iMyanmarHouse.com - Best Property Website for Myanmar
×

ညာလက္ တစ္ဖက္ေကာက္ေကြး၍ ညာေျခတစ္ဖက္  ေထာ့နင္းေထာ့နင္းႏွင့္ မခုိင္ဦးသည္ ၎အိမ္ေရွ႕တြင္ မိခင္ျဖစ္သူႏွင့္အတူ လမ္းေလွ်ာက္က်င့္ေနရာမွ ဆယ္ငါးမိနစ္ခန္႔အၾကာ၌ ေမာပန္းလာသျဖင့္ အိမ္ေရွ႕ကြပ္ပ်စ္ေပၚတြင္ တုိင္ကိုအားျပဳၿပီး ထုိင္ခ်လုိက္သည္။

၎သည္ အသက္(၂၅)ႏွစ္အရြယ္သာ ရွိေသးေသာ္လည္း ရွိရင္းစဲြ အရြယ္ထက္  ရင့္ေရာ္ေနကာ ေရာဂါေၾကာင့္ ညာဘက္မ်က္ႏွာ တစ္ျခမ္းမွာလည္း ရြဲ႕ေနသည္။ စကားေျပာသည့္အခါ ၎ႏႈတ္က ထြက္ေပၚလာသည့္ စကားသံမွာလည္း ဗလုံးဗေထြးႏွင့္ ျဖစ္ေနသည္။

လြန္ခဲ့ေသာ ရွစ္ႏွစ္ခန္႔ ၎ အသက္(၁၇)ႏွစ္အရြယ္ ဆယ္တန္းစာေမးပဲြ ေျဖခါနီးအခ်ိန္၌ မခိုင္ဦးတစ္ေယာက္ ေန႔လယ္ပိုင္း က်ဴရွင္မွအျပန္ ေခါင္းေလွ်ာ္၊ ေရခ်ဳိး၍ ၀က္သားႏွင့္ တညင္းသီးစားကာ သင္ျဖဴးဖ်ာတစ္ခ်ပ္သာ ခင္းထားေသာ သမံတလင္းေပၚတြင္ အိပ္မိလုိက္ရာက ႏုိးလာေသာအခါ ညာဘက္ခႏၶာကိုယ္လႈပ္၍ မရေတာ့ဘဲ ေလျဖတ္ေ၀ဒနာ ခံစားခဲ့ရသည္။

‘‘ျပန္လည္းႏုိးလာေရာ ညာဘက္ ေျခေထာက္တစ္ဖက္နဲ႔ လက္တစ္ဖက္က လႈပ္လို႔မရေတာ့ဘဲနဲ႔ ပါးစပ္ကလည္း ဗလုံးဗေထြးနဲ႔ စကားေတြေျပာတယ္။ အဲဒါနဲ႔ ေဆး႐ုံေျပးေတာ့ ေလျဖတ္သြားတာလို႔ ဆရာ၀န္ေတြက ေျပာတယ္’’ဟု မခိုင္ဦး၏ဦးေလး ဦးတင္ေမာင္က ဆုိသည္။

မွားယြင္းသြားသည့္ ေနထုိင္မႈ ပုံစံတစ္ခ်က္ေၾကာင့္ မခိုင္ဦး၏ ဘ၀တစ္ခုလုံးေျပာင္းလဲသြားေစခဲ့သည္။ သူမပညာေရးလည္း ဆုံး႐ႈံးခဲ့ရသည္။ ေမတၱာေရးတြင္လည္း ခ်စ္သူ၏စြန္႔ပစ္ျခင္းခံခဲ့ရသည္။ ဘ၀တစ္ေလွ်ာက္လုံး သူတစ္ပါးကို မွီခိုအားျပဳၿပီး ေနထုိင္ခဲ့ရသည္မွာ ယခုအခ်ိန္ထိပင္ ျဖစ္သည္။

‘‘အေမတစ္ခု၊ သမီးတစ္ခုပဲ ရွိတာ။ ကြၽန္မကအလုပ္သြားေန ခ်ိန္က်ရင္ သူ႔ကိုျပဳစုဖို႔အတြက္ သူ႔ ဦးေလးနဲ႔ ပတ္၀န္းက်င္ကို အပ္ခဲ့ ရတယ္။ ဒီလုိအေနအထုိင္၊ အစား အေသာက္ မဆင္ျခင္တာေလး ေၾကာင့္ ငယ္ငယ္ရြယ္ရြယ္နဲ႔ ဒုကၡိ တျဖစ္သြားတယ္။ ဦးေႏွာက္ထိ ခိုက္သြားတဲ့အတြက္ အေမနဲ႔နီးစပ္ ရာေဆြမ်ဳိးကလဲြၿပီး က်န္တဲ့သူေတြ မသိဘူး။ မွတ္ဉာဏ္မေကာင္း ေတာ့ဘူး’’ဟု မခိုင္ဦးမိခင္ေဒၚသန္း က ရွင္းျပသည္။

လူတစ္ဦးခ်င္းစီ၏ ေနထုိင္မႈပုံစံ မမွန္ကန္ျခင္း၊ က်န္းမာေရး ႏွင့္ မညီညြတ္ေသာ စားေသာက္မႈ ပုံစံမ်ားျပားလာျခင္းတုိ႔ေၾကာင့္ ဆယ္ေက်ာ္သက္အရြယ္မွ အသက္ႀကီးပိုင္းအရြယ္ထိ ေလျဖတ္ေရာဂါျဖစ္ပြားမႈမ်ားမွာ တျဖည္းျဖည္းႏွင့္ ျမင့္တက္လာသည္။ ယင္းေရာဂါသည္ အသံတိတ္လူ သတ္သမားအျဖစ္ လူထုထဲသို႔၀င္ ေရာက္လာကာ ျပည္သူ႔က်န္းမာ ေရး ျပႆနာတစ္ရပ္ျဖစ္လာသည္။

ကမၻာေပၚတြင္ ႏွစ္စဥ္လူဦး ေရ ၁၅ သန္းခန္႔ ေလျဖတ္ေရာဂါ ကို ခံစားေနရၿပီး ၂၀၀၅ က ေလ ျဖတ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅ ဒသမ ၇ သန္းရွိကာ ၎တို႔အနက္ ၈၇ ရာခိုင္ႏႈန္းမွာ ျမန္မာႏုိ္င္ငံကဲ့သုိ႔ ဖံြ႕ၿဖိဳးဆဲႏုိင္ငံမ်ားကျဖစ္ေၾကာင္းကမၻာ့က်န္းမာေရးအဖဲြ႕က သတင္းထုတ္ျပန္ထားသည္။

