iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ားအားျဖင့္ လူတိုင္းဟာတစ္ေန႔တစ္ႀကိမ္ေတာ့ အနည္းဆံုးေရခ်ိဳးျဖစ္ေအာင္ ခ်ိဳးေလ့ရွိၾကတယ္။ တခ်ိဳ႕ေခၽြးထြက္မ်ားလို႔၊ အလုပ္လုပ္ရင္း တစ္ကိုယ္လံုး ညစ္ပတ္သြားလို႔ စတဲ့အေျခအေနေလးေတြေၾကာင့္ 2 ႀကိမ္ေလာက္၊ 3 ႀကိမ္ေလာက္ခ်ိဳးရတာမ်ိဳးလည္းရွိတယ္။ ဒီေနရာမွာ ေရခ်ိဳးတာနဲ႔ပတ္သက္လို႔ ေဆးသိပၸံ ပညာရွင္တခ်ိဳ႕ေတြကေတာ့ ေရမၾကာခဏခ်ိဳးေပးတာ ပိုေကာင္းတယ္။ တစ္ကိုယ္ေရသန္႔ရွင္းမႈရွိၿပီး ေနရ ထိုင္ရ ေပါ့ပါးလန္းဆန္းသြားလိမ့္မယ္လို႔ ေျပာျပေပမယ့္ လိုအပ္တာထက္ အလြန္အမင္းေရခ်ိဳးသန္႔ရွင္းပါက သင့္အေရျပားေတြ ေျခာက္ေသြ႕ၾကမ္းတမ္းလာလိမ့္မယ္လို႔ သတိေပးၾကပါတယ္။ ေရခ်ိဳးတိုင္း ဆပ္ျပာတုိက္လုိက္မွ ဆိုတဲ့ အေလ့အထက စြဲၿမဲေနေလေတာ့ လူတိုင္းဟာေရခ်ိဳးရင္ ဆပ္ျပာခဲ  သို႔မဟုတ္ ဆပ္ျပာအရည္အျပင္ တခ်ဳိ႕ဆုိရင္ သဲမႈန္ေလးေတြပါတဲ့ Scrub အရည္ေလးေတြနဲ႔ ေခ်းတြန္းတိုက္ခၽြတ္ တတ္လို႔ပါပဲ။ ဆပ္ျပာနဲ႔ ပြတ္တိုက္မႈမ်ားေလေလ အေရျပားအေပၚရံလႊာရွိ အသားအေရကို စိုလက္ေနေအာင္ ဖံုးေပးထားေပမယ့္ အေရျပားအေပၚဆံုးက Dead Cells ေခၚ ေျခာက္ေသြ႕ကြာက်ေတာ့မယ့္ အလႊာေတြကို ပြတ္ေခၽြခ်လိုက္သလိုျဖစ္တာမို႔ 1 ေန႔လွ်င္ 1 ႀကိမ္ 2 ႀကိမ္ေလာက္ ေရခ်ိဳးရင္ မေထာင္းလွေပမဲ့ ေရခ်ိဳး ပြတ္တိုက္တဲ့အႀကိမ္ေရမ်ားလာရင္ေတာ့ အေရျပားထဲက အဆီထုတ္ေပးတဲ့ ေမြးညင္းေပါက္ေတြကိုပါ ဒုကၡေရာက္ေစလို႔ အသားအေရေျခာက္ခန္းသြားတတ္ပါသတဲ့။

          တဖန္ေရခ်ိဳးၿပီး ဆပ္ျပာနဲ႔ခႏၶာကိုယ္အႏွံ႔ ေခ်းတြန္းလိုက္ျခင္းေၾကာင့္ အေရျပားေပၚတင္က်န္ေနတဲ့ အမႈန္အမႊားေတြ၊ ကသိကေအာက္ျဖစ္ေစတဲ့အရာေတြနဲ႔ ဓာတ္မတည့္ျဖစ္ေစတဲ့ အရာေတြကိုပါ ဖယ္ပစ္လုိက္ပါတယ္။

