iMyanmarHouse.com - Best Property Website for Myanmar
×

ဝါလကင္းလြတ္သီတင္းက်ြတ္ျပီျဖစ္တဲ့အတြက္ မိဘအုပ္ထိန္းသူမ်ားဟာ အရြယ္ေရာက္လာတဲ့ သား၊သမီးေတြကို မိဘတို႕ရဲ႕ ဝတၱရားအတိုင္းထိမ္းျမားမဂၤလာျပဳေပးၾကျပီျဖစ္ပါတယ္။ ဒီလို မဂၤလာတရားနဲ႕အညီ မဂၤလာျပဳၾကတဲ့အခ်ိန္မွာ မဂၤလာေမာင္ႏွံမ်ားဟာ ကတိသစၥာတရားကို တိုင္တည္သက္ေသျပဳတဲ့အေနနဲ႕ မဂၤလာလက္ထပ္လက္စြပ္ေလးေတြကို အျပန္အလွန္ဝတ္ဆင္ေပးၾကရပါတယ္။ ဒါေၾကာင့္ ဒီလို အခ်ိန္အခါသမယမွာ ေမာင္ႏွံတို႕အတြက္ မဂၤလာျပဳမယ့္ ဒီမဂၤလာလက္စြပ္ေလးေတြ ဟာ အရမ္းကို အဓိပၸာယ္ရိွပါတယ္။

မဂၤလာေမာင္ႏွံေတြအေနနဲ႕ မဂၤလာ လက္ထပ္လက္စြပ္ေလးဝယ္ဖို႔ ေစ်းဝယ္ထြက္တဲ့အခ်ိန္မွာ ေရြးစရာေတြ မ်ားစြာနဲ႕ရႈပ္ေထြးမႈေတြ ၾကံဳေတြ႕ရႏိုင္ပါတယ္။တစ္ခ်ဳိ႕ သတို႕သား၊ သတို႕သမီးေတြဟာ ဒီလို မဂၤလာလက္စြပ္ေလး ကို ေရြးခ်ယ္တဲ့အခါ လွပျပည့္စံုတဲ့ လက္စြပ္ေလးတစ္စံုရရိွဖို႕အတြက္ အခ်ိန္အတိုင္းအတာတစ္ခု ယူတတ္ၾကတာကို ေတြ႕ရပါတယ္။တကယ္လို႕ ေမာင္ႏွံေတြအေနနဲ႕ လြယ္ကူေခ်ာေမြ႕စြာအခ်ိန္တိုေလးအတြင္းမွာ ျပည့္စံုေကာင္းမြန္တဲ့လက္စြပ္ေလးတစ္စံုကို ေရြးခ်ယ္ျဖစ္ခ်င္တယ္ဆိုရင္ ေအာက္ေဖာ္ျပပါ အခ်က္ေလး ေတြကို ထည့္သြင္းစဥ္းစား ေရြးခ်ယ္ပါက အဆင္ေျပႏိုင္မယ္လို႕ထင္ပါတယ္။

(၁) လက္စြပ္ျပဳလုပ္ရန္ေရႊ ၊ပလက္တီနမ္တို႕ကို ေရြးခ်ယ္ႏိုင္ပါတယ္။

လက္ထပ္လက္စြပ္ေတြကို ႏိုင္ငံတကာမွာေတာ့ အဝါေရာင္ေရႊ ၊ေရႊျဖဴ၊ ပလက္တီနမ္၊ တိုင္ေတနီယမ္၊ အျဖိဳက္နက္တို႕နဲ႕ျပဳလုပ္ျပီး ဝတ္ဆင္ၾကတာမ်ားပါတယ္။ အဝါေရာင္ေရႊ၊ ေရႊျဖဴ နဲ႕ ပလက္တီနမ္တို႕ဟာ အရည္အေသြးျမင့္ျပီး အဆင့္အတန္းရိွေပမယ့္ အေနာက္တိုင္းႏိုင္ငံမ်ားမွာ အျဖိဳက္နက္ နဲ႕ တိုင္ေတနီယမ္တို႕ကေတာ့ ပိုျပီးေခတ္မွီေနပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ေရြ၊ပလက္တီနမ္တို႕က ေခတ္မွီျပီး အသံုးမ်ားၾကပါတယ္။

