iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းရာသီမွာ ဆံသားေလးေတြဟာ ေလထုေၾကာင့္ ၾကမ္းတာ၊ နွစ္ခြျဖစ္တာေတြအျပင္ ဦးေရျပားမွာပါ ေဗာက္ထတတ္ပါတယ္။ ဆံပင္ေတြၿငိတာ၊ နွစ္ခြျဖစ္တာ၊ ေအာက္နားေတြျပတ္တာေလာက္ စိတ္ညစ္ရတာမရွိပါဘူး။ ဒါေပမယ့္ အဲဒီျပႆနာေတြကေန ကင္းေ၀းဖို႕ အိမ္မွာေနရင္း ေပါင္းတင္လို႔ရပါတယ္။ အခုေဖာ္ျပေပးမယ့္ DIY Hair Maskေလးေတြဟာ ChemIcalေတြ မပါ၀င္လို႔ ဆံပင္သားမထိခိုက္တဲ႔အျပင္ ဆံသားကိုက်န္းမာေစပါတယ္။ ပစၥည္းရွာရလြယ္ကူၿပီး လုိက္လုပ္ဖို႔လည္းလြယ္တဲ႔အျပင္ အခ်ိန္လည္းမကုန္ လူလည္းမပင္ပန္းလို႔ စမ္းၾကည့္သင့္တယ္ေနာ္။

ေထာပတ္၊မေရာနိစ္ Mask
နာမည္ေလးကိုၾကည့္တာနဲ႔တင္စားပစ္ခ်င္စရာေကာင္းေနပါၿပီ။ လိုအပ္တာေတြကေတာ့ မေရာနိစ္ စားပြဲတင္ဇြန္း ၄ဇြန္း၊ၾကက္ဥႏွစ္လံုးနဲ႕ေထာပတ္သီးတစ္ျခမ္းတို႔ လိုပါတယ္။ အကုန္လံုးကို ခြက္ၾကီးၾကီးတစ္ခုထဲေရာနယ္ၿပီးတဲ႔အခါ ခပ္ပ်စ္ပ်စ္အေနအထားတဲ႔ေရာက္တဲ့အထိ ခက္ရင္းနဲ႔ေခါက္ပါ။ ခပ္ပ်စ္ပ်စ္အေနအထားကိုေရာက္ၿပီဆိုရင္ ဆံပင္အရင္းကေနစလိမ္းပါ။ပလတ္စတစ္ Shower Capနဲ႕ ၂၅မိနစ္ေလာက္စြပ္ထားၿပီးတဲ႔အခါ ေရေဆးခ်လိုက္ပါ။ ဆံသားႏူးညံ့ေတာက္ေျပာင္လာတာကိုေတြ႕ရပါလိမ့္မယ္။

သံလြင္ဆီ Mask
ဒီနည္းလမ္းကေတာ့ ေတာ္ေတာ္မ်ားမ်ား သိၿပီးသားျဖစ္သလို အသံုးျပဳလည္းမ်ားၾကမွာပါ။ လိုအပ္တာကေတာ့ သံလြင္ဆီစစ္စစ္ပဲ လိုအပ္ပါတယ္။ ဒီထက္ပိုၿပီးေကာင္းခ်င္ရင္ေတာ့ သံလြင္ဆီထဲကို လာဗင္ဒါဆီ အနည္းငယ္ထည့္ေပးလို႕ရပါတယ္။ သံလြင္ဆီကို ဦးေရျပားကေန လိမ္းၿပီး အရင္းေတြကို ထပ္ခါထပ္ခါ လိမ္းပါ။ ပိုၿပီး ထိေရာက္ခ်င္ရင္ေတာ့ ညအိပ္တဲ႔အခါ လိမ္းအိပ္ၿပီး မနက္က်မွ ေခါင္းေလွ်ာ္ခ်လိုက္ပါ။

ပ်ားရည္၊ၾကက္ဥ Mask
ပ်ားရည္ဟာ အစိုဓာတ္ကို ျဖည့္တင္းေပးႏိုင္ပါတယ္။ ဆံပင္သားေျခာက္တဲ႔သူေတြအတြက္ဆိုရင္ ဒီနည္းေလးကအဆင္ေျပေစမွာပါ။ ပ်ားရည္ကို တစ္ခြက္စာကို ၾကက္ဥအႏွစ္တစ္လံုးထည့္ၿပီးေမႊပါ။ သမမွ်တသြားၿပီဆိုရင္ ဦးေခါင္းကိုလိမ္းပါ။ ႏွိပ္နယ္ၿပီး မိနစ္၃၀ေလာက္ထားေပးပါ။ မိနစ္၃၀ျပည့္သြားၿပီဆိုရင္ ကိုယ္သံုးေနက် ေခါင္းေလွ်ာ္ရည္တစ္မ်ိဳးမ်ိဳးနဲ႔ေျပာင္ေအာင္ ေဆးပါ။

