iMyanmarHouse.com - Best Property Website for Myanmar
×

 ေနရာအႏွံ႔ခရီးသြားမယ္။ လူအသစ္ေတြနဲ႕ ေတြ႕မယ္။ လွည့္လည္သြားလာေနတုန္း အသံုးျပဳရမယ့္ အမ်ိဳးမ်ိဳးေသာ ဘာသာစကားေတြက သင့္ကို ပိုၿပီးလႈပ္ရွားမႈေတြ ရေစပါတယ္။ ခရီးသြားျခင္းက ပိုက္ဆံအပိုသံုးျခင္းနဲ႕ အေလးခ်ိန္တက္ျခင္းတုိ႕ကို ျဖစ္ေစႏုိင္တာမွန္ေပမယ့္ ကိုယ့္ကိုယ္ကိုယ္ ျပန္လည္ဆန္းစစ္ႏုိင္ျခင္းနဲ႕ ျပန္လည္ႏုပ်ိဳလာေစႏုိင္ျခင္းတုိ႕ကိုလည္း ေမ့ထားလုိ႕ မရပါဘူး။ ဒါေၾကာင့္ ခရီးသြားရျခင္းရဲ႕ ေကာင္းမြန္တဲ့အခ်က္အခ်ိဳ႕ကို စာရင္းျပဳစုၾကည့္ရေအာင္ပါ။

(၁) ပိုၿပီး အေပါင္းအသင္းဆံ့ေစပါတယ္။

အေတာ္မ်ားမ်ားက ပါတီေတြတက္ေရာက္ရာမွာ အေပါင္းအသင္းမဆံ့တဲ့ ျပႆနာမ်ိဳး ႀကံဳရတတ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူတုိ႕ရဲ႕အသိုက္အ၀န္းထဲမွာသာ လွည့္လည္ေနတတ္ တာေၾကာင့္ အသိအကၽြမ္း အလြန္နည္းပါးလို႕ပါပဲ။ ခရီးသြားျခင္းက သင့္ကို မတူညီတဲ့လူေတြနဲ႕ ေတြ႕ဆံုခြင့္ေပးသလို လူမ်ိဳးတစ္စု ၊ တုိင္းျပည္တစ္ခုရဲ႕ ေနာက္ခံသမုိင္းယဥ္ေက်းမႈေတြနဲ႕လည္း ရင္းႏွီးေစပါတယ္။ ဒီအခ်က္ေတြက သင့္ရဲ႕ လူမႈဆက္ဆံေရးကို တုိးတက္လာေစဖုိ႕ မ်ားစြာ အကူအညီေပးပါတယ္။

(၂)  ေနရာတက် စီစဥ္ႏုိင္ျခင္း စြမ္းရည္ကို တိုးတက္ေစပါတယ္။

သင္ခ်မွတ္လုိက္တဲ့ အစီအစဥ္ေတြက အားလံုးအခ်ိန္နဲ႕တေျပးညီ အံ၀င္ခြင္က် ျဖစ္သြားတဲ့အခါ ေက်နပ္မႈကို ခံစားရတယ္မလား။ ဒီလုိပဲ ခရီးသြားျခင္းရဲ႕ အဓိက အက်ိဳးေက်းဇူုး ထဲမွာလည္း အစီအစဥ္တက် စီစဥ္တတ္ျခင္းပါ၀င္ပါတယ္။ ခရီးသြားသူေတြဟာ အလြန္စဥ္းစားႏုိင္တဲ့ စီစဥ္သူေတြပါပဲ။ ပံုမွန္ခရီးသြားေနသူ တစ္ဦးအဖုိ႕ ခရီးသြားရာမွာ ေကာင္းမြန္တဲ့အစီအစဥ္ေတြ ေရးဆြဲႏုိင္ရံုသာမကပဲ ေန႕စဥ္အလုပ္ခြင္ထဲမွာပါ ပုိတည္ၿငိမ္တဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်ႏုိင္တာကို တျဖည္းျဖည္းနဲ႕ ျမင္ေတြ႕လာရပါလိမ့္မယ္။

