဲ႕အဆုတ္ထဲမွ အေၾကာေတြပါ ေသသြားေစပါတယ္။ ထိခိုက္ပြန္းပဲ့ရာရွိေနသူဟာ ဒီအပင္ရဲ႕အရည္နဲ႕ မထိမိေစသင့္ပါဘူး။ ဒီအပင္ဟာ အနံ႔လည္းဆိုးျပီး အရသာလည္းခါးတဲ့အတြက္ စားမိပီးအဆိပ္သင့္တဲ့ ျဖစ္ရပ္မ်ိဳးရွားပါးပါတယ္။

ေခါင္းေလာင္းပန္းပင္


ပန္းေတြတစ္ပင္လံုးေ၀ေနေအာင္ ပြင့္တတ္တဲ့အပင္ျဖစ္ျပီး ေျမာက္အေမရိကမွာ စတင္ေပါက္ေရာက္ခဲ့ကာ တကမၻာလံုးအနွံ႕ေတြ႕ရွိရပါတယ္။ ေခါင္းေလာင္းပံုပန္းေတြ တြဲလြဲ ခိုျပီးေ၀ေနေအာင္ ပြင့္တာေၾကာင့္ ေခါင္းေလာင္းပန္းပင္လို႕ ေခၚၾကျပီး ပန္းပြင့္အေရာင္မွာလည္း အျဖဴေရာင္၊ အ၀ါေရာင္၊ လိေမၼာ္ေရာင္နဲ႕ ပန္းေရာင္ ဆိုျပီး ကြဲျပားပါတယ္။ အပင္တစ္ခုလံုးမွာ အဆိပ္ေတြပါ၀င္ေနေပမဲ့ မူးယစ္ေဆးတစ္မ်ိဳးလို မူးယစ္ေစတာေၾကာင့္ တခ်ိဳ႕က ေရေႏြးထဲ ထည့္ခတ္ျပီး ေသာက္တတ္ၾကပါတယ္။ အပင္မ်ိဳးစိပ္တစ္ခုနဲ႕ တစ္ခု အဆိပ္ပါ၀င္မႈမတူညီၾကလို႕ သံုးစြဲမိတဲ့အဆိိပ္ပမာဏကို မွန္းဆရခက္တာေၾကာင့္ သံုးစြဲသူအမ်ားစု က လက္လြန္ျပီးေသဆံုးၾကရတာမ်ားပါတယ္။

မဲနယ္သီးပင္


မဲနယ္ေရာင္အရည္ရႊမ္းတဲ့ အသီးေသးေသးေလးေတြ သီးတဲ့အပင္ျဖစ္လို႕ မဲနယ္သီးပင္အမည္တြင္တဲ့ ဒီအပင္ဟာ ကမၻာ့အဆိပ္အျပင္းဆံုး အပင္တစ္မ်ိဳးျဖစ္ပါတယ္။ ေက်းလက္ေဒသေတြမွာ ကေလးေတြ ခူးယူကစားတတ္တဲ့ အသီးမ်ိဳးုျဖစ္ပါတယ္။ ဒီအသီးကိုစားမိရင္ စိတ္ေဖာက္ျပန္ျခင္း၊ စိတ္ကေယာင္ကတမ္းျဖစ္ျခင္း၊ အသံ၀င္ျခင္း၊ ေခါင္း ကိုက္ျခင္း၊ အလြန္အမင္းေရငတ္ျခင္း၊ အသက္႐ွဴၾကပ္ျခင္းနဲ႕ ၀က္႐ူးျပန္အေၾကာဆြဲျခင္းတို႕ ျဖစ္တတ္ပါတယ္။ အပင္တစ္ပင္လံုး အဆိပ္ေတြျပည့္ေနျပီး အသီးေလးေတြဟာ အေရာင္လည္းလွ အရသာလည္းခ်ိဳလို႕ ကေလးေတြစားမိတတ္ၾကပါတယ္။ မဲနယ္သီး ၁၀ -၂၀ လံုးထိ စားမိရင္ လူၾကီးတစ္ေယာက္ကိုပင္ ေသေစႏုိင္ပါတယ္။ အရြက္ဟာ ပိုအဆိပ္ျပင္းျပီး လူၾကီးတစ္ေယာက္ဟာ အရြက္တစ္ရြက္တည္း စားမိ႐ံုနဲ႕ ေသသြားႏိုင္ပါတယ္။