(၂) အေရာင္ကို ေရြးခ်ယ္ပါ။

အေနာက္ႏိုင္ငံမ်ားမွာ ပလက္တီနမ္နဲ႕ ေရႊျဖဴတို႕ကေတာ့ လူၾကိဳက္အမ်ားဆံုး ေငြေရာင္ေရာစပ္ပါဝင္ေနတဲ့ သတၱဳေတြဘဲျဖစ္ပါတယ္။ အျဖိဳက္နက္နဲ႕ တိုင္ေတနီယမ္ တို႕ကေတာ့ ေငြေရာင္လိုမ်ဳိးမဟုတ္ဘဲ မီးခိုေရာင္ပံုစံမ်ဳိး ရိွေနပါတယ္။ေရႊေရာင္အုပ္စုထဲမွာေတာ့ အဝါေရာင္ေရႊက တစ္ခုတည္းေသာ အရည္အေသြးေကာင္းတဲ့ သတၱဳတစ္မ်ဳိးအေနနဲ႕ ရပ္တည္ေနပါတယ္။ ႏွင္းဆီေရႊ (rose gold) လို႕အမည္ရိွတဲ့ ေရႊတစ္မ်ဳိးကေတာ့ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ေလး အေရာင္ရိွကာ ၎ဟာလည္း အဝါေရာင္ေရႊလိုမ်ဳိး ဘဲ အရည္အေသြးေကာင္းမြန္စြာနဲ႕ ရပ္တည္ေနျခင္းဘဲျဖစ္ပါတယ္။ အေနာက္ႏိုင္ငံမ်ားမွာဒီလို ႏွင္းဆီေရႊ အေရာင္မ်ဳိးကို ေရြးခ်ယ္တတ္ၾကျပီး ျမန္မာႏိုင္ငံမွာေတာ့ အဝါေရာင္ေရႊကုိဘဲ အသံုးျပဳၾကတာမ်ားပါတယ္။ ျမန္မာႏိုင္ငံမွ ေမာင္ႏွံမ်ားအေနနဲ႕လည္း ဒီလိုဆန္းသစ္တဲ့ ႏွင္းဆီေရႊလို ပန္းေရာင္ေဖ်ာ့ေဖ်ာ့အေရာင္ေလးကို ေရြးခ်ယ္ျခင္းျဖင့္ တစ္မူထူးျခားတဲ့ ဆန္းသစ္မႈေတြကို ရရိွႏို္င္မွာျဖစ္ပါတယ္။

(၃) လက္စြပ္ေလးရဲ႕ အထူ၊အပါးကို ဂရုစိုက္ပါ။

ပံုမွန္အားျဖင့္ လက္စြပ္ေလးေတြ လုပ္ၾကတဲ့အခါ သတို႕သားအတြက္ လက္စြပ္ကိုထူထူေလးလုပ္တတ္ၾကျပီး သတို႕သမီးအတြက္ လက္စြပ္ကိုေတာ့ ပါးပါးေလးလုပ္ၾကပါတယ္တဲ့။ ဒါေပမယ့္ ဒီလိုပံုစံေတြအတိုင္းလိုက္စရာမလိုပါဘူး။ အမွန္အားျဖင့္ ထူထူထဲထဲလက္စြပ္ေလးေတြက သတိထားစရာျဖစ္ေနတဲ့အခ်ိန္မွာ ပါးပါးေလး လက္စြပ္ေလးေတြကေတာ့ ဝတ္ရတာ သက္ေသာင့္သက္တာရိွလွျပီး ဝတ္ဆင္တဲ့ ေမာင္ႏွံေတြအတြက္ အဆင္ေျပေျပခံစားမႈကိုရရိွေစပါတယ္။

