iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္အေနနဲ႔ ေယာက်ာၤးတစ္ေယာက္က ကိုယ့္ကို တစ္ကယ္ ျမတ္ျမတ္ႏိုးႏိုး ရွိရဲ႕လား ၊ သေဘာက်ရဲ ႔ လားဆိုတာကို အလြယ္တကူ မသိႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေယာက်ာၤး အမ်ားစုဟာ မိန္းကေလးေတြဆီက သူတို႔လိုခ်င္တာကို ရႏိုင္ဖို႔အတြက္ မိန္းကေလးေတြ လိုခ်င္တာကို လိုက္ေလ်ာ ျဖည့္ဆည္းေပးေနေလ့ရွိလို႔ပါ။

ဒီလို ေလ့လာဖို႔ ဆိုတာ ဟာ ခက္ခဲေပမယ့္လည္း ေယဘူယ်အားျဖင့္ ေယာက်ာၤးေလးတစ္ေယာက္ဟာ မိန္းကေလးတစ္ေယာက္ကို တစ္ကယ္တမ္း တပ္မက္လိုခ်င္ ရဲ ႔လားဆိုတာ ၊ သူ႔ဘက္က သင့္ကို တစ္ကယ္ခ်စ္လားဆိုတာ သိသာေစမယ့္ လကၡဏာ အခ်ိဳ ႔ရွိေနပါတယ္။ အဲဒါေတြကေတာ့

၁။ လိင္ကိစၥအတြက္ပဲ သူ႔ဘက္က ဦးတည္ေနရင္

သင္တို႔ ၂ ေယာက္ဟာ ခ်ိန္းေတြ႔ၾကတဲ့အခါမွာ ညစာ သြားစားၾကပါမယ္။ ရုပ္ရွင္သြားၾကည့္ရင္လည္း ၾကည့္ပါမယ္။ ဒါေပမယ့္ သူဟာ အျခား ခ်စ္သူရည္းစားေတြလို ေပ်ာ္ရႊင္မႈ ၊ ၾကည္ႏူးမႈမ်ိဳးကို ဖန္တီးဖို႔ စိတ္ဆႏၵမရွိပဲ အတူအိပ္ဖို႔ ေလာက္ပဲ ေခါင္းထဲေတြးေနရင္ေတာ့ သူသင့္ ကို တကယ္ မခ်စ္ပါဘူး။

၂။ သူ႔ဘက္က အေပးအယူ မရွိရင္

ေယာက်ာၤးတစ္ေယာက္ဟာ မိန္းမ တစ္ေယာက္ကို တစ္ကယ္ခ်စ္ရင္ မေမးမျမန္းပဲ ညိႏိႈင္းေဆြးေႏြးမႈေတြကို စတင္လုပ္ေလ့ရွိပါတယ္။ မိန္းကေလးဘက္က အရာရာကို သေဘာတူတယ္ဆိုရင္ေတာင္ တစ္ကယ္ခ်စ္တဲ့ ေယာက်ာၤးေလး ဟာ ဘယ္ကိစၥမဆို ညိႈႏိႈင္းေဆြးေႏြးဖို႔ႀကိဳးစားမွာပါ။ ဘာေၾကာင့္လဲဆိုရင္ေတာ့ သူ႔ရဲ ႔ ရည္ရြယ္ခ်က္ဟာ သူခ်စ္တဲ့ မိန္းကေလးကို စိတ္ခ်မ္းသာေစခ်င္လို႔ပါပဲ။

၃။ သူ႔ဘက္က ကိုယ့္ကို ဂရုစိုက္တဲ့ပံု မေပၚရင္

ေယာက်ာၤးေလးတစ္ေယာက္ဟာ မိန္းကေလး တစ္ေယာက္ကို အၿမဲတမ္း ဂရုစိုက္မွာေသခ်ာပါတယ္။ မိန္းကေလးေတြဟာ ေယာက်ာၤးေလးေတြထက္စာရင္ အားႏြဲ႕သူေတြပါ။ ထီးေဆာင္းေပးတာမ်ိဳး ၊ တစ္ေနရာရာကိုေရာက္တဲ့အခါ ဦးစားေပးတာမ်ိဳး စတဲ့ ဂရုစိုက္မႈေတြကေတာ့ ေယာက်ာၤးတိုင္းလိုလို ျပဳလုပ္ေလ့ရွိပါတယ္။ ဒါေပမယ့္ သင့္ဘက္က အေၾကာင္းအရာ တစ္ခုခုနဲ႔ပတ္သက္ၿပီး စကားေတြေျပာေနမယ္။ သူလည္းၾကားေနမယ္။ ဒါေပမယ့္ သူ႕ဘက္က အာရံုစိုက္နားမေထာင္ဘူး ဆိုရင္ ဒါဟာ ဂရုမစိုက္တဲ့ သေဘာပါ။

