iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ကိုျမင္လိုက္တာနဲ႔ ဟယ္ မ်က္ခံုးေမႊးေလးက လွလိုက္တာရယ္လုိ႔ ေငးသြားရေအာင္ ကိုယ့္ဘက္က ဘယ္လိုျပင္ဆင္သင့္ပါသလဲ။ မ်က္ေတာင္ေလးက ေကာ့ေနတာပဲ စသျဖင့္ အားလံုးအားက်သြားရေအာင္ ဘယ္လိုျပင္ဆင္ရမလဲဆိုတဲ့ အေၾကာင္းေလး အမ်ိဳးသမီးေတြအတြက္ နည္းနည္းေျပာျပေပးခ်င္ပါတယ္။ ခုေျပာမယ့္အေၾကာင္းအရာေတြက မ်က္ခံုးေမႊးနဲ႕ပတ္သက္ျပီး ေဆာင္ရန္ေရွာင္ရန္ ၊ လုပ္ေဆာင္ပံုနည္းေလးေတြပါ ပါ၀င္တာမို႕ ပ်ိဳေမေတြ အဆင္ေျပၾကလိမ့္မယ္လုိ႕ ေမ်ွာ္လင့္ပါတယ္။ ကဲ ဖတ္ၾကည့္လိုက္ၾကရေအာင္။

၁။မထူမပါး မ်က္ခံုးေမႊးမ်ိဳးလိုခ်င္တယ္ဆုိရင္

ၾကည့္ေကာင္းတဲ့အျပင္ မထူလြန္း မပါးလြန္းတဲ့ မ်က္ခံုးေမႊးမ်ိဳး လိုခ်င္တယ္ဆုိရင္ေတာ့ သံုးေနက်ခဲတံေလးနဲ႔ပဲ မ်က္ခံုးကို ခပ္ပါးပါးေလး ဆြဲလိုက္ပါ။ ကုိယ္လိုခ်င္တဲ့ အေနအထားအတုိင္း နည္းနည္းျဖည့္ဆြဲေပးပါ။ အဲ့ဒီေနာက္မွာေတာ့ သဘာ၀အတိုင္းလွေနတယ္လို႔ ထင္ရေအာင္ မ်က္ခံုးေမႊးေတြကို အေပၚဘက္သို႔ ပင့္တင္ၿပီး spoolie ဘရက္ရွ္ေလးနဲ႔ ၿဖီးေပးဖုိ႔လိုပါတယ္။

၂။မ်က္ခံုးေမႊးမရွိတဲ့ ေနရာေတြကို ခဲတံနဲ႔မဆြဲပါနဲ႔

မ်က္ခံုးေမႊးမရွိေတာ့တဲ့ ေနရာေတြထိ ကိုယ့္ခဲတံက လက္လြန္ၿပီး ဆြဲမိသြားမယ္ဆုိရင္ေတာ့ ေတာ္ေတာ္ေလး ၾကည့္ရဆိုးမွာပါ။ ဒါ့ေၾကာင့္ လက္ကိုၿငိမ္ၿငိမ္ေလးထားၿပီး ေဘာင္ေက်ာ္မသြားေအာင္ ဆြဲပါ။

၃။ဇင္ေယာက္မ်က္ခံုးလိုခ်င္သူေတြအတြက္ ဘရက္ရွ္ကိုသံုးၿပီး ၿဖီးေပးပါ

မ်က္ခံုးေမႊးေတြထဲမွာ ဇင္ေယာ္မ်က္ခံုးကေတာ့ လူသိအမ်ားဆံုးပါ။ ဒီလိုဇင္ေယာက္မ်က္ခံုးေမႊးပံုစံ သဘာ၀က်က်လုိခ်င္တယ္ဆုိရင္ ဘရက္ရွ္သံုးၿပီး မ်က္ခံုးေမႊးကိုအေပၚဘက္သို႔ ပင့္ၿပီး အျပင္ဘက္ ဦးတည္ျဖီးေပးဖုိ႔ လိုပါတယ္။