ျမန္မာႏုိင္ငံတြင္ ၁၉၉၀ ျပည့္ ႏွစ္က ေလျဖတ္ေရာဂါျဖစ္ပြားႏႈန္း သည္ အဆင့္(၅)ေနရာ၌ ရွိခဲ့ရာမွ ၂၀၁၀ ျပည့္ႏွစ္တြင္ အဆင့္(၁)ေန ရာသိ႔ု ျမင့္တက္လာခဲ့ေၾကာင္း ကမၻာ့ေပၚရွိေရာဂါအေျခအေနမ်ား ကို စစ္တမ္းေကာက္ယူေနသည့္ Global Burden Disease (GBD) ၌ ေဖာ္ျပထားသည္။

အသက္ (၄၀) ႏွစ္မွ (၆၀) ႏွစ္ၾကားအရြယ္မ်ား၌ ေလျဖတ္ ေရာဂါပိုမိုျဖစ္ပြားၿပီး အသက္ (၁၃) ႏွစ္၊ (၁၄)ႏွစ္အရြယ္မ်ားအ ျပင္အခ်ဳိ႕ (၃)၊(၄)ႏွစ္(ကေလး) အရြယ္မ်ားတြင္ ျဖစ္ပြားတတ္ ေၾကာင္း ဦးေႏွာက္ႏွင့္အာ႐ုံေၾကာ ကုဆရာ၀န္မ်ားက ဆုိသည္။

‘‘ေသြးတုိးရွိတဲ့သူ၊ ႏွလုံးခုန္ မမွန္တဲ့သူေတြမွာ ေလပိုျဖတ္တာ ေတြ႕ရတယ္။ အမ်ဳိးသမီးေတြက အမ်ဳိးသားေတြထက္ ေလျဖတ္မႈ ႏႈန္း ပိုမ်ားတယ္။ အသက္ငယ္ ငယ္နဲ႔လည္း ေလျဖတ္သူေတြ ေတြ႕လာတယ္။ ေသြးထဲမွာအဆီ ဓာတ္မ်ားတဲ့သူ၊ ၀တဲ့သူ၊ အရက္ အလြန္အကြၽံေသာက္တဲ့သူ၊ ခႏၶာ ကိုယ္လႈပ္ရွားမႈ နည္းတဲ့သူေတြ ဟာ ေလပိုျဖတ္ႏုိင္တယ္။ လူငယ္ ေတြၾကားထဲမွာ ေရပန္းစားတဲ့ စိတ္ႂကြေဆးေတြေၾကာင့္လည္း ဦးေႏွာက္ေသြးေၾကာေပါက္ၿပီး ေလျဖတ္ႏုိင္တယ္’’ဟု ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီး ဦးေႏွာက္ႏွင့္အာ႐ုံ ေၾကာဌာနမွ ပါေမာကၡေဒါက္တာ  စိမ္းျမျမေအးက ဆုိသည္။

ထုိ႔အျပင္ ရန္ကုန္ျပည္သူေဆး ႐ုံႀကီး၏ လူနာမွတ္တမ္းမ်ားအရ ၂၀၁၁ က အဆုိပါေဆး႐ုံႀကီးသို႔ တက္ေရာက္ကုသသည့္ ေလျဖတ္ လူနာ ၁,၅၀၀ ခန္႔သာရွိခဲ့ေသာ္ လည္း ၂၀၁၆ ဇန္န၀ါရီမွ ေအာက္ တိုဘာအထိ ၁၀ လအတြင္း လူနာ ၅,၈၈၇ ဦးထိရွိေၾကာင္း သိရသည္။

‘‘မကူးစက္တတ္တဲ့ ေရာဂါ ေတြ ျဖစ္ပြားတဲ့အထဲမွာ ေလျဖတ္ ေရာဂါက ပထမဆုံးေနရာမွာရွိေန တယ္။ ကမၻာမွာ ေျခာက္ဦးမွာတစ္ဦး ႏႈန္း ျဖစ္ေနတယ္။ ျမန္မာႏုိင္ငံမွာ လည္း ေျပာင္းလဲလာတဲ့ ေခတ္နဲ႔ အညီ ေလျဖတ္လူနာက တျဖည္း ျဖည္းနဲ႔ တစ္ေန႔တျခားပိုမ်ားလာ တယ္’’ဟု ဦးေႏွာက္ႏွင့္အာ႐ုံေၾကာ ေရာဂါပညာဆုိင္ရာအဖဲြ႕ဥကၠ႒ ပါေမာကၡေဒါက္တာ၀င္းမင္းသစ္ က ဆုိသည္။

ေလျဖတ္သည္ဟုဆုိရာတြင္ ေခတ္မီေျပာင္းလဲလာေသာ လူေန မႈစနစ္မ်ားအရ အမ်ဳိးသားမ်ားသာ မက အမ်ဳိးသမီးမ်ားပါ ေဆးလိပ္ ေသာက္ျခင္း၊ အရက္ေသစာႏွင့္ မူးယစ္ေဆး၀ါးမ်ား သုံးစဲြလာျခင္း တို႔ေၾကာင့္လည္း ေလျဖတ္ေရာဂါ ပိုမိုအျဖစ္မ်ားလာသည္ကို ေတြ႕ရ သည္။

အသက္(၄၅)ႏွစ္အရြယ္ ဦးစိုးေမာင္(အမည္လဲႊ)သည္ တစ္ေန႔ လွ်င္ သုံးဘူးႏႈန္းျဖင့္ ေဆးလိပ္အ လြန္အကြၽံေသာက္သုံးရာမွ ေလ ျဖတ္ၿပီး အိပ္ရာထဲလဲခဲ့သည္။ ေနာက္ဆက္တဲြ ဆုိးက်ဳိးအျဖစ္ အ ဆုတ္ကင္ဆာဟူေသာ ေရာဂါပါ ထပ္မံခံစားရၿပီး ႏွစ္လအၾကာ၌ အသက္ဆုံးပါးသြားခဲ့သည္ဟု ၎ ၏သမီး မအိကဆုိသည္။

‘‘အေဖက သူ႔မွာေသြးတုိးရွိ မွန္းလည္း မသိဘူး။ ေဆးလိပ္လည္း အရမ္းေသာက္တယ္။ ေလမျဖတ္ခင္ေန႔က ပင္လယ္စာေတြ အရမ္းစားၿပီး ေခ်ာင္းသာကေနျပန္လာ တယ္။  တစ္လမ္းလုံးကားေမာင္း လာေတာ့  အိပ္ေရးလည္း ပ်က္လာတယ္။

