iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကိုယ္ လွပၿပီး က်န္းမာေရးေကာင္းမြန္ေစဖို႔ ဆိုတာ လူတိုင္း (အထူးသျဖင့္ မိန္းကေလးတိုင္း) ရဲ႕ အိမ္မက္ပါပဲ။ ဒီ ေဆာင္းပါးမွာ ခႏၶာကိုယ္လွပၿပီး က်န္းမာသာယာတဲ့ ဘဝကို ရရွိေစဖို႔ လုပ္ေဆာင္သင့္တဲ့ အခ်က္ (၈) ခ်က္ကို ေရးသားေပးထားပါတယ္။

(၁) စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ။

စိတ္ဖိစီးမႈ မ်ားျခင္းဟာ ခႏၶာကိုယ္အတြက္ မလိုအပ္တဲ့ အဆီေတြ စုေစၿပီး ခႏၶာကိုယ္ကို ဝ ေစပါတယ္။ စိတ္ဖိစီးမႈ မ်ားသူေတြဟာ အမ်ားအားျဖင့္ မ်က္ႏွာမၾကည္မလင္ျဖစ္ေနတတ္တာေတြ၊ စကားေျပာ အေပါက္အလမ္းမတည့္ေတာ့တာေတြေၾကာင့္ ေပါင္းသင္းဆက္ဆံေရးမွာလဲ ထိခိုက္ေစပါတယ္။ ဒါေၾကာင့္ က်န္းမာလွပဖို႔ ပထမဆံုးလုပ္ရမွာက စိတ္ကို ေပါ့ေပါ့ပါးပါးထားပါ။ အပန္းေျဖ ရုပ္ရွင္ၾကည့္တာမ်ိဳး လည္ပတ္တာမ်ိဳး လုပ္ပါ။

(၂) ေရမ်ားမ်ားေသာက္ပါ။

ေရေသာက္ျခင္းဟာ ခႏၶာကိုယ္က မလိုအပ္တဲ့ အဆီေတြကို က်ေစရံုသာမက က်န္းမာေရးကိုလဲ ေကာင္းမြန္ေစပါတယ္။ တစ္ေန႔ကို ေရဖန္ခြက္ ၈ ခြက္ေလာက္ ေသာက္သံုးျခင္းျဖင့္ ေရဓာတ္ ခမ္းေျခာက္မႈကို ကာကြယ္ႏိုင္ၿပီး ခႏၶာကိုယ္ သြယ္လ်လွပလာမွာပါ။

(၃) တစ္ခါစားရင္ နည္းနည္းစီ နဲ႔ အႀကိမ္ေရမ်ားမ်ား အစားစားပါ။

အဝလြန္ေနလို႔ အစားေလွ်ာ႔စားတယ္ဆိုတာ မွန္ကန္တဲ့နည္းလမ္းမဟုတ္ပါဘူး။ မွန္ကန္တဲ့နည္းလမ္းက တစ္ခါစားရင္ နည္းနည္းစီ နဲ႔ အႀကိမ္ေရမ်ားမ်ားစားျခင္းပါပဲ။ ဒါမွ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရ ရရွိမွာျဖစ္ၿပီး ဝိတ္လဲ က်ေစမွာျဖစ္ပါတယ္။ (၃) နာရီျခားတစ္ခါ၊ တစ္ရက္ကို (၅) ႀကိမ္ေလာက္ အစာစားသင့္ပါတယ္။ ၿပီးေတာ့ စားတဲ့အခ်ိန္ေတြဟာလဲ ပံုမွန္ရွိသင့္ၿပီး ညဘက္ အရမ္းေနာက္က်ရင္ေတာ့ မစားတာေကာင္းပါတယ္။

(၄) အိပ္ေရးဝဝအိပ္ပါ။

အိပ္ေရးမဝျခင္းဟာ ပိန္ေစတယ္လို႔ ထင္ၾကပါတယ္။ တကယ္က ဆန္႔က်င္ဖက္ပါ။ အိပ္ေရးဝဝ မအိပ္ရင္ ခႏၶာကိုယ္မွာ မလိုအပ္တဲ့ အဆီေတြ စုလာေစၿပီး ဝ လာေစပါတယ္။ တစ္ေန႔ကို ၈ နာရီေလာက္ ပံုမွန္ အိပ္သင့္ပါတယ္။

(၅) အစိမ္းေရာင္ရွိတဲ့အသီးအရြက္ နဲ႔ အရြက္စိမ္းမ်ား စားပါ။

အသီးအရြက္ေတြဟာ ခႏၶာကိုယ္အတြက္ မိတ္ေဆြေတြပါ။ ခႏၶာကိုယ္လွပၿပီး က်န္းမာခ်င္တယ္ဆိုရင္ အစိမ္းေရာင္ အသီးအရြယ္ မ်ားမ်ားစားသင့္ပါတယ္။ ကန္စြန္းရြက္လိုမ်ိဳး အရြက္ဆိုရင္ အစိမ္းသုတ္ စားတာမ်ိဳးနဲ႔ စားသင့္ပါတယ္။