(၄) လက္စြပ္ေလးမွာ ေက်ာက္မ်က္ရတနာေလးေတြကုိစီခ်ယ္ပါ။

ေမာင္ႏွံေတြအေနနဲ႕လက္စြပ္ေတြကုိ ေရြးခ်ယ္ၾကတဲ့အခါ ေက်ာက္မ်က္ေတြမပါဘဲ ဒီအတိုင္းေျပာင္ေခ်ာေလးေတြကို ေရြးခ်ယ္ၾကတာရိွျပီး တစ္ခ်ဳိ႕ကေတာ့ ေက်ာက္မ်က္ေလးေတြ၊ စိန္ေတြနဲ႕ ျပဳလုပ္ၾကတာရိွပါတယ္။အမ်ဳိးသမီးအမ်ားစုကေတာ့ ဒီလို မဂၤလာလက္ထပ္လက္စြပ္ေလးကို စိန္ေတြ၊ေက်ာက္မ်က္ေတြနဲ႕ စီခ်ယ္ထားတာကို ႏွစ္သက္တတ္ၾကပါတယ္။ အမ်ဳိးသားအမ်ားစုကေတာ့ ဒီအတိုင္းေျပာင္ေခ်ာေလးေတြကုိ ႏွစ္သက္တတ္ၾကပါတယ္။ ဒါေပမယ့္ အခ်ဳိ႕အမ်ဳိးသားေတြကေတာ့ ေျပာင္ေခ်ာရဲ႕အလယ္တြင္ ေတာက္ပတဲ့ေက်ာက္ကေလးတစ္လံုးကို ထည့္ျပီး ခန္ခန္႕ထည္ထည္ ဝတ္ဆင္တတ္ၾကပါတယ္။ ဒါေပမယ့္ အေနာက္ႏိုင္ငံမ်ားတြင္ေတာ့ အမ်ားအားျဖင့္ မဂၤလာလက္စြပ္ေလးေတြမွာ အေရာင္စံုတဲ့ ေက်ာက္မ်က္ေလးေတြစီျခယ္ျပီး ဝတ္ဆင္တတ္ၾကတာမ်ားပါတယ္။ ဒီလို ေရာင္စံုေက်ာက္မ်က္ေလးေတြစီျခယ္ျပီး ဝတ္ဆင္ရတာဟာလည္း လွပဆန္းသစ္မႈတစ္ခုကို ျဖစ္ေစတာေၾကာင့္ ေမာင္ႏွံမ်ားအေနနဲ႕ လည္း ဒီဆန္းသစ္မႈေလးကို ေဖာ္ထုတ္ျပသသင့္ပါတယ္ေနာ္။

(၅)မိမိလက္နဲ႕သင့္ေတာ္မယ့္ အရြယ္အစားကိုေရြးခ်ယ္ပါ။

သက္ေတာင့္သက္တာနဲ႕ ဝတ္လုိ႕အဆင္ေျပတဲ့မဂၤလာလက္စြပ္ေလးေတြဟာ အရမ္းကို လူၾကိဳက္မ်ားပါတယ္။ လက္ဆစ္ေတြကို မနာက်င္ေစဘဲေရွာေရွာရႈရႈဝတ္လို႕အဆင္ေျပေစျပီး လက္ေခ်ာင္းရဲ႕ အရည္ျပားလႊာေတြကုိ မထိခိုက္ေစဖို႕အတြက္ သတၱဳပါးပါးေလးနဲ႕ ျပဳလုပ္ၾကပါတယ္။ အဲဒီလို ဝတ္လို႕အဆင္ေျပဆံုးလက္စြပ္ေလးေတြဟာ လိပ္ခံုးပံုစံခံုးခံုးေလးေတြဘဲျဖစ္ပါတယ္။ ဒီလို ေမာင္ႏွံတို႕ရဲ႕ လက္အရြယ္အစားနဲ႕ လက္စြပ္အရြယ္အစား က ေခ်ာင္ေနတာေတြ ၊က်ပ္လြန္းေနတာေတြက စိတ္အေႏွာင့္အယွက္ျဖစ္ေစတာေၾကာင့္ ဒါဟာ မဂၤလာလက္စြပ္ေလးကို ေရြးခ်ယ္ရာမွာ သတိထားရမယ့္ အခ်က္ေလးတစ္ခ်က္ျဖစ္ပါတယ္။

(၆) အေခ်ာသတ္ထားတာကို အေသအခ်ာစီစစ္ေရြးခ်ယ္ပါ။

မဂၤလာလက္စြပ္ေတြကုိ အေရာင္တင္ျပီး တိုက္ခ်ြတ္ထားကာ ပိုမိုရုပ္လံုးၾကြျပီးလွပေစဖို႕ ျပဳျပင္ထားတာေတြရိွပါတယ္။ အေရာင္တင္ထားတဲ့အတြက္ လက္စြပ္ေလးေတြကေတာ့ ေတာက္ပျပီး အေရာင္ေတြျဖာလဲ့ေနသလို တိုက္ခ်ြတ္ထားတဲ့အတြက္ လက္စြပ္ေလးေတြကေတာ့ ကိုယ္ထည္အေနအထားဟာ ေခ်ာမြတ္ေနတတ္ၾကပါတယ္။