(၃) ဘာပဲႀကံဳလာ ႀကံဳလာ အလြယ္တကူ ေျဖရွင္းလာႏုိင္ပါတယ္။

တစ္ခါမွ မေရာက္ဖူးတဲ့ ေနရာတစ္ခုကို သြားလည္ရာမွာ သင့္အေနနဲ႕ ဘယ္လုိအေျခအေန မ်ိဳးေတြ ႀကံဳလာႏုိင္တယ္ဆုိတာ ႀကိဳတင္မွန္းဆထားလုိ႕မရပါဘူး။ ဒါေပမယ့္လည္း ဘယ္လုိပဲျဖစ္ျဖစ္ ရင္ဆုိင္ဖုိ႕ေတာ့ ျပင္ဆင္ထားၿပီး ျဖစ္ပါလိမ့္မယ္။ ခရီးသြားေနစဥ္အတြင္း ဘယ္လုိ အေျခအေနမ်ိဳးမွာ ျဖစ္ျဖစ္ အံ၀င္ခြင္က်ႏုိင္ဖို႕ သင့္ကိုယ္သင္ ျပင္ဆင္ထားၿပီးသား ျဖစ္ေစဖို႕ သဘာ၀တရားက ပံုသြင္းသြားတတ္ပါတယ္။ အဲဒီလုိ ေန႕စဥ္ဘ၀မွာလည္းပဲ မေမွ်ာ္လင့္ထားတာေတြ ႀကံဳလာတဲ့အခါ သက္သက္သာသာနဲ႕ ႀကံ႕ႀကံ႕ခံရင္ဆုိင္ႏုိင္ေစဖုိ႕ အက်င့္တစ္ခုရလာေစပါတယ္။

(၄)  ပိုၿပီး စိတ္ရွည္လာပါတယ္။

ေလယာဥ္ ၊ ရထား ၊ ဘတ္စ္ကား စတာမ်ိဳးေတြ လြတ္သြားတာ ၊ ထြက္သြားတာမ်ိဳးဟာ ခရီးသြားတဲ့အခါမွာ မဆန္းေတာ့တဲ့အရာေတြပါ။ ဒါေပမယ့္ ေနာက္ခရီးစဥ္ တစ္ခုအတြက္ ျပန္လည္ ေစာင့္ဆုိင္းရတာမ်ိဳးက သင့္ရဲ႕ သည္းခံႏုိင္မႈအတုိင္းအတာကို အက်ိဳးသက္ေရာက္ေစပါတယ္။ ေစာင့္ဆုိင္းမႈက သင့္ရဲ႕ စိတ္ရွည္သည္းခံမႈကို စမ္းသပ္ေနသလုိပါပဲ။ ပိုျမင္သာတဲ့ဘက္ကၾကည့္ရင္ “စိတ္ရွည္သည္းခံ လမ္းေၾကာင္းမွန္” ဆုိသလိုပဲ သင့္ကို ဒီလုိစြမ္းရည္မ်ိဳးရေအာင္ ျပဳလုပ္ေပးေနတာပါ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 နေရာအနှံ့ခရီးသွားမယ်။ လူအသစ်တွေနဲ့ တွေ့မယ်။ လှည့်လည်သွားလာနေတုန်း အသုံးပြုရမယ့် အမျိုးမျိုးသော ဘာသာစကားတွေက သင့်ကို ပိုပြီးလှုပ်ရှားမှုတွေ ရစေပါတယ်။ ခရီးသွားခြင်းက ပိုက်ဆံအပိုသုံးခြင်းနဲ့ အလေးချိန်တက်ခြင်းတို့ကို ဖြစ်စေနိုင်တာမှန်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်နိုင်ခြင်းနဲ့ ပြန်လည်နုပျိုလာစေနိုင်ခြင်းတို့ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒါကြောင့် ခရီးသွားရခြင်းရဲ့ ကောင်းမွန်တဲ့အချက်အချို့ကို စာရင်းပြုစုကြည့်ရအောင်ပါ။

(၁) ပိုပြီး အပေါင်းအသင်းဆံ့စေပါတယ်။

အတော်များများက ပါတီတွေတက်ရောက်ရာမှာ အပေါင်းအသင်းမဆံ့တဲ့ ပြဿနာမျိုး ကြုံရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အသိုက်အဝန်းထဲမှာသာ လှည့်လည်နေတတ် တာကြောင့် အသိအကျွမ်း အလွန်နည်းပါးလို့ပါပဲ။ ခရီးသွားခြင်းက သင့်ကို မတူညီတဲ့လူတွေနဲ့ တွေ့ဆုံခွင့်ပေးသလို လူမျိုးတစ်စု ၊ တိုင်းပြည်တစ်ခုရဲ့ နောက်ခံသမိုင်းယဉ်ကျေးမှုတွေနဲ့လည်း ရင်းနှီးစေပါတယ်။ ဒီအချက်တွေက သင့်ရဲ့ လူမှုဆက်ဆံရေးကို တိုးတက်လာစေဖို့ များစွာ အကူအညီပေးပါတယ်။

