iMyanmarHouse.com - Best Property Website for Myanmar
×

1. ခႏၶာကိုယ္တြင္းသန္႔စင္ေစၿပီး ကိုယ္ခံအားျမႇင့္တင္ေပးႏုိင္ျခင္း

          မနက္ေစာေစာ သံပ႐ုိရည္ေႏြးေႏြးေလးတစ္ခြက္ေသာက္ေပးျခင္းျဖင့္ ခႏၶာကိုယ္အတြင္း သန္႔စင္ေစပါတယ္။ သံပ႐ုိသီးမွာ ဆီးရႊင္ေစတဲ့အာနိသင္ရွိျခင္းေၾကာင့္ ခႏၶာကိုယ္တြင္းမွ အဆိပ္အေတာက္ေတြကို ဆီးနဲ႔အတူစြန္႔ထုတ္ေပးႏုိင္ပါတယ္။ ဒါ့အျပင္ ကိုယ္ခံစြမ္းအားကိုလည္း တိုးတက္ေကာင္းမြန္ေစပါတယ္။



2. အစာေၾကေစျခင္း

          သံပ႐ုိသီးဟာ အစာေျခလုပ္ငန္းကိုကူညီဖို႔အတြက္ သည္းေျခရည္ထြက္အားေကာင္းေစတာေၾကာင့္ အစာေျခဖ်က္ျခင္းလုပ္ငန္းကို ပိုမိုေကာင္းမြန္ေစႏုိင္ပါတယ္။ ဒါ့အျပင္ အစာအိမ္အူလမ္းေၾကာင္းမွ အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးႏုိင္ပါတယ္။



3. ျခင္ႏုိင္ေဆးအျဖစ္ အသံုးျပဳႏုိင္ျခင္း

          တစ္ျခမ္းပိုင္းထားတဲ့ သံပ႐ုိသီးျခမ္းေပၚမွာ ေလးညႇင္းပြင့္ေလးေတြ သိပ္ထည့္ထားပါက ျခင္ေျပးေစႏုိင္ပါတယ္။



4. ပိုင္းျဖတ္ထားေသာပန္းသီးကိုအညိဳေရာင္မသန္းေစျခင္း

          စိတ္ပိုင္းထားတဲ့ ပန္းသီး၊ ေထာပတ္သီးေပၚကို သံပ႐ုိသီးနဲ႔ပြတ္ေပးပါက အညိဳဘက္သန္းမသြားေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။



5. သားငါးခုတ္ထစ္ေသာပလပ္စတစ္ျပားတြင္ ပိုးမႊားကင္းေစျခင္း

          သားငါးခုတ္ထစ္ရာမွာသံုးတဲ့ ပလပ္စတစ္ျပားေပၚကိုသံပ႐ုိသီးနဲ႔ ပြတ္တိုက္သန္႔စင္ေပးပါက ကပ္တြယ္ေနတဲ့ပိုးမႊားေတြကို ေသေစႏုိင္ပါတယ္။


Credit:Drmyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version


1. ခန္ဓာကိုယ်တွင်းသန့်စင်စေပြီး ကိုယ်ခံအားမြှင့်တင်ပေးနိုင်ခြင်း

          မနက်စောစော သံပရိုရည်နွေးနွေးလေးတစ်ခွက်သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း သန့်စင်စေပါတယ်။ သံပရိုသီးမှာ ဆီးရွှင်စေတဲ့အာနိသင်ရှိခြင်းကြောင့် ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်တွေကို ဆီးနဲ့အတူစွန့်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။



2. အစာကြေစေခြင်း

          သံပရိုသီးဟာ အစာခြေလုပ်ငန်းကိုကူညီဖို့အတွက် သည်းခြေရည်ထွက်အားကောင်းစေတာကြောင့် အစာခြေဖျက်ခြင်းလုပ်ငန်းကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်းမှ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။



3. ခြင်နိုင်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

          တစ်ခြမ်းပိုင်းထားတဲ့ သံပရိုသီးခြမ်းပေါ်မှာ လေးညှင်းပွင့်လေးတွေ သိပ်ထည့်ထားပါက ခြင်ပြေးစေနိုင်ပါတယ်။



4. ပိုင်းဖြတ်ထားသောပန်းသီးကိုအညိုရောင်မသန်းစေခြင်း

          စိတ်ပိုင်းထားတဲ့ ပန်းသီး၊ ထောပတ်သီးပေါ်ကို သံပရိုသီးနဲ့ပွတ်ပေးပါက အညိုဘက်သန်းမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။



5. သားငါးခုတ်ထစ်သောပလပ်စတစ်ပြားတွင် ပိုးမွှားကင်းစေခြင်း

          သားငါးခုတ်ထစ်ရာမှာသုံးတဲ့ ပလပ်စတစ်ပြားပေါ်ကိုသံပရိုသီးနဲ့ ပွတ်တိုက်သန့်စင်ပေးပါက ကပ်တွယ်နေတဲ့ပိုးမွှားတွေကို သေစေနိုင်ပါတယ်။


Credit:Drmyanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top