iMyanmarHouse.com - Best Property Website for Myanmar
×

မွန္ၾကည့္လိုက္တဲ့အခါတိုင္း ကိုယ့္အသက္အရြယ္ထက္ပိုၿပီး အိုမင္းရင့္ေရာ္ေနၿပီလို႔ ျမင္ေနၿပီလား၊ ဒါမွမဟုတ္ အသားအေရေတြ ပ်က္စီးလာတယ္လို႔ ခံစားမိလာရင္ ဘယ္သူ႔ကိုမွ အျပစ္မတင္ဘဲ ကိုယ္ဘာေတြ လုပ္မိေနသလဲသာ ျပန္ေတြးၾကည့္လိုက္ပါ။

အဆီမွန္သမွ် လံုးဝမစားျခင္း - အစာစားတဲ့အခါမွာ ဘာအဆီကို မွ လံုးဝမစားဘဲ ေရွာင္တာမ်ဳိးက လည္း အရြယ္မတိုင္မီ အိုမင္းရင့္ ေရာ္ေစတယ္လို႔ ဆိုပါတယ္။

ေပ်ာ့တိေပ်ာ့ေခြေနျခင္း - ကြန္ပ်ဴ တာေရွ႕မွာပဲ တစ္ခ်ိန္လံုးထုိင္ၿပီး အလုပ္လုပ္တာဟာ ခႏၶာကိုယ္ ပံုပန္းသဏၭာန္ကို ပ်က္ေစတဲ့ အျပင္ က်န္းမာေရးကိုလည္း ထိ ခိုက္ေစပါတယ္။

အိပ္ခ်ိန္နည္းျခင္း - အရြယ္ ေရာက္ၿပီး သူတစ္ေယာက္ဟာ ပံု မွန္အိပ္ခ်ိန္အနည္းဆံုး ခုနစ္နာရီကေန ရွစ္နာရီအထိ ရွိသင့္တယ္လို႔ဆိုပါတယ္။ အိပ္ခ်ိန္က ေန႔စဥ္လုိလို ငါးနာရီထက္နည္းရင္ ပင္ပန္းႏြမ္းနယ္ကာ တျခားေဘး ထြက္ဆိုးက်ဳိးအျဖစ္ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးထိခိုက္ျခင္း၊ အဝလြန္ျခင္း၊ သက္လံုမေကာင္း ျခင္းေတြ ႀကံဳရတတ္ပါတယ္။

အရည္ကို ပိုက္ျဖင့္ေသာက္ျခင္း - ေသာက္စရာကို ပိုက္နဲ႔စုပ္ ေသာက္တာဟာ ပါးစပ္အနီးတစ္ ဝုိက္မွာ အေရးအေၾကာင္းေတြ၊ လိုင္းေတြ  ျဖစ္ေစပါတယ္။ ဒါေၾကာင့္မို႔ ေရပဲျဖစ္ျဖစ္၊ ေဖ်ာ္ ရည္ျဖစ္ျဖစ္ ေသာက္ရင္ ပိုက္နဲ႔ ေသာက္မယ့္အစား ဖန္ခြက္နဲ႔သာ ေသာက္လိုက္ပါ။

အခ်ိန္ၾကာတီဗီၾကည့္ျခင္း - တစ္ ေနရာတည္းမွာထိုင္ၿပီး အခ်ိန္ အၾကာႀကီး ကိုယ္လက္လႈပ္ရွားမႈ မရွိဘဲ တီဗီပဲၾကည့္တာမ်ဳိးကုိ ေရွာင္ ဖို႔လိုသလို လုပ္ငန္းခြင္မွာဆိုရင္ လည္း တစ္နာရီခြဲတစ္ႀကိမ္ ေလာက္ျဖစ္ျဖစ္ လမ္းေလွ်ာက္ တာမ်ဳိး လုပ္ေပးသင့္ပါတယ္။

