iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးတစ္ေယာက္က ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္မွာ ကေလးက်န္းမာေရးေကာင္းေစဖုိ႔အတြက္ ဘယ္လိုအစားအစာေတြ စားသင့္တယ္၊ ေရွာင္ၾကဥ္သင့္တယ္ဆုိတာကို သိရိွထားၾကတာမ်ားေပမယ့္ တခ်ဳိ႕အစားအစာေတြကေတာ့ ကိုယ္ဝန္ရႏုိင္ေခ်ကုိ ထိခုိက္ေစႏုိင္တယ္ဆုိတာကို မသိၾကပါဘူး။

ကဖင္းဓာတ္မ်ားျပားျခင္းက ကိုယ္ဝန္ရႏုိင္ေခ်ကုိ ထိခိုက္ေစႏုိင္တဲ့အတြက္ ကေလးလိုခ်င္တဲ့ အမ်ဳိးသမီးမ်ားအေနနဲ႔ ကဖင္းဓာတ္ကို တစ္ေန႔ ၂၀၀ မီလီဂရမ္ထက္ပိုျပီး မေသာက္သင့္ပါဘူး။ သားသမီးလိုခ်င္တာေၾကာင့္ ကိုယ္ဝန္ရရွိဖို႔ၾကိဳးစားေနတဲ့ အမ်ဳိးသမီးေတြဟာ အိုမီဂါ-3s ပါဝင္တဲ့ ေဆာ္လမြန္ငါးလိုငါးမ်ဳိးကို စားေပးတာေကာင္းမြန္ေပမဲ့ ျပဒါးပါဝင္မႈျမင့္မားတဲ့ ငါးမ်ဳိးေတြကိုေတာ့ မစားသင့္ပါဘူး။ တခ်ဳိ႕ငါးေတြမွာ ပါဝင္တဲ့ ျပဒါးဓာတ္က ခႏၶာကိုယ္ထဲမွာ ၁ ႏွစ္ေက်ာ္တဲ့အထိရွိေနႏုိင္ျပီး ကိုယ္ဝန္ရရွိမႈကို အဟန္႔အတားျဖစ္ေစပါတယ္။

ပဲပိစပ္မွာ အီစထရုိဂ်င္ေဟာ္မုန္းဓာတ္ ပါဝင္ျပီး အီစထရုိဂ်င္ဓာတ္မ်ားပါက ေဟာ္မုန္းမညီမွ်မႈကို ျဖစ္ေစျပီး မမ်ဳိးဥ ထုတ္ေပးျခင္းနဲ႔ သားဥေၾကြျခင္းတို႔အေပၚမွာ မေကာင္းတဲ့သက္ေရာက္မႈေတြရွိတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္လိုတဲ့ အိမ္ေထာင္ရွင္ အမ်ဳိးသမီးေတြအေနနဲ႔ ပဲပိစပ္ကို ေရွာင္ရမွာျဖစ္သလို ပဲပိစပ္ပါဝင္တဲ့ ဆီ၊ ႏုိ႔နဲ႔ ပဲျပားေတြကိုလည္း ေရွာင္ဖို႔လိုပါတယ္။

အယ္ကိုေဟာဓာတ္လြန္ျခင္းက သားဥမေၾကြျခင္း၊ အီစထရိုဂ်င္နဲ႔ ပရုိဂ်က္စထရုန္းစတဲ့ ေဟာ္မုန္းပမာဏေတြကို ပုံမွန္မဟုတ္တဲ့ အေျခအေနမ်ားျဖစ္ေစႏုိင္တဲ့အတြက္ တစ္ေန႔ ၂ ခြက္ေအာက္ပဲ ေသာက္သင့္ပါတယ္။

သၾကားမ်ားမ်ားစားျခင္းကလည္း( သၾကားလုံး၊ေဆာ္ဒါ၊ဖုတ္ထားေသာမုန္႔မ်ား)
 ေသြးတြင္းသၾကားဓာတ္ကို နိမ့္ေစတာေၾကာင့္ မ်ဳိးပြားေဟာ္မုန္းေတြထြက္ရွိမႈ ပမာဏကို အေႏွာင့္အယွက္ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ သၾကားအနည္းငယ္ေလွ်ာ့စားဖုိ႔လုိပါတယ္။