အိမ္လဲေရာက္ေရာ မူးတယ္ဆုိၿပီး လဲသြားတယ္။ သတိရလာေတာ့ စကားဗလုံးဗေထြး  ေျပာၿပီးေတာ့ လမ္းမေလွ်ာက္ႏုိင္ေတာ့ဘူး။ ေလျဖတ္ၿပီး ေဆး႐ုံမွာ ႏွစ္ပတ္ေလာက္ေနရတယ္။ အိမ္မွာ ဗမာဆရာေတြနဲ႔ျပၿပီး ေဆးကုေသးတယ္။ ေနာက္ပိုင္းေသြးေတြပါ အန္လာလို႔ ေဆး႐ုံျပန္တက္ရတယ္။ ေဆးထပ္စစ္လုိက္ေတာ့ ေလျဖတ္တာေရာ၊ ကင္ဆာေရာ တစ္ၿပိဳင္နက္တည္း ရွိေနၿပီျဖစ္ၿပီး ႏွစ္လအၾကာမွာ ဆုံးသြားတယ္’’ဟု ၎က ဆုိသည္။

ေနထုိင္မႈပုံစံေျပာင္းလဲျခင္း မ်ားေၾကာင့္ျဖစ္ေသာ ေသြးတုိး ေရာဂါရွိျခင္းေၾကာင့္ ေလျဖတ္ႏုိင္ ေျခမွာ ေလးဆ၊ ဆီးခ်ဳိေရာဂါရွိ ျခင္းေၾကာင့္ ႏွစ္ဆ၊ ႏွလုံးေသြး ေၾကာပိတ္ျခင္းေၾကာင့္ သုံးဆႏွင့္ ေလျဖန္းျခင္းေၾကာင့္ ေလျဖတ္ ႏုိင္ေျခ ခုနစ္ဆခန္႔ပိုမိုျဖစ္ပြားႏုိင္ သည္ဟု က်န္းမာေရးစစ္တမ္းမ်ား က ေထာက္ျပထားသည္။

ထိုကဲ့သို႔ ေရာဂါမ်ားအခံမရွိ ေသာ္လည္း ပူျပင္းသည့္ေႏြရာသီ ၌ ေရခ်ဳိးၿပီးအ၀တ္အစား မ၀တ္ ဘဲႏွင့္ ပန္ကာ၊ အဲကြန္းမ်ားဖြင့္အိပ္ ျခင္း၊ ေရလဲလုပ္ထားသည့္ အ၀တ္အစားကိုခင္းအိပ္ျခင္း၊ ဖ်ာကုိေရ ဆြတ္ၿပီး အိပ္ျခင္းကဲ့သို႔ အပူဒဏ္ သက္သာေစရန္ ျပဳလုပ္ျခင္းမ်ား ႏွင့္ စိတ္ႂကြေဆးအလြန္အကြၽံသုံး စဲြျခင္း၊ အခ်ိန္ၾကာျမင့္စြာအလုပ္ လုပ္ျခင္း၊ အိပ္မေပ်ာ္ျခင္းႏွင့္ အအိပ္လြန္ျခင္းမ်ားကလည္း ေလျဖတ္ေရာဂါျဖစ္ႏုိင္ေျခကို ျမင့္တက္ေစသည့္ အျပဳအမူအမွားမ်ားပင္ ျဖစ္သည္။

  ေလျဖတ္ေရာဂါဆုိသည္မွာ ဦးေႏွာက္ႂကြက္သားမ်ားကုိ ေထာက္ပံ့ေနသည့္ ေသြးေၾကာ ေပါက္ျခင္း(သို႔မဟုတ္)ေသြးေၾကာ ပိတ္ျခင္းတုိ႔ေၾကာင့္ ဦးေႏွာက္ထဲ တြင္ရွိသည့္ ပုံမွန္ေသြးလည္ပတ္မႈ ေလ်ာ့နည္းသြားရန္ ဦးေႏွာက္၏ လုပ္ငန္းေဆာင္တာမ်ားကုိ ထိ ခိုက္ျခင္းျဖစ္သည္။

ေရာဂါ၏ေရွ႕ေျပးလကၡဏာ မ်ားအျဖစ္ ျမင္ကြင္းႏွစ္ထပ္ျဖစ္ လာျခင္း၊ လက္မ်ားပုံမွန္ထက္ပုိမို ထုံလာျခင္း၊ စကားေျပာလွ်င္လွ်ာ လိပ္ၿပီး ဗလုံးဗေထြးထြက္လာျခင္း၊  ေခါင္းမ်ားမၾကာခဏ ကိုက္ခဲျခင္း၊ ခႏၶာကိုယ္တစ္ျခမ္းထုံက်ဥ္ျခင္း (သို႔မဟုတ္) အားနည္းျခင္း၊ လမ္း ေကာင္းစြာမေလွ်ာက္ႏုိင္ျခင္းတုိ႔ ကို ခံစားရတတ္သည္။

ေလျဖတ္ျခင္း၏ လကၡဏာ မ်ားမွာမူ ကိုယ္တျခမ္းေသသြား ျခင္း၊ မွတ္ဉာဏ္ဆုံး႐ႈံးသြားျခင္း၊ စိတ္ပုိင္းဆုိင္ရာ ခ်ဳိ႕ယြင္းသြားျခင္း၊ စကားမေျပာႏုိင္ျခင္း(သို႔မဟုတ္) မပီေတာ့ျခင္း၊ တက္ျခင္း၊ နားထဲ တြင္ ပုံမွန္မဟုတ္ဘဲ အၿမဲဆူညံေန သလို ခံစားရျခင္းမ်ား ျဖစ္ေပၚႏုိင္ သည္။

‘‘ေလမျဖတ္ေအာင္ ႀကိဳတင္ ကာကြယ္ရမယ့္ ထုိးေဆးဆုိတာ မရွိဘူး။ ေလျဖတ္ေရာဂါရဲ႕ ေရွ႕ ေျပးလကၡဏာေတြကို သတိျပဳဖုိ႔ လုိတယ္။ ဒီလကၡဏာေတြျပလာ ၿပီဆုိရင္ အျမန္ဆုံးေဆး႐ုံေဆးခန္း သြားၿပီး စနစ္တက်နဲ႔ ေဆးကုသ မႈခံယူရမယ္။ ေလျဖန္းတာလို အ ေသးစားအေျခအေနကို အျမန္ဆုံး သင့္ေတာ္တဲ့ ကုသမႈခံယူမွသာ အႀကီးစား ေလျဖတ္ျခင္းကို ကာကြယ္ႏုိင္မွာျဖစ္တယ္’’ ဟု ေျမာက္ဥကၠ လာပေဆး႐ုံႀကီး၊ ဦးေႏွာက္ႏွင့္အာ ႐ုံေၾကာေဆးကုသမႈဌာနမွ ပါေမာ ကၡ၊ ဌာနမွဴးေဒါက္တာျဖဴျဖဴေလး က တုိက္တြန္းသည္။