ရွားေစာင္းလက္ပတ္Mask
ရွားေစာင္းလက္ပတ္အရြက္ထဲက အႏွစ္ကို ဆံပင္အရွည္နဲ႔တိုင္းၿပီး ကိုယ္လိုသေလာက္ပမာဏယူပါ။ ကိုယ္ယူထားတဲ႔အႏွစ္ေတြထဲကို သံပုရာရည္ စားပြဲတင္ဇြန္း ၁ဇြန္းေလာက္ထည့္ပါ။ အုန္းဆီ ဒါမွမဟုတ္ သံလြင္ဆီတစ္ခုခုထည့္လို႔လည္းရပါတယ္။ ဆံပင္အႏွံ႔လိမ္းၿပီးသြားတဲ႔အခါ Shower Capေလးနဲ႔ မိနစ္ ၃၀ေလာက္ အုပ္ထားၿပီး ေရေဆးနဲ႔ေဆးခ်ပါ။

ငွက္ေပ်ာသီး ၊သံလြင္ဆီMask
ဒီနည္းလမ္းဟာလည္း ေဆာင္းရာသီမွာျဖစ္တတ္တဲ႔ ဆံပင္ျပႆနာေတြကို ေျဖရွင္းႏိုင္တဲ႔ နည္းတစ္ခုပါ။ ငွက္ေပ်ာသီးႏွစ္လံုးေလာက္ကို ေခ်ၿပီး သံလြင္ဆီနည္းနည္းအစက္ခ်ၿပီးထည့္ပါ။ နယ္ထားတဲ့ ငွက္ေပ်ာသီးအႏွစ္ကို ဦးေရျပားနဲ႔ဆံပင္ေတြမွာ လိမ္းၿပီးနာရီ၀က္ေလာက္ထားပါ။ ၿပီးမွေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ပါ။

အခုဆိုရင္ အိမ္မွာလုပ္လို႔ရႏိုင္တဲ႔ နည္းလမ္းေလးေတြေဖာ္ျပထားၿပီးၿပီဆိုေတာ့ ကိုယ္နဲ႔အဆင္ေျပမယ့္နည္းေလးကို စမ္းသပ္ၾကည့္လို႕ရၿပီေနာ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဆောင်းရာသီမှာ ဆံသားလေးတွေဟာ လေထုကြောင့် ကြမ်းတာ၊ နှစ်ခွဖြစ်တာတွေအပြင် ဦးရေပြားမှာပါ ဗောက်ထတတ်ပါတယ်။ ဆံပင်တွေငြိတာ၊ နှစ်ခွဖြစ်တာ၊ အောက်နားတွေပြတ်တာလောက် စိတ်ညစ်ရတာမရှိပါဘူး။ ဒါပေမယ့် အဲဒီပြဿနာတွေကနေ ကင်းဝေးဖို့ အိမ်မှာနေရင်း ပေါင်းတင်လို့ရပါတယ်။ အခုဖော်ပြပေးမယ့် DIY Hair Maskလေးတွေဟာ ChemIcalတွေ မပါဝင်လို့ ဆံပင်သားမထိခိုက်တဲ့အပြင် ဆံသားကိုကျန်းမာစေပါတယ်။ ပစ္စည်းရှာရလွယ်ကူပြီး လိုက်လုပ်ဖို့လည်းလွယ်တဲ့အပြင် အချိန်လည်းမကုန် လူလည်းမပင်ပန်းလို့ စမ်းကြည့်သင့်တယ်နော်။

