iMyanmarHouse.com - Best Property Website for Myanmar
×










Credit:Thithtoolwin



Unicode Version

အိပ်ထမတင် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၏ ကောင်းကျိုးများ အိပ်ထမတင် လေ့ကျင့်ခန်း ပြုလုပ်တာက တခြား ထိုင်-ထ လေ့ကျင့်ခန်းနဲ့
တခြား ကိရိယာလွတ် လေ့ကျင့်ခန်းတွေကို ပြုလုပ်တာလိုပဲ ကျန်းမာရေး ကောင်းကျိုးတွေကို ထိထိရောက်ရောက် ရရှိစေပါတယ်။ အိပ်ထမတင် လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် သန်စွမ်း ကြံ့ခိုင်မှုအဆင့်ကို မြင့်တက်စေပြီး ထိရောက်တဲ့ အောက်ပါ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ခန္ဓာကိုယ်အပေါ်ပိုင်းအား သန်စွမ်းစေခြင်း

အိပ်ထမတင်လေ့ကျင့်ခန်း ပြုလုပ်တာက ခန္ဓာကိုယ် အပေါ်ပိုင်း၊ အထူးသ ဖြင့် ရင်အုံပိုင်း၊ ပခုံးပြင်နဲ့ လက်မောင်းသားရှိ ကြွက်သားတွေကို သန်စွမ်းကျစ် လျစ်စေပါတယ်။ အိပ်ထမတင် လေ့ကျင့်ခန်း လုပ်တာကြောင့် ရင်အုံပိုင်းရှိ အဓိက ကြွက်သားတွေကို ခိုင်မာသန်စွမ်းကျစ် လျစ်စေပြီး သင့်ကို အားကစား သက်လုံ ကောင်းမွန်စေပါတယ်။

ဝမ်းဗိုက်သား သန်စွမ်းချပ်ရပ်ခြင်း

ကျောပြင်က အိကျနေရင် အလွန် အမင်း ဆွဲဆန့်ထားသလို ဖြစ်သွားကာ ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။ အိပ်ထမ တင် လေ့ကျင့်ခန်းလုပ်တဲ့ အခါ ကျောရိုး မကြီးက သဘာဝအနေအထားအတိုင်း မာကျော ကွေ့ကောက်နေပါလိမ့်မယ်။ အိပ်ထ မတင်လေ့ကျင့်ခန်း လုပ်တဲ့အတွက် ဝမ်းဗိုက်သားကြွက်သားတွေကို လည်း သန်စွမ်းစေပါတယ်။

ဇီဝရုပ်ဖြစ်ပျက်မှုနှုန်း ကောင်းမွန်ခြင်း

အိပ်ထမတင်လေ့ကျင့်ခန်း လုပ်တာ ကြောင့် တစ်ချိန်တည်းနဲ့ ကြွက်သားအားလုံးကို အသုံးပြုဖြစ်စေပါတယ်။ ဒါ့အပြင် နှလုံးကို ကောင်းကောင်း အလုပ်လုပ်ဖြစ် စေပြီး သွေးပို့လွှတ်မှုကိုလည်း အား ကောင်းစေကာ အသက်ရှူနှုန်းကိုလည်း မြန်စေပါတယ်။ ဒါ့အပြင် ဇီဝရုပ်ဖြစ်ပျက် နှုန်း မြင့်တက်စေပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

အရိုးထုထည် သန်စွမ်းခြင်း

အသက် ၃၀ အရွယ်ရောက်လာချိန် မှာ အရိုးထုထည်က စတင်လျော့နည်း လာတတ်ပါတယ်။ အရိုးထုထည်ဆုံးရှုံးတာ ကြာလာရင် အရိုးပါးရောဂါဖြစ်စေ နိုင်ပြီး အရိုးကျိုးလွယ်ပါတယ်။ အိပ်ထမ တင် လေ့ကျင့်ခန်းလို သန်စွမ်းစေတဲ့ လေ့ ကျင့်ခန်းတွေ ပြုလုပ်တာကြောင့် လက် ကောက်ဝတ်၊ လက်မောင်း၊ တံတောင် ဆစ်၊ လက်ဖျံနဲ့ ပခုံးတွေကို သန်စွမ်းစေ ကာ အရိုးသိပ်သည်းဆ ကောင်းမွန် အောင် ထိန်းထားပေးနိုင်ပါတယ်။

Credit:Thithtoolwin


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top