(၇) လက္စြပ္ရဲ႕ ထင္ရွားေပၚလြင္မႈကို ႏိႈင္းယွဥ္ပါ။

မဂၤလာလက္ထပ္လက္စြပ္အမ်ားစု ကို အေသးစိတ္ဒီဇိုင္းေဖာ္ျပီး ျပဳလုပ္ထားၾကတာျဖစ္ျပီး အဲဒီလက္စြပ္ေလးရဲ႕ အေသးစိတ္လွပမႈနဲ႕ တစ္မူထူးျခားတဲ့ ပံုစံေလး က ေမာင္ႏွံတို႕ရဲ႕ ကိုယ္ပိုင္ အမွတ္အသားေလးအျဖစ္ လက္ထပ္ပြဲေလးမွာ ထင္ရွားဝင့္ၾကြားေနမွာ ျဖစ္ပါတယ္။ဒါေၾကာင့္လက္စြပ္ေလးရဲ႕ ထင္ရွားေပၚလြင္မႈအေပၚ ေရြးခ်ယ္တတ္ဖို႕လိုပါတယ္။ဒါဟာလည္း အမွတ္တမဲ့ထားလို႕ရတဲ့ အရာမဟုတ္ဘဲ မဂၤလာေမာင္ႏွံရဲ႕ လက္ေခ်ာင္းေလးေတြမွာ လွပဝင့္ၾကြားစြာနဲ႕တည္ရိွေနမယ့္ အရာျဖစ္တာေၾကာင့္ ထည္ဝါေတာက္ပမႈနဲ႕အတူ ေမာင္ႏွံတို႕ရဲ႕ က်က္သေရကိုတိုးေစမွာျဖစ္ပါတယ္။

(၈) ေပါင္းစည္းျခင္းရဲ႕သေကၤတအျဖစ္ ဆင္တူေလးေတြ ေရြးခ်ယ္ပါ။

ေမာင္ႏွံတို႕အေနနဲ႕ လက္ထပ္လက္စြပ္ေလးေတြကို အတူဆင္တူေလး ဝတ္ဆင္သင့္ပါတယ္။ ဒါဟာ အတူတကြ ေပါင္းစည္းျခင္းဆိုတဲ့ အမွတ္သေကၤတ ျဖစ္တာေၾကာင့္ ေမာင္ႏွံတို႕အေနနဲ႕ အေရးၾကီးဆံုး ျဖစ္သလို ဒီလို လက္စြပ္ေလးေတြကုိ ဆင္တူေလး ဝတ္ဆင္လိုက္ျခင္းျဖင့္ ရာသက္ပန္ေပါင္းဖက္ေရးအတြက္ ကတိသစၥာကို ေဖာ္က်ဳးရာ မွာ ပိုမိုခိုင္ျမဲမႈကို ျဖစ္ေစပါတယ္။

(၉) မိမိတို႕ရဲ႕ ၾကိဳက္ႏွစ္သက္မႈ အတိုင္း ျပဳမူလုပ္ေဆာင္ပါ။

ေမာင္ႏွံတို႕ အေနနဲ႕ မိမိတို႕ ၾကိဳက္ႏွစ္သက္တဲ့ ဒီဇိုင္းကို ေရြးခ်ယ္တာအေကာင္းဆံုးဘဲျဖစ္ပါတယ္။ဒီလို ေရြးခ်ယ္ဖို႕အတြက္ မိမိရဲ႕ ၾကိဳက္ႏွစ္သက္မႈနဲ႕ပတ္သက္ျပီး အေသးစိတ္ေဖာ္ျပတတ္ဖို႕လိုပါတယ္။ ေက်ာက္မ်က္ရတနာေလးေတြ စီခ်ယ္ျပီး ဝတ္ဆင္တတ္တဲ့ အမ်ဳိးသား ၊အမ်ဳိးသမီးေတြ အတြက္ အေရာင္ ၂ မ်ဳိးစပ္ လက္စြပ္ေလးေတြဟာ တစ္မူထူးျခားျပီး ဆြဲေဆာင္မႈရိွေနတတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႕ဟာ မတူညီတဲ့ ဒီဇိုင္းမ်ဳိးစံုနဲ႕ လိုက္ဖက္တဲ့အတြက္ေၾကာင့္ဘဲျဖစ္ပါတယ္။ ဒီအျမင္ေလးကို ခံစားျပီး ေမာင္ႏွံမ်ားအေနနဲ႕ လြယ္ကူစြာ စဥ္းစားျပီး အေကာင္အထည္ေဖာ္ႏိုင္ပါတယ္။

