iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းကေတာ့ အိမ္ ေထာင္တစ္ခုကို ၾကာရွည္တည္ျမဲေအာင္ ဘယ္လိုလုပ္ေဆာင္ရမလဲ။ ပိုင္ဆုိင္ထားတဲ့ အခ်စ္ကို နာက်င္စရာဇာတ္လမ္းေတြနဲ႕ ျပီးဆံုးမသြားေအာင္ ဘယ္လိုထိန္းသိမ္းရမလဲ ဆုိတာေတြကို သိခ်င္ၾကတာပါပဲ။ ဒီကိစၥရပ္ေတြက အိပ္ယာထဲက ကိစၥေတြနဲ႕မ်ား သက္ဆုိင္ေနမလား ဆိုတာကိုလည္း ေတြးတတ္ၾကပါတယ္။ ခုေတာ့ သင္သိခ်င္ေနတဲ့အေျဖကို Happy,Healthy Sex In Marriage ရဲ႕စစ္တမ္းေကာက္ခ်က္ကေန ေဖာ္ျပေပးေတာ့မွာပါ။ ဒီစစ္တမ္းမွာ အခ်စ္ေရးနဲ႕ပတ္သက္ျပီး သိတတ္ေျပာဆုိေလ့ရွိတဲ့ ပညာရွင္ေတြသာမက အိမ္ေထာင္က်ျပီးသားအတြဲ ၁၀၄တြဲကို စစ္တမ္းေကာက္ခဲ့ရာကေန အေျဖထုတ္ေပး ထားတာပါ။ တကယ္ေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ ၾကာရွည္ၿငိတြယ္သြားေစတဲ့အရာဆိုတာ ရိုမန္တစ္ဆန္တာမ်ိဳးထက္ တစ္ဦးနဲ႕တစ္ဦး ခ်ီးမြမ္းေျပာဆုိေပးျခင္းသာ ျဖစ္ပါတယ္တဲ့။

အတြဲေတြထဲမွာ ၅၆ရာခုိင္ႏႈန္းက ေျပာသြားတာကေတာ့ ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ကိုလိုအပ္ေနတယ္လို႕ သိရတဲ့အခါ သူ႔ကိုကိုယ္ပိုၿငိတြယ္သြားတတ္သလို ကိုယ့္ကို ခ်ီးမြမ္းေျပာဆုိေပးတာမ်ိဳးေတြကလည္း သူ႔ကို မခြဲႏိုင္ျဖစ္သြားတတ္ၾကပါတယ္တဲ့။

ဒါ့ေၾကာင့္ ကိုယ့္ခ်စ္သူကို ေက်းဇူးတင္တဲ့အေၾကာင္းေလးေတြ ေျပာဖုိ႕မေမ့သင့္သလို သင့္အတြက္သူဟာ မရွိမျဖစ္လိုအပ္ေၾကာင္းကိုလည္း ေျပာျပေပးေနသင့္ပါတယ္။ ေနာက္ထပ္စိတ္၀င္စားစရာေကာင္းတဲ့ အေျဖေတြလည္း ရွိေနပါေသးတယ္။ ခုနစစ္တမ္းေကာက္ခ်က္အရ ၂၀ရာခိုင္ႏႈန္းေသာအတြဲေတြဟာ သူတုိ႕ခ်စ္သူက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တယ္။ ဘ၀ကို ေအးေဆးျဖတ္သန္းတတ္တဲ့သူေတြျဖစ္လုိ႕ ပိုျငိတြယ္သြားၾကတယ္လုိ႕ ေျပာထားသလို ၁၆ရာခုိင္ႏႈန္းကေတာ့ ကိုယ့္ခ်စ္သူဟာ ကိုယ့္ကိုယ္ကို ယံုႀကည္မႈရွိတဲ့သူတစ္ဦး၊ လုပ္ငန္းေဆာင္တာေတြကို ျပီးစီးေအာင္ျမင္ေအာင္ ေဆာင္ရြက္တတ္သူဆုိရင္ ပိုၿငိတြယ္တတ္ေၾကာင္း ေျပာထားပါတယ္။ က်န္ရွိေနတဲ့ ၆ရာခိုင္ႏႈန္းကေတာ့ သူတုိ႕ခ်စ္သူဟာ ဆက္စီျဖစ္တယ္၊ ခပ္ရႈပ္ရႈပ္ပံုစံမ်ိဳးျဖစ္ေနရင္ ပိုျငိတြယ္သြားတတ္ၾကပါတယ္တဲ့။


Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတိုင်းကတော့ အိမ် ထောင်တစ်ခုကို ကြာရှည်တည်မြဲအောင် ဘယ်လိုလုပ်ဆောင်ရမလဲ။ ပိုင်ဆိုင်ထားတဲ့ အချစ်ကို နာကျင်စရာဇာတ်လမ်းတွေနဲ့ ပြီးဆုံးမသွားအောင် ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာတွေကို သိချင်ကြတာပါပဲ။ ဒီကိစ္စရပ်တွေက အိပ်ယာထဲက ကိစ္စတွေနဲ့များ သက်ဆိုင်နေမလား ဆိုတာကိုလည်း တွေးတတ်ကြပါတယ်။ ခုတော့ သင်သိချင်နေတဲ့အဖြေကို Happy,Healthy Sex In Marriage ရဲ့စစ်တမ်းကောက်ချက်ကနေ ဖော်ပြပေးတော့မှာပါ။ ဒီစစ်တမ်းမှာ အချစ်ရေးနဲ့ပတ်သက်ပြီး သိတတ်ပြောဆိုလေ့ရှိတဲ့ ပညာရှင်တွေသာမက အိမ်ထောင်ကျပြီးသားအတွဲ ၁၀၄တွဲကို စစ်တမ်းကောက်ခဲ့ရာကနေ အဖြေထုတ်ပေး ထားတာပါ။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ကြာရှည်ငြိတွယ်သွားစေတဲ့အရာဆိုတာ ရိုမန်တစ်ဆန်တာမျိုးထက် တစ်ဦးနဲ့တစ်ဦး ချီးမွမ်းပြောဆိုပေးခြင်းသာ ဖြစ်ပါတယ်တဲ့။

အတွဲတွေထဲမှာ ၅၆ရာခိုင်နှုန်းက ပြောသွားတာကတော့ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုလိုအပ်နေတယ်လို့ သိရတဲ့အခါ သူ့ကိုကိုယ်ပိုငြိတွယ်သွားတတ်သလို ကိုယ့်ကို ချီးမွမ်းပြောဆိုပေးတာမျိုးတွေကလည်း သူ့ကို မခွဲနိုင်ဖြစ်သွားတတ်ကြပါတယ်တဲ့။

ဒါ့ကြောင့် ကိုယ့်ချစ်သူကို ကျေးဇူးတင်တဲ့အကြောင်းလေးတွေ ပြောဖို့မမေ့သင့်သလို သင့်အတွက်သူဟာ မရှိမဖြစ်လိုအပ်ကြောင်းကိုလည်း ပြောပြပေးနေသင့်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အဖြေတွေလည်း ရှိနေပါသေးတယ်။ ခုနစစ်တမ်းကောက်ချက်အရ ၂၀ရာခိုင်နှုန်းသောအတွဲတွေဟာ သူတို့ချစ်သူက ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်။ ဘဝကို အေးဆေးဖြတ်သန်းတတ်တဲ့သူတွေဖြစ်လို့ ပိုငြိတွယ်သွားကြတယ်လို့ ပြောထားသလို ၁၆ရာခိုင်နှုန်းကတော့ ကိုယ့်ချစ်သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ဦး၊ လုပ်ငန်းဆောင်တာတွေကို ပြီးစီးအောင်မြင်အောင် ဆောင်ရွက်တတ်သူဆိုရင် ပိုငြိတွယ်တတ်ကြောင်း ပြောထားပါတယ်။ ကျန်ရှိနေတဲ့ ၆ရာခိုင်နှုန်းကတော့ သူတို့ချစ်သူဟာ ဆက်စီဖြစ်တယ်၊ ခပ်ရှုပ်ရှုပ်ပုံစံမျိုးဖြစ်နေရင် ပိုငြိတွယ်သွားတတ်ကြပါတယ်တဲ့။


Credit:Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top