          ယခုအခါမွာေတာ့ ဆပ္ျပာရည္ေတြထဲမွာ အေရျပားစိုစိုလက္လက္ျဖစ္ေစမယ့္ Moisturizer ေတြပါ ထည့္သြင္းေပးလာလို႔ အဆင္ေျပပါတယ္။ ဒါေပမဲ့ လူတခ်ိဳ႕မွာေတာ့ အေရျပားျပႆနာေတြရွိပါက ေရခဏခဏ ခ်ိဳးသင့္လား၊ မခ်ိဳးသင့္လား သိရန္လိုပါတယ္။ ဥပမာ - ကေလးေတြမွာ ႏွင္းခူလို အေရျပားျပႆနာရွိေန ပါက ေရခ်ိဳးတာ အနာကိုျပႆနာျဖစ္လား၊ မျဖစ္လား အျငင္းပြားစရာရွိပါလိမ့္မယ္။ အေမရိကန္သုေတသန တစ္ဖြဲ႕ရဲ႕ သုေတသနျပဳခ်က္အရ ႏွင္းခူရွိတဲ့ ကေလးမ်ိဳးကို ေန႔စဥ္ေရခ်ိဳးေပးဖုိ႔ လိုတယ္လုိ႔ အၾကံေပးလိုက္ပါတယ္။ ဒါေပမဲ့ ကေလးမိဘေတြအေနျဖင့္ ဆပ္ျပာအမ်ားႀကီးမသံုးသင့္ဘူးလို႔ ဆိုတယ္။ တုိးတက္လာတဲ့အေလ်ာက္ ထုတ္လုပ္ေရာင္းခ်သူေတြက ကေလးငယ္ေတြသံုးဖို႔ ကေလးသံုးဆပ္ျပာရည္မ်ား၊ အသားအေရထိန္း Moisturizer မ်ားပါ ထည့္သြင္းေရာင္းခ်ေနပါၿပီ။ ကေလးေမြးထားတဲ့ အသိမိတ္ေဆြေတြကို လက္ေဆာင္ေပးႏုိင္ေအာင္ ျခင္းကေလး တစ္ခုမွာ ဘူးအမ်ိဳးမ်ိဳးကို ရြယ္စံုဆုိက္စံုထည့္ၿပီး မ်ားမ်ားေရာင္းေကာင္းေအာင္ စီကာရီကထည့္ ပလတ္စတစ္ႏွင့္ ျပန္ဖံုး ၍ စတိုးဆိုင္ႀကီးေတြရဲ႕ စင္ေတြေပၚ ခန္႔ခန္႔ထည္ထည္ေရာင္းေခ်ေနတာျမင္ေနရပါတယ္။ တစ္ႏွစ္ေအာက္ကေလး ဆုိတာ အင္မတန္မွ ႏုနယ္လြန္းတာမို႔ ၾကမ္းတမ္းတဲ့ ဆပ္ျပာေတြနဲ႔ သိပ္ထိေတြ႕လို႔မေကာင္းလွပါဘူး။ မိဘေတြအေနနဲ႔ ဒီအခ်က္ကို သတိထားမိခ်င္မွ သတိထားမိၾကမွာပါ။ တခ်ိဳ႕မိဘေတြက ကေလးကိုေမႊးေမႊးသန္႔သန္႔ေလး ျဖစ္ေစခ်င္၊ သူမ်ားခ်ီပိုးရင္ အနံ႔အသက္ေကာင္းမွလို႔ ယူဆေတာ့ အသားအေရစို ရနံ႔ကုထံုးထည့္သြင္းထားတဲ့အဆီရည္ေတြ အားရပါးရလိမ္း သို႔မဟုတ္ ေပါင္ဒါေတြ တအားလူေပးတတ္တဲ့ အေလ့အထေတြ ေရွာင္သင့္တယ္လို႔ အေရျပားပညာရွင္ေတြက သတိေပးေနၾကပါၿပီ။ သို႔ေသာ္ အနည္းငယ္ကို ပုတ္ေပး၊ ခပ္ပါးပါးလူးေပးလို႔ေတာ့ ရပါတယ္လို႔ အၾကံေပးၾကပါတယ္။