ဒါေၾကာင့္ မဂၤလာေမာင္ႏွံတို႕အေနနဲ႕ ေဖာ္ျပပါ အခ်က္ေလးေတြကုိ ထည့္သြင္းစဥ္းစားျပီး ေရြးခ်ယ္ဝယ္ယူၾကမယ္ဆိုရင္ လြယ္ကူေခ်ာေမြ႕စြာနဲ႕ အခ်ိန္ေလးတစ္ခုအတြင္းမွာ မိမိတို႕ ၾကိဳက္ႏွစ္သက္ရာေလးေတြကို ရရိွႏိုင္ၾကမယ္လို႕ ခံစားမိရင္း မဂၤလာေမာင္ႏွံေတြအတြက္ အထူးေဖာ္ျပေပးလိုက္ရျခင္းျဖစ္ပါတယ္။

Credit:Yangon Life


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


ဝါလကင်းလွတ်သီတင်းကျွတ်ပြီဖြစ်တဲ့အတွက် မိဘအုပ်ထိန်းသူများဟာ အရွယ်ရောက်လာတဲ့ သား၊သမီးတွေကို မိဘတို့ရဲ့ ဝတ္တရားအတိုင်းထိမ်းမြားမင်္ဂလာပြုပေးကြပြီဖြစ်ပါတယ်။ ဒီလို မင်္ဂလာတရားနဲ့အညီ မင်္ဂလာပြုကြတဲ့အချိန်မှာ မင်္ဂလာမောင်နှံများဟာ ကတိသစ္စာတရားကို တိုင်တည်သက်သေပြုတဲ့အနေနဲ့ မင်္ဂလာလက်ထပ်လက်စွပ်လေးတွေကို အပြန်အလှန်ဝတ်ဆင်ပေးကြရပါတယ်။ ဒါကြောင့် ဒီလို အချိန်အခါသမယမှာ မောင်နှံတို့အတွက် မင်္ဂလာပြုမယ့် ဒီမင်္ဂလာလက်စွပ်လေးတွေ ဟာ အရမ်းကို အဓိပ္ပာယ်ရှိပါတယ်။

မင်္ဂလာမောင်နှံတွေအနေနဲ့ မင်္ဂလာ လက်ထပ်လက်စွပ်လေးဝယ်ဖို့ ဈေးဝယ်ထွက်တဲ့အချိန်မှာ ရွေးစရာတွေ များစွာနဲ့ရှုပ်ထွေးမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။တစ်ချို့ သတို့သား၊ သတို့သမီးတွေဟာ ဒီလို မင်္ဂလာလက်စွပ်လေး ကို ရွေးချယ်တဲ့အခါ လှပပြည့်စုံတဲ့ လက်စွပ်လေးတစ်စုံရရှိဖို့အတွက် အချိန်အတိုင်းအတာတစ်ခု ယူတတ်ကြတာကို တွေ့ရပါတယ်။တကယ်လို့ မောင်နှံတွေအနေနဲ့ လွယ်ကူချောမွေ့စွာအချိန်တိုလေးအတွင်းမှာ ပြည့်စုံကောင်းမွန်တဲ့လက်စွပ်လေးတစ်စုံကို ရွေးချယ်ဖြစ်ချင်တယ်ဆိုရင် အောက်ဖော်ပြပါ အချက်လေး တွေကို ထည့်သွင်းစဉ်းစား ရွေးချယ်ပါက အဆင်ပြေနိုင်မယ်လို့ထင်ပါတယ်။