၄။ သူ႔ကို လိုအပ္တဲ့အခါ ေရာက္မလာခဲ့ရင္

သူ႔ဘက္ကလည္း တစ္ခုခုဆို သင့္ကို အပူကပ္ေလ့မရွိတာမွန္ပါတယ္။ ဒါေပမယ့္ သင္လိုအပ္တဲ့အခါမွာလည္း သူ႔ဘက္က ဘာတစ္ခုမွ မကူညီလာဘူးဆိုရင္ေတာ့ ဒီအခ်စ္ေရးဟာ မွားယြင္းေနပါၿပီ။ ဘ၀ ၂ ခုကို ေပါင္းစပ္ဖို႔ ႀကိဳးစားတဲ့အခါမွာ ႏွစ္ယာက္လံုး တစ္သားတည္းက်ေနဖို႔လိုပါတယ္။ သူ႔ျပႆနာ ၊ ကိုယ့္ျပႆနာ ခြဲျခားေနလို႔ မရပါဘူး။ ႏွစ္ေယာက္အားနဲ႔ ေျဖရွင္းခ်င္စိတ္ရွိမွသာ သူ႔ဘက္က သင့္ကို တစ္ကယ္ခ်စ္တယ္လို႔ သတ္မွတ္ႏိုင္မွာ ျဖစ္ပါတယ္။

၅။ သင့္ကို အားေပးရမယ့္အစား ၊ တိုက္ခိုက္ေနမယ္ဆိုရင္

အခ်စ္နဲ႔ ပတ္သက္တဲ့ အံ့ၾသစရာ အေကာင္းဆံုး အရာက ခ်စ္သူရဲ ႔ အားေပးကူညီမႈ(Support)ပဲျဖစ္ပါတယ္။ မိန္းကေလးေတြ သိထားသင့္တဲ့ ခ်စ္သူ ေယာက်ာၤး ႏွစ္မ်ိဳးရွိပါတယ္။ ပထမတစ္မ်ိဳးကေတာ့ သင့္ရဲ ႔ အမွားေတြနဲ႔ အားနည္းခ်က္ေတြကို ေထာက္ျပတတ္သူျဖစ္ပါတယ္။ အေပၚယံအားျဖင့္ေတာ့ သူ႔ဘက္က သင့္ကို ပိုမို ေကာင္းမြန္လာေစခ်င္တဲ့ စိတ္နဲ႔ ေျပာတာလို႔ ျမင္လို႔ရပါတယ္။ေနာက္ထပ္ ေယာက်ာၤးတစ္မ်ိဳးကေတာ့ သင္ လုပ္ႏိုင္တာထက္ သင့္ကို ပိုျမင္ေပးၿပီး သင့္ကို သင္ျဖစ္ခ်င္တဲ့ အရာတိုင္း ေအာင္ျမင္ႏိုင္တယ္လို႔ အၿမဲတမ္း ေျမွာက္စား အားေပးေနတတ္သူေတြပါ။ ဒုတိယ ေယာက်ာၤးအမ်ိဳးအစားက သင့္ ဘ၀တစ္ခုလံုးကို ပိုမို ေကာင္းမြန္လာေအာင္ ဖန္တီးေပးႏိုင္ပါလိမ့္မယ္။ ပထမ အမ်ိဳးအစားကေတာ့ သင့္ကို အားငယ္စိတ္ေတြသာ ပိုလာေစမွာပါ။


Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိန်းကလေးတစ်ယောက်အနေနဲ့ ယောကျာၤးတစ်ယောက်က ကိုယ့်ကို တစ်ကယ် မြတ်မြတ်နိုးနိုး ရှိရဲ့လား ၊ သဘောကျရဲ့ လားဆိုတာကို အလွယ်တကူ မသိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယောကျာၤး အများစုဟာ မိန်းကလေးတွေဆီက သူတို့လိုချင်တာကို ရနိုင်ဖို့အတွက် မိန်းကလေးတွေ လိုချင်တာကို လိုက်လျော ဖြည့်ဆည်းပေးနေလေ့ရှိလို့ပါ။

ဒီလို လေ့လာဖို့ ဆိုတာ ဟာ ခက်ခဲပေမယ့်လည်း ယေဘူယျအားဖြင့် ယောကျာၤးလေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို တစ်ကယ်တမ်း တပ်မက်လိုချင် ရဲ့လားဆိုတာ ၊ သူ့ဘက်က သင့်ကို တစ်ကယ်ချစ်လားဆိုတာ သိသာစေမယ့် လက္ခဏာ အချို့ရှိနေပါတယ်။ အဲဒါတွေကတော့

၁။ လိင်ကိစ္စအတွက်ပဲ သူ့ဘက်က ဦးတည်နေရင်

သင်တို့ ၂ ယောက်ဟာ ချိန်းတွေ့ကြတဲ့အခါမှာ ညစာ သွားစားကြပါမယ်။ ရုပ်ရှင်သွားကြည့်ရင်လည်း ကြည့်ပါမယ်။ ဒါပေမယ့် သူဟာ အခြား ချစ်သူရည်းစားတွေလို ပျော်ရွှင်မှု ၊ ကြည်နူးမှုမျိုးကို ဖန်တီးဖို့ စိတ်ဆန္ဒမရှိပဲ အတူအိပ်ဖို့ လောက်ပဲ ခေါင်းထဲတွေးနေရင်တော့ သူသင့် ကို တကယ် မချစ်ပါဘူး။