ဂမုန္းၾကီးပင္


အိမ္တြင္းအလွဆင္အပင္တစ္မ်ိဳးျဖစ္တဲ့ ဂမုန္းၾကီးပင္ဟာ အဆိပ္ရွိအပင္တစ္မ်ိဳးျဖစ္ျပီး အရြက္ကုိစားမိရင္ ပါးစပ္ေရာင္ရမ္းျပီး ယားယံနာက်င္ေစပါတယ္။ ေရာင္ရမ္းမႈျပင္းထန္တဲ့အခါ အသက္႐ွဴလမ္းေၾကာင္း ပိတ္ဆို႕တဲ့အထိ အေျခအေနဆိုးတတ္ပါတယ္။ အိမ္တြင္းသစ္ပင္မ်ိဳးျဖစ္လို႕ ကေလးရွိတဲ့အိမ္ေတြအေနနဲ႕ အထူးသတိထားသင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Yangon Life


#Unicode Version
အပင်တွေဟာ လူတွေကိုအကျိုးပြုကြတာ အားလုံးအသိပါပဲ။ ဒါပေမဲ့ အပင်တချို့ဟာ အဆိပ်တွေ ရှိနေပြီး အချိန်ကာလကိုလိုက်ပြီး အန္တရာယ်ရှိနိုင်သလို တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်ပြီးလည်း အန္တရာယ်ရှိနိုင်ပါတယ်။ အရှေ့တောင်အာရှမှာရော မြန်မာနိုင်ငံမှာပါ ပေါများစွာတွေ့နိုင်တဲ့ အဆိပ်ရှိအပင် (၅) မျိုးကို ဗဟုသုတအဖြစ် ရေးသားတင်ပြ လိုက်ပါ တယ်။

ဇာမဏီပင်

ဇာမဏီပင်ဟာ မြောက်အမေရိကမှာ စတင်ပေါက်ရောက်ခဲ့တဲ့ အပင်မျိုးဖြစ်ပြီး အဆိပ်အရမ်းပြင်းတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ စားမိရင် အော့အန်ခြင်း၊ တကိုယ်လုံးတုန်ခါခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းပြင်းထန်စွာထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ပေါက်ရောက်ပြီး မြန်မာနိုင်ငံ က ကျေးလက်တွေမှာ ပွန်းပဲ့ပြီးသွေး ထွက်ရင် ဇာမဏီရွက်ထုပြီးအုံတတ်ကြပါတယ်။ ဆောင်းရာသီမှာ အပွင့်ပွင့်လေ့ရှိပြီး အပွင့်ရာသီကုန်တဲ့အခါ မှုန်မွှားတဲ့အစေ့လေးတွေဟာ လေထဲမှာ ဝဲပျံသွား ကြပါတယ်။ ကျွဲနွားတွေဟာ အဲဒီအပင်ကိုစားမိတဲ့အခါ အဆိပ်တွေဟာ နို့နဲ့အသားထဲကို ရောက်ရှိသွားတတ်ပါတယ်။ ဒါကြောင့် အမဲသားနဲ့နွားနို့ကို စားသောက်သူတွေ ဆီ အဆိပ်တွေ ကူးစက်သွားနိုင်ပါတယ်။ ၁၉ ရာစုအစကာလတစ်ခုမှာ နို့အဆိပ်သင့်ခြင်းကြောင့် လူတွေထောင်နဲ့ချီသေဆုံးခဲ့ကြပြီး အေဗရာဟင် လင်ကွန်းရဲ့မိခင် နန်စီဟန့်ခ်လည်း ပါဝင်ခဲ့ ပါတယ်။

ဒေါနပန်းပင်

ဒေါနပန်းပင်မျိုးစိတ်တစ်ခုဖြစ်တဲ့ ဒီခရမ်းရောင်ပန်းပင်လေးဟာ အဆိပ်အရမ်းပြင်းတဲ့အတွက် ရှေးခေတ်က အဆိပ်လူးမြှားထိပ်မှာ သုတ်လိမ်းပြီး စစ်ပွဲတွေ အမဲလိုက်ရာတွေမှာ သုံးခဲ့ကြပါတယ်။ ဒီအပင်ကို စားမိရင် (သို့) ခန္ဓာကိုယ်ထဲဝင်သွားရင် ခြေလက်တွေမလှုပ်နိုင်တော့ပဲ အူလမ်းကြောင်းတွေပါ ထိခိုက်စေတဲ့အပြင် နှလုံးနဲ့အဆုတ်ထဲမှ အကြောတွေပါ သေသွားစေပါတယ်။ ထိခိုက်ပွန်းပဲ့ရာရှိနေသူဟာ ဒီအပင်ရဲ့အရည်နဲ့ မထိမိစေသင့်ပါဘူး။ ဒီအပင်ဟာ အနံ့လည်းဆိုးပြီး အရသာလည်းခါးတဲ့အတွက် စားမိပီးအဆိပ်သင့်တဲ့ ဖြစ်ရပ်မျိုးရှားပါးပါတယ်။