(၁) လက်စွပ်ပြုလုပ်ရန်ရွှေ ၊ပလက်တီနမ်တို့ကို ရွေးချယ်နိုင်ပါတယ်။

လက်ထပ်လက်စွပ်တွေကို နိုင်ငံတကာမှာတော့ အဝါရောင်ရွှေ ၊ရွှေဖြူ၊ ပလက်တီနမ်၊ တိုင်တေနီယမ်၊ အဖြိုက်နက်တို့နဲ့ပြုလုပ်ပြီး ဝတ်ဆင်ကြတာများပါတယ်။ အဝါရောင်ရွှေ၊ ရွှေဖြူ နဲ့ ပလက်တီနမ်တို့ဟာ အရည်အသွေးမြင့်ပြီး အဆင့်အတန်းရှိပေမယ့် အနောက်တိုင်းနိုင်ငံများမှာ အဖြိုက်နက် နဲ့ တိုင်တေနီယမ်တို့ကတော့ ပိုပြီးခေတ်မှီနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ရွေ၊ပလက်တီနမ်တို့က ခေတ်မှီပြီး အသုံးများကြပါတယ်။

(၂) အရောင်ကို ရွေးချယ်ပါ။

အနောက်နိုင်ငံများမှာ ပလက်တီနမ်နဲ့ ရွှေဖြူတို့ကတော့ လူကြိုက်အများဆုံး ငွေရောင်ရောစပ်ပါဝင်နေတဲ့ သတ္တုတွေဘဲဖြစ်ပါတယ်။ အဖြိုက်နက်နဲ့ တိုင်တေနီယမ် တို့ကတော့ ငွေရောင်လိုမျိုးမဟုတ်ဘဲ မီးခိုရောင်ပုံစံမျိုး ရှိနေပါတယ်။ရွှေရောင်အုပ်စုထဲမှာတော့ အဝါရောင်ရွှေက တစ်ခုတည်းသော အရည်အသွေးကောင်းတဲ့ သတ္တုတစ်မျိုးအနေနဲ့ ရပ်တည်နေပါတယ်။ နှင်းဆီရွှေ (rose gold) လို့အမည်ရှိတဲ့ ရွှေတစ်မျိုးကတော့ ပန်းရောင်ဖျော့ဖျော့လေး အရောင်ရှိကာ ၎င်းဟာလည်း အဝါရောင်ရွှေလိုမျိုး ဘဲ အရည်အသွေးကောင်းမွန်စွာနဲ့ ရပ်တည်နေခြင်းဘဲဖြစ်ပါတယ်။ အနောက်နိုင်ငံများမှာဒီလို နှင်းဆီရွှေ အရောင်မျိုးကို ရွေးချယ်တတ်ကြပြီး မြန်မာနိုင်ငံမှာတော့ အဝါရောင်ရွှေကိုဘဲ အသုံးပြုကြတာများပါတယ်။ မြန်မာနိုင်ငံမှ မောင်နှံများအနေနဲ့လည်း ဒီလိုဆန်းသစ်တဲ့ နှင်းဆီရွှေလို ပန်းရောင်ဖျော့ဖျော့အရောင်လေးကို ရွေးချယ်ခြင်းဖြင့် တစ်မူထူးခြားတဲ့ ဆန်းသစ်မှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

(၃) လက်စွပ်လေးရဲ့ အထူ၊အပါးကို ဂရုစိုက်ပါ။

ပုံမှန်အားဖြင့် လက်စွပ်လေးတွေ လုပ်ကြတဲ့အခါ သတို့သားအတွက် လက်စွပ်ကိုထူထူလေးလုပ်တတ်ကြပြီး သတို့သမီးအတွက် လက်စွပ်ကိုတော့ ပါးပါးလေးလုပ်ကြပါတယ်တဲ့။ ဒါပေမယ့် ဒီလိုပုံစံတွေအတိုင်းလိုက်စရာမလိုပါဘူး။ အမှန်အားဖြင့် ထူထူထဲထဲလက်စွပ်လေးတွေက သတိထားစရာဖြစ်နေတဲ့အချိန်မှာ ပါးပါးလေး လက်စွပ်လေးတွေကတော့ ဝတ်ရတာ သက်သောင့်သက်တာရှိလှပြီး ဝတ်ဆင်တဲ့ မောင်နှံတွေအတွက် အဆင်ပြေပြေခံစားမှုကိုရရှိစေပါတယ်။

