iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ့္ရဲ႕အသိမိတ္ေဆြ၊ သူငယ္ခ်င္းေတြထဲမွာ အိမ္ ေထာင္ကြဲျပီး ေနာက္အိမ္ေထာင္ျပဳမယ့္ သူရွိပါသလား။ သူတုိ႕နဲ႕ေတြ႕တဲ့အခါ ကိုယ္နဲ႕ဘယ္ေလာက္ခင္ခင္ သူတုိ႕ကိုမေျပာသင့္၊ မေမးသင့္တဲ့ စကားေတြရွိပါတယ္။ အဲ့ဒီစကားေတြကို သတိမျပဳမိပဲျဖစ္ျဖစ္၊ သက္သက္ေမးခ်င္လို႕ပဲျဖစ္ျဖစ္ ေျပာျဖစ္၊ ေမးျဖစ္မယ္ဆုိရင္ တစ္ဖက္လူအေနနဲ႕ အေနရခက္သြားမွာျဖစ္တဲ့အျပင္ စိတ္အေနွာင့္အယွက္ျဖစ္တာမ်ိဳးေတြ ၾကံဳရမွာ အေသအခ်ာပါပဲ။

၁။နင္ေျပာေတာ့ ေနာက္ထပ္အိမ္ေထာင္ မျပဳေတာ့ဘူးဆို

အမွန္ပဲ။ ေျပာခဲ့ဖူးတာေပါ့။ အိမ္ေထာင္ကြဲကြဲခ်င္း ခံစားခ်က္ကို အိမ္ေထာင္ကြဲဖူးသူေတြပဲ သိမွာေလ။ ကိုယ့္အေပၚ တကယ္ေကာင္းတဲ့သူေတြ႕လာေတာ့လည္း ဘယ္သူက တင္းခံႏိုင္မွာပဲ။ ဘ၀ကို တစ္ေယာက္တည္း ဘယ္သူကမ်ား ျဖတ္သန္းခ်င္မွာလဲေနာ္။

၂။ဒီတစ္ခါ အရင္နဲ႔ မတူဘူးလုိ႔ ခံစားေနရလား

အူေၾကာင္ေၾကာင္ႏိုင္လြန္းတဲ့ ေမးခြန္းမ်ိဳးပါ။ ပထမနဲ႔ ဒုတိယ ခြဲျခားတာထက္ ေနာက္ထပ္အိမ္ေထာင္တစ္ခုက ဘယ္လိုအေျခအေနမ်ိဳးနဲ႔ သြားမလဲဆိုတာပဲ ပိုစဥ္းစားရမွာ မဟုတ္ဘူးလား။

၃။ဒီမဂၤလာ၀တ္စံုေလးက ပထမတစ္စံုထက္ ပိုလွတယ္

သူမ်ားေပ်ာ္ရႊင္ေနခ်ိန္မွ အရင္ အိမ္ ေထာင္ကြဲဖူးတယ္ဆိုတာမ်ိဳးကို အစေဖာ္ခ်င္တာမ်ိဳးလားလို႔ေတာင္ ေတြ႕ရေတာ့မယ္။

၄။အဲ့ဒါဆို ငါ့ facebook မွာတင္ထားတဲ့ နင့္အရင္မဂၤလာေဆာင္ပံုေတြကို ဖ်က္ပစ္ရေတာ့မလား

ဖ်က္ခ်င္ရင္ဖ်က္၊ မဖ်က္ခ်င္ရင္လည္း အမွတ္တရသိမ္းထားလိုက္ေတာ့။

၅။နင့္အရင္လူႀကီးကို မဂၤလာပြဲကို ဖိတ္မွာလား

ဒါလည္း စိတ္ပူခ်င္ေယာင္ေဆာင္တဲ့ လွည့္ကြက္ေမးခြန္းပါပဲ။ သိခ်င္ရင္ အဲ့ဒီေရာက္မွသာၾကည့္လို႔ ေျပာပစ္လိုက္ခ်င္တယ္။