(၆) လက္ဖက္ရည္ၾကမ္း (Green Tea) ေသာက္ပါ။

ေကာ္ဖီေတြ၊ လက္ဖက္ရည္ေတြ ေသာက္ျခင္းထက္ လက္ဖက္ရည္ၾကမ္းေသာက္ျခင္းက လူကို ပိုၿပီး အေထာက္အကူျပဳပါတယ္။ တစ္ေန႔ကို လက္ဖက္ရည္ၾကမ္း ၂ ခြက္ေလာက္ ေသာက္ေပးျခင္းျဖင့္ ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စဥ္ကို အေထာက္အကူေပးပါတယ္။

(၇) သံဓာတ္ပါဝင္တဲ့ အစားအစာ မ်ားမ်ားစားပါ။

သံဓာတ္ဟာ ခႏၶာကိုယ္ထဲမွာ ရွိတဲ့ ေသြးထဲက သၾကားဓာတ္ကို စြမ္းအင္အျဖစ္ေျပာင္းေပးပါတယ္။ ငါး၊ အသား နဲ႔ ပဲ လို သံဓာတ္မ်ားတဲ့အစားအစာ စားျခင္းျဖင့္ ခႏၶာကိုယ္ကို အၿမဲ Active ျဖစ္ေနေစဖို႔ ကူညီေပးပါတယ္။

(၈) လႈပ္လႈပ္ရွားရွားေနထိုင္ပါ။

ခႏၶာကိုယ္အဆီစုရျခင္းရဲ႕ အဓိက အခ်က္တစ္ခုကေတာ့ သိပ္မလႈပ္ရွားျဖစ္လို႔ပါပဲ။ ေန႔စဥ္ စားပြဲမွာထိုင္ အလုပ္လုပ္ၿပီး ကိုယ္လက္လႈပ္ရွားမႈမရွိတဲ့အခါ မလိုလားအပ္တဲ့ အဆီေတြ စုလာၿပီး ဝ လာေတာ့တာပါပဲ။ ေန႔စဥ္ ေလ့က်င့္ခန္းလုပ္ေပးျခင္း၊ လမ္းေလ်ွာက္ျခင္း၊ ေျပးျခင္း စတဲ့ လႈပ္ရွားမႈေတြလုပ္ေပးျခင္းျဖင့္ ဝ ျခင္းကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေပးပါ။ အနည္းဆံုး ရံုးမွ အိမ္ကို လမ္းေလွ်ာက္ျပန္ျခင္း၊ ရံုးေလွကားေတြကို ေျပးတက္၊ ေျပးဆင္းျခင္းေလာက္ေတာ့ လုပ္ေပးသင့္ပါတယ္။


Credit: akhayar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခန္ဓာကိုယ် လှပပြီး ကျန်းမာရေးကောင်းမွန်စေဖို့ ဆိုတာ လူတိုင်း (အထူးသဖြင့် မိန်းကလေးတိုင်း) ရဲ့ အိမ်မက်ပါပဲ။ ဒီ ဆောင်းပါးမှာ ခန္ဓာကိုယ်လှပပြီး ကျန်းမာသာယာတဲ့ ဘဝကို ရရှိစေဖို့ လုပ်ဆောင်သင့်တဲ့ အချက် (၈) ချက်ကို ရေးသားပေးထားပါတယ်။

(၁) စိတ်ဖိစီးမှုကို လျှော့ချပါ။

စိတ်ဖိစီးမှု များခြင်းဟာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆီတွေ စုစေပြီး ခန္ဓာကိုယ်ကို ဝ စေပါတယ်။ စိတ်ဖိစီးမှု များသူတွေဟာ အများအားဖြင့် မျက်နှာမကြည်မလင်ဖြစ်နေတတ်တာတွေ၊ စကားပြော အပေါက်အလမ်းမတည့်တော့တာတွေကြောင့် ပေါင်းသင်းဆက်ဆံရေးမှာလဲ ထိခိုက်စေပါတယ်။ ဒါကြောင့် ကျန်းမာလှပဖို့ ပထမဆုံးလုပ်ရမှာက စိတ်ကို ပေါ့ပေါ့ပါးပါးထားပါ။ အပန်းဖြေ ရုပ်ရှင်ကြည့်တာမျိုး လည်ပတ်တာမျိုး လုပ်ပါ။