ေနပူထဲထြက္ခ်ိန္သာ ဆန္းခရင္မ္ လိမ္းျခင္း - ခရမ္းလြန္ေရာင္ျခည္ ေတြဟာ အရြယ္မတုိင္ခင္ အသား အေရ ပ်က္စီးေစတဲ့အတြက္ ေန ပူပူ၊ မိုးအံု႔အံု႔ အျပင္ထြက္တာနဲ႔ ဆန္းခရင္မ္လိမ္းဖို႔ လိုအပ္ပါ တယ္။

စိတ္ဖိစီးမႈမ်ားျခင္း - စိတ္ဖိစီးမႈ ဟာ အေရျပားဆဲလ္ေတြကို တျဖည္းျဖည္း ပ်က္စီးေစသလို အိုမင္းရင့္ေရာ္မႈႏႈန္းကိုလည္း ျမင့္ ေစပါတယ္။

မိတ္ကပ္အထူႀကီးလိမ္းျခင္း - မိတ္ကပ္ထူထူႀကီး တစ္ခ်ိန္လံုး လိမ္းထားတာမ်ဳိးက မ်က္ႏွာေခြၽး ေပါက္ေတြကုိ အကုန္ပိတ္ေစသလို မ်က္ႏွာအေရျပားေျခာက္ ေသြ႕ၿပီး သဘာဝအဆီေတြကိုပါ ခန္းေျခာက္ေစပါတယ္။

အခ်ဳိစားလြန္းျခင္း - အခ်ဳိေတြ အစားမ်ားရင္ အသားအေရကို ပ်က္စီးေစသလို အသားေရာင္ကို လည္း ေမွးမွိန္လာေစပါတယ္။ ေနာက္ၿပီး ပြေရာင္းေရာင္းျဖစ္ လာေစသလို အေရးအေၾကာင္း ေတြပါ ျဖစ္ေစတယ္လို႔ဆိုပါတယ္။

မ်က္ႏွာကို ေခါင္းအံုးျဖင့္ဖိကပ္ ျခင္း - မ်က္ႏွာကို ေခါင္းအံုးနဲ႔ တစ္ခ်ိန္လံုး ဖိကပ္အိပ္တာမ်ဳိးက လည္း ပါးေတြ၊ ေမးေစ့ေတြမွာ အေရးအေၾကာင္းေတြ ျဖစ္ေစႏိုင္ တယ္လို႔ သိရပါတယ္။

Credit: 7day daily

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မှန်ကြည့်လိုက်တဲ့အခါတိုင်း ကိုယ့်အသက်အရွယ်ထက်ပိုပြီး အိုမင်းရင့်ရော်နေပြီလို့ မြင်နေပြီလား၊ ဒါမှမဟုတ် အသားအရေတွေ ပျက်စီးလာတယ်လို့ ခံစားမိလာရင် ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ ကိုယ်ဘာတွေ လုပ်မိနေသလဲသာ ပြန်တွေးကြည့်လိုက်ပါ။

အဆီမှန်သမျှ လုံးဝမစားခြင်း - အစာစားတဲ့အခါမှာ ဘာအဆီကို မှ လုံးဝမစားဘဲ ရှောင်တာမျိုးက လည်း အရွယ်မတိုင်မီ အိုမင်းရင့် ရော်စေတယ်လို့ ဆိုပါတယ်။

ပျော့တိပျော့ခွေနေခြင်း - ကွန်ပျူ တာရှေ့မှာပဲ တစ်ချိန်လုံးထိုင်ပြီး အလုပ်လုပ်တာဟာ ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်ကို ပျက်စေတဲ့ အပြင် ကျန်းမာရေးကိုလည်း ထိ ခိုက်စေပါတယ်။