၆။ဒီတစ္ခါက်ရင္ေတာ့ နည္းနည္းက်ဥ္းတဲ့အခန္းမွာပဲ ပြဲလုပ္မွာမလား

မဂၤလာေဆာင္တာ ဒုတိယအႀကိမ္ျဖစ္လို႔ အေတြ႕အႀကံဳရေနၿပီးသား အပိုေတြ မလိုေတာ့ဘူးလုိ႔ ဆိုခ်င္တာလား။

၇။နင့္ေယာကၡမေတြက အရင္တစ္ေယာက္ရဲ႕ ေယာကၡမထက္ေတာ့ သာမယ္ထင္တယ္ေနာ္

မလိုအပ္တာေတြ ခုလို လိုက္စိတ္၀င္စားမယ့္အစား ကုိယ့္အေၾကာင္း ကိုယ္ေတြးေနတာ ပိုေကာင္းပါတယ္။

၈။မဂၤလာဦးညက်ရင္ေတာ့ နင္ပထမဆံုးအေခါက္တုန္းကလုိ စိတ္လႈပ္ရွားစရာ မလိုေတာ့ပါဘူး

ဒါလည္း ေစာ္ကားေျပာဆုိျခင္း တစ္မ်ိဳးပဲေပါ့။

၉။နင္ကသာ ႏွစ္ခါေလာက္ မဂၤလာေဆာင္ျဖစ္သြားတယ္ ငါကေတာ့ တစ္ေယာက္တည္းပဲ

ခ်ီးမြမ္းတာလား၊ ကဲ့ရဲ႕တာလား၊ ကိုယ့္ကိုကိုယ္ အားငယ္သြားတာလား ဘာျဖစ္ခ်င္တာလဲ ဆိုတာ စဥ္းစာစရာစကားေပါ့။

၁၀။နင္ေၾကာက္ေနလား

ေၾကာက္စရာ ဘာမ်ားရွိလို႔လဲ။ ဒုတိယအႀကိမ္ မဂၤလာေဆာင္မယ့္သူက ဒီတစ္ခါေရာ ဘယ္လိုမ်ားျဖစ္ဦးမွာလဲဆိုၿပီး ေၾကာက္ေနရမွာလား။

Credit: trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့်ရဲ့အသိမိတ်ဆွေ၊ သူငယ်ချင်းတွေထဲမှာ အိမ် ထောင်ကွဲပြီး နောက်အိမ်ထောင်ပြုမယ့် သူရှိပါသလား။ သူတို့နဲ့တွေ့တဲ့အခါ ကိုယ်နဲ့ဘယ်လောက်ခင်ခင် သူတို့ကိုမပြောသင့်၊ မမေးသင့်တဲ့ စကားတွေရှိပါတယ်။ အဲ့ဒီစကားတွေကို သတိမပြုမိပဲဖြစ်ဖြစ်၊ သက်သက်မေးချင်လို့ပဲဖြစ်ဖြစ် ပြောဖြစ်၊ မေးဖြစ်မယ်ဆိုရင် တစ်ဖက်လူအနေနဲ့ အနေရခက်သွားမှာဖြစ်တဲ့အပြင် စိတ်အနှောင့်အယှက်ဖြစ်တာမျိုးတွေ ကြုံရမှာ အသေအချာပါပဲ။

၁။နင်ပြောတော့ နောက်ထပ်အိမ်ထောင် မပြုတော့ဘူးဆို

အမှန်ပဲ။ ပြောခဲ့ဖူးတာပေါ့။ အိမ်ထောင်ကွဲကွဲချင်း ခံစားချက်ကို အိမ်ထောင်ကွဲဖူးသူတွေပဲ သိမှာလေ။ ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေ့လာတော့လည်း ဘယ်သူက တင်းခံနိုင်မှာပဲ။ ဘဝကို တစ်ယောက်တည်း ဘယ်သူကများ ဖြတ်သန်းချင်မှာလဲနော်။

