iMyanmarHouse.com - Best Property Website for Myanmar
×

ခုတေလာ ရက္ေတာ္ေတာ္မ်ားမ်ားမွာ သင္စိတ္ညစ္ျပီး ဖိအားေတြမ်ားေနတယ္လို႔ ခံစားရပါသလား။ သင့္အလုပ္ ဒါမွမဟုတ္ သင့္အိမ္က တူေလး၊ တူမေလးေတြကို အျပစ္ပုံခ်ဖို႔ လြယ္ကူပါလိမ့္မယ္။ ဒါေပမယ့္ ေအာက္မွေဖာ္ျပထားတဲ့ အခ်က္ေလးေတြကို သတိထားျပီး ျပန္စဥ္းစားမယ္ဆိုရင္ သင့္ရဲ႕ ရန္သူကို သင္ေဖာ္ထုတ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

သင့္ရဲ႕လက္ကိုင္ဖုန္း
က်ြန္မတုိ႕ေတြ အားလုံးက လက္ကိုင္ဖုန္းနဲ႔ ေဝးကြာေနရင္ ဂဏာမျငိမ္ျဖစ္ေနၾကတယ္လို႔ ကို႔ကိုယ္ကိုယ္ ထင္ထားၾကပုံပါပဲ။ ဒါေပမယ့္ လက္ကိုင္ဖုန္းနဲ႔ အျမဲတြယ္ကပ္ေနလို႔လည္း ပိုျပီးဖိအားေတြ မ်ားလာႏိုင္ပါတယ္။ ေဆးသုေတသနျပဳခ်က္အရ လက္ကိုင္ဖုန္းကို အခ်ိန္အမ်ားၾကီး အသုံးျပဳတတ္တဲ့ သူေတြဟာ စိုးရိမ္ေၾကာင့္ၾကစိတ္ေတြ ပိုမ်ားေနတာကို ေတြ႕ရိွခဲ့ပါတယ္။ အဲဒါေၾကာင့္ သင့္အေနနဲ႔ တိတ္တဆိတ္ အနားယူခ်င္တယ္ဆိုရင္ေတာ့ သင့္ဖုန္းသံကို ပိတ္ထားဖို႔ ၾကိဳးစားၾကည့္ပါ။ အထူးသျဖင့္ သင္ Gym ကစားေနတဲ့အခ်ိန္၊ ညစာစားေသာက္ေနခ်ိန္၊ အိပ္ခ်ိန္ေတြမွာ ဖုန္းေတြကို ပိတ္ထားသင့္ပါတယ္။

လူမူကြန္ယက္မ်ား သို႔မဟုတ္ မီဒီယာ
ေလ့လာေတြ႕ရိွခ်က္အရ Facebook မွာ သူငယ္ခ်င္းအမ်ားၾကီး ရထားတဲ့သူေတြဟာ အျခားလူေတြထက္ ပိုျပီး ဖိအားမ်ားတာကို ေတြ႕ရိွခဲ့တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သင့္ဆီက သူငယ္ခ်င္းေတြအမ်ားစုကို သင့္အေနနဲ႔ သူငယ္ခ်င္းအျဖစ္ လက္ခံထားျပီးမွေတာ့ စကားစျမည္ေျပာဖို႔ လိုအပ္လာတယ္ေလ။ ဒီကိစၥဟာလည္း ကိုယ့္ကို မသိမသာတိုက္ခိုက္ေနတဲ့ ဖိအားတစ္မ်ဳိးဆိုတာ သင့္အေနနဲ႔ ေမ့မထားသင့္ပါဘူး။

ရႈပ္ပြေနတဲ့အိပ္ခန္း
 ရႈပ္ပြေနတာျမင္ရင္ အလိုလို စိတ္ရႈပ္လာတတ္တယ္ဆိုတာ လူအမ်ားစုက သေဘာတူၾကမယ္လို႔ ယုံၾကည္ပါတယ္။ အိပ္ခန္းဟာတစ္ေန႔တာ လႈပ္ရွားမႈေတြကို ျပန္ျပီးေျဖေလ်ာ့ဖို႔ အပန္းေျဖတဲ့ေနရာလည္း ျဖစ္သလို သန္႔ရွင္းသပ္ရပ္ေနမွ က်န္းမာေရးအတြက္လည္း ေကာင္းမွာေပါ့။

