iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းမ တစ္ေယာက္က ေယာက္်ားေတြကို ဆြဲေဆာင္ႏုိင္ဖုိ႔အတြက္ ျပင္ဆင္ဖုိ႔ လိုအပ္တယ္ဆုိတဲ့ ေလာကၾကီးက အသိုင္းအဝိုင္းမ်ားစြာရဲ႕ အယူအဆက မွားယြင္းႏုိင္တဲ့ အေျခအေနေတြ အမ်ားၾကီး ရွိပါတယ္။ေယာက္်ားတစ္ေယာက္ စိတ္ဝင္စားလာေအာင္ တမင္ဖန္တီးယူစရာမလုိဘဲ ကိုယ့္ကိုယ္ပိုင္ အရည္အခ်င္းရွိတဲ့ မိန္းမေတြကို ေယာက္်ားတုိင္း သေဘာက်တတ္ပါတယ္။ ေယာက္်ားတိုင္း သေဘာက်တဲ့ မိန္းမေတြ ပိုင္ဆုိင္ထားတဲ့ အရည္အခ်င္းေတြကေတာ့-

၁)ယုံၾကည္မႈ

မိန္းမေတြကို အထင္ေသးတတ္တဲ့ ပတ္ဝန္းက်င္တစ္ခုမွာ မိန္းမတစ္ေယာက္ျဖစ္ရတာကို ေက်နပ္လက္ခံျပီး ကို္ယ့္အစြမ္းအစကုိ ျပဖို႔ ၾကိဳးစားေနတဲ့ ယုံၾကည္မႈ အျပည့္နဲ႔ မိန္းကေလးကို ေယာက္်ားတုိင္း သေဘာက်ေလ့ရွိပါတယ္။

၂)အမွီအခိုကင္းမႈ

ကုိယ့္ဘဝကို အမွီအခိုကင္းကင္းနဲ႔ လုံျခဳံေအာင္ ရပ္တည္ႏုိင္စြမ္းရွိတဲ့ မိန္းကေလးမ်ဳိးကုိ ေယာက္်ားေလးေတြမကဘဲ ပတ္ဝန္းက်င္ အသိုင္းအဝုိင္းကပါ ေလးစားႏွစ္သက္ၾကပါတယ္။ေယာက္်ားတစ္ေယာက္က အျမဲ ေထာက္ပံ့ေပးေနရမယ့္ မိန္းမထက္ အနာဂတ္ကို ကိုယ္နဲ႔အတူ တည္ေဆာက္ႏုိင္မယ့္ မိန္းကေလးမ်ဳိးကုိေတြ႔ရင္ လက္လြတ္မခံတတ္ပါဘူး။

၃)ျပင္းျပထက္သန္မႈရွိျခင္း

အလုပ္ျဖစ္ေစ၊ ဝါသနာကို္ ျဖစ္ေစ၊ မိသားစု တာဝန္ကို ျဖစ္ေစ စိ္တ္အားထက္ထက္သန္သန္နဲ႔ တာဝန္ယူလုိစိတ္ရွိတဲ့ စိ္တ္ထားမ်ဳိးကို ေယာက္်ားေလးမ်ားက အေလးထားေလ့ရွိပါတယ္။ဒီလို မိန္းကေလးမ်ဳိးနဲ႔ ျဖတ္သန္းရမဲ့ ဘဝက ပ်င္းရိျငီးေငြ႔စရာ ဘယ္ေတာ့မွ မေကာင္းႏုိင္ဘူးလို႔ ယုံၾကည္ထားလုိ႔ပဲ ျဖစ္ပါတယ္။

၄)မာနရွိျခင္း

ရုိင္းစိုင္းၾကမ္းတမ္းတဲ့ ေထာင္လႊားေမာက္မာမႈမ်ဳိး မဟုတ္တဲ့ မိန္းမတစ္ေယာက္မွာ ရွိသင့္တဲ့ ထိန္းသိမ္းသင့္တဲ့ အရာေတြက္ို လြယ္လြယ္နဲ႔ လဲလွယ္မပစ္တတ္တဲ့ အသိစိ္တ္မာနရွိတဲ့ မိန္းကေလးတုိင္းက ေယာက္်ားေတြကုိ အရည္ေပ်ာ္လာေအာင္ အစြမ္းေဆာင္ႏုိင္ဆုံး မိန္းကေလးေတြထဲမွာ ထိပ္ဆုံးက ျဖစ္ပါတယ္။

၅)ရိုးသားျခင္း

အိမ္ေထာင္တစ္ခုမွာ ႏွစ္ဦးႏွစ္ဖက္လုံး အလုိရွိတဲ့ အရာက ရုိးသားမႈပဲ ျဖစ္ပါတယ္။ရုိးသားမႈကေနမွ သစၥာရွိမႈနဲ႔ ယုံၾကည္မႈကို ေမြးဖြားေပးႏုိင္တဲ့ အတြက္ပဲ ျဖစ္္ပါတယ္။ဘဝမွာ ၾကဳံေတြ႔ရတဲ့ အရာတုိင္းကုိ ရိုးသားမႈနဲ႔ ရင္ဆုိင္ရဲတဲ့ မိန္းမတစ္ေယာက္ကို ဘယ္လုိ ေယာက္်ားမ်ဳိးမဆုိ ေလးစားျမတ္ႏုိ္းၾကပါတယ္။