၂။ဒီတစ်ခါ အရင်နဲ့ မတူဘူးလို့ ခံစားနေရလား

အူကြောင်ကြောင်နိုင်လွန်းတဲ့ မေးခွန်းမျိုးပါ။ ပထမနဲ့ ဒုတိယ ခွဲခြားတာထက် နောက်ထပ်အိမ်ထောင်တစ်ခုက ဘယ်လိုအခြေအနေမျိုးနဲ့ သွားမလဲဆိုတာပဲ ပိုစဉ်းစားရမှာ မဟုတ်ဘူးလား။

၃။ဒီမင်္ဂလာဝတ်စုံလေးက ပထမတစ်စုံထက် ပိုလှတယ်

သူများပျော်ရွှင်နေချိန်မှ အရင် အိမ် ထောင်ကွဲဖူးတယ်ဆိုတာမျိုးကို အစဖော်ချင်တာမျိုးလားလို့တောင် တွေ့ရတော့မယ်။

၄။အဲ့ဒါဆို ငါ့ facebook မှာတင်ထားတဲ့ နင့်အရင်မင်္ဂလာဆောင်ပုံတွေကို ဖျက်ပစ်ရတော့မလား

ဖျက်ချင်ရင်ဖျက်၊ မဖျက်ချင်ရင်လည်း အမှတ်တရသိမ်းထားလိုက်တော့။

၅။နင့်အရင်လူကြီးကို မင်္ဂလာပွဲကို ဖိတ်မှာလား

ဒါလည်း စိတ်ပူချင်ယောင်ဆောင်တဲ့ လှည့်ကွက်မေးခွန်းပါပဲ။ သိချင်ရင် အဲ့ဒီရောက်မှသာကြည့်လို့ ပြောပစ်လိုက်ချင်တယ်။

၆။ဒီတစ်ခါကျရင်တော့ နည်းနည်းကျဉ်းတဲ့အခန်းမှာပဲ ပွဲလုပ်မှာမလား

မင်္ဂလာဆောင်တာ ဒုတိယအကြိမ်ဖြစ်လို့ အတွေ့အကြုံရနေပြီးသား အပိုတွေ မလိုတော့ဘူးလို့ ဆိုချင်တာလား။

၇။နင့်ယောက္ခမတွေက အရင်တစ်ယောက်ရဲ့ ယောက္ခမထက်တော့ သာမယ်ထင်တယ်နော်

မလိုအပ်တာတွေ ခုလို လိုက်စိတ်ဝင်စားမယ့်အစား ကိုယ့်အကြောင်း ကိုယ်တွေးနေတာ ပိုကောင်းပါတယ်။

၈။မင်္ဂလာဦးညကျရင်တော့ နင်ပထမဆုံးအခေါက်တုန်းကလို စိတ်လှုပ်ရှားစရာ မလိုတော့ပါဘူး

ဒါလည်း စော်ကားပြောဆိုခြင်း တစ်မျိုးပဲပေါ့။

၉။နင်ကသာ နှစ်ခါလောက် မင်္ဂလာဆောင်ဖြစ်သွားတယ် ငါကတော့ တစ်ယောက်တည်းပဲ

ချီးမွမ်းတာလား၊ ကဲ့ရဲ့တာလား၊ ကိုယ့်ကိုကိုယ် အားငယ်သွားတာလား ဘာဖြစ်ချင်တာလဲ ဆိုတာ စဉ်းစာစရာစကားပေါ့။

၁၀။နင်ကြောက်နေလား

ကြောက်စရာ ဘာများရှိလို့လဲ။ ဒုတိယအကြိမ် မင်္ဂလာဆောင်မယ့်သူက ဒီတစ်ခါရော ဘယ်လိုများဖြစ်ဦးမှာလဲဆိုပြီး ကြောက်နေရမှာလား။

Credit: trend Myanmar



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top