ထူးထူးျခားျခားအေနနဲ႔ အိမ္ေထာင္ရွင္အမ်ဳိးသားေတြကို သတိေပးခ်င္ပါတယ္။ အသင့္စားအသားျပားမ်ား( ဥပမာ- ဝက္ေပါင္ေျခာက္)ကုိ စားသုံးျခင္းက သုတ္ပိုးအရည္အေသြးကို နိမ့္ေစျပီး ပမာဏလည္းေလ်ာ့နည္းေစတဲ့အတြက္ သားသမီးရရွိဖုိ႔ ခက္ခဲႏုိင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ကလေးကျန်းမာရေးကောင်းစေဖို့အတွက် ဘယ်လိုအစားအစာတွေ စားသင့်တယ်၊ ရှောင်ကြဉ်သင့်တယ်ဆိုတာကို သိရှိထားကြတာများပေမယ့် တချို့အစားအစာတွေကတော့ ကိုယ်ဝန်ရနိုင်ချေကို ထိခိုက်စေနိုင်တယ်ဆိုတာကို မသိကြပါဘူး။

ကဖင်းဓာတ်များပြားခြင်းက ကိုယ်ဝန်ရနိုင်ချေကို ထိခိုက်စေနိုင်တဲ့အတွက် ကလေးလိုချင်တဲ့ အမျိုးသမီးများအနေနဲ့ ကဖင်းဓာတ်ကို တစ်နေ့ ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သင့်ပါဘူး။ သားသမီးလိုချင်တာကြောင့် ကိုယ်ဝန်ရရှိဖို့ကြိုးစားနေတဲ့ အမျိုးသမီးတွေဟာ အိုမီဂါ-3s ပါဝင်တဲ့ ဆော်လမွန်ငါးလိုငါးမျိုးကို စားပေးတာကောင်းမွန်ပေမဲ့ ပြဒါးပါဝင်မှုမြင့်မားတဲ့ ငါးမျိုးတွေကိုတော့ မစားသင့်ပါဘူး။ တချို့ငါးတွေမှာ ပါဝင်တဲ့ ပြဒါးဓာတ်က ခန္ဓာကိုယ်ထဲမှာ ၁ နှစ်ကျော်တဲ့အထိရှိနေနိုင်ပြီး ကိုယ်ဝန်ရရှိမှုကို အဟန့်အတားဖြစ်စေပါတယ်။

ပဲပိစပ်မှာ အီစထရိုဂျင်ဟော်မုန်းဓာတ် ပါဝင်ပြီး အီစထရိုဂျင်ဓာတ်များပါက ဟော်မုန်းမညီမျှမှုကို ဖြစ်စေပြီး မမျိုးဥ ထုတ်ပေးခြင်းနဲ့ သားဥကြွေခြင်းတို့အပေါ်မှာ မကောင်းတဲ့သက်ရောက်မှုတွေရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်လိုတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေအနေနဲ့ ပဲပိစပ်ကို ရှောင်ရမှာဖြစ်သလို ပဲပိစပ်ပါဝင်တဲ့ ဆီ၊ နို့နဲ့ ပဲပြားတွေကိုလည်း ရှောင်ဖို့လိုပါတယ်။

အယ်ကိုဟောဓာတ်လွန်ခြင်းက သားဥမကြွေခြင်း၊ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းစတဲ့ ဟော်မုန်းပမာဏတွေကို ပုံမှန်မဟုတ်တဲ့ အခြေအနေများဖြစ်စေနိုင်တဲ့အတွက် တစ်နေ့ ၂ ခွက်အောက်ပဲ သောက်သင့်ပါတယ်။

သကြားများများစားခြင်းကလည်း( သကြားလုံး၊ဆော်ဒါ၊ဖုတ်ထားသောမုန့်များ) သွေးတွင်းသကြားဓာတ်ကို နိမ့်စေတာကြောင့် မျိုးပွားဟော်မုန်းတွေထွက်ရှိမှု ပမာဏကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် သကြားအနည်းငယ်လျှော့စားဖို့လိုပါတယ်။

ထူးထူးခြားခြားအနေနဲ့ အိမ်ထောင်ရှင်အမျိုးသားတွေကို သတိပေးချင်ပါတယ်။ အသင့်စားအသားပြားများ( ဥပမာ- ဝက်ပေါင်ခြောက်)ကို စားသုံးခြင်းက သုတ်ပိုးအရည်အသွေးကို နိမ့်စေပြီး ပမာဏလည်းလျော့နည်းစေတဲ့အတွက် သားသမီးရရှိဖို့ ခက်ခဲနိုင်ပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top