iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ ႔ ဂ်င္း ေတြကို အ၀တ္ေလွ်ာ္စက္ထဲ ထည့္ေလွ်ာ္ရတာ အာရံုေနာက္ေနရင္ ေတာ့ သင့္အတြက္ သတင္းေကာင္း တစ္ခုရွိပါတယ္။ အဲဒါဘာလည္းဆိုရင္ ဂ်င္းေတြဟာ ေလွ်ာ္ ဖို႔မသင့္တဲ့အထဲမွာ ပါပါတယ္။ ဒီလို ေျပာလို႔ မင္းက ဘာေကာင္မို႔လို႔ ဒီလိုေျပာရတာလဲေတာ့ မေမးပါနဲ႔။ ဒါဟာ ကမာၻ႕အေအာင္ျမင္ဆံုး ဂ်င္း ထုတ္လုပ္ေရး ကုမၼဏီ Levi’s ရဲ ႔ အမႈေဆာင္အရာရွိခ်ဳပ္ ကိုယ္တိုင္ အႀကံဥာဏ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။

Fortune မဂၢဇင္းနဲ႔ အင္တာဗ်ဴး တစ္ခုမွာေတာ့ Levi’s ရဲ ႔ အမႈေဆာင္အရာရွိခ်ဳပ္ Chip Bergh က သူ႔ရဲ ႔ဂ်င္း အ၀တ္အထည္ေတြကို အ၀တ္ေလွ်ာ္စက္ထဲ ထည့္ေလ့မရွိဘူးလို႔ ဆိုပါတယ္။ ဒါဆိုရင္ ဂ်င္း ေပၚမွာ ထင္က်န္ေနတဲ့ အစြန္းအထင္းေတြကို ဘယ္လို ဖယ္ရွားလဲ လို႔ေမးတဲ့အခါမွာေတာ့ သူဟာ သြားတိုက္တံ နဲ႔ ေျဖးေျဖးခ်င္း ပြတ္တိုက္ဖယ္ရွား တယ္လို႔ ေျဖဆိုခဲ့ပါတယ္။

ဒါ့အျပင္သူက ဂ်င္းေတြအေပၚ သစၥာရွိသူေတြနဲ႔ လူတိုင္းနဲ႔ ၾကားကျခားနားမႈ ေတြအေၾကာင္းကိုလည္း ေျပာခဲ့ပါေသးတယ္။ သူေျပာခဲ့တဲ့ လူတိုင္းဆိုတာကေတာ့ ညစ္ပတ္ေနတဲ့ အ၀တ္အစားေတြနဲ႔ ေလွ်ာက္မသြားခ်င္သူေတြပါ။

“ေကာင္းမြန္တဲ့ ဂ်င္း ၀မ္းဆက္ တစ္စံုဟာ အ၀တ္ေလွ်ာ္စက္ထဲ ထည့္ေလွ်ာ္ဖို႔ လံုး၀မလိုအပ္ ပါဘူး။ မျဖစ္မေနလိုအပ္လာတာက လြဲလို႔ေပါ့” လို႔ ဆိုပါတယ္။

ေနာက္ၿပီး ဂ်င္းအ၀တ္အထည္ေတြမွာ ကပ္တြယ္ေနတဲ့ ဘက္တီးရီးယားေတြကို သတ္ပစ္ဖို႔ အတြက္ေတာ့ ထို ဂ်င္း ေတြကို ေရခဲေသတၱာထဲထည့္ထားတာ အေကာင္းဆံုးျဖစ္တယ္လို႔ သူကရွင္းျပခဲ့ပါတယ္။ ဒါေပမယ့္ အျပင္ထြက္ဖို႔ မ၀တ္ဆင္ခင္မွာ ျပန္လည္ ေျခာက္ေသြ႔ သြားေအာင္ အခ်ိန္ေပးၿပီး ျပန္လွန္းသင့္တယ္လို႔လည္း သတိေပးသြားပါေသးတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင့်ရဲ့ ဂျင်း တွေကို အဝတ်လျှော်စက်ထဲ ထည့်လျှော်ရတာ အာရုံနောက်နေရင် တော့ သင့်အတွက် သတင်းကောင်း တစ်ခုရှိပါတယ်။ အဲဒါဘာလည်းဆိုရင် ဂျင်းတွေဟာ လျှော် ဖို့မသင့်တဲ့အထဲမှာ ပါပါတယ်။ ဒီလို ပြောလို့ မင်းက ဘာကောင်မို့လို့ ဒီလိုပြောရတာလဲတော့ မမေးပါနဲ့။ ဒါဟာ ကမ္ဘာ့အအောင်မြင်ဆုံး ဂျင်း ထုတ်လုပ်ရေး ကုမ္မဏီ Levi’s ရဲ့ အမှုဆောင်အရာရှိချုပ် ကိုယ်တိုင် အကြံဉာဏ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Fortune မဂ္ဂဇင်းနဲ့ အင်တာဗျူး တစ်ခုမှာတော့ Levi’s ရဲ့ အမှုဆောင်အရာရှိချုပ် Chip Bergh က သူ့ရဲ့ဂျင်း အဝတ်အထည်တွေကို အဝတ်လျှော်စက်ထဲ ထည့်လေ့မရှိဘူးလို့ ဆိုပါတယ်။ ဒါဆိုရင် ဂျင်း ပေါ်မှာ ထင်ကျန်နေတဲ့ အစွန်းအထင်းတွေကို ဘယ်လို ဖယ်ရှားလဲ လို့မေးတဲ့အခါမှာတော့ သူဟာ သွားတိုက်တံ နဲ့ ဖြေးဖြေးချင်း ပွတ်တိုက်ဖယ်ရှား တယ်လို့ ဖြေဆိုခဲ့ပါတယ်။

ဒါ့အပြင်သူက ဂျင်းတွေအပေါ် သစ္စာရှိသူတွေနဲ့ လူတိုင်းနဲ့ ကြားကခြားနားမှု တွေအကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။ သူပြောခဲ့တဲ့ လူတိုင်းဆိုတာကတော့ ညစ်ပတ်နေတဲ့ အဝတ်အစားတွေနဲ့ လျှောက်မသွားချင်သူတွေပါ။

“ကောင်းမွန်တဲ့ ဂျင်း ဝမ်းဆက် တစ်စုံဟာ အဝတ်လျှော်စက်ထဲ ထည့်လျှော်ဖို့ လုံးဝမလိုအပ် ပါဘူး။ မဖြစ်မနေလိုအပ်လာတာက လွဲလို့ပေါ့” လို့ ဆိုပါတယ်။

နောက်ပြီး ဂျင်းအဝတ်အထည်တွေမှာ ကပ်တွယ်နေတဲ့ ဘက်တီးရီးယားတွေကို သတ်ပစ်ဖို့ အတွက်တော့ ထို ဂျင်း တွေကို ရေခဲသေတ္တာထဲထည့်ထားတာ အကောင်းဆုံးဖြစ်တယ်လို့ သူကရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် အပြင်ထွက်ဖို့ မဝတ်ဆင်ခင်မှာ ပြန်လည် ခြောက်သွေ့ သွားအောင် အချိန်ပေးပြီး ပြန်လှန်းသင့်တယ်လို့လည်း သတိပေးသွားပါသေးတယ်။


Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top