iMyanmarHouse.com - Best Property Website for Myanmar
×
လေ့လာမှုအတွက် UCLA ကသုတေသနပညာရှင်တွေနဲ့ Gallup အဖွဲ့အစည်းတို့ဟာ အသက် ၁၈ နှစ်ကနေ ၉၉ နှစ်အတွင်းရှိတဲ့ အရွယ်ရောက်ပြီးသူ ၁၈၆၁၄ ဦးကို သူတို့ရဲ့မှတ်ဥာဏ်အပါအ၀င် ဘ၀နေထိုင်မှုပုံစံအမျိုးမျိုးနဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ အလေ့အကျင့်တွေနဲ့ပါတ်သတ်ပြီး စာရင်းကောက်ယူခဲ့ပါတယ်။ အသက်အရွယ်နဲ့မဆိုင်ဘဲ အလေ့အကျင့်တွေထဲက အများစုဟာ မှတ်ဥာဏ်ပြသနာတွေကိုဖြစ်စေနိုင်တယ်ဆိုတာကို သူတို့တွေ့ရှိခဲ့ပါတယ်။
မှတ်ဥာဏ်တွေကိုယုတ်လျော့စေတဲ့ အဓိက တရားခံသုံးယောက်ကတော့ စိတ်ဓာတ်ကျခြင်း လေ့ကျင့်ခန်း လစ်ဟင်းမှု နဲ့ သွေးပေါင်ချိန်မြင့်တက်မှုတို့ ဖြစ်ပါတယ်။
အသက်အရွယ်ပေါင်းစုံ မှတ်ဥာဏ်ကျဆင်းမှုရဲ့အကြောင်းအရင်းတွေထဲက အပြင်းထန်ဆုံး အချက်အဖြစ် ဒီလေ့လာမှုကတွေ့ရှိခဲ့တဲ့အရာကတော့ စိတ်ဓာတ်ကျတာနဲ့ဆက်နွယ်နေမှုဖြစ်ပြီး ဒီတစ်ချက်က ပိုပြီးတိတိကျကျမသိနိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လူကြိုက်များတဲ့ ဖြေရှင်းချက်တစ်ခုကတော့ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ cortisol ဟော်မုန်းတွေဖြစ်ပေါ်လာအောင်လုပ်တာဟာ ဦးနှောက်ထဲက ယာယီမှတ်ဥာဏ်ကို တာဝန်ယူတဲ့အစိပ်အပိုင်းဖြစ်တဲ့ hippocampus ကို ကြုံ့စေတယ်လို့ဆိုပါတယ်။
Credit:Trend Myanmar
#Unicode Version
Plos One ဂျာနယ်ရဲ့လေ့လာမှုတစ်ခုအရ အသက်လေးဆယ်အောက် အရွယ်ရောက်ပြီးသူတွေရဲ့ ၁၄ ရာခိုင်နှုန်းဟာ သူတို့ရဲ့ကိုယ်ပိုင်မှတ်ဉာဏ်နဲ့ပါတ်သတ်တဲ့ ဒုက္ခတွေခံစားနေရပါတယ်။ ပြီးတော့ နှစ်တွေကြာလာတာနဲ့အမျှအဲဒီ့ပြသနာတွေက ပိုပိုဆိုးလာပါတယ်။
လေ့လာမှုအတွက် UCLA ကသုတေသနပညာရှင်တွေနဲ့ Gallup အဖွဲ့အစည်းတို့ဟာ အသက် ၁၈ နှစ်ကနေ ၉၉ နှစ်အတွင်းရှိတဲ့ အရွယ်ရောက်ပြီးသူ ၁၈၆၁၄ ဦးကို သူတို့ရဲ့မှတ်ဉာဏ်အပါအဝင် ဘဝနေထိုင်မှုပုံစံအမျိုးမျိုးနဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ အလေ့အကျင့်တွေနဲ့ပါတ်သတ်ပြီး စာရင်းကောက်ယူခဲ့ပါတယ်။ အသက်အရွယ်နဲ့မဆိုင်ဘဲ အလေ့အကျင့်တွေထဲက အများစုဟာ မှတ်ဉာဏ်ပြသနာတွေကိုဖြစ်စေနိုင်တယ်ဆိုတာကို သူတို့တွေ့ရှိခဲ့ပါတယ်။
