iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ႏွစ္သက္တဲ့ အ၀တ္အစားေတြ၊ အသံုးအေဆာင္ေတြကို ၾကာရွည္ဆင္ျမန္းႏိုင္ေအာင္ ဘယ္လိုထိန္းသိမ္းရမယ္ဆိုတဲ့အခ်က္ဟာ တကယ္ကို အေရးပါပါတယ္။ ဒီေတာ့ ဖက္ရွင္ခ်စ္သူ ကိုကိုမမေတြအတြက္ ကိုယ့္အ၀တ္အစားေတြကို မပ်က္စီးပဲ ၾကာရွည္ခံမယ့္ နည္းေလးေတြ ေျပာျပေပးလိုက္ပါတယ္ေနာ္။

၁။သင့္ဆီမွာ ဆြယ္တာေတြ၊ သိုးေမႊးအက်ႍေတြဟာ အခ်ိန္ၾကာလာလို႔ ေပ်ာ့တြဲတြဲျဖစ္လာၿပီ၊ ရိလာၿပီလို႔ ခံစားရရင္ ၀တ္ခါနီးတစ္ညေလာက္ ပလတ္စတစ္စြပ္ၿပီး ေရခဲေသတၱာထဲ ထည့္ထားလိုက္ပါ။ အိုေခသြားပါလိမ့္မယ္။

၂။ဂ်င္းေဘာင္းဘီဆုိတာ ခဏခဏေလွ်ာ္ရင္လည္း အေရာင္ေဖ်ာ့ၿပီး ၀တ္လို႔မေကာင္းေတာ့ပါဘူး။ ဒီေတာ့ အနံ႔ထြက္ေနတဲ့ ဂ်င္းေဘာင္းဘီျပသနာကို ေျဖရွင္းခ်င္တယ္ဆုိရင္ ေဘာင္းဘီကို ပလတ္စတစ္အိတ္ထဲထည့္ၿပီး ေရခဲေသတၱာထဲ ထည့္ထားလိုက္ရံုပါပဲ။

၃။ခ်ိဳင္းမွာစြန္းေပေနတဲ့ ေခၽြးကြက္ေတြကိုေတာ့ သံပရာရည္နဲ႔ေရနည္းနည္းေရာၿပီး ေလွ်ာ္ပစ္ႏိုင္ပါတယ္။ ေခၽြးကြက္က နည္းနည္းၾကာၿပီမုိ႔ ခၽြတ္ဖုိ႔သိပ္အဆင္မေျပရင္ မုန္႔ဖုတ္ဆိုဒါန႔ဲေရနည္းနည္းေရာၿပီး ခဏစိမ္ထားပါ။ ၿပီးေတာ့မွ ေလွ်ာ့ပစ္လုိက္ပါ။

၄။၀တ္ခါနီးေတာ့မွ ကိုယ္၀တ္မယ့္ တီရွပ္၊ ရွပ္အက်ႍဟာ အနံ႔အသက္ သိပ္မေကာင္းဘူးျဖစ္ေနရင္ေတာ့ vodka နည္းနည္းျဖန္းေပးလိုက္ပါ။ သူက ဘက္တီးရီးယားေတြ ေသေစတဲ့အျပင္ ဆိုးရြားတဲ့ အနံ႔အသက္ကိုလည္း ေဖ်ာက္ေပးႏို္င္တာေၾကာင့္ပါ။

၅။အျပင္မသြားခင္ ျပင္ဆင္ေနတုန္း မိတ္ကပ္တုိ႔၊ ကြန္ဆီလာတုိ႔က သင့္အက်ႍမွာ စြန္းသြားခဲ့မယ္ဆုိရင္ေတာ့ shaving cream နည္းနည္းေလး သုတ္ၿပီး အဲ့ဒီေနရာေလးကို ေရေဆးပစ္လိုက္ပါ။

၆။သင့္ရဲ႔႕ခ်ည္ထည္အက်ႍမွာ နႈတ္ခမ္းနီေပစြန္းသြားတယ္ဆုိရင္ေတာ့ hairspray နည္းနည္းဖ်န္း၊ ခဏထားၿပီး အဲ့ေနရာေလးကိုကြက္ ေလွ်ာ္လုိက္ပါ။