အိပ်ချိန်နည်းခြင်း - အရွယ် ရောက်ပြီး သူတစ်ယောက်ဟာ ပုံ မှန်အိပ်ချိန်အနည်းဆုံး ခုနစ်နာရီကနေ ရှစ်နာရီအထိ ရှိသင့်တယ်လို့ဆိုပါတယ်။ အိပ်ချိန်က နေ့စဉ်လိုလို ငါးနာရီထက်နည်းရင် ပင်ပန်းနွမ်းနယ်ကာ တခြားဘေး ထွက်ဆိုးကျိုးအဖြစ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်ခြင်း၊ အဝလွန်ခြင်း၊ သက်လုံမကောင်း ခြင်းတွေ ကြုံရတတ်ပါတယ်။

အရည်ကို ပိုက်ဖြင့်သောက်ခြင်း - သောက်စရာကို ပိုက်နဲ့စုပ် သောက်တာဟာ ပါးစပ်အနီးတစ် ဝိုက်မှာ အရေးအကြောင်းတွေ၊ လိုင်းတွေ  ဖြစ်စေပါတယ်။ ဒါကြောင့်မို့ ရေပဲဖြစ်ဖြစ်၊ ဖျော် ရည်ဖြစ်ဖြစ် သောက်ရင် ပိုက်နဲ့ သောက်မယ့်အစား ဖန်ခွက်နဲ့သာ သောက်လိုက်ပါ။

အချိန်ကြာတီဗီကြည့်ခြင်း - တစ် နေရာတည်းမှာထိုင်ပြီး အချိန် အကြာကြီး ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ တီဗီပဲကြည့်တာမျိုးကို ရှောင် ဖို့လိုသလို လုပ်ငန်းခွင်မှာဆိုရင် လည်း တစ်နာရီခွဲတစ်ကြိမ် လောက်ဖြစ်ဖြစ် လမ်းလျှောက် တာမျိုး လုပ်ပေးသင့်ပါတယ်။

နေပူထဲထွက်ချိန်သာ ဆန်းခရင်မ် လိမ်းခြင်း - ခရမ်းလွန်ရောင်ခြည် တွေဟာ အရွယ်မတိုင်ခင် အသား အရေ ပျက်စီးစေတဲ့အတွက် နေ ပူပူ၊ မိုးအုံ့အုံ့ အပြင်ထွက်တာနဲ့ ဆန်းခရင်မ်လိမ်းဖို့ လိုအပ်ပါ တယ်။

စိတ်ဖိစီးမှုများခြင်း - စိတ်ဖိစီးမှု ဟာ အရေပြားဆဲလ်တွေကို တဖြည်းဖြည်း ပျက်စီးစေသလို အိုမင်းရင့်ရော်မှုနှုန်းကိုလည်း မြင့် စေပါတယ်။

မိတ်ကပ်အထူကြီးလိမ်းခြင်း - မိတ်ကပ်ထူထူကြီး တစ်ချိန်လုံး လိမ်းထားတာမျိုးက မျက်နှာချွေး ပေါက်တွေကို အကုန်ပိတ်စေသလို မျက်နှာအရေပြားခြောက် သွေ့ပြီး သဘာဝအဆီတွေကိုပါ ခန်းခြောက်စေပါတယ်။

အချိုစားလွန်းခြင်း - အချိုတွေ အစားများရင် အသားအရေကို ပျက်စီးစေသလို အသားရောင်ကို လည်း မှေးမှိန်လာစေပါတယ်။ နောက်ပြီး ပွရောင်းရောင်းဖြစ် လာစေသလို အရေးအကြောင်း တွေပါ ဖြစ်စေတယ်လို့ဆိုပါတယ်။

မျက်နှာကို ခေါင်းအုံးဖြင့်ဖိကပ် ခြင်း - မျက်နှာကို ခေါင်းအုံးနဲ့ တစ်ချိန်လုံး ဖိကပ်အိပ်တာမျိုးက လည်း ပါးတွေ၊ မေးစေ့တွေမှာ အရေးအကြောင်းတွေ ဖြစ်စေနိုင် တယ်လို့ သိရပါတယ်။

Credit: 7day daily



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top