၆)ဂရုစုိက္ ၾကင္နာတတ္ျခင္း

ေယာက္်ားတုိင္းက ဂရုစိုက္ခံရတဲ့ ခံစားမႈကို လုိခ်င္ၾကပါတယ္။ ကေလးတစ္ေယာက္လို အခ်ိန္တိုင္း ျပဳစုေစာင့္ေရွာက္ေနတာမ်ဳိး မဟုတ္ဘဲ လုိအပ္တဲ့ အခ်ိန္တုိင္း ပူပင္ေပးမဲ့ ေက်နပ္ႏွစ္သိမ့္မႈေပးႏုိင္မယ့္ မိန္းမတိုင္းက ေယာက္်ားေတြ လုိခ်င္တဲ့ အရည္အခ်င္းတစ္ခု ျဖစ္ပါတယ္။


Credit:Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိန်းမ တစ်ယောက်က ယောက်ျားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတဲ့ လောကကြီးက အသိုင်းအဝိုင်းများစွာရဲ့ အယူအဆက မှားယွင်းနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိပါတယ်။ယောက်ျားတစ်ယောက် စိတ်ဝင်စားလာအောင် တမင်ဖန်တီးယူစရာမလိုဘဲ ကိုယ့်ကိုယ်ပိုင် အရည်အချင်းရှိတဲ့ မိန်းမတွေကို ယောက်ျားတိုင်း သဘောကျတတ်ပါတယ်။ ယောက်ျားတိုင်း သဘောကျတဲ့ မိန်းမတွေ ပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေကတော့-

၁)ယုံကြည်မှု

မိန်းမတွေကို အထင်သေးတတ်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ မိန်းမတစ်ယောက်ဖြစ်ရတာကို ကျေနပ်လက်ခံပြီး ကိုယ့်အစွမ်းအစကို ပြဖို့ ကြိုးစားနေတဲ့ ယုံကြည်မှု အပြည့်နဲ့ မိန်းကလေးကို ယောက်ျားတိုင်း သဘောကျလေ့ရှိပါတယ်။

၂)အမှီအခိုကင်းမှု

ကိုယ့်ဘဝကို အမှီအခိုကင်းကင်းနဲ့ လုံခြုံအောင် ရပ်တည်နိုင်စွမ်းရှိတဲ့ မိန်းကလေးမျိုးကို ယောက်ျားလေးတွေမကဘဲ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကပါ လေးစားနှစ်သက်ကြပါတယ်။ယောက်ျားတစ်ယောက်က အမြဲ ထောက်ပံ့ပေးနေရမယ့် မိန်းမထက် အနာဂတ်ကို ကိုယ်နဲ့အတူ တည်ဆောက်နိုင်မယ့် မိန်းကလေးမျိုးကိုတွေ့ရင် လက်လွတ်မခံတတ်ပါဘူး။

၃)ပြင်းပြထက်သန်မှုရှိခြင်း

အလုပ်ဖြစ်စေ၊ ဝါသနာကို ဖြစ်စေ၊ မိသားစု တာဝန်ကို ဖြစ်စေ စိတ်အားထက်ထက်သန်သန်နဲ့ တာဝန်ယူလိုစိတ်ရှိတဲ့ စိတ်ထားမျိုးကို ယောက်ျားလေးများက အလေးထားလေ့ရှိပါတယ်။ဒီလို မိန်းကလေးမျိုးနဲ့ ဖြတ်သန်းရမဲ့ ဘဝက ပျင်းရိငြီးငွေ့စရာ ဘယ်တော့မှ မကောင်းနိုင်ဘူးလို့ ယုံကြည်ထားလို့ပဲ ဖြစ်ပါတယ်။

၄)မာနရှိခြင်း

ရိုင်းစိုင်းကြမ်းတမ်းတဲ့ ထောင်လွှားမောက်မာမှုမျိုး မဟုတ်တဲ့ မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့ ထိန်းသိမ်းသင့်တဲ့ အရာတွေကို လွယ်လွယ်နဲ့ လဲလှယ်မပစ်တတ်တဲ့ အသိစိတ်မာနရှိတဲ့ မိန်းကလေးတိုင်းက ယောက်ျားတွေကို အရည်ပျော်လာအောင် အစွမ်းဆောင်နိုင်ဆုံး မိန်းကလေးတွေထဲမှာ ထိပ်ဆုံးက ဖြစ်ပါတယ်။

၅)ရိုးသားခြင်း

အိမ်ထောင်တစ်ခုမှာ နှစ်ဦးနှစ်ဖက်လုံး အလိုရှိတဲ့ အရာက ရိုးသားမှုပဲ ဖြစ်ပါတယ်။ရိုးသားမှုကနေမှ သစ္စာရှိမှုနဲ့ ယုံကြည်မှုကို မွေးဖွားပေးနိုင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ဘဝမှာ ကြုံတွေ့ရတဲ့ အရာတိုင်းကို ရိုးသားမှုနဲ့ ရင်ဆိုင်ရဲတဲ့ မိန်းမတစ်ယောက်ကို ဘယ်လို ယောက်ျားမျိုးမဆို လေးစားမြတ်နိုးကြပါတယ်။

၆)ဂရုစိုက် ကြင်နာတတ်ခြင်း

ယောက်ျားတိုင်းက ဂရုစိုက်ခံရတဲ့ ခံစားမှုကို လိုချင်ကြပါတယ်။ ကလေးတစ်ယောက်လို အချိန်တိုင်း ပြုစုစောင့်ရှောက်နေတာမျိုး မဟုတ်ဘဲ လိုအပ်တဲ့ အချိန်တိုင်း ပူပင်ပေးမဲ့ ကျေနပ်နှစ်သိမ့်မှုပေးနိုင်မယ့် မိန်းမတိုင်းက ယောက်ျားတွေ လိုချင်တဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။



Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top