iMyanmarHouse.com - Best Property Website for Myanmar
×

အရင္တစ္ပတ္ခန္႔က စာေရးသူနဲ႔ senior ဆရာ ဝန္အစ္မတစ္ေယာက္နဲ႔ စကားေျပာျဖစ္ၾက ေတာ့ သူကစာေရးသူကို ခါးနာ၊ ေပါင္တန္းတဲ့အေၾကာင္းေလးေရးပါလားလို႔ အႀကံေပးပါတယ္။ ဘယ္သူမဆို လမ္းေလၽွာက္ရတာမေကာင္းဘူး။ လႈပ္ရွားသြားလာရ တာ မေကာင္းဘူးဆိုရင္ ငါဘာျဖစ္ၿပီလဲမသိဘူးဆိုၿပီး အလန္႔တၾကားျဖစ္တတ္ၾကတယ္။

ဒီလိုမ်ိဳး ခါးနာတယ္၊ ေပါင္တန္းတယ္၊ အေၾကာညပ္တယ္ဆိုတဲ့ ျပႆနာၾကဳံ ရတဲ့သူေတြက မ်ားလည္း မ်ားတတ္တာမို႔ စာေရးသူ လည္း ဒီတစ္ပတ္ေတာ့ အေၾကာညပ္တယ္ဆိုတဲ့ေခါင္း စဥ္ေလးနဲ႔အတူ Sciatica အေၾကာင္းကို တေစ့တေစာင္း မၽွေဝတင္ျပခ်င္ပါတယ္။

■ Sciatica ဆိုတာဘာလဲ။ ဘယ္လိုလကၡဏာေတြျဖစ္ တတ္သလဲ။

Sciatica ျဖစ္တယ္ဆိုတာဟာ ေဆးပညာ မွာ ေျခေထာက္အတြက္အေရးပါတဲ့ Sciatic အာ႐ုံေၾကာ ကို အစြဲျပဳေခၚထားတဲ့အေျခအေနတစ္ရပ္ျဖစ္ပါတယ္။ ူLumbosacral Radicular Syndrome? Nerve root pain? Nerve root entrapment စသည္ျဖင့္လည္း သုံးႏႈန္းပါတယ္။ လူေတာ္ေတာ္မ်ားမ်ားလည္း တစ္သက္ တစ္ခါျဖစ္ျဖစ္ ၾကဳံဖူးေလ့ရွိၾကၿပီး အဓိကျဖစ္တတ္တာ ကေတာ့ ေျခေထာက္တစ္ေလၽွာက္၊ အထူးသျဖင့္ ေပါင္ ေနရာနဲ႔ တစ္ခါတစ္ရံမွာ ဒူးေအာက္ပိုင္းက ေျခသလုံး ၾကြက္သားေတြ၊ ေျခေထာက္ေတြအထိနာတာ၊ ထုံက်င္ တာ စတာအျပင္ ခါးေအာက္ပိုင္းနာက်င္ကိုက္ခဲတာ မ်ိဳးလည္းျဖစ္တတ္ၿပီး မလႈပ္မရွားနိုင္တာအထိလည္း ျဖစ္တတ္ၾကတယ္။ ဒါကိုပဲအရပ္ထဲမွာေတာ့ ေပါင္တန္း တယ္၊ အေၾကာညပ္တယ္ စသည္ျဖင့္လည္းေခၚတတ္ ၾကပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Themeltingpot4u

#Unicode Verison
ခါးနာ၊ ပေါင်တန်းပြီး အကြောညပ်နေသလား
-----

အရင်တစ်ပတ်ခန့်က စာရေးသူနဲ့ senior ဆရာ ဝန်အစ်မတစ်ယောက်နဲ့ စကားပြောဖြစ်ကြ တော့ သူကစာရေးသူကို ခါးနာ၊ ပေါင်တန်းတဲ့အကြောင်း
လေးရေးပါလားလို့ အကြံပေးပါတယ်။ ဘယ်သူမဆို လမ်းလျှောက်ရတာမကောင်းဘူး။ လှုပ်ရှားသွားလာရ တာ မကောင်းဘူးဆိုရင် ငါဘာဖြစ်ပြီလဲမသိဘူးဆိုပြီး အလန့်တကြားဖြစ်တတ်ကြတယ်။

ဒီလိုမျိုး ခါးနာတယ်၊ ပေါင်တန်းတယ်၊ အကြောညပ်တယ်ဆိုတဲ့ ပြဿနာကြုံ ရတဲ့သူတွေက များလည်း များတတ်တာမို့ စာရေးသူ လည်း ဒီတစ်ပတ်တော့ အကြောညပ်တယ်ဆိုတဲ့ခေါင်း စဉ်လေးနဲ့အတူ Sciatica အကြောင်းကို တစေ့တစောင်း မျှဝေတင်ပြချင်ပါတယ်။

■ Sciatica ဆိုတာဘာလဲ။ ဘယ်လိုလက္ခဏာတွေဖြစ် တတ်သလဲ။

Sciatica ဖြစ်တယ်ဆိုတာဟာ ဆေးပညာ မှာ ခြေထောက်အတွက်အရေးပါတဲ့ Sciatic အာရုံကြော ကို အစွဲပြုခေါ်ထားတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ူLumbosacral Radicular Syndrome? Nerve root pain? Nerve root entrapment စသည်ဖြင့်လည်း သုံးနှုန်းပါတယ်။ လူတော်တော်များများလည်း တစ်သက် တစ်ခါဖြစ်ဖြစ် ကြုံဖူးလေ့ရှိကြပြီး အဓိကဖြစ်တတ်တာ ကတော့ ခြေထောက်တစ်လျှောက်၊ အထူးသဖြင့် ပေါင် နေရာနဲ့ တစ်ခါတစ်ရံမှာ ဒူးအောက်ပိုင်းက ခြေသလုံး ကြွက်သားတွေ၊ ခြေထောက်တွေအထိနာတာ၊ ထုံကျင် တာ စတာအပြင် ခါးအောက်ပိုင်းနာကျင်ကိုက်ခဲတာ မျိုးလည်းဖြစ်တတ်ပြီး မလှုပ်မရှားနိုင်တာအထိလည်း ဖြစ်တတ်ကြတယ်။ ဒါကိုပဲအရပ်ထဲမှာတော့ ပေါင်တန်း တယ်၊ အကြောညပ်တယ် စသည်ဖြင့်လည်းခေါ်တတ် ကြပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Themeltingpot4u
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top