iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ေခတ္မွာ ပ်ဳိေမအမ်ားစုဟာေခတ္ေရစီးေၾကာင္းနဲ႔အညီ ဆံေကသာေတြကို လွပေအာင္အမ်ဳိးမ်ဳိးဆင္ ယင္ထံုးဖြဲ႕လာၾကပါၿပီ။ ဒုတိယမ်က္ႏွာျဖစ္တဲ့ ဆံပင္ကိုအေရာင္တင္လိုက္၊ ေျဖာင့္လိုက္၊ ေကာက္လိုက္နဲ႔ ပံုစံအမ်ဳိးမ်ဳိး ျပဳျပင္ေနၾကတာေၾကာင့္ ဆံေကသာပ်က္စီးမႈနဲ႔ ႀကံဳေတြ႕ေနၾကရပါတယ္။ ဒါေၾကာင့္ ေငြအကုန္အက်လည္းမမ်ား စိုေျပေတာက္ပၿပီးေပ်ာ့ေပ်ာင္းတဲ့ ဆံေကသာအလွကို ပိုင္ဆုိင္ႏိုင္ဖုိ႔ ေဖာ္ျပပါနည္းလမ္းေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

(၁)    ဆံပင္မၾကာခဏျပဳျပင္ခ်င္တဲ့ဆႏၵကိုထိန္းခ်ဳပ္ပါ
ဆံပင္အေရာင္ခၽြတ္ျခင္း၊ ေဆးဆုိးျခင္းေတြ ခဏခဏ လုပ္တတ္ရင္ ဒီအေလ့အထကို စြန္႔လႊတ္ဖုိ႔အခ်ိန္တန္ပါၿပီ။ ဆံပင္အေျခာက္ခံစက္၀ယ္မယ္ဆုိရင္လည္း ေလေအးႏွင့္မႈတ္လို႔ရတဲ့ ဆံပင္အေျခာက္ခံစက္ကိုသာ ေရြးခ်ယ္၀ယ္ယူပါ။ ဆံပင္ေျဖာင့္စက္၊ ဆံပင္ေကာက္စက္ေတြကို အတတ္ႏုိင္ဆံုး မသံုးမိေအာင္ဆင္ျခင္ပါ။

(၂)    Sulfate (ဆာလဖိတ္) မပါ၀င္တဲ့ ဆံေကသာထိန္းအလွကုန္ကိုေရြးခ်ယ္ပါ
ဆာလဖိတ္ပါ၀င္တဲ့ ထုတ္ကုန္ပစၥည္းေတြကဆံသားကိုေျခာက္ေသြ႕ပ်က္စီးေစႏိုင္ပါတာေၾကာင့္ မိမိအသံုးျပဳမယ့္ Shampoo၊ Conditioner နဲ႔ ေခါင္းလိမ္းဆီမွာ ဆာလဖိတ္မပါ၀င္တဲ့ အမ်ဳိးအစားကိုေရြးခ်ယ္၀ယ္ယူပါ။

(၃)    ပ႐ိုတင္းဓာတ္ျဖည့္တင္းပါ
 ေျခာက္ေသြ႕ပ်က္စီးေနတဲ့ ဆံေကသာအတြက္ ပ႐ိုတင္းဓာတ္လုိအပ္ပါတယ္။ တစ္ပတ္မွာတစ္ႀကိမ္ ဆံသားကို ပ႐ိုတင္းဓာတ္ပါ၀င္တဲ့ ေပါင္းတင္ေဆးေတြနဲ႔ အားျဖည့္ေပးပါက သန္စြမ္းေတာက္ေျပာင္တဲ့ ဆံေကသာအလွကို ပိုင္ဆိုင္ ႏိုင္မွာပါ။

(၄)    Conditioner အသံုးျပဳပါ
Conditioner အသံုးျပဳျခင္းဟာသင့္ရဲပ်က္စီးသြားတဲ့ ဆံေကသာကို ျပန္လည္ထိန္းသိမ္းေပးႏိုင္တဲ့ အေကာင္းဆံုး နည္းလမ္းပဲျဖစ္ပါတယ္။ ဒါေၾကာင့္ Shampoo နဲ႔ ေခါင္းေလွ်ာ္ၿပီးတုိင္းမွာ Conditioner အသံုးျပဳေပးဖုိ႔လိုအပ္ပါတယ္။

(၅)    မသန္စြမ္းေတာ့တဲ့ ဆံပင္အဖ်ားေလးေတြကိုတိေပးပါ
အဖ်ားႏွစ္ခြျဖစ္ေနတဲ့ ဆံပင္နဲ႔ က်ိဳးေၾကေနတဲ့ ဆံပင္ေအာက္ဖ်ားေလးေတြကို ပံုမွန္ညႇပ္ေပးျခင္းဟာလည္း ဆံပင္ ဆက္လက္ ပ်က္စီးမႈမျဖစ္ေစရန္ ထိန္းသိမ္းနည္းတစ္နည္းပဲျဖစ္ပါတယ္။