၄။မ်က္ခံုးေမႊးအေရာင္ဟာ ဆံပင္အေရာင္နဲ႔ကြဲျပားဖုိ႔ လိုပါတယ္

အရင္တုန္းက ဆံပင္အေရာင္နဲ႔ မ်က္ခံုးေမႊးေရာင္ အတူတူျဖစ္ရမယ္ဆိုတဲ့ သီအုိရီက ခုခ်ိန္မွာ အသံုးမ၀င္ေတာ့ပါဘူး။ ဒီေတာ့ သင့္ရဲ႕မ်က္ခံုးေမႊးဟာ ဆံပင္အေရာင္ထက္ ေဖ်ာ့ရင္ေဖ်ာ့၊ မေဖ်ာ့ရင္ ပိုရင့္တဲ့ကာလာျဖစ္သင့္ပါတယ္။

၅။မ်က္ခံုးေမႊးကို အေရာင္ဆိုးဖုိ႔အတြက္ အိမ္မွာသံုးေနက် ဆံပင္ဆိုးေဆးကို မသံုးပါနဲ႔

လြယ္ရင္ၿပီးေရာဆုိၿပီး အိမ္မွာရွိေနၿပီးသား ဆံပင္ဆိုးေဆးကို ယူၿပီး မ်က္ခံုးေမႊးကို မဆိုးလိုက္ပါနဲ႔။ ခုနေျပာသလို အေရာင္မတူတာကို ဆိုးဖုိ႔လိုအပ္သလို မ်က္ခံုးေမႊးဆိုးဖုိ႔ သီးသန္႔ထုတ္ထားတဲ့ ေဆးကို သံုးမွပိုအဆင္ေျပပါလိမ့္မယ္။

၆။အိမ္မွာမျဖစ္မေန မ်က္ခံုးေမႊးအေရာင္ဆိုးမွ ျဖစ္မယ္ဆိုရင္ သီးနွံေတြနဲ႔ထုတ္ထားတဲ့ ဆိုးေဆးကို သံုးပါ

ပြဲတက္ဖုိ႔အခ်ိန္က နီးေနတာေၾကာင့္ သင့္မ်က္ခံုးေမႊးကို မျဖစ္မေန အေရာင္ဆိုးရေတာ့မယ္ဆုိရင္ေတာ့ သာမာန္ဆိုးေဆးေတြထက္ ပိုစိတ္ခ်ရတဲ့ သီးႏွံေတြနဲ႔ထုတ္လုပ္ထားတဲ့ ဆိုးေဆးမ်ိဳးကို ေရြးခ်ယ္ပါ။ vegetable dye လို႔ပါတဲ့ ဆိုးေဆးကို ၀ယ္ပါ။

၇။မ်က္ခံုးေမႊးကို အရမ္းေသးေသးေလးထားတာ၊ ႏႈတ္တာမ်ိဳးေတြဟာ သင့္မ်က္ႏွာအတြက္ အဆင္ေျပဖုိ႔ မလြယ္ပါဘူး

မ်က္ခံုးေမႊးနႈတ္တာမ်ိဳးထက္စာရင္ မ်က္ခံုးေမႊးကို အျပည့္ထားၿပီး ပံုသြင္းတာပိုေကာင္းပါတယ္။ ပါးလြန္း၊ ေသးလြန္းတဲ့မ်က္ခံုးေမႊးဟာ မ်က္ႏွာတုိင္းနဲ႔ အဆင္မေျပတတ္တာမ်ားပါတယ္။

၈။ေခတ္စားေနတဲ့ မ်က္ခံုးေမႊးအေရာင္ခၽြတ္တာမ်ိဳး စိတ္၀င္စားတယ္ဆုိရင္ေတာ့ တတ္သိနားလည္တဲ့ အလွပညာရွင္နဲ႔ လုပ္ပါ

