iMyanmarHouse.com - Best Property Website for Myanmar
×



၁။ သစ်ကြမ်းပိုးခေါက်

၂။ ငရုပ်သီး (အစပ်စာများ)


၃။ ကော်ဖီ

၎။ Green Tea

၅။ ကြက်ဥ/ ဘဲဥ

Credit:Duwun


Unicode Version

ဝိတ်ကျဖို့ ကြိုးစားရတယ်ဆိုတာ ဘယ်တုန်းကမှ လွယ်တယ်မရှိခဲ့ပါဘူး။ ဒါကြောင့် လွယ်ကူပြီး မြန်မြန်ဝိတ်ကျစေတယ်ဆိုတဲ့ နည်းလမ်းတွေက ခေတ်စားကြပါတယ်။ သင့်ရဲ့ နေ့စဉ်အစားအသောက် တွေနဲ့လည်း ဝိတ်ကျအောင် လုပ်လို့ရပါတယ်။

ခန္ဓာကိုယ်ရဲ့ အဆီနဲ့ ကယ်လိုရီတွေကို များများလောင်ကျွမ်းစေတဲ့ အစားအစာတွေ သင့်ရဲ့ လက်တကမ်းမှာရှိပါတယ်။ လန်ဒန်မှာရှိတဲ့ အာဟာရမျှတရေးစင်တာနဲ့ ဒေါက်တာ ဂလင်းဗီးလ်တို့က ဘာတွေစားရမလဲဆိုတာ အခုလို အကြံပြုပါတယ်။

၁။ သစ်ကြမ်းပိုးခေါက်
ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သွေးချိုဓာတ်ကို တည်ငြိမ်အောင် ထိန်းညှိပေးပါတယ်။ ပိုပြီးတော့ အစာကြေ လွယ်စေပါတယ်။

၂။ ငရုပ်သီး (အစပ်စာများ)

ငရုပ်သီးက ဘာကြောင့်ဝိတ်ကျစေသလဲ ဆိုရင် အစာအိမ်အတွင်းမှာရှိတဲ့ ကယ်လိုရီတွေကို များများ လောင်ကျွမ်းစေလို့ ဖြစ်ပါတယ်။ အပူထုတ်လွှတ်ပေးတဲ့အတွက် ကယ်လိုရီတွေချေဖျက်ဖို့ အကျိုးရှိပါတယ်။

၃။ ကော်ဖီ
ကော်ဖီရဲ့ ကောင်းကျိုးအတော်များများကိုတော့ ကြားဖူးကြမှာပါ။ ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်တစ်ခု ဖြစ်တဲ့ အစာချေဖျက်မှုကို ကော်ဖီက ပိုအားကောင်းစေပါတယ်။ ကော်ဖီစစ်တော့ သောက်ဖို့ လိုပါတယ်။ သွေးထဲမှာ ရှိတဲ့ သကြားဓာတ်ကိုလည်း ကော်ဖီက လွန်ကဲမှု မဖြစ်စေပါဘူး။

၄။ Green Tea
အနီးနားဝန်းကျင်မှာ အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ Green Tea တွေမှာ antioxidants ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ antioxidants  ကခန္ဓာကိုယ်တွင်း အစာချေဖျက်စွန့်ထုတ်မှုကို ပုံမှန်ဖြစ်စေပြီး အဆီတွေနဲ့ ကိန်းအောင်မနေအောင် ဖယ်ရှားပေးပါတယ်။

၅။ ကြက်ဥ/ ဘဲဥ
ကြက်ဥ၊ ဘဲဥစားတာ ပိုဝစေတယ်ဆိုတဲ့ ကောလာဟလတွေ မေ့ပစ်လိုက်ပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြက်ဥမှာ ပါဝင်ပါတယ်။ ကြက်ဥအနှစ်ဟာ ဝိတ်ကျဖို့ အကောင်းဆုံး အာဟာရပါ။


Credit:Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top