(၄) လက်စွပ်လေးမှာ ကျောက်မျက်ရတနာလေးတွေကိုစီချယ်ပါ။

မောင်နှံတွေအနေနဲ့လက်စွပ်တွေကို ရွေးချယ်ကြတဲ့အခါ ကျောက်မျက်တွေမပါဘဲ ဒီအတိုင်းပြောင်ချောလေးတွေကို ရွေးချယ်ကြတာရှိပြီး တစ်ချို့ကတော့ ကျောက်မျက်လေးတွေ၊ စိန်တွေနဲ့ ပြုလုပ်ကြတာရှိပါတယ်။အမျိုးသမီးအများစုကတော့ ဒီလို မင်္ဂလာလက်ထပ်လက်စွပ်လေးကို စိန်တွေ၊ကျောက်မျက်တွေနဲ့ စီချယ်ထားတာကို နှစ်သက်တတ်ကြပါတယ်။ အမျိုးသားအများစုကတော့ ဒီအတိုင်းပြောင်ချောလေးတွေကို နှစ်သက်တတ်ကြပါတယ်။ ဒါပေမယ့် အချို့အမျိုးသားတွေကတော့ ပြောင်ချောရဲ့အလယ်တွင် တောက်ပတဲ့ကျောက်ကလေးတစ်လုံးကို ထည့်ပြီး ခန်ခန့်ထည်ထည် ဝတ်ဆင်တတ်ကြပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံများတွင်တော့ အများအားဖြင့် မင်္ဂလာလက်စွပ်လေးတွေမှာ အရောင်စုံတဲ့ ကျောက်မျက်လေးတွေစီခြယ်ပြီး ဝတ်ဆင်တတ်ကြတာများပါတယ်။ ဒီလို ရောင်စုံကျောက်မျက်လေးတွေစီခြယ်ပြီး ဝတ်ဆင်ရတာဟာလည်း လှပဆန်းသစ်မှုတစ်ခုကို ဖြစ်စေတာကြောင့် မောင်နှံများအနေနဲ့ လည်း ဒီဆန်းသစ်မှုလေးကို ဖော်ထုတ်ပြသသင့်ပါတယ်နော်။

(၅)မိမိလက်နဲ့သင့်တော်မယ့် အရွယ်အစားကိုရွေးချယ်ပါ။

သက်တောင့်သက်တာနဲ့ ဝတ်လို့အဆင်ပြေတဲ့မင်္ဂလာလက်စွပ်လေးတွေဟာ အရမ်းကို လူကြိုက်များပါတယ်။ လက်ဆစ်တွေကို မနာကျင်စေဘဲရှောရှောရှုရှုဝတ်လို့အဆင်ပြေစေပြီး လက်ချောင်းရဲ့ အရည်ပြားလွှာတွေကို မထိခိုက်စေဖို့အတွက် သတ္တုပါးပါးလေးနဲ့ ပြုလုပ်ကြပါတယ်။ အဲဒီလို ဝတ်လို့အဆင်ပြေဆုံးလက်စွပ်လေးတွေဟာ လိပ်ခုံးပုံစံခုံးခုံးလေးတွေဘဲဖြစ်ပါတယ်။ ဒီလို မောင်နှံတို့ရဲ့ လက်အရွယ်အစားနဲ့ လက်စွပ်အရွယ်အစား က ချောင်နေတာတွေ ၊ကျပ်လွန်းနေတာတွေက စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ဒါဟာ မင်္ဂလာလက်စွပ်လေးကို ရွေးချယ်ရာမှာ သတိထားရမယ့် အချက်လေးတစ်ချက်ဖြစ်ပါတယ်။

(၆) အချောသတ်ထားတာကို အသေအချာစီစစ်ရွေးချယ်ပါ။

မင်္ဂလာလက်စွပ်တွေကို အရောင်တင်ပြီး တိုက်ချွတ်ထားကာ ပိုမိုရုပ်လုံးကြွပြီးလှပစေဖို့ ပြုပြင်ထားတာတွေရှိပါတယ်။ အရောင်တင်ထားတဲ့အတွက် လက်စွပ်လေးတွေကတော့ တောက်ပပြီး အရောင်တွေဖြာလဲ့နေသလို တိုက်ချွတ်ထားတဲ့အတွက် လက်စွပ်လေးတွေကတော့ ကိုယ်ထည်အနေအထားဟာ ချောမွတ်နေတတ်ကြပါတယ်။