အင္တာနက္အသုံးျပဳျခင္း
ဒီေန႔ေခတ္ လူငယ္အမ်ားစုအတြက္ ညအိပ္ယာထဲေရာက္တာနဲ႔ အင္တာနက္ဖြင့္ရတာက မျဖစ္မေနလုပ္ရတဲ့အရာ တစ္ခုလို စြဲလမ္းေနၾကပါတယ္။ ဒါမလုပ္သင့္တဲ့ အရာတစ္ခုပါ။ သင့္ကို စိတ္ဖိစီးမႈေပးတဲ့ ရန္သူတစ္ပါးလို သေဘာထားျပီး ဒီႏွစ္သက္စရာမေကာင္းတဲ့ အက်င့္ဆိုးကို ေဖ်ာက္ႏိုင္ေအာင္ ၾကိဳးစားလိုက္ဖို႔ အၾကံေပးခ်င္ပါတယ္။

သင္စားေသာက္တဲ့အစားအစာ
သင့္က်န္းမာေရးအတြက္ ဂရုစိုက္စားေသာက္ေနရျခင္းဟာလည္း သင့္ကို ဖိအားေပးတဲ့အခ်က္တစ္ခုပါပဲ။ ၾကိဳတင္စာရင္းျပဳစုျပီး အခ်ိန္္နဲ႔အမွ် စားသုံးျခင္းက သင့္က်န္းမာေရးအတြက္ ပိုသက္ေရာက္မႈရိွႏိုင္ပါတယ္။

အိပ္ခ်ိန္နည္းေနျခင္း
အိပ္ေရးမဝတဲ့ တစ္ေန႔တာ ျဖတ္သန္းရတာဟာ ကမာၻလုံးၾကီးကို ေခါင္းေပၚရြက္ထား သလိုပါပဲ။ ဒီကိစၥဟာလည္း အလုပ္မလုပ္ႏိုင္ေအာင္ အာရုံစိုက္ျခင္း အားနည္းလာေအာင္ လုပ္ေပးတဲ့ ရန္သူပါပဲ။ ၾကိဳးစားရုန္းကန္ေနတဲ့အခ်ိန္မွာ အိပ္စက္အနားယူျခင္းက ေအာင္ျမင္မႈပန္းတိုင္အေရာက္ ပို႔ေပးေနတဲ့ လုပ္ေဆာင္မႈမ်ားထဲက တစ္ခုျဖစ္သလို အသုံးမခ်တတ္ရင္ မဟာရန္သူ ျဖစ္ႏိုင္တယ္ဆိုတာ စာဖတ္သူတို႔ သေဘာေပါက္နားလည္ေစခ်င္ပါတယ္။

Credit:Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခုတလော ရက်တော်တော်များများမှာ သင်စိတ်ညစ်ပြီး ဖိအားတွေများနေတယ်လို့ ခံစားရပါသလား။ သင့်အလုပ် ဒါမှမဟုတ် သင့်အိမ်က တူလေး၊ တူမလေးတွေကို အပြစ်ပုံချဖို့ လွယ်ကူပါလိမ့်မယ်။ ဒါပေမယ့် အောက်မှဖော်ပြထားတဲ့ အချက်လေးတွေကို သတိထားပြီး ပြန်စဉ်းစားမယ်ဆိုရင် သင့်ရဲ့ ရန်သူကို သင်ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သင့်ရဲ့လက်ကိုင်ဖုန်း
ကျွန်မတို့တွေ အားလုံးက လက်ကိုင်ဖုန်းနဲ့ ဝေးကွာနေရင် ဂဏာမငြိမ်ဖြစ်နေကြတယ်လို့ ကို့ကိုယ်ကိုယ် ထင်ထားကြပုံပါပဲ။ ဒါပေမယ့် လက်ကိုင်ဖုန်းနဲ့ အမြဲတွယ်ကပ်နေလို့လည်း ပိုပြီးဖိအားတွေ များလာနိုင်ပါတယ်။ ဆေးသုတေသနပြုချက်အရ လက်ကိုင်ဖုန်းကို အချိန်အများကြီး အသုံးပြုတတ်တဲ့ သူတွေဟာ စိုးရိမ်ကြောင့်ကြစိတ်တွေ ပိုများနေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ တိတ်တဆိတ် အနားယူချင်တယ်ဆိုရင်တော့ သင့်ဖုန်းသံကို ပိတ်ထားဖို့ ကြိုးစားကြည့်ပါ။ အထူးသဖြင့် သင် Gym ကစားနေတဲ့အချိန်၊ ညစာစားသောက်နေချိန်၊ အိပ်ချိန်တွေမှာ ဖုန်းတွေကို ပိတ်ထားသင့်ပါတယ်။