ဆံပင္အေရာင္ခၽြတ္သလိုပဲ မ်က္ခံုးေမႊးအေရာင္ခၽြတ္တယ္ဆိုတာဟာလည္း ထင္သေလာက္ မလြယ္ပါဘူး။ မ်က္လံုးအနားတစ္၀ိုက္ chemical ပစၥည္းေတြနဲ႔ ခၽြတ္ရမွာမုိ႔ မ်က္လံုးထိခိုက္တာမ်ိဳးေတြ မျဖစ္ရေအာင္ တတ္သိနားလည္တဲ့ အလွပညာရွင္ေတြနဲ႔ တုိင္ပင္ၿပီးမွ လုပ္ပါ။

Credit: Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


ကိုယ့်ကိုမြင်လိုက်တာနဲ့ ဟယ် မျက်ခုံးမွှေးလေးက လှလိုက်တာရယ်လို့ ငေးသွားရအောင် ကိုယ့်ဘက်က ဘယ်လိုပြင်ဆင်သင့်ပါသလဲ။ မျက်တောင်လေးက ကော့နေတာပဲ စသဖြင့် အားလုံးအားကျသွားရအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အကြောင်းလေး အမျိုးသမီးတွေအတွက် နည်းနည်းပြောပြပေးချင်ပါတယ်။ ခုပြောမယ့်အကြောင်းအရာတွေက မျက်ခုံးမွှေးနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် ၊ လုပ်ဆောင်ပုံနည်းလေးတွေပါ ပါဝင်တာမို့ ပျိုမေတွေ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကဲ ဖတ်ကြည့်လိုက်ကြရအောင်။

၁။မထူမပါး မျက်ခုံးမွှေးမျိုးလိုချင်တယ်ဆိုရင်

ကြည့်ကောင်းတဲ့အပြင် မထူလွန်း မပါးလွန်းတဲ့ မျက်ခုံးမွှေးမျိုး လိုချင်တယ်ဆိုရင်တော့ သုံးနေကျခဲတံလေးနဲ့ပဲ မျက်ခုံးကို ခပ်ပါးပါးလေး ဆွဲလိုက်ပါ။ ကိုယ်လိုချင်တဲ့ အနေအထားအတိုင်း နည်းနည်းဖြည့်ဆွဲပေးပါ။ အဲ့ဒီနောက်မှာတော့ သဘာဝအတိုင်းလှနေတယ်လို့ ထင်ရအောင် မျက်ခုံးမွှေးတွေကို အပေါ်ဘက်သို့ ပင့်တင်ပြီး spoolie ဘရက်ရှ်လေးနဲ့ ဖြီးပေးဖို့လိုပါတယ်။

၂။မျက်ခုံးမွှေးမရှိတဲ့ နေရာတွေကို ခဲတံနဲ့မဆွဲပါနဲ့

မျက်ခုံးမွှေးမရှိတော့တဲ့ နေရာတွေထိ ကိုယ့်ခဲတံက လက်လွန်ပြီး ဆွဲမိသွားမယ်ဆိုရင်တော့ တော်တော်လေး ကြည့်ရဆိုးမှာပါ။ ဒါ့ကြောင့် လက်ကိုငြိမ်ငြိမ်လေးထားပြီး ဘောင်ကျော်မသွားအောင် ဆွဲပါ။

၃။ဇင်ယောက်မျက်ခုံးလိုချင်သူတွေအတွက် ဘရက်ရှ်ကိုသုံးပြီး ဖြီးပေးပါ

မျက်ခုံးမွှေးတွေထဲမှာ ဇင်ယော်မျက်ခုံးကတော့ လူသိအများဆုံးပါ။ ဒီလိုဇင်ယောက်မျက်ခုံးမွှေးပုံစံ သဘာဝကျကျလိုချင်တယ်ဆိုရင် ဘရက်ရှ်သုံးပြီး မျက်ခုံးမွှေးကိုအပေါ်ဘက်သို့ ပင့်ပြီး အပြင်ဘက် ဦးတည်ဖြီးပေးဖို့ လိုပါတယ်။