(၇) လက်စွပ်ရဲ့ ထင်ရှားပေါ်လွင်မှုကို နှိုင်းယှဉ်ပါ။

မင်္ဂလာလက်ထပ်လက်စွပ်အများစု ကို အသေးစိတ်ဒီဇိုင်းဖော်ပြီး ပြုလုပ်ထားကြတာဖြစ်ပြီး အဲဒီလက်စွပ်လေးရဲ့ အသေးစိတ်လှပမှုနဲ့ တစ်မူထူးခြားတဲ့ ပုံစံလေး က မောင်နှံတို့ရဲ့ ကိုယ်ပိုင် အမှတ်အသားလေးအဖြစ် လက်ထပ်ပွဲလေးမှာ ထင်ရှားဝင့်ကြွားနေမှာ ဖြစ်ပါတယ်။ဒါကြောင့်လက်စွပ်လေးရဲ့ ထင်ရှားပေါ်လွင်မှုအပေါ် ရွေးချယ်တတ်ဖို့လိုပါတယ်။ဒါဟာလည်း အမှတ်တမဲ့ထားလို့ရတဲ့ အရာမဟုတ်ဘဲ မင်္ဂလာမောင်နှံရဲ့ လက်ချောင်းလေးတွေမှာ လှပဝင့်ကြွားစွာနဲ့တည်ရှိနေမယ့် အရာဖြစ်တာကြောင့် ထည်ဝါတောက်ပမှုနဲ့အတူ မောင်နှံတို့ရဲ့ ကျက်သရေကိုတိုးစေမှာဖြစ်ပါတယ်။

(၈) ပေါင်းစည်းခြင်းရဲ့သင်္ကေတအဖြစ် ဆင်တူလေးတွေ ရွေးချယ်ပါ။

မောင်နှံတို့အနေနဲ့ လက်ထပ်လက်စွပ်လေးတွေကို အတူဆင်တူလေး ဝတ်ဆင်သင့်ပါတယ်။ ဒါဟာ အတူတကွ ပေါင်းစည်းခြင်းဆိုတဲ့ အမှတ်သင်္ကေတ ဖြစ်တာကြောင့် မောင်နှံတို့အနေနဲ့ အရေးကြီးဆုံး ဖြစ်သလို ဒီလို လက်စွပ်လေးတွေကို ဆင်တူလေး ဝတ်ဆင်လိုက်ခြင်းဖြင့် ရာသက်ပန်ပေါင်းဖက်ရေးအတွက် ကတိသစ္စာကို ဖော်ကျုးရာ မှာ ပိုမိုခိုင်မြဲမှုကို ဖြစ်စေပါတယ်။

(၉) မိမိတို့ရဲ့ ကြိုက်နှစ်သက်မှု အတိုင်း ပြုမူလုပ်ဆောင်ပါ။

မောင်နှံတို့ အနေနဲ့ မိမိတို့ ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကို ရွေးချယ်တာအကောင်းဆုံးဘဲဖြစ်ပါတယ်။ဒီလို ရွေးချယ်ဖို့အတွက် မိမိရဲ့ ကြိုက်နှစ်သက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ဖော်ပြတတ်ဖို့လိုပါတယ်။ ကျောက်မျက်ရတနာလေးတွေ စီချယ်ပြီး ဝတ်ဆင်တတ်တဲ့ အမျိုးသား ၊အမျိုးသမီးတွေ အတွက် အရောင် ၂ မျိုးစပ် လက်စွပ်လေးတွေဟာ တစ်မူထူးခြားပြီး ဆွဲဆောင်မှုရှိနေတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မတူညီတဲ့ ဒီဇိုင်းမျိုးစုံနဲ့ လိုက်ဖက်တဲ့အတွက်ကြောင့်ဘဲဖြစ်ပါတယ်။ ဒီအမြင်လေးကို ခံစားပြီး မောင်နှံများအနေနဲ့ လွယ်ကူစွာ စဉ်းစားပြီး အကောင်အထည်ဖော်နိုင်ပါတယ်။

ဒါကြောင့် မင်္ဂလာမောင်နှံတို့အနေနဲ့ ဖော်ပြပါ အချက်လေးတွေကို ထည့်သွင်းစဉ်းစားပြီး ရွေးချယ်ဝယ်ယူကြမယ်ဆိုရင် လွယ်ကူချောမွေ့စွာနဲ့ အချိန်လေးတစ်ခုအတွင်းမှာ မိမိတို့ ကြိုက်နှစ်သက်ရာလေးတွေကို ရရှိနိုင်ကြမယ်လို့ ခံစားမိရင်း မင်္ဂလာမောင်နှံတွေအတွက် အထူးဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

Credit:Yangon Life

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top