  ေလျဖတ္ေရာဂါေၾကာင့္ မသန္စြမ္းျဖစ္ပြားႏုိင္ေျခမွာ ၇၅ ရာခိုင္ႏႈန္းရွိၿပီး မသန္စြမ္းဒုကၡိတ အျဖစ္ က်န္ေစေသာေရာဂါမ်ားထဲ တြင္ ယင္းေရာဂါသည္ ဒုတိယအ မ်ားဆုံးလည္း ျဖစ္သည္။ တစ္ ႀကိမ္ေလျဖတ္ၿပီးပါက ေနာက္တစ္ ႀကိမ္ေလျဖတ္ႏုိင္ေျခမွာ ၃၀ ရာ ခိုင္ႏႈန္းရွိသည္။ ယင္းေၾကာင့္ စီး ပြား ေရး၊ လူမႈေရးထိခုိက္နစ္နာမႈ မ်ား ခံစားၾကရၿပီး မိသားစု၏အ ဓိက ၀င္ေငြရွာေဖြသူျဖစ္ပါက မိ သားစုအတြက္ ႀကီးမားသည့္ထိ ခိုက္နစ္နာမႈျဖစ္သည့္အျပင္ ႏုိင္ငံ အေနျဖင့္လည္း လူ႔စြမ္းအားအ ရင္းအျမစ္၊ ကုန္ထုတ္လုပ္မႈစြမ္း အားမ်ား ဆုံး႐ႈံးျခင္းတုိ႔ျဖင့္ ရင္ဆုိင္ ရမည္ ျဖစ္သည္။

‘‘အခုဆုိရင္ ေဆး႐ုံေဆးခန္း ေတြမွာ တုိင္းျပည္ရဲ႕ အလုပ္လုပ္ ႏုိင္တဲ့အရြယ္ေတြ အသက္ (၂၅) ႏွစ္(၃၀)ႏွစ္နဲ႔ ေလျဖတ္လုိ႔ေရာက္ လာၾကတယ္။ ဒါေၾကာင့္ ေလျဖတ္ေရာဂါကို အဓိကအေလးေပးကိုင္ တြယ္ဖို႔ လိုအပ္လာၿပီ’’ဟု မၾကာ ေသးမီက က်င္းပျပဳလုပ္ခဲ့ေသာ ‘‘ကမၻာ့ေလျဖတ္ေရာဂါကာကြယ္ ေရးေန႔’’ အခမ္းအနားတြင္ က်န္း မာေရးႏွင့္ အားကစား၀န္ႀကီး ေဒါက္တာျမင့္ေထြးက ထည့္သြင္း ေျပာၾကားခဲ့သည္။

က်န္းမာေရးႏွင့္ အားကစား ၀န္ႀကီးဌာနက ကုသမႈအေနျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေလျဖတ္ေရာဂါ အထူးၾကပ္မတ္ ေဆာင္ကို ၂၀၁၅ က စတင္ဖြင့္ လွစ္၍ ဦးေႏွာက္ေသြးေၾကာပိတ္ ေလျဖတ္လူနာမ်ားကို ေသြးခဲ ေပ်ာ္ေဆးအသုံးျပဳၿပီး ကုသမႈေပး လ်က္ရွိသည္။ ထုိ႔ျပင္ကာကြယ္ ေရးအေနျဖင့္ ေလျဖတ္ေရာဂါအ ေၾကာင္း သိေကာင္းစရာ စာအုပ္ မ်ားထုတ္ေ၀၍ တစ္ႏုိင္ငံလုံးသို႔ ျဖန္႔ေ၀ရန္ စီစဥ္ေနျခင္းတုိ႔ကို ေဆာင္ရြက္လ်က္ရွိသည္။

‘‘က်န္းမာေရးနဲ႔ သင့္ေတာ္ တဲ့ အစားအေသာက္စားဖို႔၊ အဆီ အဆိမ့္ေလွ်ာ့စားဖို႔၊ ေဆးလိပ္ မေသာက္ဖို႔၊ ကုိယ္အေလးခ်ိန္ထိန္းဖို႔၊ ေလ့က်င့္ခန္းေတြလုပ္ဖို႔လုိတယ္။ ဒါေတြအရမ္းအေရးႀကီးပါတယ္။ ျမန္မာျပည္မွာေတာ့ ဒါလုပ္တာနည္းတယ္။ ဥပမာ-တစ္ႏွစ္တစ္ခါ ေသြးထဲမွာရွိတဲ့ ေသြးခ်ဳိတို႔ အဆီဓာတ္မ်ားတာတို႔ကို တုိင္းမယ္။ လုိအပ္ရင္ ကြၽမ္းက်င္တဲ့ ဆရာ၀န္ေတြနဲ႔ ပုံမွန္စစ္ေဆးဖို႔ ဒါေတြလုပ္ဖို႔လိုတယ္။ အခ်ိန္မီသိဖို႔၊ အခ်ိန္မီကုသမႈခံယူဖို႔လည္း အေရးႀကီးတယ္။ ေနာက္တစ္ခုက ျပန္လည္ထူေထာင္ေရးေတြလည္း လုပ္ဖို႔လုိတယ္’’ဟု ဦးေႏွာက္ႏွင့္အာ႐ုံေၾကာ  ခဲြစိတ္ဆရာ၀န္ႀကီး ပါေမာကၡ ေဒါက္တာျမတ္သူက အႀကံျပဳသည္။

ေလျဖတ္ေရာဂါ၏ ၆၀ ရာ ခုိင္ႏႈန္းသည္ လူေနမႈဘ၀ပုံစံမမွန္ ကန္မႈမ်ားႏွင့္ ဆက္စပ္ေနသည္ဟု ေဆးပညာရွင္မ်ားႏွင့္ သုေတသန စာတမ္းမ်ားက ေထာက္ျပထား ၍ ေရာဂါမျဖစ္မီ ႀကိဳတင္ကာကြယ္ျခင္းသည္သာ အေကာင္းဆုံးျဖစ္ သည္။

