iMyanmarHouse.com - Best Property Website for Myanmar
×

အားလပ္ရက္ေတြမွာ အျပင္မထြက္ဘဲ အိမ္မွာနားေနရင္းနဲ႔ အသားအရည္ ထိန္းသိမ္းလိုသူေတြ႐ွိမွာပါ။ ေငြနည္းနည္းနဲ႔ ႏူးညံ့ျဖဴစင္တဲ့မ်က္ႏွာေလးရဖို႔ အိမ္မွာပဲ ကိုယ္တုိင္ ေပါင္းတင္ၾကည့္ရေအာင္။

လိုအပ္တဲ့ပစၥည္းေတြကေတာ့ ၾကက္ဥတစ္လံုး၊ သခြားသီးတစ္ဝက္၊ ဒိန္ခ်ဥ္ ၁ ဇြန္းနဲ႔ သံပုသီးအနည္းငယ္တုိ႔ပဲ ျဖစ္ပါတယ္။ ေပါင္းတင္ဖုိ႔ ဒါေတြကို ေပါင္းစပ္ရမွာပါ။ ၾကက္ဥကိုေတာ့ အကာပဲယူပါမယ္။ သခြားသီးကို blender ထဲမွာႀကိတ္လိုက္ပါ။ ၾကက္ဥအကာ၊ ႀကိတ္ထားတဲ့သခြားသီးအႏွစ္၊ ဒိန္ခ်ဥ္တို႔ကို ေရာစပ္ၿပီး သံပုရာရည္ သံုးစက္ခန္႔ထည့္ကာ ေရာေမႊေပးပါ။

 ၾကက္ဥအကာက အသားအေရကို တင္းရင္းေခ်ာေမြ႕ေစပါတယ္။ အစိုဓာတ္ျဖည့္ေပးတဲ့ သခြားသီးနဲ႔ ဒိန္ခ်ဥ္ကေတာ့ အသားအေရကို ျဖဴစင္ၾကည္လင္ေစပါတယ္။ အဆီျပန္ျခင္းေတြေပ်ာက္ကင္းေစႏိုင္စြမ္း႐ွိတဲ့ သံပုရာေၾကာင့္ သဘာဝေပါင္းတင္ေဆးက အစြမ္းထက္လွပါတယ္။


ေပါင္းတင္ေဆးျပဳလုပ္ၿပီးၿပီဆုိရင္ေတာ့ မ်က္ႏွာေပၚမွာ သုတ္လိမ္းေပးၿပီး နာရီဝက္ၾကာမွ ေရေဆးေပးရမွာျဖစ္ပါတယ္။ ေပါင္းမတင္မီ ဓာတ္ပံု႐ိုက္ထားပါ။ ေပါင္းတင္ၿပီးမွ ႐ိုက္ထားတဲ့ဓာတ္ပံုနဲ႔ ယွဥ္ၾကည့္ပါ။ ပိုမိုဝင္းပျဖဴစင္တာကို သိသိသာသာ ျမင္ရပါလိမ့္မယ္။

Credit:Duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အားလပ်ရက်တွေမှာ အပြင်မထွက်ဘဲ အိမ်မှာနားနေရင်းနဲ့ အသားအရည် ထိန်းသိမ်းလိုသူတွေရှိမှာပါ။ ငွေနည်းနည်းနဲ့ နူးညံ့ဖြူစင်တဲ့မျက်နှာလေးရဖို့ အိမ်မှာပဲ ကိုယ်တိုင် ပေါင်းတင်ကြည့်ရအောင်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်ဥတစ်လုံး၊ သခွားသီးတစ်ဝက်၊ ဒိန်ချဉ် ၁ ဇွန်းနဲ့ သံပုသီးအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ ပေါင်းတင်ဖို့ ဒါတွေကို ပေါင်းစပ်ရမှာပါ။ ကြက်ဥကိုတော့ အကာပဲယူပါမယ်။ သခွားသီးကို blender ထဲမှာကြိတ်လိုက်ပါ။ ကြက်ဥအကာ၊ ကြိတ်ထားတဲ့သခွားသီးအနှစ်၊ ဒိန်ချဉ်တို့ကို ရောစပ်ပြီး သံပုရာရည် သုံးစက်ခန့်ထည့်ကာ ရောမွှေပေးပါ။

 ကြက်ဥအကာက အသားအရေကို တင်းရင်းချောမွေ့စေပါတယ်။ အစိုဓာတ်ဖြည့်ပေးတဲ့ သခွားသီးနဲ့ ဒိန်ချဉ်ကတော့ အသားအရေကို ဖြူစင်ကြည်လင်စေပါတယ်။ အဆီပြန်ခြင်းတွေပျောက်ကင်းစေနိုင်စွမ်းရှိတဲ့ သံပုရာကြောင့် သဘာဝပေါင်းတင်ဆေးက အစွမ်းထက်လှပါတယ်။


ပေါင်းတင်ဆေးပြုလုပ်ပြီးပြီဆိုရင်တော့ မျက်နှာပေါ်မှာ သုတ်လိမ်းပေးပြီး နာရီဝက်ကြာမှ ရေဆေးပေးရမှာဖြစ်ပါတယ်။ ပေါင်းမတင်မီ ဓာတ်ပုံရိုက်ထားပါ။ ပေါင်းတင်ပြီးမှ ရိုက်ထားတဲ့ဓာတ်ပုံနဲ့ ယှဉ်ကြည့်ပါ။ ပိုမိုဝင်းပဖြူစင်တာကို သိသိသာသာ မြင်ရပါလိမ့်မယ်။

Credit:Duwun




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top