          ဒါေၾကာင့္ အေရျပားျပႆနာရွိတဲ့သူေတြ လူႀကီးေရာ၊ ကေလးပါေန႔စဥ္ ေရမခ်ိဳးခင္ စဥ္းစားဖုိ႔အၾကံေပးခ်င္တာ တစ္ခုကေတာ့ ဆပ္ျပာ သို႔မဟုတ္ ဆပ္ျပာအျမႇဳပ္ထေရခ်ိဳးကန္ထဲ ေရခ်ိဳးျခင္း သို႔မဟုတ္ ေရခ်ိဳးဆပ္ျပာဂ်ဲလ္ အျပင္းစားေတြ မသံုးၾကဘဲ ခပ္ေပ်ာ့ေပ်ာ့ေလးေတြသံုးသင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အေရျပားကို ကသိကေအာင့္ျဖစ္ျခင္းအျပင္ လူတခ်ိဳ႕မွာ အေရျပားေရာဂါ ၀ဲႏွင္းခူ ရွိပါက ပိုဆိုး၀ါးေစတတ္ပါတယ္။ အေကာင္းဆံုးကေတာ့ pH ညႇိထားတဲ့ အေရျပားသန္႔စင္ ေဆးရည္ (pH balanced skin cleanser) ရွာ၍ ၀ယ္သံုးေပးႏုိင္ပါတယ္လို႔ သိပၸံပညာရွင္မ်ားက အၾကံေပးပါတယ္။

          ေရခ်ိဳးၿပီးတာနဲ႔ တဘက္ေျခာက္ေျခာေလးနဲ႔ အေရျပားေျခာက္ေသြ႕ေအာင္ ေရသုတ္ေပးၿပီးမွ အေရျပားလိမ္းခရင္မ္မ်ား လိမ္းေပးႏုိင္ပါတယ္။

          က်န္းမာတဲ့သူေတြအေနနဲ႔ကေတာ့ အေရျပားျပႆနာမရွိရ၊ ျဖစ္မလာရေလေအာင္၊ ခႏၶာကိုယ္လန္းဆန္း ၿပီး ေပါ့ပါးသြက္လက္လာေအာင္ ေရမွန္မွန္ခ်ိဳးၾကရမယ့္အျပင္ ညမွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစ ရန္ ေရက်က္သီးေႏြးေႏြးေလးတည္ၿပီး ခ်ိဳးသင့္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။