လူမူကွန်ယက်များ သို့မဟုတ် မီဒီယာ
လေ့လာတွေ့ရှိချက်အရ Facebook မှာ သူငယ်ချင်းအများကြီး ရထားတဲ့သူတွေဟာ အခြားလူတွေထက် ပိုပြီး ဖိအားများတာကို တွေ့ရှိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဆီက သူငယ်ချင်းတွေအများစုကို သင့်အနေနဲ့ သူငယ်ချင်းအဖြစ် လက်ခံထားပြီးမှတော့ စကားစမြည်ပြောဖို့ လိုအပ်လာတယ်လေ။ ဒီကိစ္စဟာလည်း ကိုယ့်ကို မသိမသာတိုက်ခိုက်နေတဲ့ ဖိအားတစ်မျိုးဆိုတာ သင့်အနေနဲ့ မေ့မထားသင့်ပါဘူး။

ရှုပ်ပွနေတဲ့အိပ်ခန်း
 ရှုပ်ပွနေတာမြင်ရင် အလိုလို စိတ်ရှုပ်လာတတ်တယ်ဆိုတာ လူအများစုက သဘောတူကြမယ်လို့ ယုံကြည်ပါတယ်။ အိပ်ခန်းဟာတစ်နေ့တာ လှုပ်ရှားမှုတွေကို ပြန်ပြီးဖြေလျော့ဖို့ အပန်းဖြေတဲ့နေရာလည်း ဖြစ်သလို သန့်ရှင်းသပ်ရပ်နေမှ ကျန်းမာရေးအတွက်လည်း ကောင်းမှာပေါ့။

အင်တာနက်အသုံးပြုခြင်း
ဒီနေ့ခေတ် လူငယ်အများစုအတွက် ညအိပ်ယာထဲရောက်တာနဲ့ အင်တာနက်ဖွင့်ရတာက မဖြစ်မနေလုပ်ရတဲ့အရာ တစ်ခုလို စွဲလမ်းနေကြပါတယ်။ ဒါမလုပ်သင့်တဲ့ အရာတစ်ခုပါ။ သင့်ကို စိတ်ဖိစီးမှုပေးတဲ့ ရန်သူတစ်ပါးလို သဘောထားပြီး ဒီနှစ်သက်စရာမကောင်းတဲ့ အကျင့်ဆိုးကို ဖျောက်နိုင်အောင် ကြိုးစားလိုက်ဖို့ အကြံပေးချင်ပါတယ်။

သင်စားသောက်တဲ့အစားအစာ
သင့်ကျန်းမာရေးအတွက် ဂရုစိုက်စားသောက်နေရခြင်းဟာလည်း သင့်ကို ဖိအားပေးတဲ့အချက်တစ်ခုပါပဲ။ ကြိုတင်စာရင်းပြုစုပြီး အချိန်နဲ့အမျှ စားသုံးခြင်းက သင့်ကျန်းမာရေးအတွက် ပိုသက်ရောက်မှုရှိနိုင်ပါတယ်။

အိပ်ချိန်နည်းနေခြင်း
အိပ်ရေးမဝတဲ့ တစ်နေ့တာ ဖြတ်သန်းရတာဟာ ကမ္ဘာလုံးကြီးကို ခေါင်းပေါ်ရွက်ထား သလိုပါပဲ။ ဒီကိစ္စဟာလည်း အလုပ်မလုပ်နိုင်အောင် အာရုံစိုက်ခြင်း အားနည်းလာအောင် လုပ်ပေးတဲ့ ရန်သူပါပဲ။ ကြိုးစားရုန်းကန်နေတဲ့အချိန်မှာ အိပ်စက်အနားယူခြင်းက အောင်မြင်မှုပန်းတိုင်အရောက် ပို့ပေးနေတဲ့ လုပ်ဆောင်မှုများထဲက တစ်ခုဖြစ်သလို အသုံးမချတတ်ရင် မဟာရန်သူ ဖြစ်နိုင်တယ်ဆိုတာ စာဖတ်သူတို့ သဘောပေါက်နားလည်စေချင်ပါတယ်။


Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top