ေလျဖတ္ေရာဂါမ်ား၏ ၈၀ ရာခိုင္ႏႈန္းသည္ ကာကြယ္၍ရသျဖင့္ ကာကြယ္ႏုိင္သည့္ နည္းလမ္းမ်ား အျဖစ္ ဆီးခ်ဳိ၊ ေသြးတိုးႏွင့္ ႏွလုံး ေရာဂါ၊ ေသြးတြင္းအဆီဓာတ္မ်ား ျခင္း၊ အ၀လြန္ျခင္း၊ ေဆးလိပ္ႏွင့္ အရက္ အလြန္အကြၽံေသာက္ျခင္းတို႔ကို ေလွ်ာ့ခ်ရမည္ျဖစ္သည္။ က်န္းမာေရး အသိပညာေပးျခင္း၊ ေရာဂါအခံရွိသူမ်ားကို ေစာစီးစြာ ရွာေဖြေဖာ္ထုတ္ျခင္းတို႔အျပင္ ေလျဖတ္ေရာဂါ လူနာအား ထိေရာက္စြာကုသမႈေပးၿပီး ေနာက္ဆက္တဲြဆုိးက်ဳးိနည္းပါးေစရန္ ေဆာင္ရြက္ေပးျခင္းတုိ႔ပင္ ျဖစ္သည္။

 လူေနမႈဘ၀ပုံစံ အမွားတစ္ခ်က္ေၾကာင့္ အရြယ္မတုိင္မီ ေလျဖတ္ေရာဂါခံစားရၿပီး ဘ၀တက္လမ္း ဆုံး႐ႈံးခဲ့ရသည့္ မခုိင္ဦးတစ္ေယာက္ ေရာဂါခံစားရမႈကာလအားျဖင့္ ရွစ္ႏွစ္ၾကာခဲ့ၿပီျဖစ္ေသာ္လည္း လက္ရွိအခ်ိန္ထိ မသန္စြမ္းဘ၀ျဖင့္ ေနထုိင္ေနရဆဲ၊ သူတစ္ပါးအေပၚ မွီခိုေနရသည့္ အေျခအေနျဖင့္ ရွိေနဆဲပင္ ျဖစ္သည္။

‘‘ဒီေလာက္အခ်ိန္ၾကာၾကာ ကုခဲ့တာေတာင္မွ လူေကာင္းတစ္ေယာက္လို ျပန္ျဖစ္ဖို႔က မလြယ္ေတာ့ဘူး။ ကြၽန္မမရွိေတာ့ရင္ သမီးကိုဘယ္သူနဲ႔ ထားခဲ့ရမွန္း ေတြးမိရင္ စိတ္မေကာင္းဘူး’’ဟု မခိုင္ဦး၏ မိခင္ေဒၚသန္းကဆုိသည္။

Credit : 7 day daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 ညာလက် တစ်ဖက်ကောက်ကွေး၍ ညာခြေတစ်ဖက်  ထော့နင်းထော့နင်းနှင့် မခိုင်ဦးသည် ၎င်းအိမ်ရှေ့တွင် မိခင်ဖြစ်သူနှင့်အတူ လမ်းလျှောက်ကျင့်နေရာမှ ဆယ်ငါးမိနစ်ခန့်အကြာ၌ မောပန်းလာသဖြင့် အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် တိုင်ကိုအားပြုပြီး ထိုင်ချလိုက်သည်။

၎င်းသည် အသက်(၂၅)နှစ်အရွယ်သာ ရှိသေးသော်လည်း ရှိရင်းစွဲ အရွယ်ထက်  ရင့်ရော်နေကာ ရောဂါကြောင့် ညာဘက်မျက်နှာ တစ်ခြမ်းမှာလည်း ရွဲ့နေသည်။ စကားပြောသည့်အခါ ၎င်းနှုတ်က ထွက်ပေါ်လာသည့် စကားသံမှာလည်း ဗလုံးဗထွေးနှင့် ဖြစ်နေသည်။

လွန်ခဲ့သော ရှစ်နှစ်ခန့် ၎င်း အသက်(၁၇)နှစ်အရွယ် ဆယ်တန်းစာမေးပွဲ ဖြေခါနီးအချိန်၌ မခိုင်ဦးတစ်ယောက် နေ့လယ်ပိုင်း ကျူရှင်မှအပြန် ခေါင်းလျှော်၊ ရေချိုး၍ ဝက်သားနှင့် တညင်းသီးစားကာ သင်ဖြူးဖျာတစ်ချပ်သာ ခင်းထားသော သမံတလင်းပေါ်တွင် အိပ်မိလိုက်ရာက နိုးလာသောအခါ ညာဘက်ခန္ဓာကိုယ်လှုပ်၍ မရတော့ဘဲ လေဖြတ်ဝေဒနာ ခံစားခဲ့ရသည်။

‘‘ပြန်လည်းနိုးလာရော ညာဘက် ခြေထောက်တစ်ဖက်နဲ့ လက်တစ်ဖက်က လှုပ်လို့မရတော့ဘဲနဲ့ ပါးစပ်ကလည်း ဗလုံးဗထွေးနဲ့ စကားတွေပြောတယ်။ အဲဒါနဲ့ ဆေးရုံပြေးတော့ လေဖြတ်သွားတာလို့ ဆရာဝန်တွေက ပြောတယ်’’ဟု မခိုင်ဦး၏ဦးလေး ဦးတင်မောင်က ဆိုသည်။

မှားယွင်းသွားသည့် နေထိုင်မှု ပုံစံတစ်ချက်ကြောင့် မခိုင်ဦး၏ ဘဝတစ်ခုလုံးပြောင်းလဲသွားစေခဲ့သည်။ သူမပညာရေးလည်း ဆုံးရှုံးခဲ့ရသည်။ မေတ္တာရေးတွင်လည်း ချစ်သူ၏စွန့်ပစ်ခြင်းခံခဲ့ရသည်။ ဘဝတစ်လျှောက်လုံး သူတစ်ပါးကို မှီခိုအားပြုပြီး နေထိုင်ခဲ့ရသည်မှာ ယခုအချိန်ထိပင် ဖြစ်သည်။

