iMyanmarHouse.com - Best Property Website for Myanmar
×





Credit:Duwun



Unicode Version

လင်ဆေးလိုဟန်ဟာ ရုပ်ရှင်တစ်ကားရိုက်ရင် ပေါင် ၅ သန်း (ဒေါ်လာ ၆ သန်းကျော်) ရတဲ့ ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးရ မင်းသမီးတစ်လက် ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ၁၀ စုနှစ်တစ်စုအကြာမှာတော့ သူမဟာ လန်ဒန်က သူမနေထိုင်တဲ့ ပေါင် ၃.၅ သန်း (ဒေါ်လာ ၄ သန်းကျော်) တန် တိုက်ခန်းအတွက် ငှားရမ်းခ ဒေါ်လာ တစ်သိန်းနီးပါး မပေးနိုင်တဲ့အတွက် ဒေဝါလီခံရမလို ဖြစ်နေပါပြီ။

အသက် ၃၀ နှစ်အရွယ် မင်းသမီးဆီက ယင်းငွေတွေကို အိမ်ရှင်ဘက်က ရှေ့နေတွေက တောင်းဆိုနေပြီး နိုဝင်ဘာလ ၈ ရက်နေ့မှာမှ မပေးနိုင်ရင်တော့ သူမကို ဒေဝါလီခံခိုင်းဖို့ တရားရုံးကို လျှောက်လွှာတင်မှာ ဖြစ်ပါတယ်။

သူမနဲ့ ပြတ်သွားပြီဖြစ်တဲ့ ခင်ပွန်းလောင်း ရုရှားအိမ်ခြံမြေသူဌေးကြီး အက်ဂါတာရာဘက်ဆော့ဗ်ကလည်း ပေါင် ၂၄,၀၀၀ (ဒေါ်လာ သုံးသောင်းနီးပါး) တန်တဲ့ ပစ္စည်းတွေကို ယူသွားတယ်လို့ ဆိုပါတယ်။

Credit:Duwun



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top