iMyanmarHouse.com - Best Property Website for Myanmar
×
Credit: 7 day daily
#Unicode Version
နာမည်ကျော် ကိုရီးယား သရုပ်ဆောင်မင်းသား ဂျီချောင်ဝုခ် က မကြာမီ စစ်မှုထမ်းဆောင်ပါ မည့်အကြောင်း ထုတ်ဖော်ပြော ကြားလိုက်သည်။
ကိုရီးယားနိုင်ငံတွင် အသက်(၃၁) နှစ်မတိုင်မီ အမျိုးသား အားလုံး မဖြစ်မနေ စစ်မှုထမ်း ဆောင်ရသည်။
အသက် (၂၉)နှစ်အရွယ် ဂျီချောင်ဝုခ်က နောင်နှစ်တွင် စစ်မှု ထမ်းဆောင်ရမည်ဖြစ်သည်။ မကြာသေးမီက အင်တာဗျူးတွင် ဂျီချောင်ဝူက ‘‘နောက်နှစ်မှာ  စစ်မှုထမ်းဆောင်ဖို့ စာရင်းပေးသွားမှာ ပါ။ အဲဒါက မတူညီတဲ့ ဖြတ်သန်းမှုတစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ပျော်ပါ တယ်။ ကျွန်တော်က စူးစမ်းချင် တယ်။ စိုးရိမ်တတ်တယ်။ တခြား လူတွေကြားထဲမှာ ကျွန်တော် ဘယ်လိုရှင်သန်မလဲဆိုတာ စိတ်လှုပ်ရှားမိပါတယ်’’ဟု ပြော သည်။
ထို့အပြင် စစ်မှုထမ်းဆောင် ရန် စာရင်းမသွင်းမီ ဂျီချောင်ဝုခ်က ‘‘ကျွန်တော် စစ်မှုမထမ်းဆောင် ခင် နောက်ထပ်အနုပညာတစ်ခု လုပ်ဖို့ စီစဉ်နေတယ်။ ဒရမ်မာ၊ ဒါမှမဟုတ် ဇာတ်ကားရိုက်ဖို့ စဉ်းစားထားပါတယ်’’ဟု ပြော သည်။
Credit: 7 day daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top