‘‘အမေတစ်ခု၊ သမီးတစ်ခုပဲ ရှိတာ။ ကျွန်မကအလုပ်သွားနေ ချိန်ကျရင် သူ့ကိုပြုစုဖို့အတွက် သူ့ ဦးလေးနဲ့ ပတ်ဝန်းကျင်ကို အပ်ခဲ့ ရတယ်။ ဒီလိုအနေအထိုင်၊ အစား အသောက် မဆင်ခြင်တာလေး ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိ တဖြစ်သွားတယ်။ ဦးနှောက်ထိ ခိုက်သွားတဲ့အတွက် အမေနဲ့နီးစပ် ရာဆွေမျိုးကလွဲပြီး ကျန်တဲ့သူတွေ မသိဘူး။ မှတ်ဉာဏ်မကောင်း တော့ဘူး’’ဟု မခိုင်ဦးမိခင်ဒေါ်သန်း က ရှင်းပြသည်။

လူတစ်ဦးချင်းစီ၏ နေထိုင်မှုပုံစံ မမှန်ကန်ခြင်း၊ ကျန်းမာရေး နှင့် မညီညွတ်သော စားသောက်မှု ပုံစံများပြားလာခြင်းတို့ကြောင့် ဆယ်ကျော်သက်အရွယ်မှ အသက်ကြီးပိုင်းအရွယ်ထိ လေဖြတ်ရောဂါဖြစ်ပွားမှုများမှာ တဖြည်းဖြည်းနှင့် မြင့်တက်လာသည်။ ယင်းရောဂါသည် အသံတိတ်လူ သတ်သမားအဖြစ် လူထုထဲသို့ဝင် ရောက်လာကာ ပြည်သူ့ကျန်းမာ ရေး ပြဿနာတစ်ရပ်ဖြစ်လာသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦး ရေ ၁၅ သန်းခန့် လေဖြတ်ရောဂါ ကို ခံစားနေရပြီး ၂၀၀၅ က လေ ဖြတ်ရောဂါကြောင့် သေဆုံးသူ ၅ ဒသမ ၇ သန်းရှိကာ ၎င်းတို့အနက် ၈၇ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများကဖြစ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့် နှစ်က လေဖြတ်ရောဂါဖြစ်ပွားနှုန်း သည် အဆင့်(၅)နေရာ၌ ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် အဆင့်(၁)နေ ရာသိ့ု မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ပေါ်ရှိရောဂါအခြေအနေများ ကို စစ်တမ်းကောက်ယူနေသည့် Global Burden Disease (GBD) ၌ ဖော်ပြထားသည်။

အသက် (၄၀) နှစ်မှ (၆၀) နှစ်ကြားအရွယ်များ၌ လေဖြတ် ရောဂါပိုမိုဖြစ်ပွားပြီး အသက် (၁၃) နှစ်၊ (၁၄)နှစ်အရွယ်များအ ပြင်အချို့ (၃)၊(၄)နှစ်(ကလေး) အရွယ်များတွင် ဖြစ်ပွားတတ် ကြောင်း ဦးနှောက်နှင့်အာရုံကြော ကုဆရာဝန်များက ဆိုသည်။

‘‘သွေးတိုးရှိတဲ့သူ၊ နှလုံးခုန် မမှန်တဲ့သူတွေမှာ လေပိုဖြတ်တာ တွေ့ရတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် လေဖြတ်မှု နှုန်း ပိုများတယ်။ အသက်ငယ် ငယ်နဲ့လည်း လေဖြတ်သူတွေ တွေ့လာတယ်။ သွေးထဲမှာအဆီ ဓာတ်များတဲ့သူ၊ ဝတဲ့သူ၊ အရက် အလွန်အကျွံသောက်တဲ့သူ၊ ခန္ဓာ ကိုယ်လှုပ်ရှားမှု နည်းတဲ့သူတွေ ဟာ လေပိုဖြတ်နိုင်တယ်။ လူငယ် တွေကြားထဲမှာ ရေပန်းစားတဲ့ စိတ်ကြွဆေးတွေကြောင့်လည်း ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်နိုင်တယ်’’ဟု ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့်အာရုံ ကြောဌာနမှ ပါမောက္ခဒေါက်တာ  စိမ်းမြမြအေးက ဆိုသည်။

ထို့အပြင် ရန်ကုန်ပြည်သူဆေး ရုံကြီး၏ လူနာမှတ်တမ်းများအရ ၂၀၁၁ က အဆိုပါဆေးရုံကြီးသို့ တက်ရောက်ကုသသည့် လေဖြတ် လူနာ ၁,၅၀၀ ခန့်သာရှိခဲ့သော် လည်း ၂၀၁၆ ဇန်နဝါရီမှ အောက် တိုဘာအထိ ၁၀ လအတွင်း လူနာ ၅,၈၈၇ ဦးထိရှိကြောင်း သိရသည်။

‘‘မကူးစက်တတ်တဲ့ ရောဂါ တွေ ဖြစ်ပွားတဲ့အထဲမှာ လေဖြတ် ရောဂါက ပထမဆုံးနေရာမှာရှိနေ တယ်။ ကမ္ဘာမှာ ခြောက်ဦးမှာတစ်ဦး နှုန်း ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ လည်း ပြောင်းလဲလာတဲ့ ခေတ်နဲ့ အညီ လေဖြတ်လူနာက တဖြည်း ဖြည်းနဲ့ တစ်နေ့တခြားပိုများလာ တယ်’’ဟု ဦးနှောက်နှင့်အာရုံကြော ရောဂါပညာဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဝင်းမင်းသစ် က ဆိုသည်။

လေဖြတ်သည်ဟုဆိုရာတွင် ခေတ်မီပြောင်းလဲလာသော လူနေ မှုစနစ်များအရ အမျိုးသားများသာ မက အမျိုးသမီးများပါ ဆေးလိပ် သောက်ခြင်း၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးများ သုံးစွဲလာခြင်း တို့ကြောင့်လည်း လေဖြတ်ရောဂါ ပိုမိုအဖြစ်များလာသည်ကို တွေ့ရ သည်။

အသက်(၄၅)နှစ်အရွယ် ဦးစိုးမောင်(အမည်လွဲှ)သည် တစ်နေ့ လျှင် သုံးဘူးနှုန်းဖြင့် ဆေးလိပ်အ လွန်အကျွံသောက်သုံးရာမှ လေ ဖြတ်ပြီး အိပ်ရာထဲလဲခဲ့သည်။ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အ ဆုတ်ကင်ဆာဟူသော ရောဂါပါ ထပ်မံခံစားရပြီး နှစ်လအကြာ၌ အသက်ဆုံးပါးသွားခဲ့သည်ဟု ၎င်း ၏သမီး မအိကဆိုသည်။