ထောပတ်၊မရောနိစ် Mask
နာမည်လေးကိုကြည့်တာနဲ့တင်စားပစ်ချင်စရာကောင်းနေပါပြီ။ လိုအပ်တာတွေကတော့ မရောနိစ် စားပွဲတင်ဇွန်း ၄ဇွန်း၊ကြက်ဥနှစ်လုံးနဲ့ထောပတ်သီးတစ်ခြမ်းတို့ လိုပါတယ်။ အကုန်လုံးကို ခွက်ကြီးကြီးတစ်ခုထဲရောနယ်ပြီးတဲ့အခါ ခပ်ပျစ်ပျစ်အနေအထားတဲ့ရောက်တဲ့အထိ ခက်ရင်းနဲ့ခေါက်ပါ။ ခပ်ပျစ်ပျစ်အနေအထားကိုရောက်ပြီဆိုရင် ဆံပင်အရင်းကနေစလိမ်းပါ။ပလတ်စတစ် Shower Capနဲ့ ၂၅မိနစ်လောက်စွပ်ထားပြီးတဲ့အခါ ရေဆေးချလိုက်ပါ။ ဆံသားနူးညံ့တောက်ပြောင်လာတာကိုတွေ့ရပါလိမ့်မယ်။

သံလွင်ဆီ Mask
ဒီနည်းလမ်းကတော့ တော်တော်များများ သိပြီးသားဖြစ်သလို အသုံးပြုလည်းများကြမှာပါ။ လိုအပ်တာကတော့ သံလွင်ဆီစစ်စစ်ပဲ လိုအပ်ပါတယ်။ ဒီထက်ပိုပြီးကောင်းချင်ရင်တော့ သံလွင်ဆီထဲကို လာဗင်ဒါဆီ အနည်းငယ်ထည့်ပေးလို့ရပါတယ်။ သံလွင်ဆီကို ဦးရေပြားကနေ လိမ်းပြီး အရင်းတွေကို ထပ်ခါထပ်ခါ လိမ်းပါ။ ပိုပြီး ထိရောက်ချင်ရင်တော့ ညအိပ်တဲ့အခါ လိမ်းအိပ်ပြီး မနက်ကျမှ ခေါင်းလျှော်ချလိုက်ပါ။

ပျားရည်၊ကြက်ဥ Mask
ပျားရည်ဟာ အစိုဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဆံပင်သားခြောက်တဲ့သူတွေအတွက်ဆိုရင် ဒီနည်းလေးကအဆင်ပြေစေမှာပါ။ ပျားရည်ကို တစ်ခွက်စာကို ကြက်ဥအနှစ်တစ်လုံးထည့်ပြီးမွှေပါ။ သမမျှတသွားပြီဆိုရင် ဦးခေါင်းကိုလိမ်းပါ။ နှိပ်နယ်ပြီး မိနစ်၃၀လောက်ထားပေးပါ။ မိနစ်၃၀ပြည့်သွားပြီဆိုရင် ကိုယ်သုံးနေကျ ခေါင်းလျှော်ရည်တစ်မျိုးမျိုးနဲ့ပြောင်အောင် ဆေးပါ။

ရှားစောင်းလက်ပတ်Mask
ရှားစောင်းလက်ပတ်အရွက်ထဲက အနှစ်ကို ဆံပင်အရှည်နဲ့တိုင်းပြီး ကိုယ်လိုသလောက်ပမာဏယူပါ။ ကိုယ်ယူထားတဲ့အနှစ်တွေထဲကို သံပုရာရည် စားပွဲတင်ဇွန်း ၁ဇွန်းလောက်ထည့်ပါ။ အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီတစ်ခုခုထည့်လို့လည်းရပါတယ်။ ဆံပင်အနှံ့လိမ်းပြီးသွားတဲ့အခါ Shower Capလေးနဲ့ မိနစ် ၃၀လောက် အုပ်ထားပြီး ရေဆေးနဲ့ဆေးချပါ။

ငှက်ပျောသီး ၊သံလွင်ဆီMask
ဒီနည်းလမ်းဟာလည်း ဆောင်းရာသီမှာဖြစ်တတ်တဲ့ ဆံပင်ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းတစ်ခုပါ။ ငှက်ပျောသီးနှစ်လုံးလောက်ကို ချေပြီး သံလွင်ဆီနည်းနည်းအစက်ချပြီးထည့်ပါ။ နယ်ထားတဲ့ ငှက်ပျောသီးအနှစ်ကို ဦးရေပြားနဲ့ဆံပင်တွေမှာ လိမ်းပြီးနာရီဝက်လောက်ထားပါ။ ပြီးမှခေါင်းလျှော်ရည်နဲ့ လျှော်ပါ။

အခုဆိုရင် အိမ်မှာလုပ်လို့ရနိုင်တဲ့ နည်းလမ်းလေးတွေဖော်ပြထားပြီးပြီဆိုတော့ ကိုယ်နဲ့အဆင်ပြေမယ့်နည်းလေးကို စမ်းသပ်ကြည့်လို့ရပြီနော်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top