iMyanmarHouse.com - Best Property Website for Myanmar
×




Credit : duwun

ပို့သပေးပါတယ်။


#Unicode Version

အိမ်ထောင်ရေး တည်မြဲခြင်းဟာ ဘယ်အရွယ်မှာ လက်ထပ်တာနဲ့ သက်ဆိုင်လားဆိုတာဟာ အမြဲတမ်း အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘယ်အရွယ်မှာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲဆိုတာကို သုတေသီတွေက လေ့လာချက်တစ်ခု လုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။

လေ့လာချက်အရ အသက် ၃၀ ကျော် လေးဆယ်နားရောက်မှ အိမ်ထောင်ပြုတဲ့ စုံတွဲတွေရဲ့ အိမ်ထောင်ရေးဟာ ပိုပြီးခိုင်မာတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ အဲဒီအသက်အရွယ်မှာ ပိုပြီးစဉ်းစားချင့်ချိန်နိုင်စွမ်း ပိုရှိလာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ Utah တက္ကသိုလက်က လူမှုဆက်ဆံရေး သုတေသီ ဝုလ်ဖင်းဂါးက ပြောပါတယ်။

ဒီအရွယ်မှာ အိမ်ထောင်ပြုတဲ့ စုံတွဲတွေက အသက် ၂၀ ကျော်နဲ့ သုံးဆယ်ဝန်းကျင်လောက်မှာ အိမ်ထောင်ပြုတဲ့ စုံတွဲတွေထက် ပိုပြီး အိမ်ထောင်မြဲလေ့ရှိတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ သုံးဆယ်ကျော်မှ အိမ်ထောင်ပြုတဲ့အခါ အိမ်ထောင်ကွဲနိုင်ချေကို ၁၁ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် ထူးခြားတာက အသက်ကြီးမှ ပြတ်ဆဲတဲ့ စုံတွေရဲ့ ရာနှုန်းကလည်း များပြားနေပြန်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top