(၆)    အပူေပးထားတဲ့ ဆီကိုအသံုးျပဳပါ
အုန္းဆီ၊ ေထာပတ္ဆီ(သို႔) သံလြင္ဆီကိုအပူေပးၿပီး ေႏြးေႏြးေလးျဖစ္လာပါက ဆံေကသာကိုလိမ္းေပးလိုက္ပါ။ ဒီလိုျပဳလုပ္တာက ဆံေကသာထိန္းသိမ္းရာမွာ လြန္စြာထိေရာက္မႈရွိပါတယ္။ သာမန္ဆံေကသာပိုင္ရွင္ေတြအေနနဲ႔ တစ္လတစ္ႀကိမ္သာ ထိန္းသိမ္းေပးဖို႔ လိုအပ္ၿပီး ေျခာက္ေသြ႕ပ်က္စီးေနတဲ့ဆံေကသာကိုေတာ့ ႏွစ္ပတ္တစ္ႀကိမ္ ျပဳျပင္ ထိန္းသိမ္းေပးဖုိ႔လိုအပ္ပါတယ္။

(၇)    ရာသီဥတုဒဏ္မွ ကာကြယ္ပါ
သင္အျပင္ထြက္တဲ့အခါ ေနေရာင္ျခည္ဒဏ္မွကာကြယ္ဖုိ႔အတြက္ သင့္ဆံပင္ကိုထိန္းသိမ္းရမယ္ဆုိတာ သိထားၿပီးျဖစ္မွာပါ။ ဒါေပမဲ့ မုိးဥတုအခ်ိန္အခါမွာလည္း ဆံေကသာကိုထိန္းသိမ္းဖုိ႔လိုအပ္ပါတယ္။ မုိးေရနဲ႔ထိေတြ႕တဲ့ ဆံသားဟာ ၾကမ္းတမ္းပ်က္စီးေစႏိုင္တာေၾကာင့္ haircoat (သို႔) ဆံေကာသာထိန္းပစၥည္းတစ္မ်ိဳးမ်ိဳးလိမ္းၿပီးမွ အျပင္ထြက္တာအေကာင္းဆံုးပါပဲ။

(၈)    သဘာ၀ေလေအးနဲ႔ထိေတြ႕ပါ
သင္ေခါင္းေလွ်ာ္ၿပီးတဲ့အခါ Hair dryer နဲ႔အေျခာက္ခံမယ့္အစား သဘာ၀ေလနဲ႔သာ ေျခာက္ေသြ႕ေစတာ အေကာင္းဆံုးျဖစ္ပါတယ္။ ေလပူေတြကဆံသားကိုေျခာက္ေသြ႕ေစၿပီးဆံပင္ ႏွစ္ခြျဖစ္ျခင္းကိုအားေပးပါတယ္။

Credit:Drmyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ယနေ့ခေတ်မှာ ပျိုမေအများစုဟာခေတ်ရေစီးကြောင်းနဲ့အညီ ဆံကေသာတွေကို လှပအောင်အမျိုးမျိုးဆင် ယင်ထုံးဖွဲ့လာကြပါပြီ။ ဒုတိယမျက်နှာဖြစ်တဲ့ ဆံပင်ကိုအရောင်တင်လိုက်၊ ဖြောင့်လိုက်၊ ကောက်လိုက်နဲ့ ပုံစံအမျိုးမျိုး ပြုပြင်နေကြတာကြောင့် ဆံကေသာပျက်စီးမှုနဲ့ ကြုံတွေ့နေကြရပါတယ်။ ဒါကြောင့် ငွေအကုန်အကျလည်းမများ စိုပြေတောက်ပပြီးပျော့ပျောင်းတဲ့ ဆံကေသာအလှကို ပိုင်ဆိုင်နိုင်ဖို့ ဖော်ပြပါနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)    ဆံပင်မကြာခဏပြုပြင်ချင်တဲ့ဆန္ဒကိုထိန်းချုပ်ပါ
ဆံပင်အရောင်ချွတ်ခြင်း၊ ဆေးဆိုးခြင်းတွေ ခဏခဏ လုပ်တတ်ရင် ဒီအလေ့အထကို စွန့်လွှတ်ဖို့အချိန်တန်ပါပြီ။ ဆံပင်အခြောက်ခံစက်ဝယ်မယ်ဆိုရင်လည်း လေအေးနှင့်မှုတ်လို့ရတဲ့ ဆံပင်အခြောက်ခံစက်ကိုသာ ရွေးချယ်ဝယ်ယူပါ။ ဆံပင်ဖြောင့်စက်၊ ဆံပင်ကောက်စက်တွေကို အတတ်နိုင်ဆုံး မသုံးမိအောင်ဆင်ခြင်ပါ။