ခေါင်းလောင်းပန်းပင်

ပန်းတွေတစ်ပင်လုံးဝေနေအောင် ပွင့်တတ်တဲ့အပင်ဖြစ်ပြီး မြောက်အမေရိကမှာ စတင်ပေါက်ရောက်ခဲ့ကာ တကမ္ဘာလုံးအနှံ့တွေ့ရှိရပါတယ်။ ခေါင်းလောင်းပုံပန်းတွေ တွဲလွဲ ခိုပြီးဝေနေအောင် ပွင့်တာကြောင့် ခေါင်းလောင်းပန်းပင်လို့ ခေါ်ကြပြီး ပန်းပွင့်အရောင်မှာလည်း အဖြူရောင်၊ အဝါရောင်၊ လိမ္မော်ရောင်နဲ့ ပန်းရောင် ဆိုပြီး ကွဲပြားပါတယ်။ အပင်တစ်ခုလုံးမှာ အဆိပ်တွေပါဝင်နေပေမဲ့ မူးယစ်ဆေးတစ်မျိုးလို မူးယစ်စေတာကြောင့် တချို့က ရေနွေးထဲ ထည့်ခတ်ပြီး သောက်တတ်ကြပါတယ်။ အပင်မျိုးစိပ်တစ်ခုနဲ့ တစ်ခု အဆိပ်ပါဝင်မှုမတူညီကြလို့ သုံးစွဲမိတဲ့အဆိပ်ပမာဏကို မှန်းဆရခက်တာကြောင့် သုံးစွဲသူအများစု က လက်လွန်ပြီးသေဆုံးကြရတာများပါတယ်။

မဲနယ်သီးပင်

မဲနယ်ရောင်အရည်ရွှမ်းတဲ့ အသီးသေးသေးလေးတွေ သီးတဲ့အပင်ဖြစ်လို့ မဲနယ်သီးပင်အမည်တွင်တဲ့ ဒီအပင်ဟာ ကမ္ဘာ့အဆိပ်အပြင်းဆုံး အပင်တစ်မျိုးဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာ ကလေးတွေ ခူးယူကစားတတ်တဲ့ အသီးမျိုးုဖြစ်ပါတယ်။ ဒီအသီးကိုစားမိရင် စိတ်ဖောက်ပြန်ခြင်း၊ စိတ်ကယောင်ကတမ်းဖြစ်ခြင်း၊ အသံဝင်ခြင်း၊ ခေါင်း ကိုက်ခြင်း၊ အလွန်အမင်းရေငတ်ခြင်း၊ အသက်ရှူကြပ်ခြင်းနဲ့ ဝက်ရူးပြန်အကြောဆွဲခြင်းတို့ ဖြစ်တတ်ပါတယ်။ အပင်တစ်ပင်လုံး အဆိပ်တွေပြည့်နေပြီး အသီးလေးတွေဟာ အရောင်လည်းလှ အရသာလည်းချိုလို့ ကလေးတွေစားမိတတ်ကြပါတယ်။ မဲနယ်သီး ၁၀ -၂၀ လုံးထိ စားမိရင် လူကြီးတစ်ယောက်ကိုပင် သေစေနိုင်ပါတယ်။ အရွက်ဟာ ပိုအဆိပ်ပြင်းပြီး လူကြီးတစ်ယောက်ဟာ အရွက်တစ်ရွက်တည်း စားမိရုံနဲ့ သေသွားနိုင်ပါတယ်။

ဂမုန်းကြီးပင်

အိမ်တွင်းအလှဆင်အပင်တစ်မျိုးဖြစ်တဲ့ ဂမုန်းကြီးပင်ဟာ အဆိပ်ရှိအပင်တစ်မျိုးဖြစ်ပြီး အရွက်ကိုစားမိရင် ပါးစပ်ရောင်ရမ်းပြီး ယားယံနာကျင်စေပါတယ်။ ရောင်ရမ်းမှုပြင်းထန်တဲ့အခါ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့အထိ အခြေအနေဆိုးတတ်ပါတယ်။ အိမ်တွင်းသစ်ပင်မျိုးဖြစ်လို့ ကလေးရှိတဲ့အိမ်တွေအနေနဲ့ အထူးသတိထားသင့်ပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Yangon Life

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top