၄။မျက်ခုံးမွှေးအရောင်ဟာ ဆံပင်အရောင်နဲ့ကွဲပြားဖို့ လိုပါတယ်

အရင်တုန်းက ဆံပင်အရောင်နဲ့ မျက်ခုံးမွှေးရောင် အတူတူဖြစ်ရမယ်ဆိုတဲ့ သီအိုရီက ခုချိန်မှာ အသုံးမဝင်တော့ပါဘူး။ ဒီတော့ သင့်ရဲ့မျက်ခုံးမွှေးဟာ ဆံပင်အရောင်ထက် ဖျော့ရင်ဖျော့၊ မဖျော့ရင် ပိုရင့်တဲ့ကာလာဖြစ်သင့်ပါတယ်။

၅။မျက်ခုံးမွှေးကို အရောင်ဆိုးဖို့အတွက် အိမ်မှာသုံးနေကျ ဆံပင်ဆိုးဆေးကို မသုံးပါနဲ့

လွယ်ရင်ပြီးရောဆိုပြီး အိမ်မှာရှိနေပြီးသား ဆံပင်ဆိုးဆေးကို ယူပြီး မျက်ခုံးမွှေးကို မဆိုးလိုက်ပါနဲ့။ ခုနပြောသလို အရောင်မတူတာကို ဆိုးဖို့လိုအပ်သလို မျက်ခုံးမွှေးဆိုးဖို့ သီးသန့်ထုတ်ထားတဲ့ ဆေးကို သုံးမှပိုအဆင်ပြေပါလိမ့်မယ်။

၆။အိမ်မှာမဖြစ်မနေ မျက်ခုံးမွှေးအရောင်ဆိုးမှ ဖြစ်မယ်ဆိုရင် သီးနှံတွေနဲ့ထုတ်ထားတဲ့ ဆိုးဆေးကို သုံးပါ

ပွဲတက်ဖို့အချိန်က နီးနေတာကြောင့် သင့်မျက်ခုံးမွှေးကို မဖြစ်မနေ အရောင်ဆိုးရတော့မယ်ဆိုရင်တော့ သာမာန်ဆိုးဆေးတွေထက် ပိုစိတ်ချရတဲ့ သီးနှံတွေနဲ့ထုတ်လုပ်ထားတဲ့ ဆိုးဆေးမျိုးကို ရွေးချယ်ပါ။ vegetable dye လို့ပါတဲ့ ဆိုးဆေးကို ဝယ်ပါ။

၇။မျက်ခုံးမွှေးကို အရမ်းသေးသေးလေးထားတာ၊ နှုတ်တာမျိုးတွေဟာ သင့်မျက်နှာအတွက် အဆင်ပြေဖို့ မလွယ်ပါဘူး

မျက်ခုံးမွှေးနှုတ်တာမျိုးထက်စာရင် မျက်ခုံးမွှေးကို အပြည့်ထားပြီး ပုံသွင်းတာပိုကောင်းပါတယ်။ ပါးလွန်း၊ သေးလွန်းတဲ့မျက်ခုံးမွှေးဟာ မျက်နှာတိုင်းနဲ့ အဆင်မပြေတတ်တာများပါတယ်။

၈။ခေတ်စားနေတဲ့ မျက်ခုံးမွှေးအရောင်ချွတ်တာမျိုး စိတ်ဝင်စားတယ်ဆိုရင်တော့ တတ်သိနားလည်တဲ့ အလှပညာရှင်နဲ့ လုပ်ပါ

ဆံပင်အရောင်ချွတ်သလိုပဲ မျက်ခုံးမွှေးအရောင်ချွတ်တယ်ဆိုတာဟာလည်း ထင်သလောက် မလွယ်ပါဘူး။ မျက်လုံးအနားတစ်ဝိုက် chemical ပစ္စည်းတွေနဲ့ ချွတ်ရမှာမို့ မျက်လုံးထိခိုက်တာမျိုးတွေ မဖြစ်ရအောင် တတ်သိနားလည်တဲ့ အလှပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ လုပ်ပါ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top