(၂) ရေများများသောက်ပါ။

ရေသောက်ခြင်းဟာ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီတွေကို ကျစေရုံသာမက ကျန်းမာရေးကိုလဲ ကောင်းမွန်စေပါတယ်။ တစ်နေ့ကို ရေဖန်ခွက် ၈ ခွက်လောက် သောက်သုံးခြင်းဖြင့် ရေဓာတ် ခမ်းခြောက်မှုကို ကာကွယ်နိုင်ပြီး ခန္ဓာကိုယ် သွယ်လျလှပလာမှာပါ။

(၃) တစ်ခါစားရင် နည်းနည်းစီ နဲ့ အကြိမ်ရေများများ အစားစားပါ။

အဝလွန်နေလို့ အစားလျှော့စားတယ်ဆိုတာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ မှန်ကန်တဲ့နည်းလမ်းက တစ်ခါစားရင် နည်းနည်းစီ နဲ့ အကြိမ်ရေများများစားခြင်းပါပဲ။ ဒါမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရ ရရှိမှာဖြစ်ပြီး ဝိတ်လဲ ကျစေမှာဖြစ်ပါတယ်။ (၃) နာရီခြားတစ်ခါ၊ တစ်ရက်ကို (၅) ကြိမ်လောက် အစာစားသင့်ပါတယ်။ ပြီးတော့ စားတဲ့အချိန်တွေဟာလဲ ပုံမှန်ရှိသင့်ပြီး ညဘက် အရမ်းနောက်ကျရင်တော့ မစားတာကောင်းပါတယ်။

(၄) အိပ်ရေးဝဝအိပ်ပါ။

အိပ်ရေးမဝခြင်းဟာ ပိန်စေတယ်လို့ ထင်ကြပါတယ်။ တကယ်က ဆန့်ကျင်ဖက်ပါ။ အိပ်ရေးဝဝ မအိပ်ရင် ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အဆီတွေ စုလာစေပြီး ဝ လာစေပါတယ်။ တစ်နေ့ကို ၈ နာရီလောက် ပုံမှန် အိပ်သင့်ပါတယ်။

(၅) အစိမ်းရောင်ရှိတဲ့အသီးအရွက် နဲ့ အရွက်စိမ်းများ စားပါ။

အသီးအရွက်တွေဟာ ခန္ဓာကိုယ်အတွက် မိတ်ဆွေတွေပါ။ ခန္ဓာကိုယ်လှပပြီး ကျန်းမာချင်တယ်ဆိုရင် အစိမ်းရောင် အသီးအရွယ် များများစားသင့်ပါတယ်။ ကန်စွန်းရွက်လိုမျိုး အရွက်ဆိုရင် အစိမ်းသုတ် စားတာမျိုးနဲ့ စားသင့်ပါတယ်။

(၆) လက်ဖက်ရည်ကြမ်း (Green Tea) သောက်ပါ။

ကော်ဖီတွေ၊ လက်ဖက်ရည်တွေ သောက်ခြင်းထက် လက်ဖက်ရည်ကြမ်းသောက်ခြင်းက လူကို ပိုပြီး အထောက်အကူပြုပါတယ်။ တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၂ ခွက်လောက် သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို အထောက်အကူပေးပါတယ်။

(၇) သံဓာတ်ပါဝင်တဲ့ အစားအစာ များများစားပါ။

သံဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးထဲက သကြားဓာတ်ကို စွမ်းအင်အဖြစ်ပြောင်းပေးပါတယ်။ ငါး၊ အသား နဲ့ ပဲ လို သံဓာတ်များတဲ့အစားအစာ စားခြင်းဖြင့် ခန္ဓာကိုယ်ကို အမြဲ Active ဖြစ်နေစေဖို့ ကူညီပေးပါတယ်။

(၈) လှုပ်လှုပ်ရှားရှားနေထိုင်ပါ။

ခန္ဓာကိုယ်အဆီစုရခြင်းရဲ့ အဓိက အချက်တစ်ခုကတော့ သိပ်မလှုပ်ရှားဖြစ်လို့ပါပဲ။ နေ့စဉ် စားပွဲမှာထိုင် အလုပ်လုပ်ပြီး ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အခါ မလိုလားအပ်တဲ့ အဆီတွေ စုလာပြီး ဝ လာတော့တာပါပဲ။ နေ့စဉ် လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်း စတဲ့ လှုပ်ရှားမှုတွေလုပ်ပေးခြင်းဖြင့် ဝ ခြင်းကို ထိန်းချုပ်ဖို့ ကြိုးစားပေးပါ။ အနည်းဆုံး ရုံးမှ အိမ်ကို လမ်းလျှောက်ပြန်ခြင်း၊ ရုံးလှေကားတွေကို ပြေးတက်၊ ပြေးဆင်းခြင်းလောက်တော့ လုပ်ပေးသင့်ပါတယ်။


Credit: akhayar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top