မှတ်ဉာဏ်တွေကိုယုတ်လျော့စေတဲ့ အဓိက တရားခံသုံးယောက်ကတော့ စိတ်ဓာတ်ကျခြင်း လေ့ကျင့်ခန်း လစ်ဟင်းမှု နဲ့ သွေးပေါင်ချိန်မြင့်တက်မှုတို့ ဖြစ်ပါတယ်။
အဲဒီ့အချက်တွေက မှတ်ဉာဏ်အပေါ်ကိုဘာလို့ သက်ရောက်မှုရှိတာလဲဆိုတာကိုတော့ ဒီလေ့လာမှုက အတိအကျမပြောနိုင်ခဲ့ပေမယ့် အရင်သုတေသနတစ်ခုကတော့ သင့်ရဲ့နှလုံးခုန်နှုန်းကို တိုးအောင်လုပ်ရင် ဦးနှောက်ထဲက သွေးလည်ပါတ်မှုကိုလည်းတိုးမြှင့်ပေးပြီး ဦးနှောက်လုပ်ဆောင်မှုနဲ့မှတ်ဉာဏ်ကိုလည်း တိုးတက်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒါဟာသွေးဖိအားကို ပုံမှန်ဖြစ်အောင်လုပ်တာက ဘာကြောင့်အရေးကြီးတယ်ဆိုတာရဲ့ အဖြေလည်း ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးဖိအားမြင့်မားမှုဟာ သွေးတွေကို သင့်ဦးခေါင်းထဲစီးဆင်းတာကိုတာဆီးပြီး သွေးလွှတ်ကြောတွေကိုထိခိုက်စေတာဖြစ်ပါတယ်။
အသက်အရွယ်ပေါင်းစုံ မှတ်ဉာဏ်ကျဆင်းမှုရဲ့အကြောင်းအရင်းတွေထဲက အပြင်းထန်ဆုံး အချက်အဖြစ် ဒီလေ့လာမှုကတွေ့ရှိခဲ့တဲ့အရာကတော့ စိတ်ဓာတ်ကျတာနဲ့ဆက်နွယ်နေမှုဖြစ်ပြီး ဒီတစ်ချက်က ပိုပြီးတိတိကျကျမသိနိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လူကြိုက်များတဲ့ ဖြေရှင်းချက်တစ်ခုကတော့ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ cortisol ဟော်မုန်းတွေဖြစ်ပေါ်လာအောင်လုပ်တာဟာ ဦးနှောက်ထဲက ယာယီမှတ်ဉာဏ်ကို တာဝန်ယူတဲ့အစိပ်အပိုင်းဖြစ်တဲ့ hippocampus ကို ကြုံ့စေတယ်လို့ဆိုပါတယ်။
သင်ရဲ့ဦးနှောက်ဟာ လစ်လပ်နေတဲ့ ခံစားမှုမျိုးသင်ဖြစ်ချင်တဲ့ အကြိမ်ရေထက်ပိုဖြစ်နေရင်တော့ ချွေးပုံမှန်ထွက်စေဖို့ဆောင်ရွက်ပါ။ ပြီးတော့ သွေးဖိအားနဲ့ပါတ်သတ်ပြီး ဆရာဝန်တစ်ယောက်နဲ့တွေ့ပါ။ စိတ်ဓာတ်ကျမှုကို ခံစားနေရပြီဆိုရင်တော့ နားလည်တတ်ကျွမ်းသူတွေနဲ့ သင့်ကိုအထောက်အကူပြုမယ့် အကောင်းဆုံး ကုသမှုနည်းလမ်းအတွက် ဆွေးနွေးပါ။
Credit:Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top