၂။ သူ့ဘက်က အပေးအယူ မရှိရင်

ယောကျာၤးတစ်ယောက်ဟာ မိန်းမ တစ်ယောက်ကို တစ်ကယ်ချစ်ရင် မမေးမမြန်းပဲ ညိနှိုင်းဆွေးနွေးမှုတွေကို စတင်လုပ်လေ့ရှိပါတယ်။ မိန်းကလေးဘက်က အရာရာကို သဘောတူတယ်ဆိုရင်တောင် တစ်ကယ်ချစ်တဲ့ ယောကျာၤးလေး ဟာ ဘယ်ကိစ္စမဆို ညှိုနှိုင်းဆွေးနွေးဖို့ကြိုးစားမှာပါ။ ဘာကြောင့်လဲဆိုရင်တော့ သူ့ရဲ့ ရည်ရွယ်ချက်ဟာ သူချစ်တဲ့ မိန်းကလေးကို စိတ်ချမ်းသာစေချင်လို့ပါပဲ။

၃။ သူ့ဘက်က ကိုယ့်ကို ဂရုစိုက်တဲ့ပုံ မပေါ်ရင်

ယောကျာၤးလေးတစ်ယောက်ဟာ မိန်းကလေး တစ်ယောက်ကို အမြဲတမ်း ဂရုစိုက်မှာသေချာပါတယ်။ မိန်းကလေးတွေဟာ ယောကျာၤးလေးတွေထက်စာရင် အားနွဲ့သူတွေပါ။ ထီးဆောင်းပေးတာမျိုး ၊ တစ်နေရာရာကိုရောက်တဲ့အခါ ဦးစားပေးတာမျိုး စတဲ့ ဂရုစိုက်မှုတွေကတော့ ယောကျာၤးတိုင်းလိုလို ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် သင့်ဘက်က အကြောင်းအရာ တစ်ခုခုနဲ့ပတ်သက်ပြီး စကားတွေပြောနေမယ်။ သူလည်းကြားနေမယ်။ ဒါပေမယ့် သူ့ဘက်က အာရုံစိုက်နားမထောင်ဘူး ဆိုရင် ဒါဟာ ဂရုမစိုက်တဲ့ သဘောပါ။

၄။ သူ့ကို လိုအပ်တဲ့အခါ ရောက်မလာခဲ့ရင်

သူ့ဘက်ကလည်း တစ်ခုခုဆို သင့်ကို အပူကပ်လေ့မရှိတာမှန်ပါတယ်။ ဒါပေမယ့် သင်လိုအပ်တဲ့အခါမှာလည်း သူ့ဘက်က ဘာတစ်ခုမှ မကူညီလာဘူးဆိုရင်တော့ ဒီအချစ်ရေးဟာ မှားယွင်းနေပါပြီ။ ဘ၀ ၂ ခုကို ပေါင်းစပ်ဖို့ ကြိုးစားတဲ့အခါမှာ နှစ်ယာက်လုံး တစ်သားတည်းကျနေဖို့လိုပါတယ်။ သူ့ပြဿနာ ၊ ကိုယ့်ပြဿနာ ခွဲခြားနေလို့ မရပါဘူး။ နှစ်ယောက်အားနဲ့ ဖြေရှင်းချင်စိတ်ရှိမှသာ သူ့ဘက်က သင့်ကို တစ်ကယ်ချစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

၅။ သင့်ကို အားပေးရမယ့်အစား ၊ တိုက်ခိုက်နေမယ်ဆိုရင်

အချစ်နဲ့ ပတ်သက်တဲ့ အံ့သြစရာ အကောင်းဆုံး အရာက ချစ်သူရဲ့ အားပေးကူညီမှု(Support)ပဲဖြစ်ပါတယ်။ မိန်းကလေးတွေ သိထားသင့်တဲ့ ချစ်သူ ယောကျာၤး နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ သင့်ရဲ့ အမှားတွေနဲ့ အားနည်းချက်တွေကို ထောက်ပြတတ်သူဖြစ်ပါတယ်။ အပေါ်ယံအားဖြင့်တော့ သူ့ဘက်က သင့်ကို ပိုမို ကောင်းမွန်လာစေချင်တဲ့ စိတ်နဲ့ ပြောတာလို့ မြင်လို့ရပါတယ်။နောက်ထပ် ယောကျာၤးတစ်မျိုးကတော့ သင် လုပ်နိုင်တာထက် သင့်ကို ပိုမြင်ပေးပြီး သင့်ကို သင်ဖြစ်ချင်တဲ့ အရာတိုင်း အောင်မြင်နိုင်တယ်လို့ အမြဲတမ်း မြှောက်စား အားပေးနေတတ်သူတွေပါ။ ဒုတိယ ယောကျာၤးအမျိုးအစားက သင့် ဘဝတစ်ခုလုံးကို ပိုမို ကောင်းမွန်လာအောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ပထမ အမျိုးအစားကတော့ သင့်ကို အားငယ်စိတ်တွေသာ ပိုလာစေမှာပါ။


Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top