Credit:Drmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အများအားဖြင့် လူတိုင်းဟာတစ်နေ့တစ်ကြိမ်တော့ အနည်းဆုံးရေချိုးဖြစ်အောင် ချိုးလေ့ရှိကြတယ်။ တချို့ချွေးထွက်များလို့၊ အလုပ်လုပ်ရင်း တစ်ကိုယ်လုံး ညစ်ပတ်သွားလို့ စတဲ့အခြေအနေလေးတွေကြောင့် 2 ကြိမ်လောက်၊ 3 ကြိမ်လောက်ချိုးရတာမျိုးလည်းရှိတယ်။ ဒီနေရာမှာ ရေချိုးတာနဲ့ပတ်သက်လို့ ဆေးသိပ္ပံ ပညာရှင်တချို့တွေကတော့ ရေမကြာခဏချိုးပေးတာ ပိုကောင်းတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိပြီး နေရ ထိုင်ရ ပေါ့ပါးလန်းဆန်းသွားလိမ့်မယ်လို့ ပြောပြပေမယ့် လိုအပ်တာထက် အလွန်အမင်းရေချိုးသန့်ရှင်းပါက သင့်အရေပြားတွေ ခြောက်သွေ့ကြမ်းတမ်းလာလိမ့်မယ်လို့ သတိပေးကြပါတယ်။ ရေချိုးတိုင်း ဆပ်ပြာတိုက်လိုက်မှ ဆိုတဲ့ အလေ့အထက စွဲမြဲနေလေတော့ လူတိုင်းဟာရေချိုးရင် ဆပ်ပြာခဲ  သို့မဟုတ် ဆပ်ပြာအရည်အပြင် တချို့ဆိုရင် သဲမှုန်လေးတွေပါတဲ့ Scrub အရည်လေးတွေနဲ့ ချေးတွန်းတိုက်ချွတ် တတ်လို့ပါပဲ။ ဆပ်ပြာနဲ့ ပွတ်တိုက်မှုများလေလေ အရေပြားအပေါ်ရံလွှာရှိ အသားအရေကို စိုလက်နေအောင် ဖုံးပေးထားပေမယ့် အရေပြားအပေါ်ဆုံးက Dead Cells ခေါ် ခြောက်သွေ့ကွာကျတော့မယ့် အလွှာတွေကို ပွတ်ချွေချလိုက်သလိုဖြစ်တာမို့ 1 နေ့လျှင် 1 ကြိမ် 2 ကြိမ်လောက် ရေချိုးရင် မထောင်းလှပေမဲ့ ရေချိုး ပွတ်တိုက်တဲ့အကြိမ်ရေများလာရင်တော့ အရေပြားထဲက အဆီထုတ်ပေးတဲ့ မွေးညင်းပေါက်တွေကိုပါ ဒုက္ခရောက်စေလို့ အသားအရေခြောက်ခန်းသွားတတ်ပါသတဲ့။

          တဖန်ရေချိုးပြီး ဆပ်ပြာနဲ့ခန္ဓာကိုယ်အနှံ့ ချေးတွန်းလိုက်ခြင်းကြောင့် အရေပြားပေါ်တင်ကျန်နေတဲ့ အမှုန်အမွှားတွေ၊ ကသိကအောက်ဖြစ်စေတဲ့အရာတွေနဲ့ ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကိုပါ ဖယ်ပစ်လိုက်ပါတယ်။