(၂)    Sulfate (ဆာလဖိတ်) မပါဝင်တဲ့ ဆံကေသာထိန်းအလှကုန်ကိုရွေးချယ်ပါ
ဆာလဖိတ်ပါဝင်တဲ့ ထုတ်ကုန်ပစ္စည်းတွေကဆံသားကိုခြောက်သွေ့ပျက်စီးစေနိုင်ပါတာကြောင့် မိမိအသုံးပြုမယ့် Shampoo၊ Conditioner နဲ့ ခေါင်းလိမ်းဆီမှာ ဆာလဖိတ်မပါဝင်တဲ့ အမျိုးအစားကိုရွေးချယ်ဝယ်ယူပါ။

(၃)    ပရိုတင်းဓာတ်ဖြည့်တင်းပါ
 ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာအတွက် ပရိုတင်းဓာတ်လိုအပ်ပါတယ်။ တစ်ပတ်မှာတစ်ကြိမ် ဆံသားကို ပရိုတင်းဓာတ်ပါဝင်တဲ့ ပေါင်းတင်ဆေးတွေနဲ့ အားဖြည့်ပေးပါက သန်စွမ်းတောက်ပြောင်တဲ့ ဆံကေသာအလှကို ပိုင်ဆိုင် နိုင်မှာပါ။

(၄)    Conditioner အသုံးပြုပါ
Conditioner အသုံးပြုခြင်းဟာသင့်ရဲပျက်စီးသွားတဲ့ ဆံကေသာကို ပြန်လည်ထိန်းသိမ်းပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် Shampoo နဲ့ ခေါင်းလျှော်ပြီးတိုင်းမှာ Conditioner အသုံးပြုပေးဖို့လိုအပ်ပါတယ်။

(၅)    မသန်စွမ်းတော့တဲ့ ဆံပင်အဖျားလေးတွေကိုတိပေးပါ
အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်နဲ့ ကျိုးကြေနေတဲ့ ဆံပင်အောက်ဖျားလေးတွေကို ပုံမှန်ညှပ်ပေးခြင်းဟာလည်း ဆံပင် ဆက်လက် ပျက်စီးမှုမဖြစ်စေရန် ထိန်းသိမ်းနည်းတစ်နည်းပဲဖြစ်ပါတယ်။

(၆)    အပူပေးထားတဲ့ ဆီကိုအသုံးပြုပါ
အုန်းဆီ၊ ထောပတ်ဆီ(သို့) သံလွင်ဆီကိုအပူပေးပြီး နွေးနွေးလေးဖြစ်လာပါက ဆံကေသာကိုလိမ်းပေးလိုက်ပါ။ ဒီလိုပြုလုပ်တာက ဆံကေသာထိန်းသိမ်းရာမှာ လွန်စွာထိရောက်မှုရှိပါတယ်။ သာမန်ဆံကေသာပိုင်ရှင်တွေအနေနဲ့ တစ်လတစ်ကြိမ်သာ ထိန်းသိမ်းပေးဖို့ လိုအပ်ပြီး ခြောက်သွေ့ပျက်စီးနေတဲ့ဆံကေသာကိုတော့ နှစ်ပတ်တစ်ကြိမ် ပြုပြင် ထိန်းသိမ်းပေးဖို့လိုအပ်ပါတယ်။

(၇)    ရာသီဥတုဒဏ်မှ ကာကွယ်ပါ
သင်အပြင်ထွက်တဲ့အခါ နေရောင်ခြည်ဒဏ်မှကာကွယ်ဖို့အတွက် သင့်ဆံပင်ကိုထိန်းသိမ်းရမယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ဒါပေမဲ့ မိုးဥတုအချိန်အခါမှာလည်း ဆံကေသာကိုထိန်းသိမ်းဖို့လိုအပ်ပါတယ်။ မိုးရေနဲ့ထိတွေ့တဲ့ ဆံသားဟာ ကြမ်းတမ်းပျက်စီးစေနိုင်တာကြောင့် haircoat (သို့) ဆံကောသာထိန်းပစ္စည်းတစ်မျိုးမျိုးလိမ်းပြီးမှ အပြင်ထွက်တာအကောင်းဆုံးပါပဲ။

(၈)    သဘာဝလေအေးနဲ့ထိတွေ့ပါ
သင်ခေါင်းလျှော်ပြီးတဲ့အခါ Hair dryer နဲ့အခြောက်ခံမယ့်အစား သဘာဝလေနဲ့သာ ခြောက်သွေ့စေတာ အကောင်းဆုံးဖြစ်ပါတယ်။ လေပူတွေကဆံသားကိုခြောက်သွေ့စေပြီးဆံပင် နှစ်ခွဖြစ်ခြင်းကိုအားပေးပါတယ်။

Credit:Drmyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top