‘‘အဖေက သူ့မှာသွေးတိုးရှိ မှန်းလည်း မသိဘူး။ ဆေးလိပ်လည်း အရမ်းသောက်တယ်။ လေမဖြတ်ခင်နေ့က ပင်လယ်စာတွေ အရမ်းစားပြီး ချောင်းသာကနေပြန်လာ တယ်။  တစ်လမ်းလုံးကားမောင်း လာတော့  အိပ်ရေးလည်း ပျက်လာတယ်။

အိမ်လဲရောက်ရော မူးတယ်ဆိုပြီး လဲသွားတယ်။ သတိရလာတော့ စကားဗလုံးဗထွေး  ပြောပြီးတော့ လမ်းမလျှောက်နိုင်တော့ဘူး။ လေဖြတ်ပြီး ဆေးရုံမှာ နှစ်ပတ်လောက်နေရတယ်။ အိမ်မှာ ဗမာဆရာတွေနဲ့ပြပြီး ဆေးကုသေးတယ်။ နောက်ပိုင်းသွေးတွေပါ အန်လာလို့ ဆေးရုံပြန်တက်ရတယ်။ ဆေးထပ်စစ်လိုက်တော့ လေဖြတ်တာရော၊ ကင်ဆာရော တစ်ပြိုင်နက်တည်း ရှိနေပြီဖြစ်ပြီး နှစ်လအကြာမှာ ဆုံးသွားတယ်’’ဟု ၎င်းက ဆိုသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း များကြောင့်ဖြစ်သော သွေးတိုး ရောဂါရှိခြင်းကြောင့် လေဖြတ်နိုင် ခြေမှာ လေးဆ၊ ဆီးချိုရောဂါရှိ ခြင်းကြောင့် နှစ်ဆ၊ နှလုံးသွေး ကြောပိတ်ခြင်းကြောင့် သုံးဆနှင့် လေဖြန်းခြင်းကြောင့် လေဖြတ် နိုင်ခြေ ခုနစ်ဆခန့်ပိုမိုဖြစ်ပွားနိုင် သည်ဟု ကျန်းမာရေးစစ်တမ်းများ က ထောက်ပြထားသည်။

ထိုကဲ့သို့ ရောဂါများအခံမရှိ သော်လည်း ပူပြင်းသည့်နွေရာသီ ၌ ရေချိုးပြီးအဝတ်အစား မဝတ် ဘဲနှင့် ပန်ကာ၊ အဲကွန်းများဖွင့်အိပ် ခြင်း၊ ရေလဲလုပ်ထားသည့် အဝတ်အစားကိုခင်းအိပ်ခြင်း၊ ဖျာကိုရေ ဆွတ်ပြီး အိပ်ခြင်းကဲ့သို့ အပူဒဏ် သက်သာစေရန် ပြုလုပ်ခြင်းများ နှင့် စိတ်ကြွဆေးအလွန်အကျွံသုံး စွဲခြင်း၊ အချိန်ကြာမြင့်စွာအလုပ် လုပ်ခြင်း၊ အိပ်မပျော်ခြင်းနှင့် အအိပ်လွန်ခြင်းများကလည်း လေဖြတ်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသည့် အပြုအမူအမှားများပင် ဖြစ်သည်။

  လေဖြတ်ရောဂါဆိုသည်မှာ ဦးနှောက်ကြွက်သားများကို ထောက်ပံ့နေသည့် သွေးကြော ပေါက်ခြင်း(သို့မဟုတ်)သွေးကြော ပိတ်ခြင်းတို့ကြောင့် ဦးနှောက်ထဲ တွင်ရှိသည့် ပုံမှန်သွေးလည်ပတ်မှု လျော့နည်းသွားရန် ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ထိ ခိုက်ခြင်းဖြစ်သည်။

ရောဂါ၏ရှေ့ပြေးလက္ခဏာ များအဖြစ် မြင်ကွင်းနှစ်ထပ်ဖြစ် လာခြင်း၊ လက်များပုံမှန်ထက်ပိုမို ထုံလာခြင်း၊ စကားပြောလျှင်လျှာ လိပ်ပြီး ဗလုံးဗထွေးထွက်လာခြင်း၊  ခေါင်းများမကြာခဏ ကိုက်ခဲခြင်း၊ ခန္ဓာကိုယ်တစ်ခြမ်းထုံကျဉ်ခြင်း (သို့မဟုတ်) အားနည်းခြင်း၊ လမ်း ကောင်းစွာမလျှောက်နိုင်ခြင်းတို့ ကို ခံစားရတတ်သည်။

လေဖြတ်ခြင်း၏ လက္ခဏာ များမှာမူ ကိုယ်တခြမ်းသေသွား ခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးသွားခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားခြင်း၊ စကားမပြောနိုင်ခြင်း(သို့မဟုတ်) မပီတော့ခြင်း၊ တက်ခြင်း၊ နားထဲ တွင် ပုံမှန်မဟုတ်ဘဲ အမြဲဆူညံနေ သလို ခံစားရခြင်းများ ဖြစ်ပေါ်နိုင် သည်။

‘‘လေမဖြတ်အောင် ကြိုတင် ကာကွယ်ရမယ့် ထိုးဆေးဆိုတာ မရှိဘူး။ လေဖြတ်ရောဂါရဲ့ ရှေ့ ပြေးလက္ခဏာတွေကို သတိပြုဖို့ လိုတယ်။ ဒီလက္ခဏာတွေပြလာ ပြီဆိုရင် အမြန်ဆုံးဆေးရုံဆေးခန်း သွားပြီး စနစ်တကျနဲ့ ဆေးကုသ မှုခံယူရမယ်။ လေဖြန်းတာလို အ သေးစားအခြေအနေကို အမြန်ဆုံး သင့်တော်တဲ့ ကုသမှုခံယူမှသာ အကြီးစား လေဖြတ်ခြင်းကို ကာကွယ်နိုင်မှာဖြစ်တယ်’’ ဟု မြောက်ဥက္က လာပဆေးရုံကြီး၊ ဦးနှောက်နှင့်အာ ရုံကြောဆေးကုသမှုဌာနမှ ပါမော က္ခ၊ ဌာနမှူးဒေါက်တာဖြူဖြူလေး က တိုက်တွန်းသည်။