          ယခုအခါမှာတော့ ဆပ်ပြာရည်တွေထဲမှာ အရေပြားစိုစိုလက်လက်ဖြစ်စေမယ့် Moisturizer တွေပါ ထည့်သွင်းပေးလာလို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ လူတချို့မှာတော့ အရေပြားပြဿနာတွေရှိပါက ရေခဏခဏ ချိုးသင့်လား၊ မချိုးသင့်လား သိရန်လိုပါတယ်။ ဥပမာ - ကလေးတွေမှာ နှင်းခူလို အရေပြားပြဿနာရှိနေ ပါက ရေချိုးတာ အနာကိုပြဿနာဖြစ်လား၊ မဖြစ်လား အငြင်းပွားစရာရှိပါလိမ့်မယ်။ အမေရိကန်သုတေသန တစ်ဖွဲ့ရဲ့ သုတေသနပြုချက်အရ နှင်းခူရှိတဲ့ ကလေးမျိုးကို နေ့စဉ်ရေချိုးပေးဖို့ လိုတယ်လို့ အကြံပေးလိုက်ပါတယ်။ ဒါပေမဲ့ ကလေးမိဘတွေအနေဖြင့် ဆပ်ပြာအများကြီးမသုံးသင့်ဘူးလို့ ဆိုတယ်။ တိုးတက်လာတဲ့အလျောက် ထုတ်လုပ်ရောင်းချသူတွေက ကလေးငယ်တွေသုံးဖို့ ကလေးသုံးဆပ်ပြာရည်များ၊ အသားအရေထိန်း Moisturizer များပါ ထည့်သွင်းရောင်းချနေပါပြီ။ ကလေးမွေးထားတဲ့ အသိမိတ်ဆွေတွေကို လက်ဆောင်ပေးနိုင်အောင် ခြင်းကလေး တစ်ခုမှာ ဘူးအမျိုးမျိုးကို ရွယ်စုံဆိုက်စုံထည့်ပြီး များများရောင်းကောင်းအောင် စီကာရီကထည့် ပလတ်စတစ်နှင့် ပြန်ဖုံး ၍ စတိုးဆိုင်ကြီးတွေရဲ့ စင်တွေပေါ် ခန့်ခန့်ထည်ထည်ရောင်းချေနေတာမြင်နေရပါတယ်။ တစ်နှစ်အောက်ကလေး ဆိုတာ အင်မတန်မှ နုနယ်လွန်းတာမို့ ကြမ်းတမ်းတဲ့ ဆပ်ပြာတွေနဲ့ သိပ်ထိတွေ့လို့မကောင်းလှပါဘူး။ မိဘတွေအနေနဲ့ ဒီအချက်ကို သတိထားမိချင်မှ သတိထားမိကြမှာပါ။ တချို့မိဘတွေက ကလေးကိုမွှေးမွှေးသန့်သန့်လေး ဖြစ်စေချင်၊ သူများချီပိုးရင် အနံ့အသက်ကောင်းမှလို့ ယူဆတော့ အသားအရေစို ရနံ့ကုထုံးထည့်သွင်းထားတဲ့အဆီရည်တွေ အားရပါးရလိမ်း သို့မဟုတ် ပေါင်ဒါတွေ တအားလူပေးတတ်တဲ့ အလေ့အထတွေ ရှောင်သင့်တယ်လို့ အရေပြားပညာရှင်တွေက သတိပေးနေကြပါပြီ။ သို့သော် အနည်းငယ်ကို ပုတ်ပေး၊ ခပ်ပါးပါးလူးပေးလို့တော့ ရပါတယ်လို့ အကြံပေးကြပါတယ်။

          ဒါကြောင့် အရေပြားပြဿနာရှိတဲ့သူတွေ လူကြီးရော၊ ကလေးပါနေ့စဉ် ရေမချိုးခင် စဉ်းစားဖို့အကြံပေးချင်တာ တစ်ခုကတော့ ဆပ်ပြာ သို့မဟုတ် ဆပ်ပြာအမြှုပ်ထရေချိုးကန်ထဲ ရေချိုးခြင်း သို့မဟုတ် ရေချိုးဆပ်ပြာဂျဲလ် အပြင်းစားတွေ မသုံးကြဘဲ ခပ်ပျော့ပျော့လေးတွေသုံးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေပြားကို ကသိကအောင့်ဖြစ်ခြင်းအပြင် လူတချို့မှာ အရေပြားရောဂါ ဝဲနှင်းခူ ရှိပါက ပိုဆိုးဝါးစေတတ်ပါတယ်။ အကောင်းဆုံးကတော့ pH ညှိထားတဲ့ အရေပြားသန့်စင် ဆေးရည် (pH balanced skin cleanser) ရှာ၍ ဝယ်သုံးပေးနိုင်ပါတယ်လို့ သိပ္ပံပညာရှင်များက အကြံပေးပါတယ်။

          ရေချိုးပြီးတာနဲ့ တဘက်ခြောက်ခြောလေးနဲ့ အရေပြားခြောက်သွေ့အောင် ရေသုတ်ပေးပြီးမှ အရေပြားလိမ်းခရင်မ်များ လိမ်းပေးနိုင်ပါတယ်။

          ကျန်းမာတဲ့သူတွေအနေနဲ့ကတော့ အရေပြားပြဿနာမရှိရ၊ ဖြစ်မလာရလေအောင်၊ ခန္ဓာကိုယ်လန်းဆန်း ပြီး ပေါ့ပါးသွက်လက်လာအောင် ရေမှန်မှန်ချိုးကြရမယ့်အပြင် ညမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေ ရန် ရေကျက်သီးနွေးနွေးလေးတည်ပြီး ချိုးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။


Credit:Drmyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top