(၂)  နေရာတကျ စီစဉ်နိုင်ခြင်း စွမ်းရည်ကို တိုးတက်စေပါတယ်။

သင်ချမှတ်လိုက်တဲ့ အစီအစဉ်တွေက အားလုံးအချိန်နဲ့တပြေးညီ အံဝင်ခွင်ကျ ဖြစ်သွားတဲ့အခါ ကျေနပ်မှုကို ခံစားရတယ်မလား။ ဒီလိုပဲ ခရီးသွားခြင်းရဲ့ အဓိက အကျိုးကျေးဇူုး ထဲမှာလည်း အစီအစဉ်တကျ စီစဉ်တတ်ခြင်းပါဝင်ပါတယ်။ ခရီးသွားသူတွေဟာ အလွန်စဉ်းစားနိုင်တဲ့ စီစဉ်သူတွေပါပဲ။ ပုံမှန်ခရီးသွားနေသူ တစ်ဦးအဖို့ ခရီးသွားရာမှာ ကောင်းမွန်တဲ့အစီအစဉ်တွေ ရေးဆွဲနိုင်ရုံသာမကပဲ နေ့စဉ်အလုပ်ခွင်ထဲမှာပါ ပိုတည်ငြိမ်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တာကို တဖြည်းဖြည်းနဲ့ မြင်တွေ့လာရပါလိမ့်မယ်။

(၃) ဘာပဲကြုံလာ ကြုံလာ အလွယ်တကူ ဖြေရှင်းလာနိုင်ပါတယ်။

တစ်ခါမှ မရောက်ဖူးတဲ့ နေရာတစ်ခုကို သွားလည်ရာမှာ သင့်အနေနဲ့ ဘယ်လိုအခြေအနေ မျိုးတွေ ကြုံလာနိုင်တယ်ဆိုတာ ကြိုတင်မှန်းဆထားလို့မရပါဘူး။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ရင်ဆိုင်ဖို့တော့ ပြင်ဆင်ထားပြီး ဖြစ်ပါလိမ့်မယ်။ ခရီးသွားနေစဉ်အတွင်း ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် အံဝင်ခွင်ကျနိုင်ဖို့ သင့်ကိုယ်သင် ပြင်ဆင်ထားပြီးသား ဖြစ်စေဖို့ သဘာဝတရားက ပုံသွင်းသွားတတ်ပါတယ်။ အဲဒီလို နေ့စဉ်ဘဝမှာလည်းပဲ မမျှော်လင့်ထားတာတွေ ကြုံလာတဲ့အခါ သက်သက်သာသာနဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေဖို့ အကျင့်တစ်ခုရလာစေပါတယ်။

(၄)  ပိုပြီး စိတ်ရှည်လာပါတယ်။

လေယာဉ် ၊ ရထား ၊ ဘတ်စ်ကား စတာမျိုးတွေ လွတ်သွားတာ ၊ ထွက်သွားတာမျိုးဟာ ခရီးသွားတဲ့အခါမှာ မဆန်းတော့တဲ့အရာတွေပါ။ ဒါပေမယ့် နောက်ခရီးစဉ် တစ်ခုအတွက် ပြန်လည် စောင့်ဆိုင်းရတာမျိုးက သင့်ရဲ့ သည်းခံနိုင်မှုအတိုင်းအတာကို အကျိုးသက်ရောက်စေပါတယ်။ စောင့်ဆိုင်းမှုက သင့်ရဲ့ စိတ်ရှည်သည်းခံမှုကို စမ်းသပ်နေသလိုပါပဲ။ ပိုမြင်သာတဲ့ဘက်ကကြည့်ရင် “စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်” ဆိုသလိုပဲ သင့်ကို ဒီလိုစွမ်းရည်မျိုးရအောင် ပြုလုပ်ပေးနေတာပါ။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top