  လေဖြတ်ရောဂါကြောင့် မသန်စွမ်းဖြစ်ပွားနိုင်ခြေမှာ ၇၅ ရာခိုင်နှုန်းရှိပြီး မသန်စွမ်းဒုက္ခိတ အဖြစ် ကျန်စေသောရောဂါများထဲ တွင် ယင်းရောဂါသည် ဒုတိယအ များဆုံးလည်း ဖြစ်သည်။ တစ် ကြိမ်လေဖြတ်ပြီးပါက နောက်တစ် ကြိမ်လေဖြတ်နိုင်ခြေမှာ ၃၀ ရာ ခိုင်နှုန်းရှိသည်။ ယင်းကြောင့် စီး ပွား ရေး၊ လူမှုရေးထိခိုက်နစ်နာမှု များ ခံစားကြရပြီး မိသားစု၏အ ဓိက ဝင်ငွေရှာဖွေသူဖြစ်ပါက မိ သားစုအတွက် ကြီးမားသည့်ထိ ခိုက်နစ်နာမှုဖြစ်သည့်အပြင် နိုင်ငံ အနေဖြင့်လည်း လူ့စွမ်းအားအ ရင်းအမြစ်၊ ကုန်ထုတ်လုပ်မှုစွမ်း အားများ ဆုံးရှုံးခြင်းတို့ဖြင့် ရင်ဆိုင် ရမည် ဖြစ်သည်။

‘‘အခုဆိုရင် ဆေးရုံဆေးခန်း တွေမှာ တိုင်းပြည်ရဲ့ အလုပ်လုပ် နိုင်တဲ့အရွယ်တွေ အသက် (၂၅) နှစ်(၃၀)နှစ်နဲ့ လေဖြတ်လို့ရောက် လာကြတယ်။ ဒါကြောင့် လေဖြတ်ရောဂါကို အဓိကအလေးပေးကိုင် တွယ်ဖို့ လိုအပ်လာပြီ’’ဟု မကြာ သေးမီက ကျင်းပပြုလုပ်ခဲ့သော ‘‘ကမ္ဘာ့လေဖြတ်ရောဂါကာကွယ် ရေးနေ့’’ အခမ်းအနားတွင် ကျန်း မာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်း ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကုသမှုအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လေဖြတ်ရောဂါ အထူးကြပ်မတ် ဆောင်ကို ၂၀၁၅ က စတင်ဖွင့် လှစ်၍ ဦးနှောက်သွေးကြောပိတ် လေဖြတ်လူနာများကို သွေးခဲ ပျော်ဆေးအသုံးပြုပြီး ကုသမှုပေး လျက်ရှိသည်။ ထို့ပြင်ကာကွယ် ရေးအနေဖြင့် လေဖြတ်ရောဂါအ ကြောင်း သိကောင်းစရာ စာအုပ် များထုတ်ဝေ၍ တစ်နိုင်ငံလုံးသို့ ဖြန့်ဝေရန် စီစဉ်နေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

‘‘ကျန်းမာရေးနဲ့ သင့်တော် တဲ့ အစားအသောက်စားဖို့၊ အဆီ အဆိမ့်လျှော့စားဖို့၊ ဆေးလိပ် မသောက်ဖို့၊ ကိုယ်အလေးချိန်ထိန်းဖို့၊ လေ့ကျင့်ခန်းတွေလုပ်ဖို့လိုတယ်။ ဒါတွေအရမ်းအရေးကြီးပါတယ်။ မြန်မာပြည်မှာတော့ ဒါလုပ်တာနည်းတယ်။ ဥပမာ-တစ်နှစ်တစ်ခါ သွေးထဲမှာရှိတဲ့ သွေးချိုတို့ အဆီဓာတ်များတာတို့ကို တိုင်းမယ်။ လိုအပ်ရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပုံမှန်စစ်ဆေးဖို့ ဒါတွေလုပ်ဖို့လိုတယ်။ အချိန်မီသိဖို့၊ အချိန်မီကုသမှုခံယူဖို့လည်း အရေးကြီးတယ်။ နောက်တစ်ခုက ပြန်လည်ထူထောင်ရေးတွေလည်း လုပ်ဖို့လိုတယ်’’ဟု ဦးနှောက်နှင့်အာရုံကြော  ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြတ်သူက အကြံပြုသည်။

လေဖြတ်ရောဂါ၏ ၆၀ ရာ ခိုင်နှုန်းသည် လူနေမှုဘဝပုံစံမမှန် ကန်မှုများနှင့် ဆက်စပ်နေသည်ဟု ဆေးပညာရှင်များနှင့် သုတေသန စာတမ်းများက ထောက်ပြထား ၍ ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ် သည်။

လေဖြတ်ရောဂါများ၏ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်၍ရသဖြင့် ကာကွယ်နိုင်သည့် နည်းလမ်းများ အဖြစ် ဆီးချို၊ သွေးတိုးနှင့် နှလုံး ရောဂါ၊ သွေးတွင်းအဆီဓာတ်များ ခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်နှင့် အရက် အလွန်အကျွံသောက်ခြင်းတို့ကို လျှော့ချရမည်ဖြစ်သည်။ ကျန်းမာရေး အသိပညာပေးခြင်း၊ ရောဂါအခံရှိသူများကို စောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းတို့အပြင် လေဖြတ်ရောဂါ လူနာအား ထိရောက်စွာကုသမှုပေးပြီး နောက်ဆက်တွဲဆိုးကျုးိနည်းပါးစေရန် ဆောင်ရွက်ပေးခြင်းတို့ပင် ဖြစ်သည်။

 လူနေမှုဘဝပုံစံ အမှားတစ်ချက်ကြောင့် အရွယ်မတိုင်မီ လေဖြတ်ရောဂါခံစားရပြီး ဘဝတက်လမ်း ဆုံးရှုံးခဲ့ရသည့် မခိုင်ဦးတစ်ယောက် ရောဂါခံစားရမှုကာလအားဖြင့် ရှစ်နှစ်ကြာခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ မသန်စွမ်းဘဝဖြင့် နေထိုင်နေရဆဲ၊ သူတစ်ပါးအပေါ် မှီခိုနေရသည့် အခြေအနေဖြင့် ရှိနေဆဲပင် ဖြစ်သည်။

‘‘ဒီလောက်အချိန်ကြာကြာ ကုခဲ့တာတောင်မှ လူကောင်းတစ်ယောက်လို ပြန်ဖြစ်ဖို့က မလွယ်တော့ဘူး။ ကျွန်မမရှိတော့ရင် သမီးကိုဘယ်သူနဲ့ ထားခဲ့ရမှန်း တွေးမိရင် စိတ်မကောင်းဘူး’’ဟု မခိုင်ဦး၏ မိခင်ဒေါ်သန်းကဆိုသည်။

Credit : 7 day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top