၇။သင့္မ်က္မွန္ကိုင္းက နည္းနည္းေခ်ာင္သြားတယ္ဆိုပါစို႔။ ျပန္ၾကပ္ဖုိ႔ ၀က္အူလွည့္အေသးစားကလည္း မရွိဘူး အခက္ေတြ႕ေနမယ္ဆုိရင္ လက္သည္းဆိုးေဆးအၾကည္ေလးကို သုတ္ေပးလုိက္ပါ။ အိုေကသြားပါလိမ့္မယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်နှစ်သက်တဲ့ အဝတ်အစားတွေ၊ အသုံးအဆောင်တွေကို ကြာရှည်ဆင်မြန်းနိုင်အောင် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့အချက်ဟာ တကယ်ကို အရေးပါပါတယ်။ ဒီတော့ ဖက်ရှင်ချစ်သူ ကိုကိုမမတွေအတွက် ကိုယ့်အဝတ်အစားတွေကို မပျက်စီးပဲ ကြာရှည်ခံမယ့် နည်းလေးတွေ ပြောပြပေးလိုက်ပါတယ်နော်။

၁။သင့်ဆီမှာ ဆွယ်တာတွေ၊ သိုးမွှေးအကျႍတွေဟာ အချိန်ကြာလာလို့ ပျော့တွဲတွဲဖြစ်လာပြီ၊ ရိလာပြီလို့ ခံစားရရင် ဝတ်ခါနီးတစ်ညလောက် ပလတ်စတစ်စွပ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ အိုခေသွားပါလိမ့်မယ်။

၂။ဂျင်းဘောင်းဘီဆိုတာ ခဏခဏလျှော်ရင်လည်း အရောင်ဖျော့ပြီး ဝတ်လို့မကောင်းတော့ပါဘူး။ ဒီတော့ အနံ့ထွက်နေတဲ့ ဂျင်းဘောင်းဘီပြသနာကို ဖြေရှင်းချင်တယ်ဆိုရင် ဘောင်းဘီကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ရုံပါပဲ။

၃။ချိုင်းမှာစွန်းပေနေတဲ့ ချွေးကွက်တွေကိုတော့ သံပရာရည်နဲ့ရေနည်းနည်းရောပြီး လျှော်ပစ်နိုင်ပါတယ်။ ချွေးကွက်က နည်းနည်းကြာပြီမို့ ချွတ်ဖို့သိပ်အဆင်မပြေရင် မုန့်ဖုတ်ဆိုဒါနဲ့ရေနည်းနည်းရောပြီး ခဏစိမ်ထားပါ။ ပြီးတော့မှ လျှော့ပစ်လိုက်ပါ။

၄။ဝတ်ခါနီးတော့မှ ကိုယ်ဝတ်မယ့် တီရှပ်၊ ရှပ်အကျႍဟာ အနံ့အသက် သိပ်မကောင်းဘူးဖြစ်နေရင်တော့ vodka နည်းနည်းဖြန်းပေးလိုက်ပါ။ သူက ဘက်တီးရီးယားတွေ သေစေတဲ့အပြင် ဆိုးရွားတဲ့ အနံ့အသက်ကိုလည်း ဖျောက်ပေးနိုင်တာကြောင့်ပါ။

၅။အပြင်မသွားခင် ပြင်ဆင်နေတုန်း မိတ်ကပ်တို့၊ ကွန်ဆီလာတို့က သင့်အကျႍမှာ စွန်းသွားခဲ့မယ်ဆိုရင်တော့ shaving cream နည်းနည်းလေး သုတ်ပြီး အဲ့ဒီနေရာလေးကို ရေဆေးပစ်လိုက်ပါ။

၆။သင့်ရဲ့ချည်ထည်အကျႍမှာ နှုတ်ခမ်းနီပေစွန်းသွားတယ်ဆိုရင်တော့ hairspray နည်းနည်းဖျန်း၊ ခဏထားပြီး အဲ့နေရာလေးကိုကွက် လျှော်လိုက်ပါ။

၇။သင့်မျက်မှန်ကိုင်းက နည်းနည်းချောင်သွားတယ်ဆိုပါစို့။ ပြန်ကြပ်ဖို့ ဝက်အူလှည့်အသေးစားကလည်း မရှိဘူး အခက်တွေ့နေမယ်ဆိုရင် လက်သည်းဆိုးဆေးအကြည်လေးကို သုတ်ပေးလိုက်ပါ။ အိုကေသွားပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top